Arc-6.17(နန်းကျအရှင်ကြင်ယာတော်)

3.7K 400 10
                                    

Zawgyi

ထျန်းအင်ပါယာရဲ့ထျန်းနန်းတော်ကြီးထဲမှာတော့ ထျန်းရိက သူ့သက်တော်စောင့်စကားများကို နားထောင်နေပြီး နူတ်ခမ်းများက ပြုံးသွားတော့သည်၊ဒီရက်ပိုင်း မင်ချန်ရိလိုလူမျိုးကို ချစ်ချင်ယောင်ဆောင်ရတာ အော်ဂလီဆန်နေလှပြီ၊

ဒါပေမယ့် မင်မိသားစုက အုတ်ခြေခိုင်မာလှတာကြောင့် အလွယ်တကူဖြုတ်ချဖို့မလွယ်သလို နန်းတော်ထဲမှာ မင်အိမ်တော်ရဲ့နောက်လိုက်တွေကို သိရှိရန်အတွက် ထျန်းရိအနေနဲ့ ဟန်ဆောင်ကာနေနေရအုံးမည်၊

"အရှင်မင်းသား... သခင်လေးမင်က တွေ့ချင်ကြောင်း ခွင့်တောင်းထားပါတယ်" နန်းတွင်းအစေခံမလေးစကားကြောင့် ထျန်းရိရဲ့မျက်နှာက အလိုမကျမှုများဖြတ်သန်းသွားပေမယ့် တစ်အောင့်အကြာမှာတော့ ဘာမှမဖြစ်သလိုပြုံးရွှင်နေပြီး မတ်တပ်ရပ်ကာ အပြင်ဘက်ကိုထွက်လာတော့သည်၊အပြင်မှာတော့ မင်ချန်ရိက သူ့အထိန်းတော်နဲ့အစေခံများဖြင့် စောင့်နေပြီး အမူအရာက မောက်မာဟန်ရှိသည်၊

မင်ချန်ရိက သူ့အကြံအတိုင်း အရာရာဖြစ်လာချိန်မှာ ဒီကမ္ဘာကလည်း ပြီးဆုံးသွားတော့မည်ဖြစ်ကြောင်းကို System barအမှတ်ကလည်း ပြသနေသည်၊ထျန်းရိသာ အင်ပါယာကို ဆက်ခံတဲ့အချိန်အခါ မည်သည့်အနှောင့်အယှက်မှ မပေါ်ခဲ့ရင် ဒီတာဝန်ကိုအောင်မြင်ဖို့ နီးစပ်လာတော့သည်၊ ပြီးရင် ကောင်းမွန်တဲ့ကိစ္စတစ်ခုခုလုပ်ပြလိုက်ရင် ပြည်သူပြည်သားတွေက သူ့ကိုလက်ခံလာလိမ့်မည်၊ပြီးတော့ ဒီခန္ဓာကိုယ်ကို ရောက်တည်းက ကောင်းမွန်တဲ့ကိစ္စတွေကိုပဲလုပ်ခဲ့တာကြောင့် ပြည်သူတွေက သူ့ကိုအသိအမှတ်ပြုပြီးသားပင်၊

"ချန်ရိ မင်းလာပြီပဲ" ထျန်းရိက ထွက်လာပြီးနောက်မှာ သူ့သက်တော်စောင့်အကူအညီဖြင့် မင်ချန်ရိတို့နားကိုရောက်လာတော့သည်၊

"အစ်ကိုတော်ထျန်း" မင်ချန်ရိက အသံချိုချိုလေးနဲ့ပြောနေပေမယ့် အမူအရာကတော့ ထျန်းရိကိုအထင်သေးစွာစိုက်ကြည့်နေသည်၊ဘေးကလူတွေကို မင်ချန်ရိဂရုမစိုက်ရတဲ့အကြောင်းအရင်းက မင်အိမ်တော်က လူတွေမို့လို့ဖြစ်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Hikayelerin yaşadığı yer. Şimdi keşfedin