3.11 Julia Anderson

2.1K 242 16
                                    

ရဲတိုက် တစ်ခု၏ မြေအောက်ခန်း တစ်နေရာတွင် ဖြစ်သည်။

"သခင် ဘယ်လို လုပ်ဖို့ စဥ်းစား ထားပါသလဲ???
သခင်လေးကို ဒီကို ပြန်ခေါ်မှာပါလား? ??
ဒါမှမဟုတ် ဟိုမှာပဲ ဆက်ပြီး ထားမှာ ပါလား???"

သခင်ဆိုသူက လက်ထဲမှ ဝိုင်ဟုထင်ရသည့် အရေများ ထည့်ထားသော ဖန်ခွက်အား အနည်းငယ်  လှုပ်ရမ်းလိုက်ကာ
"ချက်ချင်းကြီး နေရာ အပြောင်းအလဲ လုပ်လိုက်ရင် သူလန့်သွားမှာစိုးတယ်။
ငါ့ကို ကြောက်လန့်သွားမှာမျိုး မဖြစ်စေချင်ဘူး။
နောက်ပြီး သူနဲ့ အမြဲတမ်းနီးပါး အနီးကပ်ရှိမယ့် လူတွေကို ယုံကြည်ရတဲ့သူတွေနဲ့ အစားထိုးထားလိုက်။"

"ဟုတ်ကဲ့ပါ သခင်"
ဟုဆိုကာ အရိုအသေ ပေးပြီး ထိုသူက ခြေလှမ်းကျဲကြီးများဖြင့် သခင် ဆိုသူနားမှ ထွက်ခွာသွားတော့သည်။

ခြေသံတွေ ပျောက်ကွယ်သွားကာမှ သခင်ဆိုသူက လက်ထဲမှ လှုပ်ယမ်းထားသော ခွက်ကို နှုတ်ခမ်းနားသို့တေ့ကာ အရသာကို ခံစား မနေတော့ပဲ တစ်ကြိုက်ထဲ မော့ချလိုက်တော့သည်။

ပြီးနောက် အေးစက်စက် မျက်ဝန်းများက နူးညံ့လာကာ နှုတ်ခမ်းများက ပြုံးယောင် သန်းလာပြီး ချစ်စဖွယ် စကားတစ်ခွန်းကို ဆိုလိုက်သည်။

"ကိုယ် အလျင် မလိုပါဘူး။
မင်း နဲ့ ပျော်ပျော် ရွှင်ရွှင် နေရဖို့ အတွက်ဆိုရင် နှစ်ပေါင်း ၁သောင်း ဆိုလည်း ကိုယ်က စောင့်နိုင်ပါတယ်။"

/

*တကယ်ပါ ဒီ system လေးက host ကို လိမ်ပါ့မလားလို့။
ဘာဇာတ်ကြောင်းကိုမှ ဖုံးကွယ် ထားခြင်း မရှိဘူး။
Host က mission ကို ပြီးမြောက်အောင် ထမ်းဆောင်ရုံပဲ။*

*မင်းက ငါ့ကို ဘာမှ အမှား အယွင်း မရှိဘူးဆိုတာ လာယုံခိုင်းနေတာလား???
မင်း ပြောတဲ့ စကားတွေက အဓိပ္ပါယ် မရှိဘူး ဆိုတာ ကိုရော သိရဲ့လား???
ပထမ တစ်ခါက မင်းတို့ system ရဲ့ ချွတ်ယွင်းမှုကြောင့် မှားယွင်း တဲ့ နေရာကိုရောက်လာပြီး တစ်ခြား host နဲ့တွေ့တယ်။
ခု တစ်ခေါက်လည်း ကြည့်အုံး သဘာဝလွန် စွမ်းအားရှင်တွေ ပေါ်လာပြန်ပြီ။
ဘယ်လို ပတ်သက်မှုတွေ ရှိနေပြီး ဘယ်လို သေရအုံးမလဲ မသိဘူး။*

system 85105Donde viven las historias. Descúbrelo ahora