Unicode
ညနက်လာတာနဲ့အမျှရဲ့လျန်ရဲ့အိပ်ချင်စိတ်တွေဟာအတားအဆီးမရှိ ဖြစ်လာတယ်
ဒါကို ရိပ်မိတဲ့ ယန်ရှင်း က
"လျန်အယ် ကိုယ့်ဆီလာအိပ်"
"ဟမ်"
ရဲ့လျန် က မယုံ သလို ကြည့်တော့
"ကိုယ် ဘာမှမလုပ်ဘူး ကိုယ့် ကို ယုံ "
ထိုသို့ပြောမှ ရဲ့လျန်က ယန်ရှင်းရဲ့ အနားကို ကပ်လာတယ်ယန်ရှင်း pov
ကျွန်နော် ဒီကောင်လေးကို ဘယ်ချိန် က စိတ်ဝင်စား သွားလည်း မသိဘူး ဒီကောင်လေးက တစ်ယောက် ယောက် နဲ့ အတူ ရှိနေရင် ကျွန်တော် မကြိုက်ဘူး လူ့ပြည်ကို ရောက်လာတော့ ရဲ့လျန်က ကျွန်တော် နားကနေ ထွက် သွား ပြီး သူ့ယုန်စုတ်မလေးနားသွားနေတယ် သဝန်တိုနေတာလားဆိုတာ ကျွန်တော် ကိုယ် ကျွန်တော် တောင် မသိဘူး သဘောမကျဘူး ဆိုတာ တော့ သေချာ တယ်ညဘက် ရောက် လာတော့ လည်း ယီနဲ့ စကားတွေတောင် ပြောနေလိုက်သေးတယ်
ကျွန်တော် လာတာ တောင်မသိဘူး
အဲတာနဲ့ ပဲ စိတ်ဆိုးပြီး နမ်းမိလိုက်တယ် ဆိုပါတော့ ဗျာ><><><><><><><><><><><><><><>
မနက်ရောက်တော့ ခရီးဆက်ခဲ့ကြတယ်
မြို့တစ်မြို့ နား ရောက်လာတော့ ယီက
"အရှင် ခုရောက်တော့မဲ့မြို့က မင်ထျန်းမြို့လို့ခေါ်ပါတယ် မိစ္ဆာ ရှိတယ် လို့ပဲ သိရပြီး ဘာ မိစ္ဆာရှိတယ် ဆိုတာ မသိရပါဘူး""အင်း...အကြောင်း စုံ သိရဖို့ မင်းတို့ နှစ်ယောက် ကို တာဝန် ပေးတယ် "
"အမိန့် အတိုင်းပါပဲ အရှင် "ယီနဲ့ စကား ပြောပြီး နောက် လှည့် ကြည့် တော့ လျန်အယ် က သူ့ယုန်မလေးကို ပွေ့ချီလို့ လာနေတယ်
မျက်စိထဲ မြင်ရတာ ကိုးလို့ ကန့်လန့်နဲ့ ဘာလည်း အဲယုန်စုတ်မက လမ်းမလျှောက်နိုင်ဘူးလား
Linn လည်း တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစား ရလို့ ဘေးပတ်ဝန်းကျင် ကို ဝေ့ ဝဲ ကြည့် မိတော့ နတ်ဘုရား ယန်ရှင်းက သဘောမကျတဲ့ အကြည့်တွေနဲ့ ကြည့်နေတာ ကို မြင်တော့ ရုတ်တရက် ရှိသမျှဟာ တွေ အကုန်ထောင်သွားတယ် (ယုန်မွေးပြောတာနှော်🙂👍🏻)