Arc-5.12(The Sun's Tears)

5.3K 810 13
                                    

Zawgyi

နေသန်ဟာလည်း အန်ဒီတို့နားကို လျှောက်လာပြီး ဂျွန်းကိုရော၊ရောဘတ်ကိုပါ ခပ်စိမ်းစိမ်းကြည့်လိုက်တော့သည်၊ဂျွန်းဆိုတဲ့လူကိုလည်း နေသန်သဘောမကျသလို ရောဘတ်ဆိုတဲ့လူကိုလည်း မယုံပေ၊သူတို့ရဲ့ဝံပုလွေလိုမျက်လုံးတွေက အန်ဒီကို စားချင်နေမှန်းသိသာလှသည်၊

"နေသန်" လုခ်ဟာလည်း ထိုနှစ်ယောက်ကိုမြင်တော့ ကြောက်လန့်သွားသည့်ပုံစံဖြင့် နေသန်ရဲ့လက်မောင်းကိုဖက်ကာ ပုန်းကွယ်လိုက်သည်၊သူ့ပုံစံဟာ ဂျွန်းနဲ့ရောဘတ် သူ့ကိုမြင်သွားမည်ကို ကြောက်ရွံ့နေတဲ့ယုန်သူငယ်လေးနဲ့တူကာ သနားစရာကောင်းလှသည်၊

ဒါပေမယ့် ဂျွန်းရော၊ရောဘတ်ရောဟာ သူ့ကို ဂရုစိုက်ဖို့နေနေသာသာ ရှိနေမှန်းတောင် မသိသည်ကို လုခ်သိရင် အလွန်ဒေါသထွက်ကာ ပေါက်ကွဲသွားမည်ဟာ အမှန်ပေ၊

နေသန်ဟာ လုခ်ရဲ့အဖြစ်အပျက်ကိုလည်း နားလည်သဘောပေါက်ခြင်းမရှိဘဲ အန်ဒီရှေ့ကိုသာ သွားလိုက်ပြီး

"ကိုကိုက ကျွန်တော့်ထက် စောရောက်နေတာပဲ" လို့ပြောလိုက်ပြီးနောက်မှာ ဂျွန်းနဲ့ရောဘတ်ကိုလည်း စိတ်မပါစွာနူတ်ဆက်လိုက်သည်၊ဂျွန်းဟာလည်း ပြုံးကာ နူတ်ဆက်လိုက်ပေမယ့် ရောဘတ်ကတော့ ခေါင်းညိတ်ရုံသာ၊ နေသန်က တစ်ချိန်ကသူတို့ဖမ်းထားတဲ့လူကို ဂိုဏ်းကိုထွက်ကာ ပြန်ခေါ်သွားတဲ့အပေါ်ကို ရောဘတ်ဟာ သိပ်ကြည်သေးပုံမရပေ၊

ဒါပေမယ့် သူတို့သုံးယောက်လုံးဟာ အန်ဒီဘေးနားမှာ ဝိုင်းလည်နေသည့်အခါမှာတော့ ပါတီကလူတွေဟာ ထိုမြင်ကွင်းကို အကြည့်မလွဲပဲ မနေနိုင်တော့ပေ၊

ယောကျာ်းလေးယောက်ရှိတဲ့မြင်ကွင်းဟာ ထူးခြားသည်မဟုတ်သော်လည်း သူတို့အရှိန်အဝါနဲ့သူတို့ရှိနေကာ လေးယောက်လုံးရဲ့ရုပ်ရည်ကလည်း နတ်ဘုရားတွေ သေချာဖန်ဆင်းထုထွင်းထားသည့်သက်ရှိလူသားပန်းပုတွေပင်၊ သေသပ်သည်၊လှပသည်၊

ဘေးနားရှိလူများပင် မှေးမှိတ်သွားသလား အောက်မေ့ရသည်၊အထူးခြားဆုံးဟာ ဘေးက ယောကျာ်းသုံးယောက်ဟာ အလယ်ရှိယောကျာ်းကိုသာ ဦးစားပေးဂရုစိုက်နေခြင်းပင်၊သူတို့ပုံစံဟာ သာမန်အပြုအမူဟုထင်ရပေမယ့် ထိုယောကျာ်းသုံးယောက်ကို သိရှိသူတွေကတော့ ထိုလိုမတွေးဘဲ အလယ်ရှိတစ်ယောက်ဟာ ဘယ်လောက်တောင် တန်ဖိုးထားခံရလဲ တွေးနေကျတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now