💦3.1(Julia Anderson)💦

3.2K 280 0
                                    

Uni

(。•́︿•̀。)အလင်း စာတင်ပေးဖို့ ပျက်ကွက်ခဲ့လို့ တောင်းပန်ပါတယ် နှော်။ တကယ်က အလင်းတို့ဆီမှာ wifi မရတာမို့ လိုင်းဖွင့်မှ တင်လို့ရလို့ပါ။ နောက်ပြီး အလင်းဖုန်းက ပျက်သွားတာ အခုမှ ပြင်ပြီးတာမလို့ စာကို ရေးပြီးသလောက်ပဲ တင်ပေးလိုက်ပါတယ်နှော် ။(。•́︿•̀。)

_________________________________

ထိုလူထွက်သွားကာမှ ရှောင်ကျန့်က
"ဒီ ကမ္ဘာ ရဲ့ ဇာတ်ကြောင်းနဲ့ mission အကြောင်း မင်းငါ့ကို ပြောဖို့ သတိရ သေးရဲ့လား Linn"

ထိုအခါမှ
*ဇာတ်ကြောင်း ထည့်သွင်း နေပါပြီ *
ဟုဆိုကာ ရာခိုင်နှုန်း များ ပြေးတက် သွားတော့သည် ။

ဒီ ကမ္ဘာ ရဲ့ ဇာတ်ကြောင်း အရဆိုရင် ရှောင်ကျန့်က မင်းသမီး  အတွက် အသက်ပေး သွားရတဲ့ အသုံးမဝင်တဲ့ အရံ ဇာတ်ကောင် အိမ်ကို ရောက်နေတာပဲ ဖြစ်သည်။ ဒီ အရံဇာတ်ကောင်လေး ဆီကို နောက် ၁လနေရင် ၄နှစ် ကျော်ကျော် အရွယ် ကလေးတစ်ယောက် ရောက်လာလိမ့်မည် ။ ထိုကလေးက အရံဇာတ်ကောင် လေးရဲ့ သားဖြစ်ပြီး သူ၏ မိခင်က မစောင့်ရှောက် နိုင်၍ သူ၏ အဖေ( အရံဇာတ်ကောင်)  ဆီသို့ ပို့ပေးခဲ့တာ ဖြစ်သည်။
အရံဇာတ်ကောင် လေးဟာ ကလေးကို စောင့်ရှောက်ရန်အတွက် မိခင် တစ်ယောက်ရှာခဲ့သည်(ဆိုလိုတာက အငှားမိခင် ပါ)။ သို့သော် ထို မိခင်သည် (အရံဇာတ်ကောင် ၏ ဇနီး ဖြစ်လာမည့်သူ) သူ(အရံဇာတ်ကောင်)နှင့် တကယ် လက်ထပ်ရမည် မဟုတ်ပဲ ဟန်ဆောင် လက်ထပ်ရ မည်သာ ဖြစ်သည်။ ထိုမိခင်သည် ဇာတ်လိုက် မင်းသမီး ဖြစ်ပြီး  ကလေး ၅ နှစ် ပြည့် မွေးနေ့ပွဲ တွင် ပြန်ပေးဆွဲခံရ ကာ ထိုပြန်ပေး ဆွဲ မှုတွင် အရံဇာတ်ကောင် လေးဟာ မင်းသမီးကို ကယ်ရင်း သေဆုံးသွားခဲ့ ရသည် ။ အရံဇာတ်ကောင်လေးဟာ A နိုင်ငံတွင် အချမ်းသာဆုံး ဖြစ်သဖြင့် သူသေဆုံး သွားပြီးနောက် သူ၏ ပိုင်ဆိုင်မှုများအား သူ၏ ဇနီး ဖြစ်သူက ရရှိခဲ့သည်။ ထို့နောက် တွင် အရံဇာတ်ကောင် လေး၏  အကို ပေါ်လာသည် ။ ထိုသူမှာ ဇာတ်လိုက်ဖြစ်ပြီး ဇာတ်လမ်း သဘော အရ မင်းသမီးကို မြင်မြင်ချင်း ချစ်မိသွားကာ ပိုင်ဆိုင်ဖို့ ကြိုးစားသည်။ ဇာတ်လမ်း သဘောအရ မင်းသမီး ကလည်း မင်းသားနှင့် ကြိုက်သွား ပြီး ၁ နှစ်အကြာတွင် သားတစ်ယောက် ရခဲ့သည်။ ထို ဇာတ်လိုက်နှစ်ယောက်က သူတို့၏ သားအရင်းကိုပဲ ဂရုစိုက် ပြီး အရံဇာတ်ကောင်လေး၏ သားကိုမူ လျစ်လျူ ရှုထား ခဲ့သည်။ ထို့ကြောင့် အရံဇာတ်ကောင် လေးရဲ့ သားက ဇာတ်လိုက် နှစ်ယောက်၏ သားကို နည်းအမျိုး မျိုးနှင့် သတ်ရန် ကြိုးစားခဲ့သည် ။ အရံဇာတ်ကောင်လေး၏ သား ၁၃ နှစ် အရွယ်တွင် ဇာတ်လိုက်နှစ်ယောက်၏ သားကို သတ်ရန်ကြံစည် မှုနှင့် ကလေး ထိန်းကျောင်း ရေး စခန်း( ကလေး ထောင်ကို ပြောချင်တာပါနှော်)  သို့ အပို့ ခံလိုက်ရကာ ထို အထဲ မှာတွင်ပဲ သူ့ဘဝကို အဆုံး သတ်လိုက်ရတော့သည်။ ဇာတ်လိုက်တို့ မိသားစု အတွက်ကတော့ Happy ending ဖြစ်ပြီး အရံဇာတ်ကောင် သား အဖ အတွက် ကတော့  sad ending ဖြစ် သည်။

system 85105Donde viven las historias. Descúbrelo ahora