Arc-1.5 (ဝမ်နင်ရဲ့)

23.6K 2.4K 101
                                    



အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်

Zawgyi

ဝမ်နင်ရဲ့ဟာ မနေ့ညကကိစ္စကို မသိချင်ယောင်ဆောင်ကာ လေယာဉ်ဆိပ်ဘက်ကို ထွက်လာလိုက်သည်၊ သူစိတ်ထဲတွင် ကြိုဖို့စိတ်မပါပေမယ့်လည်း [ရန်မင်ချောင်]ဆိုတဲ့ နာမည်ရေးထားဆဲ့ ဆိုင်းဘုတ်ကို ကိုင်ထားရသည်၊ နာရီဝက်ကြာမှ အရပ်ရှည်ရှည်နဲ့ ရွှေရောင်ဆံပင်နဲ့ နိုင်ငံခြားသားရုပ်ရည်ရှိသော သူဟာ သူရှေ့လာရပ်ကာ

" မင်းက ရန်လီချင်း လွှတ်လိုက်တဲ့သူလား"

"မင်းက ရန်မင်ချောင်လား"

"ဟုတ်တယ် ကိုယ်က ရန်မင်ချောင်ပဲ ကိုယ်မေးတာကို မဖြေရသေးဘူးမလား"

"ရန်လီချင်းလွှတ်လိုက်တာမဟုတ်ဘူး ကျွန်တော့်အစ်ကိုကို ခင်ဗျားပြောတဲ့ရန်လီချင်းဆိုတဲ့လူက အကူညီတောင်းလိုက်လို့ ကျွန်တော်က လာကြိုတာ ရပြီမလား သွားမယ်"

ခရီးဆောင်အိတ်ပင် မသယ်ပေးပဲ ခပ်ချေချေထွက်သွားသော ကောင်လေးကိုကြည့်ကာ ရန်မင်ချောင် မျက်ဝန်းထဲ အံ့သြရိပ်များ ဖြတ်သန်းသွားပြီးနောက် ပါးချိုင့်များပေါ်လာတဲ့အထိ ပြုံးလိုက်ပြီး
"စိတ်ဝင်စားစရာကောင်းတာပဲ"
ထိုနောက် ကောင်လေးနောက်ကို အေးဆေးလိုက်သွားတော့သည်၊ထိုကောင်လေးဟာ တကယ်အချေလေး၊သူကို လုံးဝအဖက်မလုပ်ပင်၊ ဒါက သူကို ပိုစိတ်ဝင်စားစရာ ကောင်းကောင်းလာသည်၊ ဒီအချေလေး သူကို စကားပြောအောင် အမျိုးမျိုးလုပ်နေရင်း လိုရာခရီးကို ရောက်လို့ရောက်မှန်းပင် မသိတော့ချေ၊

"မစ္စတာရန် ရောက်ပြီ"

သူကို ငေးနေသော ရန်မင်ချောင်ကြောင့် စိတ်ကဒေါသထွက်လာပြီ၊ မဆိုင်တဲ့ဇာတ်ကောင်တွေနဲ့ အချိန်နည်းနည်းလေးတောင် မဖြုန်းချေ၊

"မင်း ကိုယ်တိုင် လိုက်ပို့သင့်တယ်မလား"

ရန်မင်ချောင်ကို မကျေနပ်တချက်ကြည့်ကာ ဖုန်းကို ထုတ်လိုက်ပြီး

"ကိုကို ရန်မင်ချောင်ဆိုတဲ့လူကို ဘယ်မှာ ချခဲ့ရမှာလဲ"

"........."

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now