3.12 Julia Anderson

2.4K 234 21
                                    

ရှောင်ကျန့်တို့ ထွက်လာတာ မနက်စောစော ဆိုပေမယ့် လမ်းမှာ ကား တွေ ပိတ်နေတာကြောင့် ကစားကွင်းကို ၈နာရီလောက်မှ သာ ရောက်လာခဲ့တော့သည်။

ကစားကွင် အပြင်အဆင်က သာမာန် ဆိုပေမယ့် သုံးထားသော အသုံး အဆောင် ပစ္စည်းများက သစ်လွင်တောက်ပနေကာ ခေတ်မှီနေပေသည်။
ဤပုံကို ကြည့်ခြင်းအားဖြင့် ထို ကစားကွင်းအား ဆောက်လုပ်ထားသည်မှာ ကြာမြင့်ပုံ မပေါ်သေးပေ။
ကစားကွင်းမှာ ခေတ်မှီပြီး ဧက ၁၀၀ နီးပါး အတွင်းတွင် Outdoor ကစားကွင်းသာ မက Indoor ကစားကွင်းပါ တည်ဆောက်ထားသဖြင့် ကလေးများ စိတ်ကြိုက်ပျော်ပါးလို့ ရပေသည်။

"မစ္စ Julia ဒီမှာက ကလေးကစား စရာတွေ အပြင် စားသောက်ဆိုင် တွေနဲ့ စျေးဆိုင် တွေလည်း ရှိတယ်။ ဒါ့ကြောင့် ရှင် လိုချင်တာ ဒါမှ မဟုတ် စားချင်တာ ရှိရင် သွား စားလို့ ရပါတယ်။ အဟင်း ရှင် စိတ်မရှိ ဘူးဆို ကလေးတွေ ကို ကျွန်မနဲ့ ထားခဲ့ လို့ရပါတယ်။"

Sophia ရဲ့ စကားသံ အဆုံးမှာ ရှောင်ကျန့်၏ စိတ်အခြေ အနေများ အောက်ဆုံးထိ ထိုးကျသွားခဲ့သည်။
ဇာတ်လိုက်မက ဘာတွေ မကောင်းကြံမလဲ ဆိုတာကို သူ က ကြိုမသိနိုင်ခဲ့ဘူး။ ဖြစ်ချင်တော့ Linn က ပြဿနာ တွေကို ဖြေရှင်းဖို့ အထက်ကို ပြန်သွားသဖြင့် ကြုံသလို ပင် ခင်းလိုက်သော ဇာတ်အား သူ နိုင်အောင် ကရ ပေတော့မည်။

"မဟုတ်တာပဲ Sophia ရယ်။ ဒီစကားကို ကျွန်မကသာ ပြောရမှာပါ။ ဒီကလေးတွေက ကျွန်မရဲ့ ကလေးတွေ ပဲ လေ။ ကျွန်မမှာ သူတို့ကို စောင့်ရှောင့် ရမယ့် တာဝန် အပြည့်ရှိပါတယ်။ ရှင်သာ တစ်ခုခု လိုချင်တာ ရှိရင် ဒါမှ မဟုတ် စားချင်တာရှိရင် သွားစားလို့ ရပါတယ်။ ကျွန်မနဲ့ ကလေး တွေကိုတော့ စိတ်မပူပါနဲ့။"
ရှောင်ကျန့်က မူပိုဟန် အပြုံးချိုချိုလေးနှင့် ညုတုတုလေး ပြောတော့ Sophia က လက်သီးကို တင်းတင်းဆုပ်ကာ မျက်နှာ ပျက်သွားလေတော့သည်။

သို့သော်လည်း သူမက မျက်နှာကို ချက်ခြင်း ပြန် ပြုံးလိုက်ကာ
"မဟုတ်တာပဲ Julia ရယ်။ ကျွန်မ လိုတာ မရှိသေးပါဘူး။ ဒါဆို ကျွန်မတို့ ကလေးတွေကို ကစားစရာတွေ လိုက်ပြ ကြရအောင်လေ။"

system 85105Opowieści tętniące życiem. Odkryj je teraz