Zawgyi
တတိယမင်းသားထျန်းလုံက တပ်သားတွေကိုစုလိုက်ပြီး တောင်ဘက်အရပ်ကိုထွက်သွားပြီးနောက်မှာ ထျန်းမင်ကလည်း သူ့တဲထဲကို ပြန်သွားပြီး သူ့အတွက်ပြင်ဆင်ထားတဲ့စစ်သားဝတ်စုံကို ထျန်းမင်က ဝတ်ဆင်လိုက်ပြီးနောက်မှာ စစ်ဝတ်စုံအပြည့်တပ်ဆင်ထားတဲ့ချင်းယုယောင်ကို ငေးမောစွာကြည့်နေတော့သည်၊
ချင်းယုယောင်က သူ့ခန္ဓာကိုယ်အတိုင်းအတာနဲ့ကွက်တိရှိနေတဲ့ငွေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေဝါရောင်ဆံနွယ်များကို မြင့်မြင့်ထုံးထားကာ စူးရှတဲ့မျက်လုံးများဖြင့် ထျန်းလုံကိုကြည့်လိုက်သည်၊ဒါပေမယ့် တစ်ဖက်က အရှက်မဲ့စွာ ချင်းယုယောင်နားကပ်လာပြီး မျက်နှာလေးကိုပွတ်သပ်ပေးရင်း ပြောလာတော့သည်၊
"ကိုယ့်ဇနီးလေးက ဘယ်လိုကြည့်ကြည့် အတော်လှတယ်"
ထျန်းမင်စကားကြောင့် ချင်းယုယောင်ရဲ့ပါးများဟာ ရဲဘလောင်းခတ်သွားပြီးနောက်မှာ သူက အသံတိုးတိုးနဲ့မကျေနပ်စွာပြောလိုက်သည်၊
"ယုယောင်က အိုမင်းပြီးရုပ်ဆိုးလာရင်ကော..."
"အိုမင်းရင့်ရော်လာရင်လည်း ကိုယ့်မျက်လုံးထဲမှာ ယုယောင်က အလှဆုံးပဲ...၊ကိုယ့်ယုယောင်က လူတိုင်းရဲ့အချစ်နဲ့ထိုက်တန်တဲ့သူတစ်ယောက်ပေမယ့် ကိုယ့်အချစ်နဲ့ပဲ လုံလောက်ရမယ်နော်"ထျန်းမင်က ကဗျာဆန်တဲ့စာသားတစ်ချို့ကို ရွတ်လိုက်ပေမယ့် သူ့ဘာသာပြောပြီး သူ့ဘာသာသဝန်တိုမိလာကာ ချင်းယုယောင်ကို လက်ကနေဆွဲပြီး သူ့ရင်ခွင်ထဲသွင်းလိုက်ပြီး သံချပ်ဝတ်ကို ချွတ်ရန်ပြင်လိုက်သည်၊
"ငြိမ်ငြိမ်နေဗျာ..." ချင်းယုယောင်က သူ့သံချပ်ကာဝတ်စုံတွေကို ပြန်ချွတ်ဖို့ကြိုးစားနေတဲ့ထျန်းမင်ကို စိတ်တိုစွာကြည့်လိုက်ပြီး တွန်းထုတ်လိုက်ပေမယ့် ထျန်းမင်ရဲ့လက်တွေက ချင်းယုယောင်ရဲ့ရင်ဘက်ပေါ်ကို လှမ်းလာသေးတာကြောင့်
"ဒီပြဿနာတွေပြီးသွားမှပဲ အဲကိစ္စကို စဉ်းစားရမယ်"ချင်းယုယောင်က ထျန်းမင်ရဲ့လက်ကိုရိုက်ပုတ်လိုက်ပြီးနောက်မှာ ငွေရောင်ခေါင်းဆောင်းကိုယူကာ ထွက်သွားတော့သည်၊
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...