✨2.10✨

3.2K 308 9
                                    

Uni🍓

ရှန်လူးမြို့ကိုရောက်တာနဲ့ ရှောင်ကျန့်က ယုံဟွာ အနားကိုပဲ ကပ်နေတာမို့ ယုံဟွာနှင့်တကွ ကိုယ်ရံတော် နှစ်ယောက် ကတော့ မျက်ခုံးခပ် လှုပ်လှုပ် ဖြစ်နေကြသည်

တည်ခိုခန်း ရောက်တော့လည်း ယုံဟွာအခန်းမှာပဲ နေမယ် လုပ်နေလို့ မသင့်တော်ဘူးလို့ပြောပြီး ယန်ရှင်း အခန်းထဲ တွန်းထည့်လိုက်ရ​သေး သည်

ဘာတွေများ စိတ်ကူးပေါက်ပြီး ယုံဟွာ အနား ကပ်နေလည်းတော့ မသိဘူး သိတာကတော့ ယုံဟွာ ကတော့ လီယန် ရဲ့ လက်ချက်နဲ့ ကောင်းကင် နန်းတော်ကို ပြန်ရလိမ့်မည်မှာ အသေအချာပင်

✨✨✨✨✨✨✨✨✨✨✨✨

ယန်ရှင်း တို့ အခန်းထဲတွင်တော့ ယန်ရှင်းက စားပွဲဘေးမှာထိုင်နေပြီး ရေနွေးချမ်း သောက်နေသည်။သို့သော် ရဲ့လျန်က တော့ အပြစ်ရှိသည့် ကလေးတစ်ယောက်နှယ် ကုတင်ပေါ်မှာ ထိုင်နေကာ ယန်ရှင်းကို ခိုးကြည့်နေသည်။

"ဒီလိုပဲ ကြည့်နေတော့ မှာလား"
လို့ ယန်ရှင်း ကမေးတော့ ရှောင်ကျန့် က
"မဟုတ်..မဟုတ်ပါဘူး "
ဟုဆိုကာ ချစ်ဖို့ကောင်းစွာ ရယ်ပြလို့ ယန်ရှင်းရဲ့ အရှေ့မှာ သွားထိုင်လိုက်သည်။

"လျန်အယ် မင်းမှာ အပြစ်ရှိလား မရှိဘူးလား "
"ရှိပါတယ်"
"အဲဆို အပြစ်က ဘာလည်း"
"ဟို..."
ရှောင်ကျန့် က နှာခေါင်းလေးကို လက်ညှိုးလေးနဲ့ ပွတ်ကာ စဥ်းစားဟန်ပြုနေသည်။
ခဏလောက်ကြာတော့ နှုတ်ခမ်းလေး စူထော်လာကာ ခေါင်းခါပြသည်။ အဓိပ္ပာယ် က အပြစ်ရှိတာကို သိပေမဲ့ ဘာအပြစ်ဆိုတာ မသိဘူးဆိုတဲ့ သဘော

ထိုအခါ ယန်ရှင်းက သက်ပြင်းချပြီး
"ထားလိုက်တော့ "
ဟုဆိုကာ အပြင်ဘက်သို့ ထွက်သွားတော့သည်။

တကယ်တော့ ယန်ရှင်း ပြောတဲ့ အပြစ်ဆိုတာ မင်ထျန်း ကနေ ရှန်လူး ကို လာတဲ့ လမ်းတစ်လျှောက် ယုန်မစုတ်လေးနဲ့သာ နေပြီး သူ့နားမှာ မနေတာ နောက်ပြီး ရှန်လူး ရောက်လာတော့ လည်း ယုံဟွာ အနား ကိုသာ ကပ်နေတာကြောင့် ​ဖြစ်သည်။
ဒါကို လျန်အယ်က အပြစ်ရှိတာကို သာသိပြီး ဘာအပြစ်ပြုမိထားတာကို မသိသောကြောင့် ယန်ရှင်းက စိတ်ဆိုးကာ အခန်းပြင်ထွက်သွားတာဖြစ်သည်။

system 85105Wo Geschichten leben. Entdecke jetzt