✨2.11✨

3.1K 334 16
                                    

Uni✨

[ မင်္ဂလာပါ  ဒါဒါလေးတို့ရေ အလင်းပြန်လာပါပြီနော်။ ပြန်လာပါပြီ ဆိုပေမယ့် လုံးလုံး ကြီး ပြန်လာတာမျိုး မဟုတ်ပါဘူးနှော်။ အလင်းရဲ့ system လေးကို စောင့်မျှော်နေကြတဲ့ ဒါဒါလေးတွေ ကြောင့် အလုပ်တွေ မအားတဲ့ကြားကနေ အလင်းရဲ့  အိပ်ချိန်လေးကို ဖဲ့ပြီး ရေးပေးလိုက်တာပါနှော် အလင်းကိုချစ်သွားပြီ မလား။ မချစ်လည်း ချစ်လိုက်ပါလို့ ဟဲဟဲ😁]

စောင့်ဖတ်ပေးကြတဲ့ သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ❤

                                                      

ယန်ရှင်း အပြင်ကို သွားနေတုန်း ရင်ဘတ်က နာကျင်လာတာကြောင့် တည်းခိုခန်းကို ပြန်ဖို့ လုပ်လိုက်သည်။ ရုတ်တရက် အတွေးထဲ ဝင်လာတာက ရဲ့လျန် ။ ရဲ့လျန် တစ်ခုခုများ ဖြစ်နေမလား ဆိုတဲ့ အတွေးနဲ့ တည်းခိုခန်းကို အမြန်ဆုံး နှုန်းနှင့် ပြန်လာခဲ့သည်။

တည်းခိုခန်းကို ရောက်တော့ ယုံဟွာ အခန်းမှာ လူတွေစုနေတာကြောင့် ရဲ့လျန်ဆီ အရင် မသွားပဲ ယုံဟွာဆီသို့ အရင် သွားလိုက်သည်။ ဝိုင်းအုံကြည့်နေတဲ့ လူတွေကို တိုးတိုက်သွားပြီး အရှေ့ကို ရောက်အောင်အသွား ​ လဲလျောင်းနေတဲ့ ဖြူလွှလွှ ပုံရိပ်လေးကြောင့် နှလုံးသားကို ဓားပေါင်းများစွာနှင့် အထိုးခံနေရသလို တဆစ်ဆစ် နာကျင်လာသည်။

အမြန်ဆုံးနှုန်း နှင့် ထို ဖြူလွှလွှ ပုံရိပ်လေးဆီ သွားပြီး ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။ မျက်ရည်တွေကလည်း တားဆီးလို့ မရနိုင်အောင် ပင် ဆည်ကြိုး ကျသလို ကျလာတော့သည်။ ထို ဖြူလွှလွှ ပုံရိပ်လေးမှာသာ သွေးတွေ မစွန်းထင်း နေပါက  အိပ်ပျော်နေသည် လို့သား ထင်သွားနိုင်ပေသည်။

ယန်ရှင်းလည်း ထို ဖြူလွှလွှ ကောင်ငယ်လေးအား သယ်လို့ တည်ခိုခန်း အပြင်ဘက်သို့ ပြေးထွက်သွားကာ မျက်စိ တစ်မှိတ် အတွင်းမှာ ပင် ထို လူထု ရှေ့က ပျောက်ကွယ် သွားတော့သည်။

ထိုနှစ်ယောက်နှင့် အတူ ​အခန်း ထဲက ယုန် ကလေးသည်လည်း မျက်စိ တစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

system 85105Donde viven las historias. Descúbrelo ahora