ကျနော်ပျောက်နေတာမဟုတ်ပါဘူး၊ နေလဲကောင်းပါတယ်၊ မေလ ၁၅ရက်နေ့ထိလောက်ပဲ UPနှေးမှာပါ ကျန်းမာရေးဂရုစိုက်ကျပါ၊ အမြန်ထွက်ပြီးတိုင်း လက်ဆေးဖို့မမေ့ကျပါနဲ့ စကားမစပ်.... အရေးအသားမသေသပ်ရင် တောင်းပန်ပါတယ်Zawgyi
"မင်းပြောတာ အမှန်လား "
"ဟုတ်ပါတယ် အရှင် တော်ဝင်ပြည့်တန်ဆာရှောင်ကို အနောက်ဆောင်က ဒုမိဖုရားနဲ့ ကိုယ်လုပ်တော်အချို့က အနိုင်ကျင့် နှိပ်စက်ကျပါတယ်"
"ဘာလို့ ဝင်မတားတာလဲ"
သက်တော်စောင့်ဟာ သူ့အရှင်ရဲ့ဒေါသကို ခံစားမိတာကြောင့် ချက်ချင်းဒူးထောင်လိုက်ကာ
"အရှင်ပဲ အနောက်ဆောင်က ကိစ္စတွေကို ဝင်မပါနဲ့ဆို....ဒါကြောင့်.... ဒါကြောင့်"
"ထားလိုက်တော့... အခုချက်ချင်း ပြည့်တန်ဆာအဆောင်ကို သွားမယ်" လို့ ပြောတာ အစေခံတသီတတန်းကြီးနဲ့ ထွက်သွားတော့သည်၊
ဖြန်း.... ရှောင်ရမ်ဟွာတယောက် သူကိုယ်သူ ပါးချလိုက်ခြင်းဖြစ်သည်၊ Foxလေးတောင် မျက်လုံးမျက်ဆံပြူးနဲ့ တကယ်တော့ သူမြေခွေးပုံစံလေးက မျက်လုံးပြူးပြီးသားမို့လို့ ထပ်ပြူးမရပေမယ့်ပေါ့၊
သူရဲ့ Hostလုပ်ရပ်တွေကို နားမလည်ချေ၊ ညနေကလဲ ငြိမ်ခံနေသေးတယ်၊ ဘာကြောင့်ပါလိမ့်၊ အခုလဲ သူကိုယ်သူပါးချနေတဲ့အပြင် မှိန်မှိန်လေးတောင် ကျတော့တဲ့ လက်ကောက်ဝတ်ရှိ အရာကို ထပ်မံဆုပ်ကိုင်နေသေးသည်၊ နားမလည်စွာ မေးမြန်းပြီး သူHostကို ကြည့်နေမိသည်၊ တကယ်လို့ သူဒီထက်အဆင့်မြှင့်ခဲ့ရင် မြေခွေးပုံလေးပေါ်လာပြီး အမြှီးလေးတလှုပ်နဲ့လှုပ်နဲ့ သူHostကို ပတ်နေမှာ သေချာသည်၊
[Fox: Host ဇာတ်လိုက် လာနေပြီ]
'သိပြီ...'
" မင်းကြီး ကြွချီလာပြီ " ရွှေနဂါးကနုတ်ထိုးထားသော အနီရောင်ဝတ်ရုံကို ခန့်ညားစွာဝတ်ဆင်ပြီး ဝင်လာသော ယောကျာ်းပျိုကို ရှောင်ရမ်ဟွာဟာ တံခါးဝကနေ စောင့်ကြိုရင်း နူတ်ဆက်လိုက်သည်၊
ESTÁS LEYENDO
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...