Zawgyi
ဂျူလီယမ်က တစ်ဖက်လူရဲ့ရင်ခွင်ထဲမှာ လုံးလုံးလျားလျားနစ်မြှပ်နေပြီး နူတ်ခမ်းများကလည်း ကြမ်းတမ်းစွာနမ်းရှိုက်ခံထားရသည်၊ဒါပေမယ့် အထိအတွေ့ကတစ်ဆင့် ထိုလူက သူ့ချစ်သူဖြစ်မှန်းသိတာကြောင့် ဂျူလီယမ်က ရုန်းကန်ခြင်းမရှိပဲ အစွမ်းကုန်ကုသပေးနေတော့သည်၊
တအောင့်အကြာမှာတော့ အခြေအနေများက တည်ငြိမ်လာပြီး တစ်ဖက်လူရဲ့ကိုယ်ပေါ်မှာလွှမ်းမိုးနေတဲ့အမှောင်စွမ်းအားများကလည်းပျောက်ကွယ်သွားကာ ရွှေအိုရောင်ဆံပင်တိုနဲ့ ခန့်ညားတဲ့ယောက်ျားရဲ့ရုပ်လုံးက ပေါ်ပေါက်လာတော့သည်၊ဂျူလီယမ်က ဇာတ်ကြောင်းထဲမှာ နှစ်ဘဝလုံးသေဆုံးခဲ့ရတဲ့အနှီယောက်ျားက သူ့ချစ်သူဖြစ်နေခဲ့တာတွေးမိရုံဖြင့် နှလုံးသားများနာကျင်မိသည်၊
"အစ်ကို အဆင်ပြေရဲ့လား" ဂျူးလီယမ်က တစ်ဖက်လူရဲ့ ရွှေရောင်မျက်ဝန်းများကို ကြည့်ရင်း မျက်နှာရဲရဲလေးဖြင့် မေးလိုက်သည်၊တစ်ဖက်လူက သူ့အားစိုက်ကြည့်နေပြီးနောက်မှာ နူတ်ခမ်းများကို ထပ်မံနမ်းလာပြန်သည်၊
"အကုန်လုံး အဆင်ပြေရဲ့လား"
ကယ်ဆယ်ရေးအဖွဲ့ကရောက်လာပြီး ပတ်ဝန်းကျင်ကိုကြည့်ရင်း Esper ပေါက်ကွဲမှုရဲ့တရားခံကိုရှာဖွေပေမယ့် မတွေ့တာကြောင့် မျက်နှာကြုတ်သွားသည်၊
"ဘာတွေဖြစ်ကုန်တာလဲ" အိုဝမ်လို့ခေါ်တဲ့ Sအဆင့် Esperက အနီးနားကလူတွေကိုကြည့်ရင်း မေးလိုက်တော့သည်၊
"ဟိုအလှလေးက ကျွန်တော့်ကိုကယ်လိုက်တာ...သူက အသိစိတ်လွတ်နေတဲ့Esperဆီ ခုန်ဝင်ပြီးတော့ ကုပေးခဲ့တာလေ" အဖြစ်အပျက်ကိုကြုံတွေ့ခဲ့ရတဲ့လူတစ်ဦးက အသေးစိတ်ပြောပြရင်း လက်ညှိုးနဲ့ပါ ညွှန်ပြလိုက်သည်၊သူတို့လည်း လှမ်းကြည့်လိုက်တော့ အဖြူရောင်ဆံပင်တိုနဲ့ နူးနူးညံ့ညံမျက်နှာလေးပိုင်ဆိုင်ထားတဲ့လူငယ်လေးကိုတွေ့လိုက်ရသည်၊ဒီလူငယ်လေးက အသိစိတ်လွတ်နေတဲ့Esperဆီ ပြေးဝင်သွားခဲ့တာလား၊
"သူရဲ့ကုသနှုန်းနဲ့ဆိုရင်...Sအဆင့်ဖြစ်နိုင်တယ်" အိုဝမ်ကပြောလိုက်တော့ ဘေးနားရှိလူငယ်ရဲ့မျက်နှာက ရှုံ့မဲ့သွားတော့သည်၊သူက ဂျူလီယမ်ရှိရာကို မနှစ်မြို့ဖွယ်လှမ်းကြည့်ပေမယ့် လက်ရှိ သူအရေးစိုက်ရမဲ့သူက လီရမ်ဖြစ်သည်၊လီရမ်ကလည်း ဂျူလီယမ်မသေဆုံးပဲ ကယ်ပင်ကယ်တင်နိုင်ခဲ့တာကို မြင်တော့ အတော်ကိုစိတ်ပျက်နေတော့သည်၊
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...