Zawgyi
ညစ်ညမ်းညမ်းအဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပေမယ့် ခြေဗလာနဲ့လျှောက်လှမ်းလာတဲ့လှပတဲ့ပုံရိပ်လေးဟာ လူအများရဲ့အာရုံကို ယူသွားတော့သည်၊အဝါရောင်ဆံပင်များဟာ ပြန့်လွင့်လွင့်ဖြစ်နေကာ တည်ငြိမ်တဲ့မျက်နှာအမူအရာဖြင့် အေးဆေးလျှောက်လှမ်းလာတဲ့သူဟာ သူတို့ရဲ့ဧကရာဇ်သိမ်းပိုက်လိုက်တဲ့တိုင်းပြည်အိမ်ရှေ့စံမင်းသား၏ကြင်ယာတော်လောင်းဖြစ်သည်၊ထိမ်းမြောင်းလက်ထပ်ထားတဲ့အဆင့်မရောက်သေးပေမယ့် တရားဝင်စေ့စပ်ပြီးပြီဖြစ်တာကြောင့် အကုန်လုံးဟာ အရှင်ကြင်ယာတော်လို့ခေါ်တွင်ကျသည်၊
သူတို့သိရသလောက်တော့ အရှင်ကြင်ယာတော်ဟာ မာနကြီးသည်၊တုံးသည်တဲ့၊မြင်ရသလောက်တော့ မာနကြီးပေမယ့် ထက်မြက်မည့်ပုံစံပင်၊
"နန်းကျအရှင်ကြင်ယာတော် ရောက်ရှိလာပါပြီ" ရဲမတ်ဟာအော်လိုက်ချိန်မှာ ညီလာခံတံခါးမကြီးဟာ ပွင့်ဟလာတော့သည်၊ချင်းယုယောင်ဟာ ခေါင်းကိုမော့ထားကာ ထင်းနေသောကျူးရှားရစ်ဟာ အားလုံးကို မြင်သာစေသည်၊ ပြာလဲ့လဲ့မျက်ဝန်းများဟာ အောက်ကျို့လိုမှုများနဲ့ကြောက်ရွံမှု တစ်စက်ပင်မရှိချေ၊
ချင်းယုယောင်ဟာ ညီလာခံတော်အတွင်း အေးဆေးတည်ငြိမ်စွာလျှောက်လှမ်းလာသည်၊သူဟာ တော်ဝင်မိသားစုကပင်၊အရပ်သားတွေဟန်ပန်တစ်စက်မှ ရှိနေစရာမလိုပေ၊
"အပြစ်သား ဒူးထောက်စေ" အော်ပြောကာ ပြောလာပေမယ့် ချင်းယုယောင်ဟာ တစ်စက်တောင်တုန်လှုပ်မှုမရှိပေ၊ဒူးထောက်ရန်လည်း စိတ်ကူးရှိပုံမရပေ၊
"အပြစ်သား ဒူးထောက်စေ!" ရဲမတ်ဟာ နောက်တစ်ကြိမ်ဒူးထောက်ရန် ပြောလာရုံသာမက ရှေ့တိုးကာ သူ့ကို လှမ်းကိုင်ရန်လုပ်ချိန်မှာ ချင်းယုယောင်ဟာ ရွံရှာသည့်အမူအရာဖြင့် ရှောင်လိုက်ပြီး
"ရာရာစစ မင်းလိုအရပ်သားက ငါ့အသားကို ထိဖို့ကြိုးစားရဲတယ်!" တေးငှက်လေးတွေထက်ပင် ချိုသာတဲ့အသံလေးဟာ ခန်းမတွင်းပျံ့နှံ့သွားတော့သည်၊ဒေါသထွက်နေသည့်အသံပေမယ့် သူတို့ရင်ထဲမှာတော့ အားပြင်းတဲ့သံစဉ်တစ်ခတ်သာ တီးခတ်သွားသလိုခံစားလိုက်ရသည်၊
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...