နာရီဝက် လောက် နားပြီးတော့ ယန်ရှင်းက သွားဖို့ပြောတယ်
တကယ်ပါ လူသေကောင်နဲ့ အတူတူ ထိုင်နေတာ လား လို့ တောင် တွေးမိတယ်
နားနေတဲ့ အချိန် သူက တရားထိုင် နေတယ်
ကျန့်ကျန့် ကတော့ ပျင်းလို့သေမှာပဲ စကား သွားပြော ရင် လည်း စိတ်က တိုအုံးမယ်
ရှောင်ကျန့် လေး ဘဝကလွယ်ကူမနေဘူးဟိုလူတွေ ဘယ်လို ဆင်းသွားလိုက်တယ် မသိဘူး ဆင်းလာတာကြာပြီ ခုထိသူတို့ကို မမှီသေးဘူး
Linnနဲ့ ဆက်သွယ်ကြည့် ရမယ်*linn ဘယ်ရောက်နေပြီလဲ *
*လူ့ပြည်ရောက်လို့ hostတို့ကို ထိုင်စောင့်နေတာ *"ရောက်နေပြီ"
ရှောင်ကျန့် လည်း အံ့ဩ ပြီး ပြောလိုက်တာ အသံထွက် မိသွားတယ်
ယန်ရှင်းက ဘာလည်း ဆိုတဲ့ သဘောနဲ့ လှည့်ကြည့်တော့
သွား၃၂ ချောင်းလုံး ပေါ်အောင် ရယ်ပြပြီး ဘာမှမဟုတ်ဘူး လို့ ပြန်ပြောလိုက် ရသေးတယ်လှေကားထစ် တစ်သိန်း နီးပါး ဆင်းလာရတော့ ရှောင်ကျန့် ခြေတောက်တွေ မလှုပ်နိုင်တော့ဘူး
အာ့ကြောင့်ရှောင်ကျန့်လည်း ဖြစ်ချင်တာ ဖြစ်တော့ ဆိုပြီး ထိုင်ချလိုက်တယ်
တော်တော်ကြာသည် အထိ ယန်ရှင်းနောက်က အသံမကြားရလို့ လှည့်ကြည့်တော့ နောက်ကလူက ပါမလာဘူး
ယန်ရှင်းလည်း လှေကားထစ်တွေကို ပြန်တက်လို့
"နားမနေတော့နဲ့ မြန်မြန် ဆင်းရအောင်"ရှောင်ကျန့်က လည်း မျက်နှာကို စူပုတ်ပြီး
"မစောင့်နိုင်ရင်လည်း ဆင်းနှင့် ငါမင်းကို အပြစ်မပြောဘူး "
"ပြီးတာပဲ "
ဆိုပြီး ယန်ရှင်းက ပြန်ဆင်းဖို့ လုပ်တယ်"ဝေ့ မင်းက တကယ် ကြီး သွားမှာ လား "
"မင်းပဲ သွားနှင့် ဆို"
"ငါက စကား အဖြစ်ပဲ ပြောတာလေ မင်းက တကယ်ကြီး သွားမယ် လို့မှ မထင်တာ"ယန်ရှင်းက ရဲ့လျန်ကို ကျောခိုင်းလို့
"တက်"
"ဟမ်"
ရှောင်ကျန့် ကြောင်သွားတယ် ဘာကို တက် လည်း တက် စရာ ဘာမှ မရှိ တာကို
"ဘာကိုတက် ရမှာ လည်း တက်စရာဘာမှမရှိတာကို ""ငါ့ကျောပေါ်ကို ပြောတာ မင်းပဲ မသွားနိုင်တော့ဘူး ဆို "
ရှောင်ကျန့် လည်း အဲခါမှ နားလည် သွားပြီး ပြုံးလိုက်ကာ
"အာ့ဆို အားမနာတော့ ဘူးနော် "လို့ပြောပြီး ယန်ရှင်းရဲ့ ကျောပေါ်တက်လိုက်တော့သည်