Volume I_ Chapter (56+57+58) (Z+U)

4.9K 781 7
                                    

  Chapter (56) - ဆေးလိမ်းပေးခြင်း - 2

" ကျွန်တော်သစ်သားတုတ်နဲ့ လေးငါးချက်လောက်ပဲ အရိုက်ခံရရုံပါ။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ငယ်ငယ်တုန်းက  bar မှာ ရန်ဖြစ်ခဲ့တုန်းက   အရက်ပုလင်းနဲ့တောင် ခေါင်းကို အရိုက်ရဖူးတယ်။ ဒါပေမယ့် ၂ ရက်လောက်နဲ့ ပြန်ကောင်းသွားတာပဲ... "

Tang Feng တစ်နေ့ခင်းလုံး အိပ်ရေးဝအောင် အိပ်ခဲ့ပြီး အခု ရေချိုးစားသောက်ပြီးသွားတော့ ပင်ပန်းတာပြေသွားပြီဖြစ်သည်။ သူက အိပ်ယာထက်တွင်  ရေချိုးဝတ်ရုံကို ခါးအထိဆွဲချလိုက်သဖြင့်   ငယ်ရွယ်တဲ့ ခန္ဓာကိုယ်က ကျောက်စိမ်းလို အနာအဆာကင်းစွာတောက်ပစွာပေါ်လာခဲ့သည်။ ကျောဘက်မှာ အရိုက်ခံလိုက်ရတဲ့ဒဏ်ရာက   Tang Feng  ရဲ့ယောကျာ်းပီသမှုကို ဖော်ပြနေသလို  အရိုင်းဆန်ဆန် ဆွဲဆောင်မှုကိုတိုးလာစေသည်။

Lu Tian Chen ရဲ့ မျက်ဝန်းတွေက မှေးစင်းလိုက်ပြီး အိပ်ယာထက်တွင်လှဲနေသည့်  Tang Feng ဘေးဝင်ထိုင်လိုက်သည်။သူက  အံဆွဲကိုဖွင့်လိုက်ပြီး  ဒဏ်ကြေဆေးပုလင်းကို ထုတ်ယူလိုက်သည်။

" မင်းငယ်ငယ်တုန်းကရန်ဖြစ်ဖူးတယ်ပေါ့ "

" အင်း...ဖြစ်ဖူးတယ် "

Tang Feng အမှတ်တမဲ့ဖြင့်အရင်ဘဝက အဖြစ်ပျက်ကို ပြောလိုက်မိပေမယ့်  Lu Tian Chen က သံသယဝင်သည့်ပုံမပေါ်ပေ။ TangFengက သူ့ လက်မောင်းပေါ် ခေါင်းအုံးကာ ပြုံးပြီး ဆက်ပြောလိုက်သည်။

" လူတိုင်းမှာငယ်ရွယ်စဉ်က မိုက်ရူးရဲဆန်ပြီး သွေးဆူရန်ဖြစ်တာ ရှိခဲ့ဖူးတာပါပဲဗျာ။"

နှလုံးရောဂါသည်တစ်ယောက်ဖြစ်တဲ့ သူက အရက်မသောက်၊ဆေးလိပ်မသောက်ရတာကလွဲရင် ငယ်စဉ်အချိန်တုန်းက သူက နေရာတိုင်းကို လျှောက်သွားပြီး စိတ်ရှိတာလုပ်ခဲ့ဖူးခဲ့သည်။  ရန်လည်းဖြစ်ဖူး သလို လမ်းမှာတွေ့သည့်မိတ်ဆွေတွေနဲ့ နိုင်ငံအနံ့ ခရီးလည်း ထွက်ဖူးသည်။ဒါကြောင့် သူ့  မန်နေဂျာက  အမြဲ လိုက်ဆွဲပြီး သူ့ကို ဆူဆူပူပူလုပ်ခဲ့ရတာချည်းဖြစ်သည်။လုပ်ချင်ရာလုပ်ပြီး နှလုံးရောဂါဖောက်သောကြောင့် သေခါနီးအဖြစ်ကို မကြာခဏကြုံခဲ့ရတာချည်းဖြစ်သည်။နောက်ပိုင်းမှ သူလည်း တည်ငြိမ်လာခဲ့သည်။ သူ တည်ငြိမ်ရင့်ကျက်လာတော့ သူ့အလိုလို ဆွဲဆောင်မှုကမြင့်တက်လာခဲ့သည်။

(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့်   (MM)Nơi câu chuyện tồn tại. Hãy khám phá bây giờ