Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)

2.2K 239 5
                                    

Zawgyi

နန်းတက်ပွဲနေ့ရောက်လာချိန်မှာတော့ နန်းတော်ရဲ့လျှောက်လှမ်းမှာ ဘုရင်ခံမင်က မှူးမတ်အရာရှိတွေကိုဖိတ်ကြားထားပြီး ခမ်းနားလှတဲ့နန်းတက်ပွဲကြီးကို ကျင်းပတော့သည်၊တချို့အမတ်တွေက သက်ပြင်းနေကြပြီး တချို့ကတော့ ဝမ်းမြှောက်ဝမ်းသာဖြစ်နေကြတော့သည်၊ထိုအချိန်မှာပဲ ကော်ဇောနီခင်းထားတဲ့လျှောက်လမ်းအပေါ်ကို မင်ချန်ရိက ဇာမဏီဝတ်စုံကို ဝတ်ဆင်ထားပြီး ထျန်းရိရဲ့ဘေးနားမှာရပ်ရင်း

"အစ်ကိုထျန်းရိအပေါ် ချန်ရိက သက်ဆုံးတိုင်သစ္စာရှိမှာပါ..." လို့ပြောလိုက်တော့ ထျန်းရိက နူတ်ခမ်းများကော့တက်သွားရုံသာပြုံးလိုက်သည်၊

ထို့နောက်မှာတော့ ထျန်းရိကလည်း ရွှေရောင်နဂါးကနုတ်ရေးဆွဲထားပြီးခမ်းညားတဲ့အနီရောင်ဝတ်စုံကိုဝတ်ဆင်ကာ မင်ချန်ရိနဲ့အတူ ကော်ဇောနီအပေါ်လျှောက်လှမ်းလာတော့သည်၊ဘုရင်ခံမင်ကလည်း နန်းတင်မည့်ပုလ္လင်အနီးနားမှာ ခမ်းညားစွာဝတ်စုံထားပြီး တောက်ပစွာပြုံးနေတော့သည်၊သူက ထျန်းအင်ပါယာကိုအုပ်စိုးချင်နေပေမယ့် ထျန်းမင်က သူထင်သလိုမရိုးရှင်းတာကြောင့် သိပ်သဘောမတွေ့ခဲ့ပေ၊ဒါပေမယ့် သူ့သားမင်ချန်ရိကို အလိုလိုက်အကြိုက်ဆောင်ခဲ့တာကြောင့် ထျန်းမင်ရဲ့သန်မာလာမှုကို လစ်လျူရှုပေးခဲ့သည်၊

ဒါပေမယ့် အခြားတိုင်းပြည်ကလူကိုခေါ်ဆောင်လာကာ ကြင်ယာတော်အဖြစ်တော်ကောက်ခဲ့တာကြောင့် ဘုရင်ခံမင်က ထျန်းမင်ကိုနန်းချချင်ခဲ့သည်၊ဒါပေမယ့် ထျန်းမင်ကို ဘာမှမလုပ်နိုင်တဲ့အထိ ထျန်းမင်ရဲ့အင်အားစုကတောင့်တင်းလှသည်၊ဒါကြောင့် ထျန်းမင်ကို လုပ်ကြံရန်သာ ဘုရင်ခံမင်က ကြံစည်ခဲ့ပြီး ဒုတိယမင်းသားထျန်းရိကို နန်းတင်ရန်ကြံစည်ခဲ့သည်၊

လက်ရှိအချိန်အခါမှာတော့ သူရဲ့အကြံအစည်တွေကအောင်မြင်ခဲ့ပြီး သူ့ဆီကို တစ်လှမ်းချင်းလျှောက်လှမ်းလာတဲ့ မင်းသားထျန်းရိနဲ့မင်ချန်ရိအားကြည့်ရင်း အပြုံးများက ပိုမိုတောက်ပလာတော့သည်၊

ဒါပေမယ့် ကျယ်လောင်တဲ့ခရာအသံထွက်ပေါ်လာတော့ မှူးမတ်အရာရှိတွေကလွဲ၍ ဘုရင်ခံမင်နဲ့မင်ချန်ရိကမျက်မှောင်ကြုတ်သွားတော့သည်၊သူတို့စီစဉ်ထားတဲ့အထဲမှာ အခုလိုမျိုး ခရာသံမပါဝင်နေပေ၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now