Uni. ...
"ဟမ်...ကြင်ယာလောင်းအရွေးခံဖို့အတွက် ကြင်ယာတော်ရွေးချယ်ပွဲကို ကျန့်ကျန့်က တက်ရမယ်"
အလန့်လွန်ပြီး မေးလိုက်တဲ့ ရှောင်ကျန့်ရဲ့ အသံက အိမ်တော်တစ်ခုလုံးမှာ ဟိန်းထွက်နေခဲ့တယ်
မိန်းကလေးတွေပဲ အရွေးခံရတဲ့ ကြင်ယာေတာ်ရွေးပွဲကို ယောကျာ်း လေးဖြစ်တဲ့ ရှောင်ကျန့် က ဘာသွားလုပ်ရမှာလဲ"မိဖုရားကြီး က ကျန့်ကျန့်ကို အပါခေါ်ဖို့ မိန့်လိုက်တယ်"
ပြန်လည်ဖြေရှင်းပြသူကလည်း အေးအေးဆေးဆေး ပါပဲ"ဒါပေမဲ့ ကျန့်ကျန့် မဟုတ်ပဲနဲ့ ကျဲတို့ ဆိုလည်း ရတာပဲ"
"ကျဲတို့ကမဖြစ်ဘူးလေ ချစ်သူတွေနဲ့ ကျဲလျန်ကကြတော့ ဝန်ကြီးရာထူးယူထားလို့ သူက သတ်မှတ်ထားတဲ့ လူလွတ်ဝန်ကြီးတစ်ယောက်နဲ့ လက်ထပ်မှရမှာ"အဖြစ်အပျက်ကတော့ ဒီကစတာ ကျန့်ကျန့် လေးက ဇာတ်လိုက်ဆီက စိတ်ဝင်စားမှု ကို အရယူဖို့ အတွက် နန်းတော်ထဲ ကိုရောက်ဖူးချင်တယ်လို့ ကျဲလျန်ကို ပူဆာဖူးတယ်
အစကတော့ ကျဲလျန်က နန်းတော် ကို လိုက်လို့မရဘူးလို့ပြောတယ် ဒီတော့ ကျန့်ကျန့် လေး က တစ်နည်းစဥ်းစားရတာပေါ့ စဥ်းစားလို့ရခါကြမှ ကျဲလျန်က နန်းတော် ကိုလိုက်ရမယ်လို့ပြောတယ်ဗျာ
အစကတော့ ပျော်သွားပေမဲ့ နောက်ဆက်တွဲ စကားကြီးကြောင့် ရှောင်ကျန့်လေး သိပ်မပျော်တော့ဘူး လိုက်ချင်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက်
"မလိုက်ဘူးနော် လုံးဝမလိုက်ဘူး"
"ငယ်လေးပဲ နန်းတော် ကိုရောက်ဖူးချင်တယ်ဆို"
ကျဲလျန်တင်မကဘူး ကျဲကျဲတွေ အကုန်လုံးက ဝင်ပြောကြတယ်
"ရောက်ဖူးချင်တယ် လို့ပဲ ပြောတာလေ နန်းတော်မှာ နေမယ်လို့မှမပြောပဲ နောက်ပြီး ကျန့်ကျန့်က အဖြောင့်နော် အဖြောင့်"ဇာတ်ကြောင်းတွေက အရင်တုန်းကနဲ့ကို မတူတော့ဘူး ရှောင်ကျန့် လေး ငိုချင်လာပြီ အရေးကြုံလာပြီဆို သုံးစားလို့မရတဲ့ system linn ကလည်းဘယ်ရောက်နေတယ်မသိဘူး mission တွေကိုယ့်ဟာကိုလုပ်ရမယ်လို့ ပြောပြီးကတည်းက ပျောက်သွားလိုက်တာ ဆက်သွယ်လို့ကို မရေတာ့ဘူး