3.13 Julia Anderson

1K 100 6
                                    

Unicode 🥀

နောက်တစ်နေ့ မနက်မှာတော့ Julia ဟာ တကယ်လို့ Leo လာရင် သူ အပြင်သွားကြောင်း ပြောရန် အိမ်တော်ထိန်းအား အမှာတော် ပါးခဲ့ပြီး သူမကတော့ အိမ်တော်မှ ကားတစ်စီးယူပြီး အပြင်သို့ ထွက်လာခဲ့ပေတော့သည်။

ဒီနေ့ အပြင်ကို ကိုယ်တိုင် ထွက်ရခြင်း အကြောင်း အရင်းကတော့ သက်သေ ယူရန်ပင် ဖြစ်သည်။
Linn ၏ ေပြာကြားချက်အရ ယနေ့မနက်တွင် ဇာတ်လိုက်  မင်းသမီး သည် သူမ၏ အရင် ယောက်ျားနှင့် တွေ့ကာ အမိန့်တစ်ခုအား ပေးလိမ့်မည်ဟု ဆိုသည်။
ထို့ကြောင့်မို့ ယခု သူ သွားနေရခြင်း ဖြစ်သည်။

/

In Cypress Tree Road , Cypress Vine Hotel and Restaurant.

ဆင်စွယ်ရောင် ရှပ်လက်ရှည် လည်ကတုံး အင်္ကျီ ကိုမှ ကြယ်သီး နှစ်လုံးလောက် ဖြုတ်ထားပြီး အင်္ကျီ  လက်အရှည်ကို တံတောင်ဆစ် အောက်နားထိ ခေါက်ထားကာ ခါးမှ အင်္ကျီ စကို မိုးပြာရောင် Style Pant ထဲသို့ ထည့်ဝတ်ထားသော အမျိုးသားသည် အမျိုးသမီးများ၏ မျက်လုံးထဲတွင် အလွန်ပင် နေရာ ယူနေပေသည်။

ထိုသူက မြင်သာ ထင်သာသော ခုံနေရာတွင် နေရာယူထားပြီး သဘာဝပတ်ဝန်းကျင်၏ အလှအပကို ကြည့်ရှု့ခံစားနေပေသည်။

Cypress Vine Hotel သည် မြို့၏ အမြင့်ဆုံးတောင်ကုန်းဖြစ်သော Cypress တောင်ကုန်းပေါ်တွင် တည်ရှိပြီး Cypress Tree ဟုလည်း လူသိများကျော်ကြားပေသည်။
အဘယ့်ကြောင့်ဆိုသော် Cypress တောင်ကုန်းသည် Cypress ဟုခေါ်သော ထင်ရှူးပင် အမျိုးအစားများ စုံလင်စွာ ရှိသော နေရာ ဖြစ်သည်။
ဟိုတစ်ပင် ဒီတစ်ပင် ပေါက်ရောက်နေတာမျိုး မဟုတ်ပဲ စနစ်တကျ နှစ်လ ကြာရှည်စွာ ပြုစုပျိုးထောင်ထား သောကြောင့် လည်း ဖြစ်လိမ့် မည်။

ထို့ပြင် Hotel ၏ အပြင် အဆင် အများစုတွင် Hotel ၏ အမည်နာမနှင့် လိုက်ဖက်စွာ  Cypress Vine လို့ ခေါ်တဲ့ မြတ်လေးနီ ပန်းများဖြင့် ပြင်ဆင်ထား သည်။

ထိုအမျိုးသားလေး ရောက်ပြီးလို့ မကြာမီပင် ထို အမျိုးသား ထိုင်နေသော ခုံ၏ တစ်ခုံကျော်မှာပင် အခြား အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ လာရောက်ကာ အစားအသောက်များအား မှာကြားကြတော့သည်။

system 85105Donde viven las historias. Descúbrelo ahora