အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်ဗျZawgyi
ရန်လီချင်းဟာ ဟန်ချူးပြောတဲ့ Hotelကို ရောက်လာတော့သည်၊ သူဟာ နံပါတ်(....)ရှေ့တွင် ခဏရပ်နေပြီး၊ System ကနေ စိတ်ကြွဆေး ဝယ်ယူလိုက်သည်၊ သူ့Systemရဲ့ သတိပေးသံကြားပေမယ့် ဒီကမ္ဘာကလူတွေထက် Hostတွေက ပိုအားသန်တာကြောင့် ရန်လီချင်းဘယ်သူ့မှ မကြောက်ပေ၊ဒါကြောင့် တံခါးခေါက်လိုက်တော့
"ဝင်လာခဲ့" ဒါ ဟန်ချူးရဲ့အသံပဲ....
သူအခန်းထဲဝင်လာတော့ တခန်းလုံးဟာ မှောင်မဲနေပြီး ကောင်းစွာမမြင်ရချေ၊...
"ဟန်ချူး.... မင်း အဆင်ပြေရဲ့လား"
ဟန်ချူးရဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှည်ကို ကြည့်ပြီး ရန်လီချင်းဟာ လိုချင်တပ်မက်စိတ်များ ဖြစ်နေပေမယ့် သူဟာ စိုးရိမ်သောကများနေတဲ့မျက်နှာဖြင့်" ဟန်ချူး....အဆင်ပြေရဲ့လား"
"မင်းညီက အဲလိုလူမျိုးမှန်းမသိခဲ့ဘူး... ဟက် ငါကတော့ သူကို ရိုးရိုးအေးအေးလို့ ထင်ခဲ့တာ.... အခုတော့...""မင်း ပါစပ်ပိတ်ထား!"
"ဟန်ချူး...." ရန်လီချင်းဟာ သူကိုအော်လိုက်သော ဟန်ချူးကို အံ့သြမှင်သက်စွာကြည့်ပြီး
"သူက ဘာကောင်းလို့လဲ!!! အဲ့ဝမ်နင်ရဲ့ဆိုတဲ့ကောင်က!!! သူ အဲ့ယောကျာ်းတွေနဲ့လည်း ဖြစ်နေတာကို ဟန်ချူး မင်း ဘာကြောင့် အရူးအမူးဖြစ်နေရတာလဲ... ငါက သူအတွက် အပုံကြီးသာတာကို! " ရန်လီချင်းဟာ အော်ဟစ်ငိုယိုတာ ပြောတော့သည်၊
ဟန်ချူးဟာ ထလာကာ သူအနီးရောက်လာတော့ ရန်လီချင်းဟာ သူ့ဘက်ပါပြီ ထင်ပြီး ပျော်ရွှင်သွားပေမယ့် မျက်နှာကတော့ စိတ်ထိခိုက်လွန်းလို့ နာကျင်နေတဲ့ပုံလေး လုပ်ထားသည်၊
"ရန်လီချင်း...."
"ငါ ဘာမှ မသိဘူးလို့ မင်းထင်နေတာလား" ရန်လီချင်းဟာ ဝမ်ဟန်ချူးစကားကြောင့် ထိပ်လန့်သွားသော်လည်း မသိချင်ယောင်ဆောင်ကာ
" ဟန်ချူး ဘာတွေ ပြောနေတာလဲ"
"ကောင်းပြီ မင်းနဲ့ နင်ရဲ့က ဘာကွာလဲ သိလား၊ မင်းက အကြံကြီးတဲ့ကောင်၊ မင်းနဲ့လင်းရှီး ပတ်သတ်မှုကို ငါမသိဘူးထင်နေလား၊ ငါ့ကို အသုံးချပြီး ဝမ်မိသားစုကို ဖျက်ဆီးချင်နေတာကိုပဲပေါ့၊ ဟက် နင်ရဲ့က မင်းထက် အပုံကြီးသာတယ်၊ ပြီးတော့ နင်ရဲ့က ငါ့ကို ဘယ်တုန်းကမှ မင်းတို့လို မမြူဆွယ်ဘူး ငါကပဲ စပြီးချစ်ခဲ့တာ အရင်ဘဝကကော အခုဘဝကောပဲ ပြီးတော့ ပိုင်မင်းဆိုတာ မင်းလုပ်ထားတဲ့ ဇာတ်ဆိုတာ ငါမသိဘူးထင်နေလား"
ESTÁS LEYENDO
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...