Arc.2.9(ရှောင်ရမ်ဟွာ)

20.1K 2.1K 108
                                    


Zawgyi

လီစုဟုန်ဟာ ဇာတ်လိုက်မဖြစ်တဲ့မုကျင်းဝမ်စန်းနဲ့ ဇာတ်လိုက်နဲ့မဆုံဘူးလို့ ထင်မှတ်သွားကာ ကျန်းစစ်သူကြီးအိမ်တော်ကို အလည်ပတ်ပုံစံသွားပြီး အစေခံအဖြစ်နေနေတဲ့ဇာတ်လိုက်မဆီကို ရောက်လာတော့သည်၊မုကျင်းဝမ်ဖန်းဟာ ဇာတ်အိမ်လိုကွဲပြားသွားပေမယ့် ဇာတ်လိုက်မအရှိန်အဝါကတော့မပြောင်းသွားချေ၊သူဟာ စစ်သူကြီးအိမ်တော်တွင် ပင်ပင်ပန်းပန်းမလုပ်ရတဲ့အပြင် စစ်သူကြီးကျန်းကောဖေ့ရဲ့ညီရဲ့ အနီးကပ်အစေခံအဖြစ် သာသာယာယာလုပ်နေရခြင်းဖြစ်သည်၊ ပြီးတော့ စစ်သူကြီးရဲ့ညီကလဲ မုကျင်းဝမ်စန်းပေါ် ချစ်မိသွားခြင်းဖြစ်သည်၊ဒါပေမယ့် မုကျင်းဝမ်စန်းဟာ ကျန်းအိမ်တော်ရဲ့ ဆက်ခံမဲ့သူဖြစ်တဲ့ ကျန်းကောဖေ့သာ သူရဲ့ချစ်သူဖြစ်ထိုက်သည်ဟု သတ်မှတ်ထားသည်၊ဘယ်သူထင်မှာလဲ ရက်အနည်းငယ်တောင် မကြာသေးဘူး၊စစ်သူကြီးကျန်းဟာ ဘုရင်ပိုင်တဲ့မိဖုရားကို တောင်းဆိုတော့သည်၊ဒါဟာ မုကျင်းဝမ်စန်းကိုဒေါသထွက်စေမိသည်၊ ဘာလို့ ဘုရင့်အကျကို ကောက်တော်ပြီး သူလို လူပျိုစစ်စစ်ကို ကျော်သွားရတာလဲ၊ အေးလေ ဘုရင်လို အဘိုးအိုကြီးနားမှာ ဘယ်မိဖုရားကနေချင်မှာလဲ၊ မုကျင်းဝမ်စန်းမှာ တနေ့တနေ့ စစ်သူကြီးကျန်းအဆောင်ကို အကြောင်းမရှိအကြောင်းရှာကာ သွားပေမယ့် တခါမှတွေ့ဆုံခွင့် မရပေ၊သူဟာ သက်ပြင်းချကာ  ဒုတိယသခင်လေးအိမ်ဆောင်ကို ပြန်လာချိန် ပညာရှိရှိဆန်ဆန် နဲ့ချောမောတဲ့ကောင်လေးတယောက်ဟာ ယပ်တောင်တချောင်းကိုင်ထားရင်း သူကို ပြုံးကာ ကြည့်နေသည်၊ဒါကြောင့် မုကျင်းဝမ်စန်းလဲ ထိုလူငယ်အနားသွားကာ...

"မင်း ငါ့ကို သိလို့လား"

"အေး...မင်းက ရန်နိုင်ငံရဲ့စစ်သူကြီးမုကျင်းရဲ့သား မုကျင်းဝမ်စန်းလေ"
ဒီနိုင်ငံကို ရောက်ထဲက သူအကြောင်းသိတဲ့သူရှားသည်၊ဒုက္ခတွေမသယ်ချင်တာကြောင့် စစ်သူကြီးကျန်းကို တောင်းပန်ပြီး ဖုံးကွယ်ပြီးနေနေခြင်းဖြစ်သည်၊ဒီလူငယ်လေးက ဘယ်လိုလုပ် ငါ့အကြောင်း သိနေရတာလဲ၊ ဒါပေမယ့် ဒီလူငယ်ကြည့်ရတာ ချမ်းသာကြွယ်ဝမဲ့ပုံပဲ၊အမတ်တယောက်ယောက်ရဲ့သားလဲ ဖြစ်နိုင်သေးတာပဲ၊ဒါပေမယ့် သူက ငါ့ဆီကနေ ဘာလိုချင်တာလဲ....

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now