3.( ) Julia Anderson

2.2K 248 16
                                    

ည ၇နာရီ အချိန်ခန့်တွင် ဖြစ်သည်။

"သခင်မ သခင်ကြီးက ဟိုမှာ အရေးကြီး ကိစ္စတွေ ရှိသေးတာမလို့ အိမ်ကို ပြန်လာလို့ မရပါဘူးတဲ့။ ဒါကြောင့် သူ့ကို စိတ်ဆိုးခြင်း မရှိပဲ ကျေးဇူးပြုပြီး ဒရိုင်ဘာနဲ့သာ လာခဲ့ပေးပါလို့ အမှာစကား ပါးထားပါတယ်"

အိမ်ထော်ထိန်း ပြောတဲ့ စကားကို Julia က သိပ်ပြီး စိတ်ထဲ ထားမနေဘူး။ Leo လာမခေါ်တာကပဲ သူ့အတွက် ပိုပြီး အဆင်ပြေတယ် ။ ဘာ့လို့ဆိုတော့ သူမက သူတို့ကို အံအားသင့်သွားအောင် လုပ်ချင်သည်လေ။

"အွန်း အာ့ဆိုလည်း သွားကြတာပေါ့။ စိတ်မရှိရင် သခင်လေး နှစ်ယောက်ကို သွားခေါ် ပေးစေချင်တယ် ။"

ထိုအခါ အိမ်တော်ထိန်းက
"ဟုတ်ကဲ့ပါ ။ သခင်မ ကျွန်မသွားခေါ်လိုက်ပါ့မယ်"
ဟု ဆိုကာ သူမကို အရိုအသေပေးပြီး အပေါ်ထပ်သို့ တက်သွားတော့သည်။

မိနစ် အနည်းငယ်ကြာတော့ ကလေးနှစ်ယောက် နှင့်အတူ ပြန်ဆင်းလာသည်ကို သူမတွေ့မြင်လိုက်ရသည်။
ကလေးတွေက သူ့အနား ရောက်တာနဲ့
"မား..ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ"

Julia ကလေးတွေကို ကြည့်ကာ စဥ်းစားနေမိသည်။ ကလေးတွေက Leo ရဲ့ ကလေးတွေ မဟုတ်ပေမယ့် Leo လိုပဲ ထက်မြက်တဲ့ အကျင့် စရိုက် ရှိပြီး အဆင့်အတန်းရှိရှိနေထိုင်တတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်က ညီအကို အရင်းမဟုတ်တာတောင်....
*ဒါနဲ့ နေပါအုံး... သူတို့နှစ်ယောက်က အကျင့်စရိုက်ချင်းတူတယ် ခုမှပဲ သေချာကြည့်မိတယ် ရုပ်တွေက ဆင်တာပဲ သူတို့က အမွှာလား*

ထိုအချိန်မှာပင် Linn ၏ စက်ရုပ်လိုလို အသံကြီး ပေါ်လာကာ
* ဒင် side mission ပွင့်လာပါပြီ ။ ကလေးနှစ်ယောက်၏ မိဘ အရင်းကို ဖော်ထုတ်ပါ။ အရံဇာတ်ကောင်၏ ကလေးမဟုတ်ကြောင်း သက်သက်ကေို ရှာဖွေပါ*

*အော်....*

Julia က ငေးနေတာမို့ ကလေးနှစ်ယောက် က
"မား...ကျွန်တော် တို့ အဆင်သင့်ဖြစ်ပါပြီ"

Julia လည်း အခုမှ လက်ရှိအခြေအနေကို ပြန်ရောက်လာကာ
"Omm သွားကြရအောင် "

ထိုအခါမှ ကလေးနှစ်ယောက် က အိမ်ရှေ့ ကွက်လပ်မှာ ရပ်ထားတဲ့ ကားဆီသို့ တရွေ့ရွေ့ ထွက်ခွာ သွားတော့သည်။ သူမသည် လည်း သူတို့ နောက်မှ ဖြေးဖြေးချင်း သာ လိုက်လာခဲ့တော့သည်။

system 85105Where stories live. Discover now