3.8 Julia Anderson

2.3K 288 55
                                    

:တဖက်တွင် Leo က သန့်စင် ခန်းတံခါးကို သေချာပိတ်ပြီး ဘေးဘီကို ဝေ့ကြည့်လိုက်သည်။
ဘယ်သူ့မှ မရှိတာ သေချာမှ တံခါးဖွင့်ပြီး အထဲပြန်ဝင်ဖို့ အလုပ်

"ဟို... Mr. Harrison "
ယောက်ျားတစ်ယောက် အသံကြားတာမို့ Leo က နောက်သို့ ပြန် လှည့်ကြည့် လိုက်သည်။
ထိုအခါ တံခါးရဲ့ ဘေးနားမှာ ထိုင်နေသော သူအား တွေ့လိုက်ရသည်။
Leo က ထိုသူအား မျက်မှောင် ကြုတ်ခါ ကြည့်လိုက်သည်မို့ ထိုသူက

"အာ.... Ceo ရယ် အထင် မလွဲပါနဲ့။
ကျွန်တော် ဒီမှာ ရှိနေတယ် ဆိုတာ က Coe နဲ့ ကတော် အဆင်ပြေစေဖို့ အတွက်ပါပဲ။
ဒီက အကြောင်း တွေ ကိုလည်း ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ မိုးကောင်း ကင် နဲ့ မြေကြီးကို သက်သေထားလို့ သစ္စာ  ပြုပါတယ် ဗျာ။
ယုံပါ။"
ဟု ဆိုကာ ထိုသူက စကားနှင့် ပင် ပြောတာ မဟုတ်ပဲ လက်သုံးချောင်း ထောင်ကာ ကျိန်ဆိုပြ သည်။

'တကယ်ပါ... Ceoရဲ့ လုပ်ဆောင်ချက်က မိနစ်ပိုင်းလောက်ပဲ ကြာတယ်ဆိုတာကို ကျွန်တော် ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး။
ကျိန်ဆိုပါတယ်ဗျာ....။'
[အလင်း_Ok. .. မာစတာရေ...
မင်းအတွေးတွေ အကြောင်း  Ceo ကြီး မကြားတာကိုပဲ ကျေးဇူးတင်ရမယ်။
ကျေးဇူးပြုပြီး မင်း အတွေးတွေကို ရပ်တန့်မှ ဖြစ်လိမ့်မယ်
မဟုတ်ရင်...
မင်းခေါင်းမြဲနေဖို့ ငါတာဝန် မယူနိုင်ဘူး။
Hk hk (≧▽≦) ]

ထိုအခါမှ Leoက တွန့်ချိုးနေသော မျက်ခုံး များကို ပြေလျော့လိုက်ပြီး
"ဒါဆိုလည်း ငါ အကူအညီတောင်း ပါရစေ ။
ကိုယ်ရံတော်တွေကို ရှာပြီး ဒီကို လာဖို့ပြောပေးပါ။
ဒီလို ကူညီတာကို ငါမမေ့ပါဘူး။"

ထိုအခါ ထိုသူက ခေါင်းကို ပြုတ်ထွက်သွားလောက်အောင် ခါယမ်းကာ
"အာ.... မဟုတ်တာပဲ Ceo ရယ်။
ကျွန်တော် ကသာ ကူညီရမှာပါ။
ဒါဆို ကျွန်တော် သွားလိုက်ပါအုံးမယ် ခင်ဗျ ကျေးဇူးတင်ပါတယ် ။"
ဟု ဆိုကာ Leo ရှေ့မှ အလျင် အမြန် ပြေးထွက်သွားတော့သည်။
/
Leo က သန့်စင်ခန်းထဲသို့ ပြန်ဝင်လာပြီး
"အိုး... ငါရဲ့ ချစ်လှစွာသော bunny လေးရေ....
အရာအားလုံး အဆင်ပြေသွားပါပြီ။
မင်းကိုလည်း ကာကွယ် ပေးပြီး သွားပြီဆိုတော့ မင်း ကိုယ့်ကို ကျေးဇူးတင်ရမယ်နော်။
ကျေးဇူးလည်း ဆပ်ရမယ်။
ကျေးဇူးတင်တာကို အခု တင်လို့ရပေမယ့် ကျေးဇူးဆပ်တာ အတွက်ကိုတော့ မင်းလေး လူပြန်ဖြစ်မှ ကိုယ်ယူတော့မယ်လေ နှော်...။
လိမ္မာတယ်... ။"
ဟု ဆိုကာ ယုန်လေးအား ပွေ့ချီ လိုက်တော့သည်။

system 85105Where stories live. Discover now