Zawgyiထျန်းရှောင်ဟိုက်ဟာ တစ်ကိုယ်လုံးချမ်းတုန်သွားပြီး... သူရဲ့နောက်ကျောကနေ ကြောက်မက်ဖွယ်ရာကောင်းသည့်ခံစားချက်များကြောင့် ချက်ချင်း နောက်ကိုလှည့်လိုက်ပေမယ့်... ဘယ်သူမှ ရှိမနေစေ၊ ငါ သေချာပါတယ်...၊ငါတစ်ခုခုကို ခံစားလိုက်ရသလိုပဲ...
ထိုလူလား...မဖြစ်နိုင်ဘူး သူမအားဘူးလို့ ငါ့ကိုပြောခဲ့တာပဲလေ ချက်ချင်းရောက်လာစရာအကြောင်းမရှိဘူးမလား...သူအာရုံနဲ့ သူဖြစ်နေချိန်မှာ လီရှောင်ဟိုင်ဟာ အခုထိ ထျန်းရှောင်ဟိုက်အနားကနေ ခွာသွားခြင်းမရှိသည့်အပြင် ဒီလောက် ခါးခါးသီးသီးဖြစ်နေတာတောင်
"အစ်ကိုရှောင်ဟိုက်... ကျွန်တော်နဲ့ ညစာ လိုက်မစားမပေးချင်း အစ်ကိုရှောင်ဟိုက်ကို လာနှောင့်ယှက်နေမှာ!"ဟု စိတ်ဆိုးဟန်ဆောင်သည့်အမူအရာနဲ့အတူ ချစ်စရာကောင်းသည့်ပုံစံလေးနဲ့ပါ လုပ်ပြတာကြောင့် ဘေးနားရှိ ရိုက်ကူးရေးအဖွဲ့သားများဟာ ပါးများရဲကုန်ပြီး ရုပ်ရှင်ဒါရိုက်တာထျန်းရှောင်ဟိုက်အား အားကျစွာကြည့်နေတော့သည်၊ဒါပေမယ့် ထိုခေါင်းမာလွန်းသည့် သူတို့ရဲ့ဒါရိုက်တာဟာ ထပ်မံငြင်းမည်ဟုထင်လိုက်ပေမယ့်
"ကောင်းပြီ "လို့ လက်ခံလိုက်သည့် သူတို့ရဲ့ဒါရိုက်တာကြောင့် အံ့အားသင့်ကုန်သွားကြတော့သည်၊ကြည့်ရတာ ဒါရိုက်တာထျန်းလည်း လီရှောင်ဟိုင်ရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကို မလွန်ဆန်နိုင်ဘူးနဲ့တူတယ်လို့ ထင်မိသွားကာ ပြုံးဖြီးဖြီးတွေ ဖြစ်ကုန်ပြီး
"ညနေပိုင်းလည်း ရိုက်ကူးရေးမရှိဘူးဆိုတော့ ဒါရိုက်တာထျန်းနဲ့သရုပ်ဆောင်လီ အေးဆေးdateကြပါ "လို့ ကျယ်လောင်စွာပြောလိုက်ပြီး ကယ်မောစွာထွက်သွားတော့သည်၊ ဒါရိုက်တာထျန်းရဲ့လက်ထောက်စကားကြောင့် အကုန်လုံးဟာ အံ့အားသင့်ကုန်ကာ သို့လောသို့လောဖြစ်သွားကြပြီး ထျန်းရှောင်ဟိုက်နဲ့ ထျန်းရှောင်ဟိုက်ရဲ့လက်မောင်းကို ဖက်တွယ်ထားသည့် လီရှောင်ဟိုင်ကို ကြည့်ရင်း ထိုနှစ်ဦးကြားက ပတ်သတ်မှုဟာမသေးကြောင်း သဘောပေါက်သွားတော့သည်၊
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...