Zawgyi"ဝင်ခဲ့"
သခင်ကြီးရဲ့ခွင့်ပြုချက်ရတာနဲ့ အဘိုးရန်ဟာ ဧည့်သည်နှစ်ယောက်လုံးကို အထဲဝင်ရန် ပြောလိုက်သည်၊လူငယ်လေးဟာ ရှေ့ကဦးဆောင်ကာ ဝင်သွားရင်း အဘိုးနဉ်ခိုင်ကျန်းဟာ ခုံပေါ်တွင် ရယ်မောလိုက်
စကားပြောလိုက် ထိုင်နေရင်း တဖက်ရှိလူငယ်လေးကတော့ ပြုံးပြုံးလေးဖြင့် ခေါင်းညိတ်ကာ နားထောင်နေသည်၊ လူငယ်လေးကို မြင်တဲ့အချိန်မှာ ကျန်းထိုက်ရန်မျက်ဝန်းများဟာ ပျော်ရွှင်မှုနဲ့အတူ အံ့အားသင့်မှုများဖြတ်သန်းသွားသည်၊သူတို့ ငယ်ငယ်ထဲက အတူကစားခဲ့တဲ့ချစ်စရာကောင်းတဲ့ကောင်လေးရာ အခုတော့ လှပတဲ့ဒေါင်းပျိုလေးဖြစ်လာခဲ့ပြီ၊"အဘိုးနဉ် "
"အို... ထိုက်ရန်ပါလား..."
အခန်းထဲဝင်လာထဲက ရွယ်လျန့်ဟာ ဒီကမ္ဘာရဲ့ဇာတ်လိုက် ကျန်းထိုက်ရန်ကို သတိထားကြည့်မိသည်၊သူကိုယ်သူ အရပ်တော်တော်ရှည်တယ်ထင်ခဲ့ပေမယ့် သူ့ထက် အရပ်ပိုရှည်ပြီး၊ပိုခန့်ညားတဲ့ဇာတ်လိုက်ကိုမြင်လိုက်တော့ မကျေမနပ်ဖြစ်ရုံကလွဲ၍ ဘာမှမခံစားချေ၊ ဟိုမကောင်းဆိုးဝါးကောင် မဟုတ်ဘူးမလား???? ဟိုကောင်ကဝင်လာတိုင်း ဇာတ်လိုက်တွေ ခန္ဓာကိုယ်ကြီးပဲကိုး...
ကျန်းထိုက်ရန် သူကိုမျက်ခုံးလေးကြုတ်ကာ ကြည့်နေတဲ့ကောင်လေးကြောင့် ဘာဆက်လုပ်ရမလဲ မသိဖြစ်နေသည်၊ဒါပေါ့ ကိုယ်ရဲ့အချစ်ဦးနဲ့တွေ့တဲ့အချိန်... ဘယ်သူမဆို ကိုးရိုးကားရိုးဖြစ်ကျမှာပဲလေ၊အခုသူရဲ့အခြေအနေကလည်း ထိုလိုဖြစ်နေသည်၊ ထိုင်ပြီးပဲ စကားပြောရမလား...ရပ်ပဲဆက်ရပ်နေရမလား...နောက်ဆုံး ရွယ်လျန့်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး သူကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်သည်
"မြေးလေး... သူကို မှတ်မိလား???" အဘိုးနဉ်ဟာ ထိုက်ရန်ကိုကြည့်ပြီး ရွယ်လျန့်ကိုမေးလိုက်သည်၊ ရွယ်လျန့်ရဲ့မျက်ဝန်းများဟာ ထိုက်ရန်ပေါ်ရောက်လာပြီး... မှတ်မိတာပေါ့ ကျန်းထိုက်ရန်က ရွယ်လျန့်နဲ့ ငယ်ငယ်တုန်းက ခင်မင်ခဲ့တဲ့အစ်ကိုဖြစ်ပြီး ရွယ်လျန့်ကို တဖက်သတ်ချစ်နေတဲ့သူလည်း ဖြစ်ခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံး ဟိုကောင်တွေနောက်ပဲ ပါသွားတာလေ...မင်း ကိုယ်တိုင် ချစ်လှပါချည်ရဲ့ဆိုတဲ့ နဉ်ရွယ်လျန့်ကို နောက်ကွယ်ကနေ အနိုင်ကျင့်ဖို့တောင် ကူညီပေးလိုက်သေးတယ်၊ ခံရတာ အရင်ခန္ဓာကိုယ်ပိုင်ရှင်မှန်းသိပေမယ့် ဟိုလူမြူဆွယ်၊ဒီလူမြူဆွယ်တာနဲ့ ပါတတ်တဲ့သူတွေကိုတော့ ယွမ်နဉ်ချင့် ကြည့်မရပေ...
ဒါကြောင့် မကြည်ကြည့်တချက်သာ ကြည့်လိုက်ပြီး
YOU ARE READING
♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)
RomanceZawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့် တယောက်ယောက်ကို အရူးလုပ်ရတာကိုတော့ ငါကြိုက်တယ်" "မင်း နဲ့ငါ စိတ်ဓာတ် တူသွားပြီ " "အဲ့တော့.... " "ငါကို ယုတ်မာကောက်ကျစ်တဲ့ System လို့ခေါ်လို့...