Julia တို့ စီးလာသော ကားက ကော်ဇောနီတွေ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ ကော်ဇောနီ ဘေးတွင် ရပ်၍ ဓာတ်ပုံ ရိုက်နေကြသော သတင်းသမားများက စျေးအမြင့်ဆုံး ကားတံဆိပ် ပေါ်က မည်သူမည်ဝါ ဖြစ်ကြောင်းကို စောင့်မျှော်နေကြသည်။
သူတို့က ဒီနေ့အတွက် အရေးကြီး သတင်းတစ်ပုဒ် ရရှိဖို့ အတွက် ဘယ်သူ့ကိုမှ လက်လွှတ် မခံပဲ စောင့်ကြည့်ကာ သတင်းယူနေကြသည်။
ရုတ်တရက် ကားဒရိုင်ဘာက ကားပေါ် က ဆင်းလာကာ အနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ ထိုအထဲမှ လေးနှစ်အရွယ် ကလေးတစ်ယောက်က ဆင်းလာခဲ့သည်။
သတင်းသမားများက ဒီကလေးဟာ ဘယ်အိမ်တော်က ဆက်ခံသူလည်း? ဒါမှမဟုတ် ဘယ်ကျော်ကြားသူရဲ့(ရုပ်ရှင် မင်းသား မင်းသမီး) သားလည်းဆိုတာ စဥ်စားရင်း ထို ကလေးငယ်ရဲ့ ပုံကိုလည်း အဆက်မပြတ် ရိုက်ကူးနေကြသည်။
ထိုစဥ် ထိုကလေးငယ်၏ နောက် မှ ဖြူဖွေးနေသော ခြေတံ သွယ်သွယ်လေးက စျေးကြီးသော ဖိနပ် တစ်ရံနှင့် အတူ ကားပေါ်မှ ဆင်းလာခဲ့သည်။ သတင်း သမားများက ခြေထောက်သွယ်သွယ်လေး ဆီမှာ စီးထားတဲ့ ဖိနပ်ကို အာရုံရောက်နေကြတယ်။
#photo_credit.
(ဒီခြေထောက် မဟုတ်ဘူးနော်)သူတို့ အမှတ် မမှားဘူးဆိုရင် ဒီstiletto ဒေါက်ဖိနပ်တစ်စုံ ဟာ Stuart Weitzman က $1.6 သန်းဖြင့် ရောင်းချခဲ့သော စျေးကြီးသော ဖိနပ် တစ်ရံ ဖြစ်သည်။
ထိုဖိနပ်ကို စီးထားသော ဖိနပ် ပိုင်ရှင်မှာလည်း အံသြဖွယ်ကောင်းလောက်အောင် လှပပေသည်။ သူမတွင် အေးချမ်း သော အသွင်အပြင် ရှိပြီး သူမက ရိုးရှင်းသော အနီရောင် ပွဲတက် ဝတ်စုံကို ဝတ်ဆင်ထားကာ တည်ငြိမ် ရင့်ကျက်မှု အပေါင်း နှင့် ပြည့်စုံနေပေသည်။
(ဝတ်စုံကို ဘယ်လိုရေးရမှန်းမသိလို့ပါ။)