Uni✨
|မင်္ဂလာပါဒါဒါလေးတို့ရေ အလင်း စာတင်ပေးဖို့ ပျက်ကွက်ခဲ့လို့ တောင်းပန်ပါတယ် နှော်။အလင်းကို ခွင့်လွှတ်ပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျန်းမာရေးဂရုစိုက်ကြပါနှော် ။အပြင်သွားရင်လည်း သတိနဲ့ သွားကြပါလို့ မှာချင်ပါတယ် ။|
****************************************
မှန်သားပြင်ပေါ်မှာ ရှိနေတဲ့ ယန်ရှင်းရဲ့ ပုံရိပ်လေးကို ရှောင်ကျန့် က ငေးကြည့်နေတယ်။
ယန်ရှင်းရဲ့ ချောမော မှုက တကယ့်ကို ပြီးပြည့်စုံတယ် ။ အပြစ် ပြောစရာ ဆိုလို့ တစ်ခုတစ်လေ တောင် ရှာမတွေ့ခဲ့ဘူး ။အချိန်တွေ အကြာကြီး ငေးကြည့်ပြီးတဲ့ နောက် မှာတော့ ရှောင်ကျန့် က စကားစလိုက်တယ်။
"ငါ ဒီ ဒုတိယ ကမ္ဘာ မှာ အသက်ပြန်ရှင် နိုင်လား"
(အလင်း_ဒီနေရာမှာ ပြောချင်တာ တစ်ခုရှိပါမယ်။ ရှောင်ကျန့် က ကိုမာဝင် နေတာလို့ အပေါ်ပိုဒ်မှာ အလင်းပြောခဲ့တာကို မှတ်မိကြမှာပါ ။ မမှတ်မိဘူး ဆိုရင် ပြန်ဖတ်ကြည့်ကြပါနှော်။ ခုပြောချင်တာက ကိုမာဝင်နေတာကနေ ပြန်ရှင်နိုင်လား တစ်နည်း သတိပြန်ရနိုင်လား လို့မေးတာပါ။)
ရှောင်ကျန့်ရဲ့ အမေးကို system က တွေးတွေးစစနှင့် အတော်ကြာအောင် စဥ်းစား ပြီးခါမှ
"ပြောရမယ် ဆို linn လည်း သေသေချာချာ သိပ်မသိပါဘူး ဒါပေမယ့် ...."
Linn က ဆက်မပြောဘဲနှင့် စကားကို ရပ်ထားလိုက်သည်။
ဒါကိုပဲ ရှောင်ကျန့် က စိတ်မရှည် သလိုပြုမူကာ
"ဒါပေမယ့်က ဘာလဲ ဆက်ပြောလေ"ခုအခြေအနေမှာ system က သူ့ host ကို လုံးဝ သတိထားနေရတယ်။ အရင်က ပုံစံနဲ့ လုံးဝကို ကွဲထွက်နေပြီး အရမ်းကို အလေးအနက် ပုံစံဖြစ်နေတယ်။ ဒါကပဲ system ကို ထိန့်လန့် တုန်လှုပ်စေတယ်။
"မူလ ခန်ဓာကိုယ် ပိုင်ရှင်က အသက်ရှည်ရှည်နေရဖို့ ဇာတာ မပါလာခဲ့ဘူး ဒါပေမယ့် မူလ ခန်ဓာကိုယ်ပိုင်ရှင်ကအသက်ရှည်ရှည်နေရဖို့ ဆန္ဒ ရှိတယ် ။ ဒါကြောင့် အခွင့်အရေး တစ်ခု အနေနဲ့ host ကို mission ထမ်းဆောင်ခိုင်းခဲ့တယ် ။ host က mission ကို ထက်ဝက်ပဲ လုပ်နိုင်တဲ့ အတွက် အထက်က ပြစ်ဒဏ်ပေးခဲ့တယ် ။ အဲပြစ်ဒဏ်ကတော့ host က ဒီ ကမ္ဘာ မှာ ဆက်နေမယ်ဆိုရင် ကိုမာဝင် နေတာနဲ့ပဲ ဘဝကို အဆုံးသတ်သွားရလိမ့်မယ်။ အထူး အခွင့်အရေး အနေနဲ့ host က ဒီကမ္ဘာမှာ မနေချင်ရင် ထွက်သွားလို့ ရပါတယ် ။"