Arc.4.21(နဉ်ရွယ်လျန့်ဘဝ)

11.2K 1.6K 140
                                    


Zawgyi

Weiboက ထိုသတင်းထွက်ပေါ်ပြီး မကြာခင်မှာပဲ ထိုထက် ပိုစိတ်ဝင်စားစရာကောင်းသည့် သတင်းပေါ်ထွက်လာတော့သည်၊ ထိုသတင်းဟာ လူတစ်ဦးဟာ လီရှောင်ဟိုင်ကို ပါးရိုက်နေသည့်ပုံဖြစ်သည်၊လီရှောင်ဟိုင် အဝတ်အစားကလည်း ခုနက ပုံထဲကနေတူတူပင်ဖြစ်ပြီး ခေါင်းစစဉ်ကတော့  ...

ပြောတော့ မင်းတို့ မင်းသားက ဖြူစင်တဲ့အဖြူထည်လေးဆို??? ဒါဆို တကယ်ပါးရိုက်တဲ့သူက အခြားတစ်ယောက်ဖြစ်နေခဲ့တာကို ဘာကြောင့် သရုပ်ဆောင်ရွယ်လျန့်လို့ သတင်းထွက်လာတုန်းက မဖြေရှင်းတာလဲ???သရုပ်ဆောင်ရွယ်လျန်ကို လူအထင်လွဲအောင်လုပ်ပြီး နာမည်ချချင်နေတာလား ဆိုသည့် သတင်းတက်လာသည်နှင့် များစွာသော လိုင်းသုံးသူတို့ရဲ့ဝေဖန်ပြောဆိုသည့်စကားများထွက်ပေါ်လာတော့သည်၊

[ညဆိုဘဲမ မအားဘူး ဘဲမထန်နေတယ်:ဘယ်သူ့ Fanမှမဟုတ်ပေမယ့် ပထမသတင်းတက်လာတုန်းက တကယ်လားဆိုပြီး သရုပ်ဆောင်ရွယ်လျန့်ပေါ်တောင် အထင်မြင်သေးမိသေးတယ်၊ ဒါ တကယ့်ကို လုပ်ကြံဇာတ်လမ်းကြီးပဲ (ノ°益°)ノ ]

[အမှောင်ထဲက အချောလေးထောပတ်သီး: ဟိုပိုစ့်မှာတုန်းထဲက ဒီထောပတ်သီးလေး သတိထားမိပါတယ်နော် ဝင်ရေးတဲ့အကောင့်အများစုက အကောင့်တုတွေဖြစ်ပြီး သရုပ်ဆောင်ရွယ်လျန့်ကို အရင်းအဖျားမရှိတိုက်ခိုက်ထားတာတွေ... ကျွန်တော်တောင် အကျိုးအကြောင်း ဖြစ်နိုင်တာလေးတွေ ဝင်ရေးလိုက်တာ... ထောပတ်သီးကို ခွေးဝိုင်းကိုက်သွားကြတယ်၊ဒါ အရမ်းသိသာနေတာကို (╯°□°)╯︵ ( . 0 .)]

[သခွားသီးနဲ့နံနံပင် မကြိုက်ဘူးဟဲ့: သရုပ်ဆောင်နှစ်ယောက်ကြား ရန်တိုက်ပေးတယ်လို့ တွေးမိပေမယ့် ပထမသတင်းထွက်တုန်းက ဘာကြောင့် သရုပ်တောင်လီရှောင်ဟိုင်က ဖြေရှင်းချက်မထုတ်တာလဲ??(•ิ_•ิ)?]

[ရှောင်ဟိုင်ရဲ့အဝါရောင်ဆံနွယ်လေး: ငါတို့ ရှောင်ဟိုင်လေးက ဒီကိစ္စကို သိတောင်မသိဘူးလောက်သေးဘူး၊နာရီအနည်းငယ်အပိုင်းတွင်းမှာ ဘယ်သူက ဖြေရှင်းချက်တန်းထုတ်မှာလဲ???] လို့ လီရှောင်ဟိုင်ပရိသတ်ဟာ ခေါင်းမာစွာဝင်ပြောတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Donde viven las historias. Descúbrelo ahora