Zawgyi
"အန္ဒီ" နောက်ထပ်ယောကျာ်းတစ်ယောက်ရဲ့ခေါ်သံကြားသည့်ချိန်မှာအန်ဒီလှည်ကြည့်လိုက်သည်။နီညိုရောင်ကုတ်အရှည်ကိုမှ အောက်တွင် နက်ပြာရောင်ဝတ်စုံပြည့်နဲ့ ကြည့်ကောင်းသည့်အမျိုးသားတစ်ဦးဟာ သူတို့နားရောက်လာတော့သည်။ထိုနောက် အန်ဒီဘေးမှာ ရပ်လိုက်ပြီး သူဟာ နေသန်တို့ကို ကြည့်လိုက်သည်။
"ဂျိန်း ခင်ဗျားရောက်လာပြီပဲ" အန္ဒီဟာ တစ်ချက်စွေကြည့်လိုက်သည်။ဇာတ်လိုက်လို့မဆိုရဘူး ဂျိန်းဟာ ခန့်ညားကာ ကြည့်ကောင်းနေပြန်သည်။လုခ် ဇာတ်လိုက်တွေအကုန်ရွေးချယ်ပစ်လိုက်တာလည်း မဆန်းကျယ်ပေ။ဇာတ်လိုက်တိုင်းဟာ သူဟာသူဆွဲဆောင်မှုရှိတာကြောင့် ရွေးရခက်ခဲလှသည်မလား။
"ဆောရီး ကိုယ်နောက်ကျသွားတယ်" ဂျိန်းဟာ ပြောလိုက်ပြီး အန်ဒီရဲ့လက်လေးကို လှမ်းဆွဲကာ သူရဲ့လက်ထဲပါလာသည့်လက်လေးကို ဖွဖွလေးညှစ်လိုက်ပြီး လက်ဖမိုးလေးကို နမ်းရှိုက်လိုက်သည်။အန်ဒီဟာ အနည်းငယ်ရုန်းလိုက်ပေမယ့် သူ့လက်ကနေ စီးဝင်လာသည့်နွေးထွေးသည့်ခံစားချက်ကြောင့် အန်ဒီအနည်းငယ်ကြောင်အသွားသည်။
'မဖြစ်နိုင်တာ... ထူးဆန်းတယ် မဟုတ်လောက်ဘူး' အန္ဒီ လက္ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူဟာ ဂျိန်းကို အာရုံစူးစိုက်နေတော့သည်။ဂျိန်းက သူရဲ့မကောင်းဆိုးဝါးလား။
"ကိုကို..." နေသန်ဟာ ဂျိန်းနမ်းသွားသည့်အန်ဒီရဲ့လက်ကို ပြန်ယူကာ လက်ဖမိုးကို အကြိမ်ကြိမ်ပွတ်ပြီးနောက်မှာ သူဟာလည်း ထိုနေရာကို နမ်းလိုက်သည်။ထပ်မံ ဖြတ်သန်းလာသည့် ပူရှိန်းရှိန်းခံစားချက်ကြောင့် အန်ဒီမျက်စိပြုးကျယ်သွားတော့သည်။
'ဟမ်...ဟမ်!' ဘာတွေလဲ၊ ဘာကြောင့် နေသန်မှာလည်း သူ့မကောင်းဆိုးဝါးလို့ထင်ရသည့်ခံစားချက်ရှိနေရတာလဲ၊အပြုအမူတွေကအစပင်။
"အဟက် နေသန် မင်းတော်တော်အားနေတဲ့ပုံပဲ" ဂျိန်းဟာ အန်ဒီရဲ့ခါးကဖက်ကာ သူရင်ခွင်ထဲထည့်ကာ ပြောလိုက်သည်။နေသန်ဟာလည်း ဂျိန်းကို မျက်မှောင်ကြုတ်ကာကြည့်ရင်း သူရဲ့မျက်ဝန်းဟာ ခရမ်းအိုရောင်ကနေ ရွှေရောင်ပြောင်းမတက်ဖြစ်နေတော့သည်။ထိုနောက် အန်ဒီရဲ့လက်ကို လှမ်းဆွဲကာ
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...