3.7 Julia Anderson

2.1K 252 27
                                    

,ဆင်ဆာမဲ့ နေရာအား ထိတွေ့ ကိုင်တွယ်ပြီးသည့် နောက်မှ Leo က တစ်ခုခု မှားယွင်းနေမှန်း သတိထားမိတာ ခြေလှမ်းများကို နံရံ နှင့် ကျော ကပ်သည် အထိ  ဆုပ်လိုက်သည် ။

သို့သော် အခန်းက ကျဥ်းလွန်းတာကြောင့် သူမနှင့် နီးကပ်နေတုန်းပင်ဖြစ်သည်။
တခဏကြာပြီးနောက် တိတ်ဆိတ်မှုကို Julia က စတင်ကာ ဖြိုခွင်းလိုက်သည်။

"ဟို.... ကျွန်တော် တောင်းပန်ပါတယ် "

Leo က သူ့အရှေ့မှ မိန်းမဝတ် အကျီများဖြင့် အမျိုးသားအား ကြည့်လိုက်သည်။ သူ့အရှေ့ရှိ အမျိုးသားက မျက်နှာငယ်လေးနှင့် တောင်းပန်တိုးလျှိုးသည့်ဟန် သူ့အား ကြည့်နေသည်။ ထို အမျိုးသား၏ မျက်ဝန်းထဲတွင်လည်း သူ
(Leo)က သူ့အား  ခွင့်လွှတ်ပေးဖို့အတွက် မျှော်လင့်နေသည့် အရိပ်အယောင် များကို မြင်တွေ့နေရသည်။

"မင်း... ဘာ့လို့ ငါ့ဆီကို အယောင်ဆောင် ပြီး ချဥ်းကပ်လာတာလည်း?"
လို့ Leo က မျက်နှာကြီး နီကာ မေးလိုက်သည်။

Leo မျက်နှာ နီနေရသည့် အကြောင်း က ဒေါသထွက်နေလို့ မဟုတ်ပဲ ရှက်နေလို့ ဆိုတာကတော့ Leo မှ လွဲ၍ မည်သူမှ သိလိမ့်မည် မဟုတ်ပေ။

Leo ရဲ့ အမေးကို ရှောင်ကျန့်က ကြောက်ကြောက် လန့်လန့်ဖြင့် ဖြေဖို့ လုပ်နေရင်း
ရုတ်တရက် သူ့ ခန်ဓာကိုယ်က တုန့်ပြန်ပြောင်းလဲ လာမှုတွေကို သူခံစားလိုက်ရတယ်။ တစ်ခုခုမှားနေတယ် ဆိုတာ သိပြီး သတိထားမိလိုက်ချိန်မှာပဲ သူဟာ အရမ်းနောက်ကျသွားပြီ ဆိုတာကို သိခဲ့လိုက်ရတယ်။
/
Leo က သူ့ အရှေ့မှာပင် ရုတ်တရက် ပြောင်းလဲသွားသော သူ အား ကြည့်ကာ မှင်တက်မိနေသည်။
အိမ်မက်လား? တကယ်လား? ဆိုတာ ဝေခွဲဖို့အတွက် သူ့ကိုယ်သူ ပြန်စမ်းစစ် မိတာလဲ အကြိမ်ကြိမ် ပင် ဖြစ်သည်။

သို့သော် သူက အိမ်မက်မက်နေတာလည်း မဟုတ်သလို သူ့အရှေ့က ကောင်ငယ်လေးကလည်း အမှန်တကယ် ပင် ​ပြောင်းလဲသွားခဲ့တာ ဖြစ်သည်။

'Oh ဘုရားသခင် ကယ်တော် မူပါ....။
ဒါမှမဟုတ် တစ်ယောက်ယောက် ငါ့ကို ပြောပေးကြပါ။
သိပ်ပံခေတ်ကြီးမှာ ဒီလို အဖြစ်အပျက် ကြီးက တကယ်ရှိလို့လား..?'

system 85105Where stories live. Discover now