အရေးအသား မသေသပ်၊စာလုံးပေါင်း အမှားပါရင် တောင်းပန်ပါတယ်
အရေးအသား မသေသပ်၊စာလုံးပေါင်း အမှားပါရင် တောင်းပန်ပါတယ်Zawgyi
ဝမ်နင်ရဲ့ဟာ ဝမ်ခန်းမဆောင်ထဲကို ဝင်လာပြီး သူမိဘများရှိရာကို တိုက်ရိုက်ဦးတည်သွားရာ...
"ဖေဖေ မေမေ ငယ်လေးကို ခေါ်တယ်ဆို"
"ဒါလေးက ချင်းချင်းရဲ့ သားအငယ်ဆုံးလေးဆိုတာလား...." ဆံပင်နီညိုရောင်နဲ့ ပွဲတတ်ဝတ်စုံ အနီရောင်ဝတ်ဆင်ထားတဲ့လှပတဲ့အမျိုးသမီးဟာ သူအနားတိုးလာကာ ပြောလိုက်သည်၊ ဝမ်နင်ရဲ့ဟာ ပါးလေးရဲကာ သူအမေနောက်မှာ ပုန်းနေတော့သည်၊
"ချစ်ဖို့ကောင်းလိုက်တာ..."
"သား လာကြောက်မနေနဲ့ အဲ့တာအဖေတို့မိတ်ဆွေတွေ" ဝမ်သခင်ကြီးဟာ သူသားကို နွေးထွေးတဲ့အကြည့်လေးကြည့်ကာ ပြောလိုက်သည်၊သူသားဟာ သူစိမ်းဆို စကားမပြောရဲ၊ ကြောက်လဲကြောက်တတ်သေးတယ်မလား...ဒါနဲ့ဆရာဝန် ဘယ်လိုများလုပ်မလဲ မသိဘူး"ဟုတ် ဖေဖေ...အန်...အန်တီတို့ ဦးလေးတို့ နင်ရဲ့က....တွေ့ရတာ...ဝမ်းသာပါတယ်ဗျ"လက်သီးလေးဆုပ်ကာ ပါးလေးရဲပြီး ရှိသမျှ သတ္တိအကုန်ထုတ်ကာ ပြောနေသော ကောင်လေးကိုကြည့်ပြီး သူတို့စိတ်ထဲ အသည်းတွေယားနေကျတော့သည်၊
"အမလေး....ချစ်ဖို့ကောင်းလိုက်တာ ချင်းချင်းရဲ့ သားသုံးယောက်ထဲမှာ ဘယ်သူရွေးရမလဲမသိတော့ဘူး "
"လီလီ မင်းရွေးစရာလဲ မလိုပါဘူး မင်းမှာ ကိုယ်တယောက်လုံးရှိတာကို"
ဝမ်နင်ရဲ့ဟာ သူအရှေ့တွင် Roနေသော သူအမေ့သူငယ်ချင်းလင်မယားအတွဲအားကြည့်ရင်း ရယ်မိသည်၊ အချို့လူတွေက အချစ်စစ်နဲ့တွေ့ပြီး တသက်လုံးပျော်ပျော်ရွှင်ရွှင် နေနိုင်ကျတာပဲ...ငါကျတော့ကော...ဟက်"ငယ်လေး လာအုန်း ကိုကြီး မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးမယ်"
ဝမ်နင်ရဲ့မှာ သူအစ်ကိုနောက်ပါသွားပြန်သည်၊"သားငယ် လာအုန်း ဖေဖေ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးအုန်းမယ်"
သူအဖေနောက် ပါသွားပြန်သည်၊တနာရီကြာပြီးနောက် ဝမ်နင်ရဲ့မှာ ခုံပေါ်ကို ပင်ပန်းစွာ ထိုင်ချလိုက်ပြီး အခုမှပဲ နားရတော့တယ် ဟိုလူဆွဲခေါ်လိုက် ဒီလိုဆွဲခေါ်လိုက်နဲ့ ဟူးးးး
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...