Zawgyi
ယွမ်နဉ်ချင့်တစ်ယောက် ကုတင်ပေါ်မှာ လဲလျောင်းရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မြေခွေးလေးကိုရှာလိုက်သည်၊အမှန်ပြောရရင် တစ်ခန်းလုံးအဖြူရောင်များဖြင့်ခြယ်လှယ်ထားတဲ့အခန်းထဲမှာ မြေခွေးဖြူလေးကိုရှာရတာ အနည်းငယ်တော့ပင်ပန်းလှသည်၊
'Fox...' ယွမ်နဉ်ချင့်က မြေခွေးဖြူလေးကိုခေါ်လိုက်ချိန်မှာ မြေခွေးဖြူလေးကအဖြူရောင်အမွှေးပွအခင်းမှာ အိပ်နေတာကိုမြင်လိုက်ရတာကြောင့် ယွမ်နဉ်ချင့်လည်း မြေခွေးဖြူလေးရဲ့တင်ကို ဖွဖွလေးရိုက်လိုက်သည်၊
[Fox:Host...ဝါး....]
'မှတ်ဥာဏ်တွေကို ပို့ပေးအုံးဟ!'
[Fox:ပို့ပေးမှာပါ...အရင်ကမ္ဘာတုန်းက Hostကိုကယ်တင်လိုက်ရလို့ ကျွန်တော့်အင်အားတွေခမ်းနေတာလေ]
'မှတ်ဥာဏ်တွေပို့ပြီးရင် အေးဆေးအနားယူလိုက်လေ' အမြှီးတစ်ချောင်းတည်းသာကျန်ရစ်တဲ့မြေခွေးဖြူလေးကိုကြည့်ရင်း ယွမ်နဉ်ချင့်စိတ်ထဲ အပြစ်ရှိစိတ်များဖြစ်ပေါ်လာတော့သည်၊
[Fox: Host ဒီတစ်ခေါက် အမှားအယွင်းမရှိပဲ ဖြေရှင်းနိုင်ရင် ကျွန်တော့်အတွက်ကောင်းမွန်လိမ့်မယ်]
'အေး ငါကြိုးစားမှာပါ'
ထို့နောက်မှာတော့ မှတ်ဥာဏ်များအလုံးအရင်းဝင်လာတော့သည်၊လက်ရှိခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်က ဂျူလီယမ် ဗစ်တိုရီအိုဖြစ်ပြီး Sအဆင့် Guideဖြစ်သည်၊ဂျူလီယမ်က Sအဆင့် Guideတစ်ဦးဖြစ်ပေမယ့် နာမည်ကျော်ကြားတဲ့သူတစ်ယောက်တောမဟုတ်ပေ၊ဘာကြောင့်လဲဆိုတော့ ဂျူလီယမ်က လူတွေနဲ့ထိတွေ့ရမှာ ကြောက်တဲ့ရောဂါရှိပြီး နောက်ဆုံးမှာတော့ လူမသိသူမသိသေဆုံးရသည်၊
ပထမရဲ့ဘဝကို ပြောရရင် ပထမဘဝမှာ ဂျူလီယမ်က အိမ်တွင်းအောင်းနေခဲ့ပြီး လီရမ်လို့ခေါ်တဲ့အခန်းဖော်ရဲ့အားပေးစကားတွေကြောင့် အပြင်ဘက်ကိုဖွက်လာပေမယ့် သူတို့ထွက်လာတဲ့ရက်မှာလည်း Esperပေါက်ကွဲမှုဖြစ်ပေါ်ပြီး ဂျူလီယမ်က သေဆုံးခဲ့ရသည်၊
ဒုတိယဘဝမှာတော့ ဂျူလီယမ်က တန်းမသေဆုံးခဲ့ပဲ လုခ်လို့ခေါ်တဲ့guideက သူ့အဖော် esperတစ်ဦးနဲ့ရောက်လာကာ ပတ်ဝန်းကျင်ကလူအများစုကိုကယ်တင်ပေးခဲ့သည်၊ဂျူလီယမ်ကလည်း ကယ်တင်ပေးခံရတဲ့အထဲမှာပါဝင်ခဲ့သည်၊ဒါပေမယ့် ကုသမှုကိုခံယူနေတဲ့အတောအတွင်းမှာ ဆေးမှားယွင်းစွာသွင်းမှုကြောင့် ဂျူလယမ်က အသက်ဆုံးရှူံးရပြန်သည်၊
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...