Uni. ....
ထိုအချိန်
ကျန့်ကျန့်ရဲ့ ဘေးပတ်လည်က မီးတွေလင်းလာတယ်မီးသီးလေးတွေကို အသဲပုံစံပုံဖော် ထားတဲ့နေရာမှာ ကျန့်ကျန့်ကရောက်နေတယ် အရှေ့ဘက်မှာတော့ မီးသီးလေးတွေကို လျှောက်လမ်းလေးပုံစံ ပုံဖော်ထားတယ် (ပြောချင်တာကို သိကြလားဟင် 🤧 )
ကောင်မလေးတစ်ယောက်က လမင်းပုံစံ မီးလုံးလေးကို ကိုင်လာတယ် ကောင်မလေးလျှောက်လာတဲ့ နောက်က မီးသီးတွေက မှိတ်ကျသွားတယ်(မီးမှိတ်သွားတာကိုပြောချင်တာပါနှော်)
ကောင်မလေးက တစ်ဖြေးဖြေးချင်း ရှောင်ကျန့် ရှိရာကို လျှောက်လာတယ် ရှောင်ကျန့်နားရောက်ခါနီးမှ ရှောင်ကျန့်ဆီမလာပဲ ဘေးကိုလှည့်ထွက်သွားခဲ့တယ်
ရှောင်ကျန့် ကကောင်မလေးကို ငေးကြည့်နေချိန် ရှေ့ကိုလူတစ်ယောက်လာရပ်တယ် ကြည့်လိုက်တော့
ကျန့်ကျန့်ကို လက်ထပ်မယ်ပြောပြီး ပစ်ထားတဲ့ သူ
စိတ်ကောက်ဖို့လုပ်နေတုန်း သူလုပ်လိုက်တဲ့ အပြု အမူကြောင့် ရှောင်ကျန့်လေး အံအားသင့်သွားရတယ်ရိပေါ်က ရှောင်ကျန့်ရဲ့ ရှေ့မှာ ကြယ်ပန်းလေးကိုကိုင်လို့ ဒူးတစ်ဖက်ထောက်ပြီး
"ကျန့်ကျန့် မင်းကိုယ့်ကို ပြောဖူးတယ်နှော် ကိုယ်က မင်းကို ချစ်တယ်လို့မှ မပြောတာလို့ ကိုယ်ခု မင်းကိုပြောမယ် ကိုယ်မင်းကိုချစ်တယ် ဒါ့ကြောင့်မို့ မင်းကိုယ့်ကို ပြန်ချစ်နိုင်မလား"
ရှောင်ကျန့်က
"တကယ်လို့ ကျန့်ကျန့် က ပြန်မချစ်ရင်ရော"ရိပေါ်ရဲ့ ပြုံးနေတဲ့ မျက်နှာက တည်သွားပြီး
"ပြန်မချစ်လည်းရပါတယ် ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက ကိုယ့်ကိုပဲ လက်ထပ်ရမှာပဲ"ရှောင်ကျန့်က မျက်နှာလေးကို စူပုတ်ပြီး
"ဟွန့် စိတ်ကလည်း မရှည်လိုက်တာ နည်းနည်းလေးတောင် မူလို့မရဘူး"ရိပေါ်က ပြန်ပြုံးလိုက်ပြီး
"အဟက် ကျန့်ကျန့် က မူနေတာလား မူလို့တော့ရတယ် ဒါမဲ့ အကြာကြီးတော့ မူမနေနဲ့နှော် ကိုယ်က ဒူးကြီးထှောက်ထားရတာ နာတယ်လေနှော်"ဆိုပြီး နည်းနည်းချွဲပြောလိုက်တော့ ရှောင်ကျန့် လေး အရေပျော်တာပဲ