"စကားထပ်ပြောရင် အပြစ်ပေးမှာ "
ဘာလဲဟ ဒီလူက
ရှောင်ကျန့် လည်းထပြီး
"ဒီမှာ.."စကားပင်မဆုံးလိုက် ယန်ရှင်းက ရဲ့လျန်ကို
သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး စိတ်ထိန်းထားခဲ့ရတဲ့ အဲဒီနှုတ်ခမ်း ရဲရဲတွေကို စိတ်ကြိုက် သုံးဆောင်တော့တယ်ယန်ရှင်းက ရဲ့လျန်ရဲ့ခေါင်းကို ထိန်းကိုင်ကာ ဖွင့်ဟမပေးသေးတဲ့ နှုတ်ခမ်းကြောင့် ရဲ့လျန်ရဲ့ အောက်နှာခမ်းကို ကိုက်ချလိုက်တော့
အာ့ ဆိုတဲ့ အသံနဲ့ အတူ နှုတ်ခမ်း တစ်စုံ က ပွင့်ဟသွားတယ်
ယန်ရှင်းရဲ့ လျှာဖျားက ရဲ့လျန်ရဲ့ လျှာဖျားကို ရစ်ပတ်ပြီးကစားနေတယ်
ခံစားချက်က ထူးခြားတယ် ဘယ်လိုပြောရမလဲ ဆိုတော့ တိမ်တွေပေါ် ရောက် နေသလိုဘဲ
ယန်ရှင်းရဲ့ အနမ်းတွေအောက်က ရုန်းထွက်နိုင်ခြင်း မရှိတဲ့ ရဲ့လျန် ဟာ ယန်ရှင်း ခေါ်ဆောင်ရာ အနမ်းပင်လယ်ထဲ မျောပါသွားခဲ့တယ်
နမ်းနေရုံနဲ့ အားမ ရတော့တဲ့ ယန်ရှင်းက ရဲ့လျန်ကို မြေပြင်ပေါ်ချလို့ ဝတ်ရုံတွေကို ချွတ်ပစ်လိုက်တယ်
ဝတ်ရုံတွေ ကျွတ်ခါကျမှ သတိရတဲ့ ရဲ့လျန်က ယန်ရှင်းရဲ့ လက်က လွတ်မြောက်ဖို့ အပြင်းအထန် ကြိုးစားတယ်
စိတ် ဆန္ဒ ပြင်းပြ နေတဲ့ ယန်ရှင်းက ေဘးပတ်ဝန်းကျင်ကို မေ့လျော့နေခဲ့တယ်
ရဲ့လျန်ကယန်ရှင်းရဲ့ ပုခုံးကို ကိုက်လိုက်မှ ယန်ရှင်း က သတိဝင်လာတော့တယ်
"ဘာ့လို့ကိုက်တာလည်း"
"ဘေးပတ်ဝန်းကျင် ကိုလည်း ကြည့်အုံး လူတွေနဲ့လေ ငါ့ကို မင်းက အရှက်ကွဲ စေချင်တာလား "
"သူတို့မရှိရင်ရော မင်းငါ့ကို ခွင့်ပြုမှာလား"
"မင်း"တကယ်ပါပဲ ပြောစရာ စကား တွေတောင် ပျောက်ရှရပါတယ် ယန်ရှင်း ရယ်
"ငါမေးနေတယ် လေ သူတို့ မရှိရင် ငါ့ကို ခွင့်ပြုမှာလားလို့"
"သူတို့တွေ မရှိရင် ခွင့်ပြုမယ် ဒါမဲ့ ခုတော့ မဟုတ်ဘူး နောက်မှ "
"ဘယ်လိုလုပ်ရမလဲ ငါကမင်းကို အခုပဲ လိုချင်တာ လေ "