3.4 Julia Anderson

2.6K 270 22
                                    

Uni

နောက်တစ်နေ့ မနက်မှာ အစေခံ တစ်ယောက်က Julia ဝတ်မဲ့ ဝတ်စုံကို ယူလာခဲ့သည်။
"Ms.Harrison Mr.  က သခင်မ အတွက် ဝတ်စုံကို ပို့ပေး လိုက်ပါတယ်။ တက်ရမယ့် ပွဲက ညမှ ဖြစ်တာမလို့ ဒီမနက်ကနေ ညနေအထိ အလှ ပြင်ဖို့ အတွက် အချိန်ရှိပါတယ်။ ဒါမှ မဟုတ် Shopping ထွက်ချင်ရင် သခင်မရဲ့ အိပ်ယာဘေး အံဆွဲ ဒုတိယ ထပ်ရဲ့ ဘယ်ဘက်မှာ ကဒ်တစ်ခု ရှိပါတယ်တဲ့။ အပြင်သွားမယ်ဆို driver နဲ့ပဲ သွားပါတဲ့။ တစ်ယောက်ထဲ ဆို စိတ်မချပါဘူးတဲ့"

အစေခံ မိန်းကလေးတစ်ယောက်ဆီမှ အရံဇာတ်ကောင် လေး၏ အမှာစကား တသီတတန်း ကြီးအား နားထောင်ပြီး သည့် အခါတွင်တော့ Julia ဟာ မျက်လုံးကို တစ်ပတ်သာ လှည့်လိုက်လေသည်။

သို့သော် သူက သူမ(အစေခံ မိန်းကလေး) ကို ဘာမှ ပြန်မပြောပဲ ခေါင်းငြိမ့်ပြလိုက်သောကြောင့် ထို မိန်းကလေးက အလိုက်တသိပင် အခန်းထဲမှ ထွက်ခွာ သွားတော့သည်။

ထိုအခါမှ Julia က ဝတ်ထားသော မိန်းကလေး အကျီများကို ချွတ်လိုက်ကာ ဆံပင်အရှည်တို့အား ကြိုးတစ်ချောင်းဖြင့် ထုံးဖွဲ့လိုက်သည်။

ပြီးနောက် အဝတ်လဲခန်းသို့သွားကာ မိန်းကလေး ဝတ်စုံများအား ကျော်ကာ ထိုအထဲမှ အပြာနုရောင် အစင်းကြား လက်ရှည်လေးကို ဆွဲထုတ်ကာ ဝတ်လိုက်သည်။ ပြီးနောက် ဘောင်းဘီ အကျပ် အနက်ရောင် ဒူးပြဲကို ထုတ်ကာ အကျီ အစကို အထဲ ထည့်လို့ ဝတ်လိုက်သည်။ ထို့နောက် သူမက မျက်နှာ ပေါ်သို့ ဘာမှ မလိမ်းပဲနှင့် အောက်ထပ်သို့သာ မနက်စာ စားရန် ထွက်ခွာလာခဲ့ သည်။

အင်း...တစ်ခုတော့ ရှိတာပါပဲ အကျီအောက်တွင် ရင်သား အတုတော့ တပ်ထားရသည်မှာ သူ့အတွက်တော့ အခက်အခဲ ပင်။
/
ထမင်း စားပွဲတွင်တော့ ကလေး နှစ်ယောက်က သူမအား ထမင်းစားရန် စောင့်ဆိုင်းနေကြလေသည်။ သူမ ရောက်လာသည်အား မြင်သောအခါ ကလေးနှစ်ယောက် နှင့် အတူ အစေခံ အားလုံးက နှုတ်ဆက်ကြလေသည်။

သူမက အသိအမှတ်ပြုသယောင် ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်သွားဖို့ပါ တစ်ခါတည်း ပြောလိုက်သည်။ အစေခံ အားလုံးထွက်သွားမှ သူမက ကလေးနှစ်ယောက်ဘက် လှည့်ကာ
"ဒီနေ့ ဒီချိန်က စပြီး တို့က မင်းတို့ နှစ်ယောက်စလုံး ရဲ့ မားမား ဖြစ်သွားပြီ။ ဒါကြောင့်မလို့ မင်းတို့က တို့ကို မားမားလို့ ခေါ်ရမယ်။ နောက်ပြီး ရိုရိုသေသေဆက်ဆံရမယ်။ အခက်အခဲ ပြဿနာ တစ်ခု ခု ရှိတိုင်း မသိုဝှက်ပဲ ပြောပြရမယ်။ အင်း.....အဓိက ပြောချင်တာက အမေ အရင်း တစ်ယောက်လို ဆက်ဆံရမယ်။ ကဲ....ဘယ်လိုလည်း"

system 85105Onde histórias criam vida. Descubra agora