Arc-5.2(The Sun's Tears)

11.7K 1.3K 50
                                    

Arc-5.0မှာ နောက်ထပ်ဇာတ်ကောင်ထည့်ထားပါတယ်ဗျ

Zawgyi

အန်ဒီ ထိုအခန်းကနေ ထွက်လာပြီးနောက်မှာ ကြီးမားကျယ်ဝန်းသည့်ခြံကွင်းထဲရောက်လာတော့သည်၊ခြံကွင်းထဲမှာလည်း နီရဲရဲနှင်းဆီပန်းတွေဟာ နေရာအပြည့် ပြည့်နေပြီး သူ့ကို ကြိုဆိုနေသယောင်၊အန်ဒီ ပန်းခင်းရဲ့အဆုံးထိကို လျှောက်လှမ်းလာသည့်ချိန်မှာ တယောသံ သဲ့သဲ့လေးကြားရတာကြောင့် သူမျက်မှောင်ကြုတ်သွားပြီး အသံကြားထိဘက်ကို လှမ်းကြည့်လိုက်သည်၊ဒါပေမယ့် သူဟာ ထိုနေရာကိုသွားရန် စိတ်ကူးမရှိတာကြောင့် ပန်းခင်းအဆုံးမှာ ကာထားသည့် နံရံအမြင့်ကို ကြည့်ရင်း အနီးနားရှိ အလှဆင်ထားသည့် ကျောက်တုံးပေါ် ခြေနင်းကာ နံရံပေါ်လှမ်းခုန်တက်လိုက်သည်၊သူနံရံပေါ် ရောက်သည့်ချိန်မှာ ကောင်မလေးတစ်ယောက်ရဲ့ စူးရှရှအော်သံနဲ့အတူ သေနတ်သံပါ ကြားလိုက်ရတော့ သူလှမ်းကြည့်လိုက်သည့်ချိန်မှာ...

ဂါဝန်အပြာဝတ်ဆင်ထားသည့်ကောင်မလေးဟာ မြေပြင်ပေါ်တွင် သွေးများစိုရွဲကာ လှဲကျသေဆုံးနေပြီး အလှမ်းအဝေးမှာတော့ ဝိုင်ခွက်ကို ကိုင်ကာ ကုလားထိုင်ပေါ် အေးဆေးမှီကာ ထိုင်နေသည့်လူကိုတွေ့လိုက်ရသည်၊သူအခြားလက်တဖက်မှာတော့ ပစ္စတိုသေနတ်ကို ကိုင်ထားပြီး ကစားနေသလို သေနတ်ကို လှည်လိုက်ရင်း ဝါရင့်ရင့်မျက်ဝန်းများဟာ သူ့ကိုစိုက်ကြည့်နေပြီး နီညိုရောင်နူတ်ခမ်းပါးတစ်စုံဟာ ပြုံးနေသေးသည်၊

အန်ဒီလည်း ထိုလူကို တချက်စိုက်ကြည့်ပြီးနောက်မှာ သူလည်း ပြန်ပြုံးလိုက်ပြီး...လက်အမူအရာဖြင့်

"ကိုယ့်လူကိုယ်သတ်တာ ခင်ဗျားက တကယ်ရက်စက်တာပဲ" လို့ အမူအရာနဲ့ပြောလိုက်တော့ ထိုလူဟာ ဂရုမစိုက်သည့်ဟန်ဖြင့် သူရဲ့ပါးစပ်ဟာ လှုပ်လာပြီး သူ့ကို စကားလှမ်းပြောသည်၊အသံဟာ အရမ်းတိုးတာကြောင့် ထိုလူပါးစပ်ဟာ လှုပ်ရုံပင်လှုပ်နေသည်ဟုပင် ထင်ရသည်၊ဒါပေမယ့် ထိုလူဘာပြောလဲ အန်ဒီနားလည်သည်၊

"အရုပ်တရုပ်ကို ဖျက်ဆီးပစ်လိုက်တာ... ဘာမှခံစားစရာမလိုဘူးလေ...မင်းတောင် ကိုယ်တို့ လူငါးယောက်ကို သတ်ခဲ့တာပဲ" လို့ ပြောလာတာကြောင့် ပုံမှန်လူသာဆို တကယ်ကြောက်လန့်နေမှာ အမှန်ပေမယ့် အန်ဒီကတော့ ဘာမှမဖြစ်သည့်ဟန်ဖြင့်...

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now