Arc-6.13(နန်းကျကြင်ယာတော်)

4.2K 562 15
                                    

Zawgyi

ချင်းယုယောင်ဟာ ဆေးခွက်ကိုယူလာတဲ့သူကို မော့ကြည့်လိုက်သည်၊ဘာကြောင့်မှန်းမသိပေမယ့် သမားတော်ရှင်းလုရုံမှာ အဓိကဇာတ်ကောင်တွေရဲ့အရှိန်အဝါရှိနေသလိုခံစားနေရသည်၊

ပြီးတော့ ထျန်းလုံမှာလည်း ဇာတ်လိုက်အရှိန်အဝါရှိနေတယ်ဆိုတော့ သူထင်တာမှန်ကန်နေတာပဲလား၊ကမ္ဘာတစ်ခုတည်းမှာ ဇာတ်အိမ်နှစ်ခုရှိနေတာမျိုး၊ဒါဆိုရင် မင်ချန်ရိက systemနဲ့ချိတ်ဆက်ထားတဲ့Hostဖြစ်နိုင်တယ်၊

[Fox:ဒုတိယအရံကမ္ဘာရဲ့သော့ချက်ဖွင့်သွားပါပြီ မှတ်ဥာဏ်တွေကို ကြည့်ရှုချင်လား Host]

'အင်း'

[မှတ်ဥာဏ်များစတင်ကူးပြောင်းနေပြီ]

[1%5%10%15%...80%90%100%]

ချင်းယုယောင် စိတ်ထဲကိုမှတ်ဥာဏ်တွေကူးပြောင်းလာချိန်မှာ အနည်းငယ်သဘောပေါက်လာတော့သည်၊

ချင်းယုယောင်ထင်တဲ့အတိုင်းပင် ရှင်းလုံရုံဟာ အရံကမ္ဘာရဲ့အဓိကဇာတ်ကောင်ဖြစ်နေပြီး ထျန်းလုံကတော့ အဓိကဇာတ်လိုက်ဖြစ်နေသည်၊ပထမဇာတ်ကြောင်းအရဆိုရင် ထျန်းမင်ကို တောင်ပိုင်းဘုရင်ခံက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်မှာ ထျန်းရိကို ဦးရီးတော်က နောက်ကွယ်ကနေထိန်းချုပ်ကာထီးနန်းနေရာကို အရယူစေခဲ့သည်၊ဒါပေမယ့် ထျန်းလုံဟာ ရှင်းလုရုံကို နန်းတော်ကိုခေါ်လာခဲ့ပြီးနောက်မှာ ဦးရီးတော်နဲ့ထျန်းလုံကြားက တိုက်ပွဲက တကယ်စတင်ခဲ့ခြင်းသာဖြစ်သည်၊နောက်ဆုံးမှာ အကုန်သေကြေပျက်စီးခဲ့သည်၊

ဒုတိယဇာတ်ကြောင်းမှာတော့ မင်ချန်ရိက ထျန်းမင်ကို ကယ်တင်ပေးခဲ့သည်၊တောင်ပိုင်းဘုရင်ခံကလည်း ထျန်းမင်ကို ထောက်ပံ့ပေးခဲ့တာကြောင့် ထျန်းမင်က နန်းတက်နိုင်ခဲ့သည်၊ဒါပေမယ့် သူတို့က မလုံလောက်ပဲ အိမ်နီချင်းနိုင်ငံတွေထိပါ သိမ်းပိုက်ခဲ့သည်၊ နောက်ပိုင်းကတော့ ချင်းယုယောင်သိနေပြီးသားဖြစ်သည်၊

ဒါပေမယ့် ချင်းယုယောင်စိတ်ထဲ အနည်းငယ်ထူးဆန်းနေသလိုခံစားရသည်၊ထျန်းမင်က သူ့ကိုလုပ်ကြံသတ်ဖြတ်တဲ့သူက ဘယ်သူမှန်းသိနေမှာပဲလေ၊ဒါပေမယ့် မင်ချန်ရိပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်၊နောက်တစ်ချက်က တောင်ပိုင်းဘုရင်ခံက မင်းသားနှစ်ပါးလုံးကို သတ်ဖြတ်ဖို့ ထျန်းမင်ဆီစာပို့ခဲ့ပေမယ့် ထျန်းမင်က မသတ်ခဲ့ဘူး၊ပြီးတော့ သူကြည့်ရသလောက် ထျန်းမင်နဲ့ထျန်းလုံရဲ့ဆက်ဆံရေးက ကောင်းမွန်လှသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now