Uni. ...ကြင်ယာတော်ရွေးပွဲ ခန်းမ
ကြင်ယာလောင်း ရွေးခါနီးမို့ ကြင်ယာလောင်းအရွေးခံမဲ့ သူတွေသာမက ပွဲကိုတက်လာတဲ့ လူတွေပါ ခန်းမထဲရောက်နေကြတယ်
အဲဒီအချိန်
ကောင်လေးတစ်ယောက်ရဲ့ လက်ကိုဆွဲလို့ ခန်းမထဲဝင်လာတဲ့ ဝမ်အိမ်ရှေ့စံက အရင်ကထက် ပိုတည်ကြည်နေခဲ့တယ်ဘုရင်နဲ့မိဖုရားရှေ့သွားလို့ အရိုအသေပေးပြီး
"မယ်တော်နဲ့ ခမည်းတော် ဒါသားတော် လက်ဆက်မဲ့ ကြင်ယာတော်ပါ"ဆိုပြီးပြောတော့ဘုရင်နဲ့ မိဖုရားသာမက ခန်းမထဲရှိလူအားလုံး အံအားသင့်သွားရတယ် မဖြစ်နိုင်ဘူးဆိုပြီး ကန့်ကွက်သူတွေက ချက်ခြင်းထွက်ပေါ်လာကြတယ်
"ကျနော်သိပါတယ် ဒါကိုလက်မခံနိုင်ဘူးဆိုတာ နောက်ပြီး နန်းဆက်သွေးအတွက် ခင်များတို့ စိတ်ပူနေမယ်ဆိုတာရော ဒါပေမဲ့ ခုဆို ယောက်ကျား လေးတွေ ကိုယ်ဝန်ဆောင်လို့ ရနေပြီ ဆိုတာ ခင်များတို့ အမြင်ပဲ မဟုတ်ဘူးလား ဒါကြောင့်နန်းဆက်သွေးအတွက် စိတ်မပူဖို့ပြောချင်တယ် နောက်ပြီးချစ်ခြင်းကို မခွဲကြပါနဲ့"ဆိုပြီး ကြောင်ကြည့်နေတဲ့ ရှောင် ကျန့်ရဲ့ နှုတ်ခမ်းလေးကို လှည့် နမ်းလိုက်တယ်
(အေး လူကြားထဲမှာ နမ်းနေလိုက် rsတွေ ကြည့်လို့ကို မရဘူး ဟွန့်😏)အိမ်ရှေ့စံ ပြောတဲ့ စကားကြောင့် ဘယ်သူမှ အထွန့်မတက်ရဲကြလို့ အေးအေးလူလူပဲ ပွဲကပြီးသွားတယ်
ပွဲပြီးသွားတော့ linn က
"Host mission %တွေကြည့်တော့ မလား "
"Omm"မျက်နှာရှေ့ပေါ်လာတဲ့ မှန်သားပြင်ထက်တွင်တော့
ဇာတ်ကြောင်းပြောင်းလဲမှု=
22.5%+75.8%=98.3%
ဇာတ်ကြောင်းအတွင်းအရေးပါမှု=28.2%+71.8%=100%
ဇာတ်လိုက်၏စိတ်ဝင်စားမှု =19%+79.2%=98.2%
Points =300+1800=2100
ပြီးမြောက်သော mission =မရှိ"Linn ဇာတ်ကြောင်းအတွင်းအရေးပါမှုက 100%တောင် ရှိသွားပြီလေ ဇာတ်ကြောင်းပြောင်းလဲမှုက ဘာ့လို့ ရာခိုင်နှုန်း မပြည့်သေးတာလည်း"
"အိမ်ရှေ့စံ က လက်မထပ်ရသေးလို့ပါ host"
"ဘာဆိုင်လို့လည်း"
"အိမ်ရှေ့စံက တကယ်လို့ host နဲ့ လက်မထပ်ပဲ ဇာတ်လိုက်မနဲ့ လက်ထပ်ခဲ့ရင်.."
"သူက ငါနဲ့ပဲ လက်ထပ်မှာပါ"
"သေချာလို့လား"
"ငါ..."
"မသေချာသေးဘူးနှော် host သေချာမှုရှိအောင် ပေးဆပ်သင့်တာတွေ ပေးဆပ်ထားရမယ် ဟဲဟဲ"(အရောက်ပို့နေသော linn ပါလေ🤧)