Uni
Julia ဟာ ခြံကြီး တစ်ခြံ ရှေ့မှာ ရပ်နေပြီး မျက်လုံးကို စုံ မှိတ်ကာ သက်ပြင်းတွေကို အတန်တန် ချလို့ လူခေါ် bell ကို နှိပ်သင့်မနှိပ်သင့် စဥ်းစား နေမိသည် ။ ခေါင်းကို မော့ကြည့်မိတော့ ပုစွန်ဆီရောင် သန်းနေတဲ့ ကောင်ကင်ကြီးနဲ့ အတူ နေလုံးကြီးက လက်ပြနှုတ်ဆက်လို့။
ဒီအထိအောင် ရောက်လာခဲ့ ပြီးပြီမို့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
လွန်ခဲ့သော ၃ နာရီခန့်က>>>>>>>>>>
*host ဒီကမ္ဘာရဲ့ mission ကို ပြီးမြောက်အောင် လုပ်ရပါမယ်*
*omm သိတယ်လေ*
*host ဒီကမ္ဘာက S အဆင့် ပါ host လို လူသစ်လေးကို အထက်က နေရာမှား ပို့..ပို့..မိ*
ရှောင်ကျန့်ရဲ့ နီရဲနေတဲ့ မျက်နှာကြောင့် system လေးဟာ စကားတောင် ဆုံးအောင် မပြောနိုင်ပဲ ရပ်တန့်သွားရတယ်။
ခဏလောက်ကြာမှ ပြန်အဆင်ပြေပုံ ပေါ်လာတဲ့ host ကြောင့်
*ဒီကမ္ဘာက အရင် ကမ္ဘာ တွေလို မဟုတ်ပဲ ဒီကမ္ဘာမှာ host လိုမျိုး ဝင် ကစားတဲ့ host တွေ အများအပြား ရှိပါတယ်။ *
ပုံမှန်မျက်နှာ အတိုင်းပဲ တည်တည် ငြိမ်ငြိမ်ရှိနေတဲ့ host ဖြစ်သူကြောင့် system linn က စကားကို ဆက်ပြောလိုက်သည်။
*host အချင်းချင်း မသတ်ရဘူးဆိုတဲ့ စည်းကမ်းမျိုး မရှိတာကြောင့် host အချင်းချင်း သတ်ကြ ဖြတ်ကြရင် အထက်က ဘာမှ ဝင်စွတ်ဖက်ခွင့် မရှိပါဘူး။ ဒါကြောင့် host အထူး ဂရုစိုက်ဖို့ လိုပါတယ် ။ နောက်ပြီး ကျနော်တို့ရဲ့ စက်ချို့ယွင်းမှု ပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ အမှားတွေအတွက် ပြန်ပေးဆပ်တဲ့ အနေနဲ့ ဒီကမ္ဘာမှာ host လိုတာမှန်သမျှ ကျနော်တို့ ဆီက အလကား ရမှာပါ။ အရေးအကြီးဆုံး ကတော့ host ရဲ့ profile နဲ့ အတူ host နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကျနော်တို့က လော့ခတ်သိမ်းဆည်း ထားမှာမိုလို့ host က ဝင်ကစားသူ တစ်ယောက်ဆိုတာ အခြား host တွေ မသိနိုင်ပါဘူး*
<<<<<<<<<<<<လက်ရှိ အခြေအနေ
လက်ရှိအချိန်ကို ပြန်လည် ရောက်ရှိလာတဲ့ အခါမှာတော့ Julia တစ်ဖြစ်လဲ ရှောင်ကျန့်ဟာ လူခေါ် bell ကို နှိပ်လိုက်တယ်။
နှိပ်ပြီးပြီးချင်း ခဏ အကြာမှာပဲ ခြံတံခါးဟာ လူမဖွင့်ပဲ ပွင့်လာခဲ့တယ် ။
ဒီခေတ်မှာ ဒီလို ခြံတံခါးတွေကို ချမ်းသာတဲ့ လူတွေသာ တတ်ဆင်နိုင်တာမို့ ဆင်းရဲတဲ့သူတွေနဲ့ လူလတ်တန်းစားတွေက ဒီလို အခြေအနေကို မြင်ရင် အံ့အားသင့်သွားမဲ့ အခြေအနေရှိပေမယ့် မြင်တွေ့ဖူးနေကျ ဖြစ်တဲ့ ရှောင်ကျန့် ခေါ် Julia ကတော့ အံ့သြ တဲ့ အမူအယာ မပြပဲ သာမန်အတိုင်း ပဲ ခြံထဲသို့ ဝင်သွားခဲ့သည်။