မနက်၅နာရီလောက် ရောက်ကတည်းက ရဲ့လျန်ကို ယုန်ဖြူလေးတစ်ကောင်ဟာ ပုံစံမျိုးစုံနဲ့ အိပ်ယာနှိုးနေခဲ့ပါတယ်သူဘယ်လောက်ပဲအားကျိုးမာန်တက်နဲ့ နှိုးနေ နှိုးနေ
သူ့သခင်ဟာ မနက် ၆ နာရီမှ အိပ်ယာကနိုးခဲ့ပါတော့တယ်"Linn ဘယ်နှနာရီ ပြီလဲ"
"၆နာရီပါပြီ host"
(LN_ဒီမှာပြောချင်တာက ယုန်လေးက ကောင်းကင်ပေါ်က သတ်တဝါလေးမို့ စကားလည်းပြောနိုင်သလို လူပုံစံလည်း ပြောင်းနိုင်ပါတယ်နှော်)"ဟမ် နင်ငါ့ကို မနှိုးဘူးလား"
"နှိုး နေတာကို မထတာက ဘယ်သူလည်း"
"တော်တန်တိတ် "လို့ပြောပြီး host ဟာ ဝေယာဝစ်စ ကို အလျင်အမြန်လုပ်ဆောင်နေပါတော့တယ်
ကောင်းကင်ညီလာခံခန်းးမ
"နောက်ကျသွားတဲ့ အတွက် သားတော် တောင်းပန်ပါတယ် ခမည်းတော် "
"ဟင်းးးးး"
မင်းကြီးက သက်ပြင်းချကာ
"လျန်အယ် သားလေးတောင်းပန်ရမှာ ခမည်းတော်ကို မဟုတ်ဘူး နတ်ဘုရား လီယန့်ကို တောင်းပန်ရမှာ"သူ့ကိုတောင်းပန်ရမှာ သိပေမယ့် သူ့မျက်နှာမြင်ရင်ကို ပြောစကားတွေ ပျောက်ကုန်တာ ဘယ်လိုလုပ်ရမလဲ ခမည်းတော်ရဲ့ ဆိုတဲ့ စကားကိုတော့ စိတ်ထဲကနေပဲ ပြောနေမိခဲ့တော့တယ်
ခမည်းတော်က
"လီယန် ငါကိုယ်တော်က ပဲ လျန်အယ် အစားတောင်းပန်ပါတယ်"ထိုလူက အေးစက်စွာ
"မှားတဲ့ သူကတောင် မတောင်းပန်တာ မင်းကြီးက တောင်းပန်စရာ မလိုဘူးလို့ ထင်ပါတယ်"အယ် ဘာလည်းဟ ဒီကောင်က ခမည်းတော်ကတောင် တောင်ပန်ပေးနေတာကို ရောင့်တက်နေတယ်
လို့ ပြောချင်ပေမဲ့ လည်း တကယ် တမ်း ပြောမိတာ က
"လျန်အယ် တောင်းပန်ပါတယ် နတ်ဘုရား နောက်ခါ ထပ်မဖြစ်စေရတော့ပါဘူး" လို့ မျက်နှာငယ်လေးနဲ့ ပြောလိုက်တော့"မင်း ပြောစကားတည်ပါစေလို့ပဲ ဆုတောင်း ရတော့မှာပေါ့"လို့ပြန်ပြောတယ်
လျန်အယ်ကလည်း
ဟွန့် တည်တယ် တည်တယ် စောင့်ကြည့်နေလိုက် လို့ စိတ်ထဲကနေပဲ ပြောလိုက်တော့တယ်