Chapter (59)_ ေလးေယာက္စာ ထမင္းဝိုင္း -1
Lu Tian Chen က စာရြက္စာတမ္းမ်ားကို ဖတ္ေနတာ 2 နာရီေက်ာ္သြားျပီဆိုေပမယ့္ အခုမွ 3 မ်က္နွာပဲျပီးေသးသည္။ သူ႕စိတ္အာရံုတစ္ခုလံုးက အခန္းထဲတြင္ တိတ္ဆိတ္စြာျဖင့္ လမ္းပတ္ေလွ်ာက္ေနေသာ ေကာင္ေလးဆီကို ေရာက္ေရာက္ေနသည္။ Charles က Tang Feng ကို သူ႕ ရံုးခန္းထဲမွာ ေခၚထားၿပီး စိတ္မပ်ံ႕လြင့္ပဲ အလုပ္ေတြကို ဘယ္လိုလုပ္နိုင္သလဲဆုိတာ သူ တကယ္ သိခ်င္လာသည္။
Lu Tian Chen က ေခါင္းကို မသိမသာေစာင့္ကာ မနီးမေဝးမွာ သူ အလုပ္လုပ္ေနတာကို အေနွာက္ယွက္မျဖစ္ေအာင္ ဖိနပ္ခြ်တ္ကာ ရံုးခန္းကို ပတ္ျပီး လမ္းေလွ်ာက္ေနသည့္ ေကာင္ေလးကို 36 ႀကိမ္ေျမာက္ ခုိးႀကည့္ရင္း သက္ျပင္းကို မသိမသာရိႈက္လိုက္မိသည္။ ဒီေကာင္ေလးက လမ္းေလွ်ာက္ရတာ အေတာ္သေဘာက်ပံုရသည္။ ေရာက္ကတည္းက ရံုးခန္ကိုပတ္ျပီး လမ္းေလွ်ာက္ေနသည္။ျပတင္းေပါက္ကိုျဖတ္ဝင္လာေသာ ေနေရာင္ျခည္ေအာက္တြင္ ျဖဴေဖြးသည့္ သူ႕ေျခေထာက္ကို ေတြ႕လို္က္ရတာ မ်က္စိတ္က်ိန္းစဖြယ္ျဖစ္လို႕ေနသည္။
" ခင္ဗ်ား အစားကို အခ်ိန္မွန္မွန္ စားသင့္တယ္။ မဟုတ္ရင္အစာအိမ္ ေရာဂါျဖစ္လာနိုင္တယ္။ "
Tang Feng က Lu Tian Chen ရဲ႕ စားပြဲခံုေပၚ လက္နစ္ဖက္ တင္ရင္း ေျပာလိုက္သည္။ သူက လမ္းပတ္ေလွ်ာက္ေနတယ္ဆိုတာ ေလွ်ာက္ခ်င္လြန္းလို႕မဟုတ္ပဲ ဗိုက္ဆာလို႕ အခ်က္ျပေနတယ္ဆိုတာ ငတံုးႀကီးက မသိေတာ့ ေျဗာင္ပဲ ဖြင့္ေျပာလိုက္ရေတာ့သည္။
" ဒီဆို ကင္တင္းကို သြားမလား "
" ရပါတယ္ "
Tang Feng ေတာ့ဗိုက္ဆာေနခ်ိန္ ဘယ္ကိုသြားစားရ သြားစားရ အကုန္ အဆင္ေျပသည္။ Tang Feng ဟာ Lu Tian Chen အေနာက္ကေန ကုမၸဏီဝန္ထမ္းေတြအတြက္ သီးသန္႔ ျပင္ဆင္ထားတဲ့ စားေသာက္ခန္းကို လာခဲ့စဥ္ လမ္းတေလွ်ာက္ ေတြ႕တဲ့ဝန္ထမ္းေတြက သူ႕ကို အဓိပၸာယ္ အမ်ိဳးမ်ိဳးပါတဲ့ အၾကည့္နဲ႔ ၾကည့္ေနၾကသည္။ Charles နဲ႔ လာစဥ္က ဒီလို အႀကည့္ခံရသည္ျဖစ္လို႕ သူ႕ကို စိတ္အေႏွာက္ယွက္ မျဖစ္ေစနုိင္ေပ။
စဥ္းစားေနဆဲ သူနဲ႔ တစ္လတိတိ အတူတူ ေနခဲ့ေသာ Charles ကို အရင္တုန္းက သူတို႔ႏွစ္ေယာက္ အတူ ထိုင္ခဲ့တဲ့ စားပြဲ ၊ မွာပဲ ထိုင္ေနတာေတြ႕လိုက္ရသည္။ Charles က စီးကရက္ေသာက္ရင္းနဲ႔ ဝိုင္ခြက္တစ္ခြက္ကို လက္ထဲမွာ ကိုင္ထားျပီး အရင္တုန္းကလို ခပ္ရႊင္ရႊင္မ်က္နွာေပးျဖင့္ ငယ္ရြယ္ႏုပ်ိဳတဲ့ တျခားလူငယ္ေလးတစ္ေယာက္နွင့္ ထိုင္ေနသည္။
Charles ကို ဒီလိုေတြ႕လိုက္ရေတာ့ Tang Feng ရဲ႕ ဦးေနွာက္ထဲမွာေတြးမိတာက ဒီလို အဆက္မျပတ္ အိပ္ယာထဲက အလုပ္ကို ႀကိဳးစားေနရင္ မႀကာခင္ ဒီလူ ေက်ာက္ကပ္ေရာဂါရေတာ့မည္ ျဖစ္သည္။
ဒါေပမယ့္ သူ႕စိတ္ကေတာ့ Charles ကို တျခားအမ်ိဳးသားတစ္ေယာက္နဲ႔ အတူ ျမင္လိုက္ရလို႔ ဘယ္လိုမွ ျဖစ္မသြားေပ။ Charles လည္း သူနဲ႔ Lu Tian Chen ကို အတူတြဲျမင္လိုက္လို႔ ဘာမွ မျဖစ္သြားေလာက္ဟု ထင္သည္။ Charles ဘက္ကစၿပီး ေကာင္းေကာင္းမြန္မြန္ လမ္းခြဲခဲ့ၾကၿပီး ျပန္ေတြ႔ၾကရင္လည္း တစ္ေယာက္ကို တစ္ေယာက္ မေနွွာက္ယွက္ ရန္ေျပာခဲ့ျပီးျဖစ္သည္။
" ေဟး...တိုက္ဆို္င္လိုက္တာ..မင္းတို႕ ဒီမွာပဲ လာထိုင္ႀကေလ။ ေန႕လည္စာ "
Tang Feng နဲ႔ Lu Tian Chen ကို လွမ္းၿပီးျမင္ေတာ့ Charles ဟာ လက္ေဝွ့ရမ္းၿပီး ဖိတ္ေခၚလိုက္သည္။ သူက လွမ္းဖိလိုက္ျပီး သူနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနေသာ ေကာင္ေလးကို သူ႕ေဘးက ထိုင္ခံုမွာ လာထိုင္ခိုင္းလိုက္သည္။ သူက ေကာင္ေလးရဲ႕ပုခံုးေပၚ ႀကင္နာယုယပံုျဖင့္ လက္တဖက္တင္ကာ ဖက္ထားလိုက္သည္။ သူ႔ရဲ႕ အျပံဳးေတြဟာ ခါတိုင္းထက္ ပိုၿပီး ခ်ိဳသာ ေတာက္ပလို႔ေနသည္။
" ေကာင္းျပီေလ "
Lu Tian Chen ဟာ ျပံဳးရႊင္ေနတဲ့ မ်က္ႏွာနဲ႔ ေလ်ွာက္သြားခဲ့သည္။
Lu Tian Chen ဟာ Charles နဲ႔ မ်က္ႏွာခ်င္းဆိုင္ခံုမွာ ဝင္ထိုင္လိုက္ေတာ့ Tang Feng လည္း လြတ္ေနသည့္ခံုတြင္ ေအးေဆးစြာဝင္ထိုင္ကာ ေပါ့ပါးစြာ နူတ္ဆက္လိုက္္ျပီး Charles ေဘးက ေကာင္ေလးကိုလည္း နူတ္ဆက္လိုက္သည္။
........................................................................
Chapter (60)- ေလးေယာက္စာ ထမင္းဝိုင္း - 2
" အခ်စ္ေလး....မင္း စားခ်င္တာ စိတ္ႀကိဳက္မွာစားလုိ႕ရတယ္ေနာ္ "
Charles က ဆြဲေဆာင္မူအျပည့္႐ွိတဲ့ အျပံဳးျဖင့္ သူ႕ေဘးက ေကာင္ေလးကို ၾကင္နာေႏြးေထြးမူအျပည့္ျဖင့္ ခ်စ္သူေကာင္းတစ္ေယာက္လို ေျပာလိုက္သည္။
Charles ရဲ႕ စကားလံုးေတြေအာက္မွာ လီခြ်မ္ဆိုတဲ့ေကာင္ေလးက အရည္ေပ်ာ္က်သြားေတာ့သည္။ သူ႕အေပၚ ႀကင္နာေနေပမယ့္ မေန႕ညက ခဏေလာက္နမ္းျပီးဘာေႀကာင့္ အိမ္ကေန ကန္ထုတ္လိုက္သလဲဆုိတာ နားမလည္နိုင္ေအာင္ျဖစ္ေနသည္။ သူက ခ်က္ခ်င္းျပန္ပုိ႕ခံလိုက္ရေပမယ့္ ပိုက္ဆံ အမ်ားႀကီး ေပးလိုက္ေသးသည္။ သူ႕ဘဝတြင္ ေမာက္မာသည့္ အထက္တန္းလႊာ သူေဌးမ်ားကိုသာ ေတြ႕ဖူးျပီး Charles လို ႐ုပ္ေခ်ာကာ ဥာဏ္လည္းထက္သည့္ နူးညံ့သည့္ လူႀကီးလူေကာင္းမ်ိဳးကို မေတြ႕ဖူးခဲ့ေပ။
Tang Fengကေတာ့ မီႏူးစာအုပ္ကို လွန္ ၾကည့္ေနၿပီး ပူစပ္စပ္ အရသာမ်ိဳးမယ့္ ဟင္းပြဲေတြကို မွာရင္း အလုပ္႐ူပ္ေနေတာ့ Charles တို႔ မ်က္စိေရွ႕တည့္တည့္မွာ ပလူးျပေနသည္ကို အာရုံစိုက္ခ်ိိန္မရေပ။ သူနဲ႔ Charles ၾကား႐ွိတဲ့ အေပးအယူကိစၥ ၿပီးသြားၿပီျဖစ္လုိ႕ သူတုိ႕ႀကားက ဆက္ဆံေရးလည္း အဆံုးသတ္သြားျပီဟု သူ ယူဆသည္။ ဒါေႀကာင့္ အခုကစျပီး Charlesက ဘယ္သူနဲ႕တြဲတြဲ ဘယ္လိုလုပ္လုပ္ သူ႕စိတ္ထဲ ဘယ္လိုမွမေနေပ။
"President Lu... ကြၽန္ေတာ္ ဒီေန႔ေန႔လည္ ကြ်န္ေတာ့္အေဆာင္ကို ေရြ႕လို႔ရႏိုင္မလား"
Tang Feng ဟာ Lu Tian Chen ဘက္ကို လွည့္ၾကည့္ရင္း ေမးလိုက္သည္။ သူ႕သေဘာအတုိင္းဆုိရင္ အခုခ်က္ခ်င္း အထုပ္ဆြဲကာ အေဆာင္ေျပာင္းလိုက္ခ်င္သည္။ ညဘက္ႀကီး အေဆာင္ေျပာင္းရပါက အထုပ္ပိုးေျဖ၊ သန္႕ရွင္းေရးလုပ္နွင့္ အလုပ္ရႈပ္နုိင္သည္။
Lu Tian Chen က မီႏူးစာအုပ္ကို စားပြဲထိုးရဲ႕ လက္ထဲ ျပန္ေပးလိုက္ၿပီး Tang Feng ကို ေစာင္းႀကည့္ကာ ေျပာလုိက္သည္။
" မင္း ဒီေန႔ေန႔လည္မွာ ေနာက္အပတ္တက္ရမယ့္ training class နဲ႔ပတ္သတ္ၿပီး ေရွာင္ယု နဲ႔ ေဆြးေႏြးရမယ္ "
Xiao Yu နဲ႔ သင္တန္းကိစၥ ေဆြးေႏြးဖို႔လိုတာကို မနက္တုန္းက ဘာေႀကာင့္မစီစဥ္ပဲ သူ႕ရံုးခန္းထဲမွာ အခ်ိန္ျဖဳန္းေနေစတာလဲ။ တမင္သက္သက္ ေန႔လည္ဘက္မွ လုပ္ဖို႔ အခ်ိန္ ဆြဲေနတာလား။ Lu Tian Chen က သူ႔ကို ကစားေနတာလားလို႕ ေတြးမိေပမယ့္ မျဖစ္နို္င္ေပ။
Tang Feng မ်က္ခံုးတစ္ခ်က္ ပင့္လိုက္ၿပီး စားပြဲေပၚက ဖန္ခြက္ကို ေကာက္ကိုင္ျပီး ေသာက္ဖို႕ လုပ္ေပမယ့္ Charles က ထိုဖန္ခြက္ကို လမ္းတစ္ဝက္ကေန ျဖတ္လုသြားၿပီး လီခြ်မ္ ကို ကမ္းေပးလိုက္သည္။
" ေရ ေသာက္ဦး အခ်စ္ေလး " Charles ဟာ ေတာက္ပ ခန္႔ညားတဲ့ အျပံဳးကို ျပံဳးရင္း ေျပာလိုက္တယ္ ။
Tang Feng စိတ္ထဲ ဘယ္လိုမွ မျဖစ္သြားပဲ သူ႔ရဲ႕ ဘယ္ဘက္မွာ ႐ွိတဲ့ Lu Tian Chen ရဲ႕ ဖန္ခြက္ကို ဂ႐ုမစိုက္တဲ့ အမူအယာနဲ႔ ေကာက္ယူလိုက္သည္။ Charles ေနရာမွားၿပီး ဖန္ခြက္ကို ယူသြားလို႕ လီခြ်မ္ ရဲ႕ ေဘးမွာခ်ထားတဲ့ ဖန္ခြက္က Lu Tian Chen ရဲ႕ ဖန္ခြက္ ျဖစ္သြားၿပီးေတာ့ ၊ Lu Tian Chen ေဘးက ဖန္ခြက္က သူေသာက္ရမယ့္ ခြက္ျဖစ္သြားၿပီ။
Tang Feng ရဲ႕ အျပဳအမူေၾကာင့္ Charles လူပ္လူပ္႐ွား႐ွား ျဖစ္သြားခဲ့ျပီး Lu Tian Chen က ေတာ့ မ်က္ဝန္းကို တစ္ခ်က္ပင့္ၿပီး ေရေသာက္ေနတဲ့ Tang Feng ကို ဘာမွမေျပာပဲ စိုက္ၾကည့္ေနသည္။
" ဘာေျပာခ်င္လို႔လဲ "
Lu Tian Chen က သူ႔ကို တစ္ခုခု ေျပာခ်င္လို႔ အခုလို စိုက္ၾကည့္ေနတယ္ဆိုတာ Tang Feng ခ်က္ခ်င္း သေဘာေပါက္လိုက္သည္။
" မင္းေသာက္ေနတာ ငါ့ရဲ႕ ေရခြက္ပဲ"
စူးစိုက္ၾကည့္ရင္း Lu Tian Chen က ေျပာလိုက္ေပမယ့္ Tang Feng က နည္းနည္းေလးေတာင္ ဂ႐ုမစိုက္ပဲ ျပံဳးကာျပန္ေျဖလိုက္သည္။
" အခု ကြၽန္ေတာ္ေသာက္လိ္ုက္ေတာ့ ကြၽန္ေတာ့္ခြက္ ျဖစ္သြားၿပီ။ ခင္ဗ်ား ေသာက္ခ်င္ရင္ ခင္ဗ်ားေဘးက ေရခြက္ကို ယူလိုက္ေပါ့ "
Tang Feng ရဲ႕စကားေႀကာင့္ Lu Tian Chen ဘာမွမေျပာပဲ ေနလိုက္သည္။ Tang Feng ကေတာ့ ျပံဳးျပံဳးေလးနွင့္ တဝက္က်န္ေသာ ဖန္ခြက္ကို ခ်လိုက္သည္။ ဘာပဲျဖစ္ျဖစ္ ဒီခြက္ထဲက ေရကို သူေသာက္လိုက္ျပီ။ ဘယ္သူ ဘာတတ္နုိ္င္ေသးလဲ။
Tang Feng နဲ႔ မ်က္လံုးခ်င္း ဆံုႀကည့္ေနရာမွ Lu Tian Chen က Tang Feng ခ်လိုက္တဲ့ ဖန္ခြက္ကို ခ်က္ခ်င္း ေကာက္ယူလိုက္ၿပီး က်န္ေနတဲ့ ေရကို ေသာက္ခ်လိုက္သည္။ ထင္မွတ္မထားတဲ့ အေျခအေနေၾကာင့္ Tang Feng ရဲ႕ မ်က္လံုးေတြ အနည္းငယ္ ျပဴးက်ယ္သြားခဲ့သည္။ သူ႕မ်က္လံုးေရွ႕မွာ ဒီလူႏွစ္ေယာက္ရဲ႕ ကေလးဆန္ဆန္ ညစ္က်ယ္က်ယ္ အျပဳအမူေတြကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ Charles ရဲ႕ အျပံဳးဟာ ေျခာက္ကပ္ကပ္ျဖစ္သြားခဲ့သည္။
" အခ်စ္ေလး....ကိုယ္လည္း ေရေသာက္ခ်င္တယ္"
Charles ဟာ လီခြ်မ္လက္ထဲက ေသာက္လက္စ ဖန္ခြက္ကို ဆြဲယူကာ ႏူတ္ခမ္းနားမွာ ေတ့လိုက္ေပမယ့္ တြန္႕ဆုတ္သြားျပီး သူ႕မ်က္ဝန္းထဲ မလုပ္ခ်င္သည့္အရိပ္ေတြထင္သြားေပမယ့္ အတင္းဇြတ္မွတ္ကာ ေရကို အာစြတ္ရံုတငံု ေသာက္ကာ ဖန္ခြက္ကို ျပန္ခ်လိုက္သည္။
Tang Feng ဟာ ေနာက္ကို လွည့္လိုက္ၿပီး စားပြဲထိုးကို ေခၚလိုက္သည္။
" ကြၽန္ေတာ့္အတြက္ ေနာက္ထပ္ ေရတစ္ခြက္ေလာက္ ယူလာေပးပါလား "
သူ႔စိတ္ထဲမွာ ဒီလူႏွစ္ေယာက္ အဓိပၸာယ္မ႐ွိတာေတြ လုပ္ေနတာပဲဟု ေတြးလိုက္မိသည္။
" Tang Feng "
Charles ဟာ စားပြဲခံုကို လက္နဲ႔ တစ္ခ်က္ပုတ္ကာ ဆံုးျဖတ္ခ်က္ခ်ျပီးဟန္ျဖင့္ ပထမဆံုး သူ႕ကိုေခၚလိုက္သည္။
" ဟုတ္ကဲ့ "
Charles က ျပံဳးကာ လီခြ်မ္ ရဲ႕ ပုခံုးကို ျမတ္ႏိုးတဲ့ အမူအယာနဲ႔ ဆြဲဖက္လိုက္ၿပီးေျပာလိုက္သည္။
" ဒါ ငါ့ရဲ႕ ခ်စ္သူ အသစ္ေလ "
Tang Feng ျပံဳးကာ ေခါင္းၿငိမ္လိုက္သည္။
" အင္း...ကြၽန္ေတာ္ သိၿပီးသားပါ။ ခုနတုန္းက မိတ္ဆက္ထားၿပီးသား မဟုတ္လား..လီခြ်မ္ မဟုတ္လား "
Tang Feng က မ်က္နွာခ်င္းဆိုင္က ေကာင္ေလးကို စိုက္ႀကည့္ကာ သိမ္ေမြ႕စြာျပံုးလုိက္ေတာ့ လီခြ်မ္က ရွက္သြားျပီး ေခါင္းငံု႕လိုက္သည္။
Charles ဟာ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္ၿပီး သူ႔ရဲ႕ ေဘးက အ႐ွက္သည္းေနတဲ့ ေကာင္ေလးကို ႀကည့္လုိက္သည္။။
ေလးေယာက္သား ေန႔လည္စာကို အသီးသီး ဆက္လက္စားေနေပမယ့္ ေနရခက္သည့္ အေျခေနက ဆက္လက္ရွိေနသည္။ စားျပီးခါနီးတြင္ Lu Tian Chen ဟာ သူ႔ရဲ႕သူငယ္ခ်င္းႀကီးမ်က္ႏွာကို တစ္ခ်က္လွမ္းႀကည့္ကာ Tang Feng ဘက္ကို လွည့္ျပီးေျပာလိုက္သည္။
" ကုမၸဏီက စီစဥ္ထားတဲ့ အေဆာင္ေတြ အကုန္ျပည့္ေနၿပီး လူသစ္ ထပ္ထည့္ဖို႕ ေလာေလာဆည္ အဆင္မေျပဘူး။ ဒါေႀကာင့္ မင္းအတြက္ တိုက္ခန္းတစ္ခုရွာခုိင္းထားတယ္။ တိုက္ခန္းမရခင္အႀကား မင္း ငါ့အိမ္မွာပဲေနရမယ္။"
" ရပါတယ္။ ကြၽန္ေတာ့္ကေတာ့ ဘယ္ေနရာျဖစ္ျဖစ္ ေနလို႔ရပါတယ္ "
Tang Feng ကေတာ့ ေျပာင္းလဲသြားတဲ့ အေျခအေနအေပၚ ေက်နပ္ေနသည္။ တိုက္ခန္းဆိုတာ အေဆာင္ထက္ ေနရတာ ပိုက်ယ္ျပီး ပိုအဆင္ေျပသည္။ တိုက္ခန္းမရခင္ Lu Tian Chen ရဲ႕အိမ္မွာ ရက္ပိုင္းေလာက္ ေနရလည္း ဘာမွမျဖစ္ေပ။ Lu Tian Chen က သူ႔ကို မ်က္စိ႐ူပ္လာရင္ သူေနဖို႔ တိုက္ခန္းကို ခ်က္ခ်င္း ႐ွာေပးလိမ့္မည္ျဖစ္သည္။
Tang Feng ရဲ႕ အလြယ္တကူ ေျဖလိုက္သည့္ စကားေႀကာင့္ Charles ေသာက္ေနလက္စ ဝိုင္က လည္ပင္းမွာ နင္သြားခဲ့သည္။
...........................................................
Chapter (61)- Curses and Harsh Words
" ကဲ ပရိသတ္ႀကီးရဲ႕ အေျဖက ဘာမ်ားလဲ... ဟုတ္သလား... မဟုတ္ဘူးလား ေျပာလိုက္ပါဦး "
႐ုပ္ရည္ေခ်ာေမာၿပီး ႏွစ္လိုဖြယ္လူငယ္ေလးတစ္ေယာက္က ပရိတ္သတ္ေတြဘက္ကို မိုက္ခရိုဖုန္းထိုးေပးကာ ခပ္ျမဴးျမဴးေမးလိုက္သည္။ သူ႔ရဲ႕ အျပံဳးေတြဟာ အျပစ္ကင္းစင္ ႐ိုးသားတဲ့ ပံုေပၚလြင္ေနသည္။
အဲ့ဒီ႐ုပ္သံတင္ဆက္သူ လူငယ္ေလးဟာ ႏွစ္လိုဖြယ္ရာေကာင္းတဲ့ လူငယ္ေလးျဖစ္ျပီး သူ႕ရဲ႕သြက္လက္မႈက လူႀကီးလူငယ္၊ အမ်ိဳးသား၊ အမ်ိဳးသမီး အားလံုးရဲ႕ ခ်စ္ခင္မႈကို ရရွိသြားေစသည္။
" ဟုတ္ပါတယ္... "
ပရိသတ္ႀကီးဆီက တညီတၫြတ္တည္း ျပန္ေျဖလိုက္သံက ခန္းမႀကီးထဲမွာ ပဲ့တင္ထပ္သြားတာကိုႀကည့္ရင္ ဒီ အစီစဥ္တင္ဆက္သူ လူငယ္ေလးကို ပရိတ္သတ္ႀကီး ဘယ္ေလာက္ခ်စ္တယ္ဆုိတာ ထင္ရွားေနသည္။ အဆိုေတာ္ျဖစ္သလို အစီစဥ္တင္ဆက္သူျဖစ္တဲ့ ခ်န္းမင္ရႊိက ဒီေန႕မွာ နာမည္ေက်ာ္တဲ့ idols ေတြထဲမွ တစ္ဦးအပါဝင္ ျဖစ္သည္။
" ဟုတ္ပါၿပီ။ ေနာက္အပတ္ အစီအစဥ္မွာ တိုက္႐ိုက္ဖုန္းေခၚဆိုမယ့္ က႑တစ္ခု ထည့္သြင္းထားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ဧည့္သည္ေတြက ဘယ္နာမည္ႀကီး အႏုပညာ႐ွင္ေတြကို ဖုန္းေခၚဆိုမလဲဆိုတာ ပရိသတ္ႀကီးနဲ႔အတူ ရင္ခုန္စြာ ေစာင့္စားၾကည့္႐ူဖို႔ ႀကည့္ရႈသူပရိတ္သတ္ေတြကို ဖိတ္ေခၚပါတယ္။ "
ခ်န္မင္ရႊိက ပရိသတ္ေတြကို ဆြဲေဆာင္မူ႐ွိတဲ့ အျပံဳးနဲ႕ ေျပာျပျပီး စင္ျမင့္ထက္မွာ ထိုင္ေနၾကတဲ့ ဧည့္သည္ ေတြအထဲက သိပ္ၿပီး ေပၚလြင္ထင္႐ွားျခင္းမ႐ွိတဲ့ အမ်ိဳးသားတစ္ေယာက္ကို လွည့္ၾကည့္လိုက္ၿပီး ျဖည့္စြက္ေျပာလိုက္သည္။
" အထူးသျဖင့္ Tang Feng ေပါ့ဗ်ာ။ အႏုပညာေလာကထဲမွာ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ ေတြထက္ ပိုေစာေစာ ဝင္ေရာက္ခဲ့တဲ့ ကြၽန္ေတာ့္ရဲ႕ စီနီယာလည္းျဖစ္တဲ့အတြက္ ေအာင္ျမင္တဲ့ အႏုပညာ႐ွင္ ေတာ္ေတာ္မ်ားမ်ားနဲ႔ ခင္မင္ရင္းႏွီးေနမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္... "
" ဟင္း..ဟင္း..ဟင္း...Tang Feng က ပြဲထြက္ခဲ့တဲ့အခ်ိန္က ကြၽန္မတို႔ထက္ ပိုေစတဲ့အျပင္ အေတာ္ေလးနာမည္ႀကိီးခဲ့တယ္။ ဒါေႀကာင့္ သူက နာမည္ႀကီးတဲ့လူေတြနဲ႕ ေသခ်ာေပါက္ရင္းနွီးမွာေပါ့ရွင္။ Ge Chen နဲ႔ idol group တစ္ခုထဲက ထြက္ခဲ့တယ္ဆိုေတာ့ ေနာက္အပတ္က်ရင္ ကြၽန္မတို႔အားလံုး အံ့ၾသသြားေအာင္လို႔ သူ Ge Chen ဆီကို ဖုန္းဆက္ဖို႔ စီစဥ္ထားမလားမသိဘူးေနာ္။ ဒါဆိုရင္ ကြၽန္မေတာ့ အရမ္း ေပ်ာ္သြားမွာပဲ ...ကြၽန္မက Ge Chen ရဲ႕ ဖန်အႀကီးစားျဖစ္ေနလို႕ေလ "
တတိယ အဆင့္ သရုပ္ေဆာင္ အမ်ိဳးသမီးက အစီစဥ္တင္ဆက္သူရဲ႕စကားေႀကာင့္ စိတ္အားထက္သန္စြာ ဝင္ေျပာလိုက္သည္။
" Ge Chen က အခုဆို အရမ္းကို နာမည္ႀကီးေနျပီး အလုပ္အရမ္းမ်ားတာဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အစီအစဥ္မွာ ဘယ္လိုမ်ား ပါဝင္ေပးနို္င္မလဲ မသိဘူ ။ ဘာပဲျဖစ္ျဖစ္ Tang Feng ေရ ...ငါတို႔ကို စိတ္ပ်က္ေအာင္ေတာ့ မလုပ္လိုက္နဲ႕ဦးေနာ "
ေနာက္ထပ္ တတိယအဆင့္ အမ်ိဳးသားသ႐ုပ္ေဆာင္က ထပ္ျပီး လူေတြရဲ႕စိတ္ဝင္စားမႈျမင့္တက္ေအာင္ ဝင္ေျပာလိုက္ျပန္သည္။ ေနာက္အပတ္ ဒီအစီအစဥ္မွာ Tang Feng က Ge Chen ကို ဖုန္းေခၚဆိုဖို႔ဆိုတာ လံုးဝကို မျဖစ္ႏိုင္တဲ့ ကိစၥတစ္ခုျဖစ္တာ ႀကိဳသိေနတဲ့ စင္ထက္က လူအခ်ိဳ႕က ထိုစကားကိုႀကားေတာ့ ေလွာင္ေျပာင္ရယ္ေမာလိုက္ႀကသည္။
Tang Feng နဲ႔ Ge Chenက အရင္က သိကြ်မ္းခဲ့ေပမယ့္ အခု သူတုိ႕နွစ္ေယာက္ရဲ႕အဆင့္က မိုးနဲ႕ေျမလို ကြာျခားလို႕ေနေလျပီ။ Tang Feng က variety shows ေတြမွာ အႏွိမ္ခံဘဝနဲ႔ ေနေနရျပီး အနုပညာေလာကမွ ဆက္လက္ရပ္တည္နုိင္ဖုိ႕ အားစိုက္ထုတ္ေနရခ်ိန္မွာ Ge Chen က နာမည္ႀကီး စတားဘဝတြင္ ရပ္တည္ေနခဲ့သည္။
ဒါေပမယ့္ အရင္ Tang Feng ရဲ႕ အေျခအေနကို အခု Tang Feng က လံုးဝ ေျပာင္းလဲပစ္ဖုိ႕ သူ ႀကံထားသည္။
Tang Feng ဟာ ကင္မရာကို ၾကည့္ကာ ေပါ့ေပါ့ပါးပါးပ ျပံဳးလိုက္ျပီးေျပာလိုက္သည္။
" ေနာက္အပတ္ေရာက္ရင္ အံ့ၾသသင့္သြားဖုိ႕ ႀကိဳတင္ျပင္ဆင္ထားႀကပါခင္ဗ်ာ "
ပရိသတ္ႀကီးဟာ Tang Feng ရဲ႕ ခပ္ရႊင္ရႊင္အေျပာေၾကာင့္ သေဘာက်စြာရယ္ေမာလိုက္ႀကသည္။
အစီစဥ္႐ိုက္ကူးတာ ၿပီးသြားခဲ့ေပမယ္ ခ်န္မင္ရႊိက စင္ေအာက္က ပရိတ္သတ္မ်ားျဖင့္ စကားေျပာေနဆဲျဖစ္သည္။ သူ႕ကိုျမင္သူတုိင္း နွစ္လိုဖြယ္ေကာင္ေလးဆိုတာ လူတိုင္းလက္ခံႀကမည္ျဖစ္သည္။
" သူ ဘာေႀကာင့္ ႐ွင့္တစ္ေယာက္တည္းကိုပဲ ေရြးၿပီး အျမဲ အခက္ေတြ႕ေအာင္ လုပ္ေနရတာလဲ မသိဘူး"
ေရွာင္ယုက ခ်န္မင္ရႊိကို ရြံရွာစြာႀကည့္ကာ ေျပာလုိက္သည္။
" စင္ေပၚမွာ လူေတြမွ အမ်ားႀကီးထဲက ရွင့္ကိုပဲလာလာ တိုက္ခိုက္ေနတယ္။ ရွင္နဲ႕ ကိုယ္ေရးကိုယ္တာ အခဲမေက်စရာရွိေနလို႕လား။ ဒီအစီစဥ္မွာ ရွင့္ကို လူရယ္စရာျဖစ္ေအာင္ အျမဲ ေလွာင္ေျပာင္စရာ လူတစ္ေယာက္ပံုစံျဖစ္ေအာင္ လုပ္ေနတာ သူလည္းပဲ သာမန္ အနုပညာရွင္တစ္ေယာက္ပဲ မဟုတ္လား။ "
" ထားလိုက္ပါ ... စင္ေပၚက အေႀကာင္းကို မေျပာပါနဲ႕ေတာ့.. အိမ္ကိုျပန္ႀကစို႕... "
သူ႔ကို သေဘာမက်လို႕ တုိက္ခိုက္တဲ့လူတိုင္းကို လိုက္ျပီးစိတ္ဆိုးမယ္ဆိုရင္ ေသသြားနုိင္သည္။ ခ်န္မင္ရႊိက သူ႕ကိုဘာေႀကာင့္ ဆက္တို္က္ေနွာက္ယွက္ေနရသလဲဆုိတာ သူ လံုးဝမသိေပမယ့္ သူ ရုိက္ကူးေရးလာတုိင္း ခ်န္မင္ရႊိက သူ႕ကို ပရိတ္သတ္ေရွ႕ အရွက္ကြဲေအာင္ အျမဲတိုက္ခိုက္ေလ့ရွိသည္။ ဒါေပမယ့္ ဒီလို လုပ္ေလ အပိုင္းတိုင္းမွာ သူ ပါဝင္ရိုက္ကူးရမည့္ အခန္းက ပိုမ်ားေလျဖစ္ျပိး ပရိတ္သတ္အာရံုစိုက္ ခံရနုိင္ေလျဖစ္သည္။ ဒါကိုေတြးမိေတာ့သူ ေက်နပ္စြာ ျပံဳးလိုက္မိသည္။ ေနာက္တပိုင္းဆိုရင္ သူ ပါဝင္ရိုက္ကူးတာ ေနာက္ဆံုး အပိုင္းျဖစ္သည္။
" Tang Feng...ေနာက္အပတ္ အစီအစဥ္ ႐ိုက္ကူးတဲ့အခါ ႐ွင္ Ge Chen ဆီ ဖုန္းဆက္လို႔ ရႏိုင္ပါ့မလား? ကြၽန္မေတာ့ မထင္ဘူး "
ေရွာင္ယု ဟာ Tang Feng ေဘး မွာ လိုက္ေလွ်ာက္လာရင္း စိတ္ပူစြာေမးလိုက္သည္။Ge Chen လား... Tang Feng ေလ်ွာက္လက္စ ေျခလွမ္းကို ရပ္ကာ ျပံုးလိုက္သည္။
" သူက အခုအခ်ိန္မွာ အရမ္းကို ေအာင္ျမင္ေနတဲ့ သူ ျဖစ္ေနၿပီ။ အခုလို အစီအစဥ္မ်ိဳးမွာ ပါဝင္ဖို႔ လံုးဝ မျဖစ္နုိင္ဘူး။ စကားတခြန္းမွားသြားရင္ သူတည္ေဆာက္ထားတဲ့ ပံုရိပ္ လံုးဝ ပ်က္စီးသြားနုိင္တယ္။ ထုတ္လုပ္ေရးအဖြဲ႕က ငါ့ကို အရွက္ခြဲရံုသက္သက္ပဲ လုပ္လိုက္တာပါ။ ဒါေႀကာင့္ သူတို႔ေျပာတဲ့စကားကို စိတ္ထဲ ထည္မ့ထားနဲ႕။ ကုမၸဏီရဲ႕ လူသစ္တန္း သ႐ုပ္ေဆာင္ေလးေတြထဲက တစ္ေယာက္ေယာက္ကို ဖုန္းဆက္ေခၚလိုက္ရင္လည္း ရတာပဲ။ စိတ္မပူနဲ႔ ။ "
" Tang Feng..... Ge Chen က ဒီ႐ုပ္သံဌာနရဲ႕ အစီအစဥ္ တစ္ခုမွာ ႐ိုက္ကူးဖို႔ အခု ေရာက္ေနတယ္။ ေနာက္အပတ္ ႐ွင္ အ႐ွက္တကြဲ မျဖစ္ဖို႕ ကြၽန္မတို႔ သူ႔ဆီသြားၿပီး အကူအညီေတာင္းၾကည့္ရေအာင္"
ေရွာင္ယုက ခပ္တိုးတိုး ေျပာလိုက္သည္။
" ဒီကိစၥကို ငါ့ဖာသာပဲ ေျဖ႐ွင္းလိုက္ပါ့မယ္။ ဒီေန႔လည္အတြက္ လုပ္စရာ မ႐ွိဘူးဆိုေတာ့ ငါ သြားေတာ့မယ္။ ကိစၥတစ္ခုခု ေပၚလာရင္ ဖုန္းဆက္လိုက္။ "
" အိုေက ..ရွင္လည္း အရမ္း စိတ္ ပင္ပန္းေအာင္ မလုပ္နဲ႔ဦးေနာ္။ ကြ်န္မ ရွင့္ကို ကားနဲ႕ျပန္ပုိ႕ေပးရမလား "
Tang Feng က အျမဲ ကိုယ့္ကိုယ္ကို ယံုၾကည္မူ အျပည့္အဝ ႐ွိေနတဲ့ လူျဖစ္ေသာေႀကာင့္ ေရွာင္ယုက ဆက္မေျပာေတာ့ေပ။
ဓာတ္ေလွကားကို ေစာင့္ေနရင္း ေရွာင္ယုက ေမးလိုက္ေတာ့ Tang Feng ေခါင္းကို ယမ္းလိုက္သည္။
" ရပတယ္။ ငါ့ဖာသာပဲ ျပန္လိုက္မယ္ "
အခုဆိုရင္ Lu Tian Chen ရဲ႕ အိမ္ႀကီးမွာ Tang Feng ေနေနတာ ရက္အေတာ္ႀကာလာျပီျဖစ္ျပီး သူ႕အတြက္ တိုက္ခန္းကို ရွာတာ ခုထိမေတြ႕နိုင္ေသးေပ။ Lu Tian Chen ရဲ႕ အိမ္ႀကီးမွာ ေနတာ သက္ေတာင့္သက္သာ ႐ွိတဲ့အတြက္ တိုက္ခန္းရွာတာ ႀကာေနလည္း သူ႕အတြက္ ဘာမွမျဖစ္ေပ။ အခုဆုိရင္ Lu Tian Chen က သူေဌး ျဖစ္ၿပီး သူကေတာ့ ဝန္ထမ္း ျဖစ္ေပမယ့္ မနက္တိုင္းမွာ Tang Fengက မနက္ ၉နာရီ ၁၀ နာရီေလာက္မွ အိပ္ရာထျပီး Lu Tian Chen က အလုပ္သြားဖို႔ အိပ္ရာေစာေစာထေနရသည္။
ဓာတ္ေလွကား ပြင့္သြားေတာ့ Tang Feng နဲ႔ ေရွာင္ယုတို႕ အထဲဝင္ဖို႔ လုပ္ေနတဲ့ အခ်ိန္မွာ အထဲကေန လူတစ္စုက အျပင္ကို ထြက္လာၾကသည္။ အမ်ားစုကေတာ့ ေရွာင္ယုလို လက္ေထာက္ေလးေတြျဖစ္ျပီး သူတို႔ရဲ႕ အလယ္မွာ ရွိေနတဲ့ အမ်ိဳးသားက ေဘးက လူေတြနဲ႔ လံုးဝကြဲထြက္ေနၿပီး ထင္႐ွားေနသည္။
ႏွစ္ဖက္စလံုးက လူေတြက မ်က္နွာခ်င္းဆုိင္မိေတာ့ ေျပာလက္စေတြ ရပ္သြားႀကသည္။ လူတျပံဳႀကီးဝန္းရံထားသည့္ အလယ္က ေကာင္ေလးက Tang Feng ကို စိုက္ၾကည့္ေနျပီး ဘာမွမေျပာေပမယ့္ အႀကည့္ေတြက တကိုယ္လံုးကို ထြင္းေဖာက္ေနသလိုပင္။
Tang Feng နဲ႔ ေရွာင္ယုတို႕က Ge Chen ကို ခုလို မ်က္နွာခ်င္းဆို္္င္တိုးမိမည္ဟု မထင္ထားမိေပ။ ႀကည့္ရတာ အဲ့ဒီ Ge Chen ဟာ ေတာင္ကိုရီးယားမွာ ရိုက္ကူးခဲ့သည့္ ႐ုပ္႐ွင္ကားသစ္အတြက္ ပရိုမိုးရွင္းလုပ္ရန္ လာပံုရသည္။
" ဟယ္လို....Ge Chen "
Tang Feng ဟာ ထိုအမ်ိဳးသားကို အျပံဳးနဲ႔ ႏူတ္ဆက္လိုက္သည္။
ေရွာင္ယုက Ge Chen ကို တခ်က္ခိုးႀကည့္ကာ သတၱိေမြးၿပီး စကားဝင္ေျပာလိုက္သည္။
" Hello....Mr.Ge။ ကြၽန္မတို႔ ႐ွင့္ကို အခုပဲ ဆက္သြယ္ေတာ့မလို "
Tang Feng က သူမကို ဆက္မေျပာရန္ လက္ကို ကုတ္လိုက္ေပမယ့္ သူမက တရစပ္ ေျပာလိုက္သည္။ခုနက show ပြဲမွာ အေျခအေနကို Ge Chen ကို ႐ွင္းျပလိုက္သည္။
" လူကိုယ္တိုင္ ပါဝင္ေပးဖို႔ မလိုပါဘူးရွင္... ဖုန္းဆက္ စကားေျပာေပးယံုေလးပါ။ တကယ္လို႕ Mr.Ge ဘက္က အခ်ိန္နည္းနည္းေပးႏိုင္ရင္ ကြၽန္မတို႔ကို ကူညီေပးႏိုင္မလား "
" တစ္ခ်က္ စဥ္းစားလိုက္ဦးမယ္ "
Tang Feng ႀကိဳတင္ ေမ်ွာ္လင့္ထားသလို Ge Chen ရဲ႕ေလသံဟာ ေအးတိေအးစက္ ျဖစ္ေနျပီး Tang Feng ကို ခပ္ႏွိမ္ႏွိမ္ ၾကည့္လိုက္ၿပီးေျပာလိုက္သည္။
" မင္း အခုထိ အဲ့ဒီလို ခပ္ေပါေပါ အစီအစဥ္မွာ ပါေနတုန္းပဲလား"
" ခပ္ေပါေပါ အစီအစဥ္ဆိုတာ တကယ္တန္း ပါၾကည္ေတာ့ အရမ္းစိတ္ဝင္စားဖို႔ ေကာင္းတယ္ "
Tang Feng က ဓာတ္ေလွကားထဲကို ဝင္လိုက္ျပီး Ge Chen ရဲ႕ ရင့္သီးေမာက္မာသည့္ စကားလံုးကို ဘယ္လုိမွ မသက္ေရာက္သလို ျပံဳးလိုက္ျပီး မၾကားခ်င္ေယာင္ ေဆာင္လိုက္သည္။ ေရွာင္ယုက Ge Chen ကို ေႀကာင္ႀကည့္ေနမိသည္။ နတ္သားေလးလို ျဖဴစင္ရိုးသားသည့္ပံုနွင့္ သရုပ္ေဆာင္တစ္ေယာက္က ဒီလို ေအာက္တန္းက်ကာ ယုတ္ညံ့လိမ့္မည္ဟု သူမ ထင္မထားမိေပ။
သူမ က Ge Chen က ခုလို အကူညီေတာင္းတာကို မျငင္းဘူးဟုထင္ထားခဲ့သည္။ Ge Chen နဲ႔ Tang Feng တို႕လုပ္ကိုင္ေနသည့္ ကုမၸဏီႏွစ္ခုၾကားက ရင္းႏွီးမႈကို ေထာက္ထားမည္ထင္ထားသည့္အျပင္ အရင္ကလည္း idol group တစ္ခုထဲ အတူတြဲလုပ္ဖူးတာရယ္။ Ge Chen ကို ရင္းႏွီးကြၽမ္းဝင္လြယ္မယ္လို႕ ထင္ထားေသာေႀကာင့္ျဖစ္သည္။ ဒါေႀကာင့္
Tang Feng ဒီေလာက္ေတာင္ တားဆီးေနတဲ့ၾကားက မစဥ္းစားပဲ ကိုယ့္အႏုပညာ႐ွင္ရဲ႕ အခက္အခဲကို သူမ်ားဆီ သြားေျပာျပလိုက္မိတဲ့ အျဖစ္ကို စဥ္းစားမိၿပီးေတာ့ ေရွာင္ယု ရဲ႕မ်က္ႏွာ ခ်က္ခ်င္း နီရဲလာသည္။ Tang Feng ကို အရွက္ရေအာင္ သူမ လုပ္လိုက္မိေလျပီ။
" Ge Chen... ႐ွင္လည္းပ TV show အစီအစဥ္ ႐ိုက္ကူးဖို႔ ဒီကို ေရာက္လာတာပဲ မဟုတ္လား "
ေရွာင္ယုက ခ်က္ခ်င္းပဲ Tang Feng ကိုယ္စား Ge Chen ရဲ႕ အထင္ေသးစကားကို တံု႔ျပန္ေျပာဆိုလိုက္သည္။
" ငါတို႔ Ge Chen ႐ိုက္ကူးမယ့္ show က သူမ်ားေတြလို အဆင့္အတန္းမ႐ွိတဲ့ဟာမ်ိဳး မဟုတ္ဘူး။ ထိတ္ထိတ္ႀကဲေတြကိုမွ ဖိတ္ေခၚတဲ့ အထူး အစီအစဥ္မ်ိဳး ဆိုတာ သိရဲ႕လား "
Ge Chen ရဲ႕ လက္ေထာက္လည္း ငံု႕မခံပဲ နူတ္လွန္ထိုးလိုက္သည္။
အေျခအေနကပိုတင္းမာလာေသာေႀကာင့္ Tang Feng ဟာ ေရွာင္ယု ကို သူ႔ရဲ႕ေဘးသို႕ ဆြဲေခၚလိုက္ၿပီး ဓာတ္ေလွကားခလုတ္ကို ႏွိပ္လိုက္ကာေျပာလိုက္သည္။
" မင္းတို႔အားလံုး အျပင္ကို ထြက္မွာလား။ ဒါမွမဟုတ္ ငါတို႔နဲ႔အတူ ေအာက္ကို လိုက္ဆင္းမွာလား "
အေႁခြရံ ေတြဟာ Ge Chen ကို ဓာတ္ေလွကားအျပင္ဘက္ကို ဝန္းရံကာထြက္သြားရင္း Tang Feng ကို မ်က္ေစာင္းထိုးကာ အျပင္ကိုထြက္ရင္း လက္ေထာက္တေယာက္က ေစာ္ကားသြားေသးသည္။
" ငါၾကားမိတာေတာ့ မင္းက ေခတ္လည္းမရွိ။ စပြန္ဆာလိုက္ရွာေနရတဲ့ ဘဝေရာက္ေနျပီမဟုတ္လား။ အခု မင္းရဲ႕ ဘဲႀကီးက မင္းကို စြန္႕ပစ္လိုက္ျပီမဟုတ္လား။ ေအာက္တန္းက်လိုက္တာ... "
" ႐ွင္ ဘာစကားေျပာတာလဲ....... "
ေရွာင္ယုက အက်ီလက္ကို ပင္ျ့ပီး ခုန္ထြက္ကာ ရန္ျဖစ္ရန္ျပင္လိုက္ေပမယ့္ Tang Feng ခ်က္ခ်င္း လွမ္းဆြဲလိုက္သည္။ ထိုအခ်ိန္ ဓာတ္ေလွကားတံခါး ပိတ္သြားကာ ေအာက္ကို ဆင္းလာခဲ့သည္။ Tang Feng ဟာ ေရွာင္ယု ကို စိုက္ၾကည့္ရင္း ေခါင္းယမ္းလိုက္သည္။
" ဒီကမာၻမွာ ငါ့ကို ဆဲဆိုေနတဲ့လူေတြ အမ်ားႀကီးပဲ။ မင္းက သူတို႕အားလံုးနဲ႕ ရန္ျဖစ္ဦးမလို႕လား "
" အဲ့ဒီလူေတြ ႐ွင့္ကို ဆဲေနတာ ကြ်န္မက ဘယ္လိုႀကည့္ေနနို္င္မွာလဲ.."
ငယ္စဥ္တုန္းကဆိုရင္ ခုလို ေစာ္ကားေျပာဆိုသည္ကို သူလည္း ျငိမ္ခံေနနို္င္မွာ မဟုတ္ေပ။ မတရားေျပာတဲ့သူတိုင္းကို တိုက္ခို္က္ကာ အမွန္တရားေပၚေအာင္လုပ္လိုက္မွာျဖစ္ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ သူ႕စိတ္က ရင့္က်က္လာတာေႀကာင့္ အေရးမပါေသာ လူေတြ ေျပာသည့္ စကားကို လိုက္လံခံစားျပီး တုန္႕ျပန္တာ လုပ္မေနေတာ့ေပ။ ကိုယ္လုပ္စရာလုပ္ရင္း အခ်ိန္တန္ရင္ ဘာလဲဆုိတာ အလုပ္နဲ႕သက္ေသျပတာ အေကာင္းဆံုးျဖစ္သည္။ အလိမ္အညာ စကားေတြ ၊ သြားပုတ္ေလလႊင့္စကားေတြေပၚလာလည္း အခ်ိန္တန္ရင္ အမွန္တရားဆုိတာ ေပၚလာမွာပဲျဖစ္သည္။ လူက ပိုေအာင္ျမင္လာေလ ေကာလဟာလပိုထြက္ေလျဖစ္သည္။ ေဝဖန္ရံူ႔ခ်မူေတြကို ၾကံ႕ၾကံ႕ခံႏိုင္တဲ့ လူမွသာလ်ွင္ မွတ္ေက်ာက္တင္ခံနုိင္ျပီး ေအာင္ျမင္မႈနဲ႕ထိုက္တန္တာျဖစ္သည္။
" လူေတြရဲ႕ ပါးစပ္ကေနထြက္လာတဲ့ စကားေတြကို ငါတို႔ ပိတ္ပင္လို႔ မရဘူး။ မင္းကို အထင္အျမင္ေသးျပီး နွိမ့္ခ်တဲ့သူကို ရန္သြားလုပ္ အျပစ္ေျပာေနလို႕ ဘာမွ မထူးဘူး။ ကိုယ္ လုပ္သင့္တာကို အေကာင္းဆံုးလုပ္ျပီး သူတို႕ထင္တာ မွားပါတယ္ဆိုတာ အလုပ္နဲ႔ သက္ေသျပရမယ္။ "
ေရွာင္ယု သက္ျပင္းခ်ကာ ေျပာလိုက္သည္။
" ကြၽန္မက ႐ွင့္ရဲ႕ မန္ေနဂ်ာျဖစ္ျပီး ႐ွင့္ကို ေဘးကေန နည္းေပးလမ္းျပလုပ္ေပးရမွာျဖစ္ေပမယ့္ အခု ရွင္ေျပာတာကို နားေထာင္လိုက္မွ ေလာကႀကီးအေႀကာင္းကို ကြ်န္မ နားမလည္ေသးဘူးဆိုတာ သိလာေတာ့တယ္။ "
အႏုပညာေလာကထဲမွာ ဆယ္စုႏွစ္မ်ားစြာ က်င္လည္႐ုန္းကန္ လာတဲ့လူနဲ႕ ယွဥ္ရင္ေတာ့ မင္းရဲ႕ အေတြ႕ႀကံဳက ကေလးေလးလိုျဖစ္ေနမွာေပါ့ ေရွာင္ယုေရ..
သူတို႕ ႏူတ္ဆက္လမ္းခြဲခဲ့ျပိး Tang Feng ဟာ taxi ျဖင့္ Lu Tian Chen ရဲ႕ အိမ္ကို ျပန္လာခဲ့သည္။ သူ႔ရဲ႕ အလုပ္အခ်ိန္ဇယားေတြ အရင္ကထက္ ပိုမ်ားလာၿပီး အလုပ္ပို႐ူပ္လာသည္။ " True Star " training class ကလည္း သဘက္ခါမွာ ဖြင့္လွစ္ေလေတာ့မည္။ သူလည္း သင္တန္းသား လူသစ္တစ္ေယာက္အေနနဲ႔ ပါဝင္ တက္ေရာက္ရေတာ့မည္။
အရင္ဘဝက သူ ျဖတ္သန္းလာခဲ့တဲ့ အႏုပညာသက္တမ္း တစ္ေလ်ွာက္မွာ သ႐ုပ္ေဆာင္အတတ္ပညာကို သင္တန္းျဖင့္ ပို႕ခ်ေပးတာကို မႀကံဳဖူးေပ။ သူ က သရုပ္ေဆာင္ေလာကထဲ စတင္ဝင္ေရာက္လာခ်ိန္ ရံုႀကိိီးကားတခ်ိဳ႕မွာ ဇာတ္ရံအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး တျဖည္းျဖည္း ပညာယူရင္း အသက္၂၇ႏွစ္အရြယ္မွာ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆု႐ွင္အျဖစ္ ဇကာတင္ေရြးခ်ယ္ခံခဲ့ရသည္။ ထို႕ေနာက္ ထူးခြၽန္ဆုကို ရခဲ့ၿပီး သူ႔ရဲ႕ အိပ္မက္ကို လက္ေတြ႔အေကာင္အထည္ေဖာ္ႏိုင္ခဲ့သည္။ Tang Feng ဟာ အခု အသက္အရြယ္ေရာက္ေတာ့မွ သ႐ုပ္ေဆာင္သင္တန္းကို ျပန္တက္ရမည္ကို ေတြးျပီး ဘယ္လိုေတြကို ႀကံဳရမလဲဆုိတာ သိခ်င္စိတ္ေပၚလာသည္။
........................................................................
Chapter (59)_ လေးယောက်စာ ထမင်းဝိုင်း -1
Lu Tian Chen က စာရွက်စာတမ်းများကို ဖတ်နေတာ 2 နာရီကျော်သွားပြီဆိုပေမယ့် အခုမှ 3 မျက်နှာပဲပြီးသေးသည်။ သူ့စိတ်အာရုံတစ်ခုလုံးက အခန်းထဲတွင် တိတ်ဆိတ်စွာဖြင့် လမ်းပတ်လျှောက်နေသော ကောင်လေးဆီကို ရောက်ရောက်နေသည်။ Charles က Tang Feng ကို သူ့ ရုံးခန်းထဲမှာ ခေါ်ထားပြီး စိတ်မပျံ့လွင့်ပဲ အလုပ်တွေကို ဘယ်လိုလုပ်နိုင်သလဲဆိုတာ သူ တကယ် သိချင်လာသည်။
Lu Tian Chen က ခေါင်းကို မသိမသာစောင့်ကာ မနီးမဝေးမှာ သူ အလုပ်လုပ်နေတာကို အနှောက်ယှက်မဖြစ်အောင် ဖိနပ်ချွတ်ကာ ရုံးခန်းကို ပတ်ပြီး လမ်းလျှောက်နေသည့် ကောင်လေးကို 36 ကြိမ်မြောက် ခိုးကြည့်ရင်း သက်ပြင်းကို မသိမသာရှိုက်လိုက်မိသည်။ ဒီကောင်လေးက လမ်းလျှောက်ရတာ အတော်သဘောကျပုံရသည်။ ရောက်ကတည်းက ရုံးခန်ကိုပတ်ပြီး လမ်းလျှောက်နေသည်။ပြတင်းပေါက်ကိုဖြတ်ဝင်လာသော နေရောင်ခြည်အောက်တွင် ဖြူဖွေးသည့် သူ့ခြေထောက်ကို တွေ့လိုက်ရတာ မျက်စိတ်ကျိန်းစဖွယ်ဖြစ်လို့နေသည်။
" ခင်ဗျား အစားကို အချိန်မှန်မှန် စားသင့်တယ်။ မဟုတ်ရင်အစာအိမ် ရောဂါဖြစ်လာနိုင်တယ်။ "
Tang Feng က Lu Tian Chen ရဲ့ စားပွဲခုံပေါ် လက်နစ်ဖက် တင်ရင်း ပြောလိုက်သည်။ သူက လမ်းပတ်လျှောက်နေတယ်ဆိုတာ လျှောက်ချင်လွန်းလို့မဟုတ်ပဲ ဗိုက်ဆာလို့ အချက်ပြနေတယ်ဆိုတာ ငတုံးကြီးက မသိတော့ ဗြောင်ပဲ ဖွင့်ပြောလိုက်ရတော့သည်။
" ဒီဆို ကင်တင်းကို သွားမလား "
" ရပါတယ် "
Tang Feng တော့ဗိုက်ဆာနေချိန် ဘယ်ကိုသွားစားရ သွားစားရ အကုန် အဆင်ပြေသည်။ Tang Feng ဟာ Lu Tian Chen အနောက်ကနေ ကုမ္ပဏီဝန်ထမ်းတွေအတွက် သီးသန့် ပြင်ဆင်ထားတဲ့ စားသောက်ခန်းကို လာခဲ့စဉ် လမ်းတလျှောက် တွေ့တဲ့ဝန်ထမ်းတွေက သူ့ကို အဓိပ္ပာယ် အမျိုးမျိုးပါတဲ့ အကြည့်နဲ့ ကြည့်နေကြသည်။ Charles နဲ့ လာစဉ်က ဒီလို အကြည့်ခံရသည်ဖြစ်လို့ သူ့ကို စိတ်အနှောက်ယှက် မဖြစ်စေနိုင်ပေ။
စဉ်းစားနေဆဲ သူနဲ့ တစ်လတိတိ အတူတူ နေခဲ့သော Charles ကို အရင်တုန်းက သူတို့နှစ်ယောက် အတူ ထိုင်ခဲ့တဲ့ စားပွဲ ၊ မှာပဲ ထိုင်နေတာတွေ့လိုက်ရသည်။ Charles က စီးကရက်သောက်ရင်းနဲ့ ဝိုင်ခွက်တစ်ခွက်ကို လက်ထဲမှာ ကိုင်ထားပြီး အရင်တုန်းကလို ခပ်ရွှင်ရွှင်မျက်နှာပေးဖြင့် ငယ်ရွယ်နုပျိုတဲ့ တခြားလူငယ်လေးတစ်ယောက်နှင့် ထိုင်နေသည်။
Charles ကို ဒီလိုတွေ့လိုက်ရတော့ Tang Feng ရဲ့ ဦးနှောက်ထဲမှာတွေးမိတာက ဒီလို အဆက်မပြတ် အိပ်ယာထဲက အလုပ်ကို ကြိုးစားနေရင် မကြာခင် ဒီလူ ကျောက်ကပ်ရောဂါရတော့မည် ဖြစ်သည်။
ဒါပေမယ့် သူ့စိတ်ကတော့ Charles ကို တခြားအမျိုးသားတစ်ယောက်နဲ့ အတူ မြင်လိုက်ရလို့ ဘယ်လိုမှ ဖြစ်မသွားပေ။ Charles လည်း သူနဲ့ Lu Tian Chen ကို အတူတွဲမြင်လိုက်လို့ ဘာမှ မဖြစ်သွားလောက်ဟု ထင်သည်။ Charles ဘက်ကစပြီး ကောင်းကောင်းမွန်မွန် လမ်းခွဲခဲ့ကြပြီး ပြန်တွေ့ကြရင်လည်း တစ်ယောက်ကို တစ်ယောက် မနှောက်ယှက် ရန်ပြောခဲ့ပြီးဖြစ်သည်။
" ဟေး...တိုက်ဆိုင်လိုက်တာ..မင်းတို့ ဒီမှာပဲ လာထိုင်ကြလေ။ နေ့လည်စာ "
Tang Feng နဲ့ Lu Tian Chen ကို လှမ်းပြီးမြင်တော့ Charles ဟာ လက်ဝှေ့ရမ်းပြီး ဖိတ်ခေါ်လိုက်သည်။ သူက လှမ်းဖိလိုက်ပြီး သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ကောင်လေးကို သူ့ဘေးက ထိုင်ခုံမှာ လာထိုင်ခိုင်းလိုက်သည်။ သူက ကောင်လေးရဲ့ပုခုံးပေါ် ကြင်နာယုယပုံဖြင့် လက်တဖက်တင်ကာ ဖက်ထားလိုက်သည်။ သူ့ရဲ့ အပြုံးတွေဟာ ခါတိုင်းထက် ပိုပြီး ချိုသာ တောက်ပလို့နေသည်။
" ကောင်းပြီလေ "
Lu Tian Chen ဟာ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ လျှောက်သွားခဲ့သည်။
Lu Tian Chen ဟာ Charles နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ Tang Feng လည်း လွတ်နေသည့်ခုံတွင် အေးဆေးစွာဝင်ထိုင်ကာ ပေါ့ပါးစွာ နူတ်ဆက်လိုက်ပြီး Charles ဘေးက ကောင်လေးကိုလည်း နူတ်ဆက်လိုက်သည်။
........................................................................
Chapter (60)- လေးယောက်စာ ထမင်းဝိုင်း - 2
" အချစ်လေး....မင်း စားချင်တာ စိတ်ကြိုက်မှာစားလို့ရတယ်နော် "
Charles က ဆွဲဆောင်မူအပြည့်ရှိတဲ့ အပြုံးဖြင့် သူ့ဘေးက ကောင်လေးကို ကြင်နာနွေးထွေးမူအပြည့်ဖြင့် ချစ်သူကောင်းတစ်ယောက်လို ပြောလိုက်သည်။
Charles ရဲ့ စကားလုံးတွေအောက်မှာ လီချွမ်ဆိုတဲ့ကောင်လေးက အရည်ပျော်ကျသွားတော့သည်။ သူ့အပေါ် ကြင်နာနေပေမယ့် မနေ့ညက ခဏလောက်နမ်းပြီးဘာကြောင့် အိမ်ကနေ ကန်ထုတ်လိုက်သလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်နေသည်။ သူက ချက်ချင်းပြန်ပို့ခံလိုက်ရပေမယ့် ပိုက်ဆံ အများကြီး ပေးလိုက်သေးသည်။ သူ့ဘဝတွင် မောက်မာသည့် အထက်တန်းလွှာ သူဌေးများကိုသာ တွေ့ဖူးပြီး Charles လို ရုပ်ချောကာ ဉာဏ်လည်းထက်သည့် နူးညံ့သည့် လူကြီးလူကောင်းမျိုးကို မတွေ့ဖူးခဲ့ပေ။
Tang Fengကတော့ မီနူးစာအုပ်ကို လှန် ကြည့်နေပြီး ပူစပ်စပ် အရသာမျိုးမယ့် ဟင်းပွဲတွေကို မှာရင်း အလုပ်ရူပ်နေတော့ Charles တို့ မျက်စိရှေ့တည့်တည့်မှာ ပလူးပြနေသည်ကို အာရုံစိုက်ချိန်မရပေ။ သူနဲ့ Charles ကြားရှိတဲ့ အပေးအယူကိစ္စ ပြီးသွားပြီဖြစ်လို့ သူတို့ကြားက ဆက်ဆံရေးလည်း အဆုံးသတ်သွားပြီဟု သူ ယူဆသည်။ ဒါကြောင့် အခုကစပြီး Charlesက ဘယ်သူနဲ့တွဲတွဲ ဘယ်လိုလုပ်လုပ် သူ့စိတ်ထဲ ဘယ်လိုမှမနေပေ။
"President Lu... ကျွန်တော် ဒီနေ့နေ့လည် ကျွန်တော့်အဆောင်ကို ရွေ့လို့ရနိုင်မလား"
Tang Feng ဟာ Lu Tian Chen ဘက်ကို လှည့်ကြည့်ရင်း မေးလိုက်သည်။ သူ့သဘောအတိုင်းဆိုရင် အခုချက်ချင်း အထုပ်ဆွဲကာ အဆောင်ပြောင်းလိုက်ချင်သည်။ ညဘက်ကြီး အဆောင်ပြောင်းရပါက အထုပ်ပိုးဖြေ၊ သန့်ရှင်းရေးလုပ်နှင့် အလုပ်ရှုပ်နိုင်သည်။
Lu Tian Chen က မီနူးစာအုပ်ကို စားပွဲထိုးရဲ့ လက်ထဲ ပြန်ပေးလိုက်ပြီး Tang Feng ကို စောင်းကြည့်ကာ ပြောလိုက်သည်။
" မင်း ဒီနေ့နေ့လည်မှာ နောက်အပတ်တက်ရမယ့် training class နဲ့ပတ်သတ်ပြီး ရှောင်ယု နဲ့ ဆွေးနွေးရမယ် "
Xiao Yu နဲ့ သင်တန်းကိစ္စ ဆွေးနွေးဖို့လိုတာကို မနက်တုန်းက ဘာကြောင့်မစီစဉ်ပဲ သူ့ရုံးခန်းထဲမှာ အချိန်ဖြုန်းနေစေတာလဲ။ တမင်သက်သက် နေ့လည်ဘက်မှ လုပ်ဖို့ အချိန် ဆွဲနေတာလား။ Lu Tian Chen က သူ့ကို ကစားနေတာလားလို့ တွေးမိပေမယ့် မဖြစ်နိုင်ပေ။
Tang Feng မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး စားပွဲပေါ်က ဖန်ခွက်ကို ကောက်ကိုင်ပြီး သောက်ဖို့ လုပ်ပေမယ့် Charles က ထိုဖန်ခွက်ကို လမ်းတစ်ဝက်ကနေ ဖြတ်လုသွားပြီး လီချွမ် ကို ကမ်းပေးလိုက်သည်။
" ရေ သောက်ဦး အချစ်လေး " Charles ဟာ တောက်ပ ခန့်ညားတဲ့ အပြုံးကို ပြုံးရင်း ပြောလိုက်တယ် ။
Tang Feng စိတ်ထဲ ဘယ်လိုမှ မဖြစ်သွားပဲ သူ့ရဲ့ ဘယ်ဘက်မှာ ရှိတဲ့ Lu Tian Chen ရဲ့ ဖန်ခွက်ကို ဂရုမစိုက်တဲ့ အမူအယာနဲ့ ကောက်ယူလိုက်သည်။ Charles နေရာမှားပြီး ဖန်ခွက်ကို ယူသွားလို့ လီချွမ် ရဲ့ ဘေးမှာချထားတဲ့ ဖန်ခွက်က Lu Tian Chen ရဲ့ ဖန်ခွက် ဖြစ်သွားပြီးတော့ ၊ Lu Tian Chen ဘေးက ဖန်ခွက်က သူသောက်ရမယ့် ခွက်ဖြစ်သွားပြီ။
Tang Feng ရဲ့ အပြုအမူကြောင့် Charles လူပ်လူပ်ရှားရှား ဖြစ်သွားခဲ့ပြီး Lu Tian Chen က တော့ မျက်ဝန်းကို တစ်ချက်ပင့်ပြီး ရေသောက်နေတဲ့ Tang Feng ကို ဘာမှမပြောပဲ စိုက်ကြည့်နေသည်။
" ဘာပြောချင်လို့လဲ "
Lu Tian Chen က သူ့ကို တစ်ခုခု ပြောချင်လို့ အခုလို စိုက်ကြည့်နေတယ်ဆိုတာ Tang Feng ချက်ချင်း သဘောပေါက်လိုက်သည်။
" မင်းသောက်နေတာ ငါ့ရဲ့ ရေခွက်ပဲ"
စူးစိုက်ကြည့်ရင်း Lu Tian Chen က ပြောလိုက်ပေမယ့် Tang Feng က နည်းနည်းလေးတောင် ဂရုမစိုက်ပဲ ပြုံးကာပြန်ဖြေလိုက်သည်။
" အခု ကျွန်တော်သောက်လိုက်တော့ ကျွန်တော့်ခွက် ဖြစ်သွားပြီ။ ခင်ဗျား သောက်ချင်ရင် ခင်ဗျားဘေးက ရေခွက်ကို ယူလိုက်ပေါ့ "
Tang Feng ရဲ့စကားကြောင့် Lu Tian Chen ဘာမှမပြောပဲ နေလိုက်သည်။ Tang Feng ကတော့ ပြုံးပြုံးလေးနှင့် တဝက်ကျန်သော ဖန်ခွက်ကို ချလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီခွက်ထဲက ရေကို သူသောက်လိုက်ပြီ။ ဘယ်သူ ဘာတတ်နိုင်သေးလဲ။
Tang Feng နဲ့ မျက်လုံးချင်း ဆုံကြည့်နေရာမှ Lu Tian Chen က Tang Feng ချလိုက်တဲ့ ဖန်ခွက်ကို ချက်ချင်း ကောက်ယူလိုက်ပြီး ကျန်နေတဲ့ ရေကို သောက်ချလိုက်သည်။ ထင်မှတ်မထားတဲ့ အခြေအနေကြောင့် Tang Feng ရဲ့ မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ သူ့မျက်လုံးရှေ့မှာ ဒီလူနှစ်ယောက်ရဲ့ ကလေးဆန်ဆန် ညစ်ကျယ်ကျယ် အပြုအမူတွေကို မြင်လိုက်ရတဲ့ အချိန်မှာ Charles ရဲ့ အပြုံးဟာ ခြောက်ကပ်ကပ်ဖြစ်သွားခဲ့သည်။
" အချစ်လေး....ကိုယ်လည်း ရေသောက်ချင်တယ်"
Charles ဟာ လီချွမ်လက်ထဲက သောက်လက်စ ဖန်ခွက်ကို ဆွဲယူကာ နူတ်ခမ်းနားမှာ တေ့လိုက်ပေမယ့် တွန့်ဆုတ်သွားပြီး သူ့မျက်ဝန်းထဲ မလုပ်ချင်သည့်အရိပ်တွေထင်သွားပေမယ့် အတင်းဇွတ်မှတ်ကာ ရေကို အာစွတ်ရုံတငုံ သောက်ကာ ဖန်ခွက်ကို ပြန်ချလိုက်သည်။
Tang Feng ဟာ နောက်ကို လှည့်လိုက်ပြီး စားပွဲထိုးကို ခေါ်လိုက်သည်။
" ကျွန်တော့်အတွက် နောက်ထပ် ရေတစ်ခွက်လောက် ယူလာပေးပါလား "
သူ့စိတ်ထဲမှာ ဒီလူနှစ်ယောက် အဓိပ္ပာယ်မရှိတာတွေ လုပ်နေတာပဲဟု တွေးလိုက်မိသည်။
" Tang Feng "
Charles ဟာ စားပွဲခုံကို လက်နဲ့ တစ်ချက်ပုတ်ကာ ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ပထမဆုံး သူ့ကိုခေါ်လိုက်သည်။
" ဟုတ်ကဲ့ "
Charles က ပြုံးကာ လီချွမ် ရဲ့ ပုခုံးကို မြတ်နိုးတဲ့ အမူအယာနဲ့ ဆွဲဖက်လိုက်ပြီးပြောလိုက်သည်။
" ဒါ ငါ့ရဲ့ ချစ်သူ အသစ်လေ "
Tang Feng ပြုံးကာ ခေါင်းငြိမ်လိုက်သည်။
" အင်း...ကျွန်တော် သိပြီးသားပါ။ ခုနတုန်းက မိတ်ဆက်ထားပြီးသား မဟုတ်လား..လီချွမ် မဟုတ်လား "
Tang Feng က မျက်နှာချင်းဆိုင်က ကောင်လေးကို စိုက်ကြည့်ကာ သိမ်မွေ့စွာပြုံးလိုက်တော့ လီချွမ်က ရှက်သွားပြီး ခေါင်းငုံ့လိုက်သည်။
Charles ဟာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့ရဲ့ ဘေးက အရှက်သည်းနေတဲ့ ကောင်လေးကို ကြည့်လိုက်သည်။။
လေးယောက်သား နေ့လည်စာကို အသီးသီး ဆက်လက်စားနေပေမယ့် နေရခက်သည့် အခြေနေက ဆက်လက်ရှိနေသည်။ စားပြီးခါနီးတွင် Lu Tian Chen ဟာ သူ့ရဲ့သူငယ်ချင်းကြီးမျက်နှာကို တစ်ချက်လှမ်းကြည့်ကာ Tang Feng ဘက်ကို လှည့်ပြီးပြောလိုက်သည်။
" ကုမ္ပဏီက စီစဉ်ထားတဲ့ အဆောင်တွေ အကုန်ပြည့်နေပြီး လူသစ် ထပ်ထည့်ဖို့ လောလောဆည် အဆင်မပြေဘူး။ ဒါကြောင့် မင်းအတွက် တိုက်ခန်းတစ်ခုရှာခိုင်းထားတယ်။ တိုက်ခန်းမရခင်အကြား မင်း ငါ့အိမ်မှာပဲနေရမယ်။"
" ရပါတယ်။ ကျွန်တော့်ကတော့ ဘယ်နေရာဖြစ်ဖြစ် နေလို့ရပါတယ် "
Tang Feng ကတော့ ပြောင်းလဲသွားတဲ့ အခြေအနေအပေါ် ကျေနပ်နေသည်။ တိုက်ခန်းဆိုတာ အဆောင်ထက် နေရတာ ပိုကျယ်ပြီး ပိုအဆင်ပြေသည်။ တိုက်ခန်းမရခင် Lu Tian Chen ရဲ့အိမ်မှာ ရက်ပိုင်းလောက် နေရလည်း ဘာမှမဖြစ်ပေ။ Lu Tian Chen က သူ့ကို မျက်စိရူပ်လာရင် သူနေဖို့ တိုက်ခန်းကို ချက်ချင်း ရှာပေးလိမ့်မည်ဖြစ်သည်။
Tang Feng ရဲ့ အလွယ်တကူ ဖြေလိုက်သည့် စကားကြောင့် Charles သောက်နေလက်စ ဝိုင်က လည်ပင်းမှာ နင်သွားခဲ့သည်။
...........................................................
Chapter (61)- Curses and Harsh Words
" ကဲ ပရိသတ်ကြီးရဲ့ အဖြေက ဘာများလဲ... ဟုတ်သလား... မဟုတ်ဘူးလား ပြောလိုက်ပါဦး "
ရုပ်ရည်ချောမောပြီး နှစ်လိုဖွယ်လူငယ်လေးတစ်ယောက်က ပရိတ်သတ်တွေဘက်ကို မိုက်ခရိုဖုန်းထိုးပေးကာ ခပ်မြူးမြူးမေးလိုက်သည်။ သူ့ရဲ့ အပြုံးတွေဟာ အပြစ်ကင်းစင် ရိုးသားတဲ့ ပုံပေါ်လွင်နေသည်။
အဲ့ဒီရုပ်သံတင်ဆက်သူ လူငယ်လေးဟာ နှစ်လိုဖွယ်ရာကောင်းတဲ့ လူငယ်လေးဖြစ်ပြီး သူ့ရဲ့သွက်လက်မှုက လူကြီးလူငယ်၊ အမျိုးသား၊ အမျိုးသမီး အားလုံးရဲ့ ချစ်ခင်မှုကို ရရှိသွားစေသည်။
" ဟုတ်ပါတယ်... "
ပရိသတ်ကြီးဆီက တညီတညွတ်တည်း ပြန်ဖြေလိုက်သံက ခန်းမကြီးထဲမှာ ပဲ့တင်ထပ်သွားတာကိုကြည့်ရင် ဒီ အစီစဉ်တင်ဆက်သူ လူငယ်လေးကို ပရိတ်သတ်ကြီး ဘယ်လောက်ချစ်တယ်ဆိုတာ ထင်ရှားနေသည်။ အဆိုတော်ဖြစ်သလို အစီစဉ်တင်ဆက်သူဖြစ်တဲ့ ချန်းမင်ရွှိက ဒီနေ့မှာ နာမည်ကျော်တဲ့ idols တွေထဲမှ တစ်ဦးအပါဝင် ဖြစ်သည်။
" ဟုတ်ပါပြီ။ နောက်အပတ် အစီအစဉ်မှာ တိုက်ရိုက်ဖုန်းခေါ်ဆိုမယ့် ကဏ္ဍတစ်ခု ထည့်သွင်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေက ဘယ်နာမည်ကြီး အနုပညာရှင်တွေကို ဖုန်းခေါ်ဆိုမလဲဆိုတာ ပရိသတ်ကြီးနဲ့အတူ ရင်ခုန်စွာ စောင့်စားကြည့်ရူဖို့ ကြည့်ရှုသူပရိတ်သတ်တွေကို ဖိတ်ခေါ်ပါတယ်။ "
ချန်မင်ရွှိက ပရိသတ်တွေကို ဆွဲဆောင်မူရှိတဲ့ အပြုံးနဲ့ ပြောပြပြီး စင်မြင့်ထက်မှာ ထိုင်နေကြတဲ့ ဧည့်သည် တွေအထဲက သိပ်ပြီး ပေါ်လွင်ထင်ရှားခြင်းမရှိတဲ့ အမျိုးသားတစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး ဖြည့်စွက်ပြောလိုက်သည်။
" အထူးသဖြင့် Tang Feng ပေါ့ဗျာ။ အနုပညာလောကထဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော် တွေထက် ပိုစောစော ဝင်ရောက်ခဲ့တဲ့ ကျွန်တော့်ရဲ့ စီနီယာလည်းဖြစ်တဲ့အတွက် အောင်မြင်တဲ့ အနုပညာရှင် တော်တော်များများနဲ့ ခင်မင်ရင်းနှီးနေမယ်လို့ ကျွန်တော်ထင်ပါတယ်... "
" ဟင်း..ဟင်း..ဟင်း...Tang Feng က ပွဲထွက်ခဲ့တဲ့အချိန်က ကျွန်မတို့ထက် ပိုစေတဲ့အပြင် အတော်လေးနာမည်ကြီးခဲ့တယ်။ ဒါကြောင့် သူက နာမည်ကြီးတဲ့လူတွေနဲ့ သေချာပေါက်ရင်းနှီးမှာပေါ့ရှင်။ Ge Chen နဲ့ idol group တစ်ခုထဲက ထွက်ခဲ့တယ်ဆိုတော့ နောက်အပတ်ကျရင် ကျွန်မတို့အားလုံး အံ့သြသွားအောင်လို့ သူ Ge Chen ဆီကို ဖုန်းဆက်ဖို့ စီစဉ်ထားမလားမသိဘူးနော်။ ဒါဆိုရင် ကျွန်မတော့ အရမ်း ပျော်သွားမှာပဲ ...ကျွန်မက Ge Chen ရဲ့ ဖနျအကြီးစားဖြစ်နေလို့လေ "
တတိယ အဆင့် သရုပ်ဆောင် အမျိုးသမီးက အစီစဉ်တင်ဆက်သူရဲ့စကားကြောင့် စိတ်အားထက်သန်စွာ ဝင်ပြောလိုက်သည်။
" Ge Chen က အခုဆို အရမ်းကို နာမည်ကြီးနေပြီး အလုပ်အရမ်းများတာဆိုတော့ ကျွန်တော်တို့ရဲ့ အစီအစဉ်မှာ ဘယ်လိုများ ပါဝင်ပေးနိုင်မလဲ မသိဘူ ။ ဘာပဲဖြစ်ဖြစ် Tang Feng ရေ ...ငါတို့ကို စိတ်ပျက်အောင်တော့ မလုပ်လိုက်နဲ့ဦးနော "
နောက်ထပ် တတိယအဆင့် အမျိုးသားသရုပ်ဆောင်က ထပ်ပြီး လူတွေရဲ့စိတ်ဝင်စားမှုမြင့်တက်အောင် ဝင်ပြောလိုက်ပြန်သည်။ နောက်အပတ် ဒီအစီအစဉ်မှာ Tang Feng က Ge Chen ကို ဖုန်းခေါ်ဆိုဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တာ ကြိုသိနေတဲ့ စင်ထက်က လူအချို့က ထိုစကားကိုကြားတော့ လှောင်ပြောင်ရယ်မောလိုက်ကြသည်။
Tang Feng နဲ့ Ge Chenက အရင်က သိကျွမ်းခဲ့ပေမယ့် အခု သူတို့နှစ်ယောက်ရဲ့အဆင့်က မိုးနဲ့မြေလို ကွာခြားလို့နေလေပြီ။ Tang Feng က variety shows တွေမှာ အနှိမ်ခံဘဝနဲ့ နေနေရပြီး အနုပညာလောကမှ ဆက်လက်ရပ်တည်နိုင်ဖို့ အားစိုက်ထုတ်နေရချိန်မှာ Ge Chen က နာမည်ကြီး စတားဘဝတွင် ရပ်တည်နေခဲ့သည်။
ဒါပေမယ့် အရင် Tang Feng ရဲ့ အခြေအနေကို အခု Tang Feng က လုံးဝ ပြောင်းလဲပစ်ဖို့ သူ ကြံထားသည်။
Tang Feng ဟာ ကင်မရာကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပ ပြုံးလိုက်ပြီးပြောလိုက်သည်။
" နောက်အပတ်ရောက်ရင် အံ့သြသင့်သွားဖို့ ကြိုတင်ပြင်ဆင်ထားကြပါခင်ဗျာ "
ပရိသတ်ကြီးဟာ Tang Feng ရဲ့ ခပ်ရွှင်ရွှင်အပြောကြောင့် သဘောကျစွာရယ်မောလိုက်ကြသည်။
အစီစဉ်ရိုက်ကူးတာ ပြီးသွားခဲ့ပေမယ် ချန်မင်ရွှိက စင်အောက်က ပရိတ်သတ်များဖြင့် စကားပြောနေဆဲဖြစ်သည်။ သူ့ကိုမြင်သူတိုင်း နှစ်လိုဖွယ်ကောင်လေးဆိုတာ လူတိုင်းလက်ခံကြမည်ဖြစ်သည်။
" သူ ဘာကြောင့် ရှင့်တစ်ယောက်တည်းကိုပဲ ရွေးပြီး အမြဲ အခက်တွေ့အောင် လုပ်နေရတာလဲ မသိဘူး"
ရှောင်ယုက ချန်မင်ရွှိကို ရွံရှာစွာကြည့်ကာ ပြောလိုက်သည်။
" စင်ပေါ်မှာ လူတွေမှ အများကြီးထဲက ရှင့်ကိုပဲလာလာ တိုက်ခိုက်နေတယ်။ ရှင်နဲ့ ကိုယ်ရေးကိုယ်တာ အခဲမကျေစရာရှိနေလို့လား။ ဒီအစီစဉ်မှာ ရှင့်ကို လူရယ်စရာဖြစ်အောင် အမြဲ လှောင်ပြောင်စရာ လူတစ်ယောက်ပုံစံဖြစ်အောင် လုပ်နေတာ သူလည်းပဲ သာမန် အနုပညာရှင်တစ်ယောက်ပဲ မဟုတ်လား။ "
" ထားလိုက်ပါ ... စင်ပေါ်က အကြောင်းကို မပြောပါနဲ့တော့.. အိမ်ကိုပြန်ကြစို့... "
သူ့ကို သဘောမကျလို့ တိုက်ခိုက်တဲ့လူတိုင်းကို လိုက်ပြီးစိတ်ဆိုးမယ်ဆိုရင် သေသွားနိုင်သည်။ ချန်မင်ရွှိက သူ့ကိုဘာကြောင့် ဆက်တိုက်နှောက်ယှက်နေရသလဲဆိုတာ သူ လုံးဝမသိပေမယ့် သူ ရိုက်ကူးရေးလာတိုင်း ချန်မင်ရွှိက သူ့ကို ပရိတ်သတ်ရှေ့ အရှက်ကွဲအောင် အမြဲတိုက်ခိုက်လေ့ရှိသည်။ ဒါပေမယ့် ဒီလို လုပ်လေ အပိုင်းတိုင်းမှာ သူ ပါဝင်ရိုက်ကူးရမည့် အခန်းက ပိုများလေဖြစ်ပြိး ပရိတ်သတ်အာရုံစိုက် ခံရနိုင်လေဖြစ်သည်။ ဒါကိုတွေးမိတော့သူ ကျေနပ်စွာ ပြုံးလိုက်မိသည်။ နောက်တပိုင်းဆိုရင် သူ ပါဝင်ရိုက်ကူးတာ နောက်ဆုံး အပိုင်းဖြစ်သည်။
" Tang Feng...နောက်အပတ် အစီအစဉ် ရိုက်ကူးတဲ့အခါ ရှင် Ge Chen ဆီ ဖုန်းဆက်လို့ ရနိုင်ပါ့မလား? ကျွန်မတော့ မထင်ဘူး "
ရှောင်ယု ဟာ Tang Feng ဘေး မှာ လိုက်လျှောက်လာရင်း စိတ်ပူစွာမေးလိုက်သည်။Ge Chen လား... Tang Feng လျှောက်လက်စ ခြေလှမ်းကို ရပ်ကာ ပြုံးလိုက်သည်။
" သူက အခုအချိန်မှာ အရမ်းကို အောင်မြင်နေတဲ့ သူ ဖြစ်နေပြီ။ အခုလို အစီအစဉ်မျိုးမှာ ပါဝင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ စကားတခွန်းမှားသွားရင် သူတည်ဆောက်ထားတဲ့ ပုံရိပ် လုံးဝ ပျက်စီးသွားနိုင်တယ်။ ထုတ်လုပ်ရေးအဖွဲ့က ငါ့ကို အရှက်ခွဲရုံသက်သက်ပဲ လုပ်လိုက်တာပါ။ ဒါကြောင့် သူတို့ပြောတဲ့စကားကို စိတ်ထဲ ထည်မ့ထားနဲ့။ ကုမ္ပဏီရဲ့ လူသစ်တန်း သရုပ်ဆောင်လေးတွေထဲက တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်လိုက်ရင်လည်း ရတာပဲ။ စိတ်မပူနဲ့ ။ "
" Tang Feng..... Ge Chen က ဒီရုပ်သံဌာနရဲ့ အစီအစဉ် တစ်ခုမှာ ရိုက်ကူးဖို့ အခု ရောက်နေတယ်။ နောက်အပတ် ရှင် အရှက်တကွဲ မဖြစ်ဖို့ ကျွန်မတို့ သူ့ဆီသွားပြီး အကူအညီတောင်းကြည့်ရအောင်"
ရှောင်ယုက ခပ်တိုးတိုး ပြောလိုက်သည်။
" ဒီကိစ္စကို ငါ့ဖာသာပဲ ဖြေရှင်းလိုက်ပါ့မယ်။ ဒီနေ့လည်အတွက် လုပ်စရာ မရှိဘူးဆိုတော့ ငါ သွားတော့မယ်။ ကိစ္စတစ်ခုခု ပေါ်လာရင် ဖုန်းဆက်လိုက်။ "
" အိုကေ ..ရှင်လည်း အရမ်း စိတ် ပင်ပန်းအောင် မလုပ်နဲ့ဦးနော်။ ကျွန်မ ရှင့်ကို ကားနဲ့ပြန်ပို့ပေးရမလား "
Tang Feng က အမြဲ ကိုယ့်ကိုယ်ကို ယုံကြည်မူ အပြည့်အဝ ရှိနေတဲ့ လူဖြစ်သောကြောင့် ရှောင်ယုက ဆက်မပြောတော့ပေ။
ဓာတ်လှေကားကို စောင့်နေရင်း ရှောင်ယုက မေးလိုက်တော့ Tang Feng ခေါင်းကို ယမ်းလိုက်သည်။
" ရပတယ်။ ငါ့ဖာသာပဲ ပြန်လိုက်မယ် "
အခုဆိုရင် Lu Tian Chen ရဲ့ အိမ်ကြီးမှာ Tang Feng နေနေတာ ရက်အတော်ကြာလာပြီဖြစ်ပြီး သူ့အတွက် တိုက်ခန်းကို ရှာတာ ခုထိမတွေ့နိုင်သေးပေ။ Lu Tian Chen ရဲ့ အိမ်ကြီးမှာ နေတာ သက်တောင့်သက်သာ ရှိတဲ့အတွက် တိုက်ခန်းရှာတာ ကြာနေလည်း သူ့အတွက် ဘာမှမဖြစ်ပေ။ အခုဆိုရင် Lu Tian Chen က သူဌေး ဖြစ်ပြီး သူကတော့ ဝန်ထမ်း ဖြစ်ပေမယ့် မနက်တိုင်းမှာ Tang Fengက မနက် ၉နာရီ ၁၀ နာရီလောက်မှ အိပ်ရာထပြီး Lu Tian Chen က အလုပ်သွားဖို့ အိပ်ရာစောစောထနေရသည်။
ဓာတ်လှေကား ပွင့်သွားတော့ Tang Feng နဲ့ ရှောင်ယုတို့ အထဲဝင်ဖို့ လုပ်နေတဲ့ အချိန်မှာ အထဲကနေ လူတစ်စုက အပြင်ကို ထွက်လာကြသည်။ အများစုကတော့ ရှောင်ယုလို လက်ထောက်လေးတွေဖြစ်ပြီး သူတို့ရဲ့ အလယ်မှာ ရှိနေတဲ့ အမျိုးသားက ဘေးက လူတွေနဲ့ လုံးဝကွဲထွက်နေပြီး ထင်ရှားနေသည်။
နှစ်ဖက်စလုံးက လူတွေက မျက်နှာချင်းဆိုင်မိတော့ ပြောလက်စတွေ ရပ်သွားကြသည်။ လူတပြုံကြီးဝန်းရံထားသည့် အလယ်က ကောင်လေးက Tang Feng ကို စိုက်ကြည့်နေပြီး ဘာမှမပြောပေမယ့် အကြည့်တွေက တကိုယ်လုံးကို ထွင်းဖောက်နေသလိုပင်။
Tang Feng နဲ့ ရှောင်ယုတို့က Ge Chen ကို ခုလို မျက်နှာချင်းဆို်င်တိုးမိမည်ဟု မထင်ထားမိပေ။ ကြည့်ရတာ အဲ့ဒီ Ge Chen ဟာ တောင်ကိုရီးယားမှာ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားသစ်အတွက် ပရိုမိုးရှင်းလုပ်ရန် လာပုံရသည်။
" ဟယ်လို....Ge Chen "
Tang Feng ဟာ ထိုအမျိုးသားကို အပြုံးနဲ့ နူတ်ဆက်လိုက်သည်။
ရှောင်ယုက Ge Chen ကို တချက်ခိုးကြည့်ကာ သတ္တိမွေးပြီး စကားဝင်ပြောလိုက်သည်။
" Hello....Mr.Ge။ ကျွန်မတို့ ရှင့်ကို အခုပဲ ဆက်သွယ်တော့မလို "
Tang Feng က သူမကို ဆက်မပြောရန် လက်ကို ကုတ်လိုက်ပေမယ့် သူမက တရစပ် ပြောလိုက်သည်။ခုနက show ပွဲမှာ အခြေအနေကို Ge Chen ကို ရှင်းပြလိုက်သည်။
" လူကိုယ်တိုင် ပါဝင်ပေးဖို့ မလိုပါဘူးရှင်... ဖုန်းဆက် စကားပြောပေးယုံလေးပါ။ တကယ်လို့ Mr.Ge ဘက်က အချိန်နည်းနည်းပေးနိုင်ရင် ကျွန်မတို့ကို ကူညီပေးနိုင်မလား "
" တစ်ချက် စဉ်းစားလိုက်ဦးမယ် "
Tang Feng ကြိုတင် မျှော်လင့်ထားသလို Ge Chen ရဲ့လေသံဟာ အေးတိအေးစက် ဖြစ်နေပြီး Tang Feng ကို ခပ်နှိမ်နှိမ် ကြည့်လိုက်ပြီးပြောလိုက်သည်။
" မင်း အခုထိ အဲ့ဒီလို ခပ်ပေါပေါ အစီအစဉ်မှာ ပါနေတုန်းပဲလား"
" ခပ်ပေါပေါ အစီအစဉ်ဆိုတာ တကယ်တန်း ပါကြည်တော့ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ် "
Tang Feng က ဓာတ်လှေကားထဲကို ဝင်လိုက်ပြီး Ge Chen ရဲ့ ရင့်သီးမောက်မာသည့် စကားလုံးကို ဘယ်လိုမှ မသက်ရောက်သလို ပြုံးလိုက်ပြီး မကြားချင်ယောင် ဆောင်လိုက်သည်။ ရှောင်ယုက Ge Chen ကို ကြောင်ကြည့်နေမိသည်။ နတ်သားလေးလို ဖြူစင်ရိုးသားသည့်ပုံနှင့် သရုပ်ဆောင်တစ်ယောက်က ဒီလို အောက်တန်းကျကာ ယုတ်ညံ့လိမ့်မည်ဟု သူမ ထင်မထားမိပေ။
သူမ က Ge Chen က ခုလို အကူညီတောင်းတာကို မငြင်းဘူးဟုထင်ထားခဲ့သည်။ Ge Chen နဲ့ Tang Feng တို့လုပ်ကိုင်နေသည့် ကုမ္ပဏီနှစ်ခုကြားက ရင်းနှီးမှုကို ထောက်ထားမည်ထင်ထားသည့်အပြင် အရင်ကလည်း idol group တစ်ခုထဲ အတူတွဲလုပ်ဖူးတာရယ်။ Ge Chen ကို ရင်းနှီးကျွမ်းဝင်လွယ်မယ်လို့ ထင်ထားသောကြောင့်ဖြစ်သည်။ ဒါကြောင့်
Tang Feng ဒီလောက်တောင် တားဆီးနေတဲ့ကြားက မစဉ်းစားပဲ ကိုယ့်အနုပညာရှင်ရဲ့ အခက်အခဲကို သူများဆီ သွားပြောပြလိုက်မိတဲ့ အဖြစ်ကို စဉ်းစားမိပြီးတော့ ရှောင်ယု ရဲ့မျက်နှာ ချက်ချင်း နီရဲလာသည်။ Tang Feng ကို အရှက်ရအောင် သူမ လုပ်လိုက်မိလေပြီ။
" Ge Chen... ရှင်လည်းပ TV show အစီအစဉ် ရိုက်ကူးဖို့ ဒီကို ရောက်လာတာပဲ မဟုတ်လား "
ရှောင်ယုက ချက်ချင်းပဲ Tang Feng ကိုယ်စား Ge Chen ရဲ့ အထင်သေးစကားကို တုံ့ပြန်ပြောဆိုလိုက်သည်။
" ငါတို့ Ge Chen ရိုက်ကူးမယ့် show က သူများတွေလို အဆင့်အတန်းမရှိတဲ့ဟာမျိုး မဟုတ်ဘူး။ ထိတ်ထိတ်ကြဲတွေကိုမှ ဖိတ်ခေါ်တဲ့ အထူး အစီအစဉ်မျိုး ဆိုတာ သိရဲ့လား "
Ge Chen ရဲ့ လက်ထောက်လည်း ငုံ့မခံပဲ နူတ်လှန်ထိုးလိုက်သည်။
အခြေအနေကပိုတင်းမာလာသောကြောင့် Tang Feng ဟာ ရှောင်ယု ကို သူ့ရဲ့ဘေးသို့ ဆွဲခေါ်လိုက်ပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ကာပြောလိုက်သည်။
" မင်းတို့အားလုံး အပြင်ကို ထွက်မှာလား။ ဒါမှမဟုတ် ငါတို့နဲ့အတူ အောက်ကို လိုက်ဆင်းမှာလား "
အခြွေရံ တွေဟာ Ge Chen ကို ဓာတ်လှေကားအပြင်ဘက်ကို ဝန်းရံကာထွက်သွားရင်း Tang Feng ကို မျက်စောင်းထိုးကာ အပြင်ကိုထွက်ရင်း လက်ထောက်တယောက်က စော်ကားသွားသေးသည်။
" ငါကြားမိတာတော့ မင်းက ခေတ်လည်းမရှိ။ စပွန်ဆာလိုက်ရှာနေရတဲ့ ဘဝရောက်နေပြီမဟုတ်လား။ အခု မင်းရဲ့ ဘဲကြီးက မင်းကို စွန့်ပစ်လိုက်ပြီမဟုတ်လား။ အောက်တန်းကျလိုက်တာ... "
" ရှင် ဘာစကားပြောတာလဲ....... "
ရှောင်ယုက အကျီလက်ကို ပင်ြ့ပီး ခုန်ထွက်ကာ ရန်ဖြစ်ရန်ပြင်လိုက်ပေမယ့် Tang Feng ချက်ချင်း လှမ်းဆွဲလိုက်သည်။ ထိုအချိန် ဓာတ်လှေကားတံခါး ပိတ်သွားကာ အောက်ကို ဆင်းလာခဲ့သည်။ Tang Feng ဟာ ရှောင်ယု ကို စိုက်ကြည့်ရင်း ခေါင်းယမ်းလိုက်သည်။
" ဒီကမ္ဘာမှာ ငါ့ကို ဆဲဆိုနေတဲ့လူတွေ အများကြီးပဲ။ မင်းက သူတို့အားလုံးနဲ့ ရန်ဖြစ်ဦးမလို့လား "
" အဲ့ဒီလူတွေ ရှင့်ကို ဆဲနေတာ ကျွန်မက ဘယ်လိုကြည့်နေနိုင်မှာလဲ.."
ငယ်စဉ်တုန်းကဆိုရင် ခုလို စော်ကားပြောဆိုသည်ကို သူလည်း ငြိမ်ခံနေနိုင်မှာ မဟုတ်ပေ။ မတရားပြောတဲ့သူတိုင်းကို တိုက်ခိုက်ကာ အမှန်တရားပေါ်အောင်လုပ်လိုက်မှာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့စိတ်က ရင့်ကျက်လာတာကြောင့် အရေးမပါသော လူတွေ ပြောသည့် စကားကို လိုက်လံခံစားပြီး တုန့်ပြန်တာ လုပ်မနေတော့ပေ။ ကိုယ်လုပ်စရာလုပ်ရင်း အချိန်တန်ရင် ဘာလဲဆိုတာ အလုပ်နဲ့သက်သေပြတာ အကောင်းဆုံးဖြစ်သည်။ အလိမ်အညာ စကားတွေ ၊ သွားပုတ်လေလွှင့်စကားတွေပေါ်လာလည်း အချိန်တန်ရင် အမှန်တရားဆိုတာ ပေါ်လာမှာပဲဖြစ်သည်။ လူက ပိုအောင်မြင်လာလေ ကောလဟာလပိုထွက်လေဖြစ်သည်။ ဝေဖန်ရူံ့ချမူတွေကို ကြံ့ကြံ့ခံနိုင်တဲ့ လူမှသာလျှင် မှတ်ကျောက်တင်ခံနိုင်ပြီး အောင်မြင်မှုနဲ့ထိုက်တန်တာဖြစ်သည်။
" လူတွေရဲ့ ပါးစပ်ကနေထွက်လာတဲ့ စကားတွေကို ငါတို့ ပိတ်ပင်လို့ မရဘူး။ မင်းကို အထင်အမြင်သေးပြီး နှိမ့်ချတဲ့သူကို ရန်သွားလုပ် အပြစ်ပြောနေလို့ ဘာမှ မထူးဘူး။ ကိုယ် လုပ်သင့်တာကို အကောင်းဆုံးလုပ်ပြီး သူတို့ထင်တာ မှားပါတယ်ဆိုတာ အလုပ်နဲ့ သက်သေပြရမယ်။ "
ရှောင်ယု သက်ပြင်းချကာ ပြောလိုက်သည်။
" ကျွန်မက ရှင့်ရဲ့ မန်နေဂျာဖြစ်ပြီး ရှင့်ကို ဘေးကနေ နည်းပေးလမ်းပြလုပ်ပေးရမှာဖြစ်ပေမယ့် အခု ရှင်ပြောတာကို နားထောင်လိုက်မှ လောကကြီးအကြောင်းကို ကျွန်မ နားမလည်သေးဘူးဆိုတာ သိလာတော့တယ်။ "
အနုပညာလောကထဲမှာ ဆယ်စုနှစ်များစွာ ကျင်လည်ရုန်းကန် လာတဲ့လူနဲ့ ယှဉ်ရင်တော့ မင်းရဲ့ အတွေ့ကြုံက ကလေးလေးလိုဖြစ်နေမှာပေါ့ ရှောင်ယုရေ..
သူတို့ နူတ်ဆက်လမ်းခွဲခဲ့ပြိး Tang Feng ဟာ taxi ဖြင့် Lu Tian Chen ရဲ့ အိမ်ကို ပြန်လာခဲ့သည်။ သူ့ရဲ့ အလုပ်အချိန်ဇယားတွေ အရင်ကထက် ပိုများလာပြီး အလုပ်ပိုရူပ်လာသည်။ " True Star " training class ကလည်း သဘက်ခါမှာ ဖွင့်လှစ်လေတော့မည်။ သူလည်း သင်တန်းသား လူသစ်တစ်ယောက်အနေနဲ့ ပါဝင် တက်ရောက်ရတော့မည်။
အရင်ဘဝက သူ ဖြတ်သန်းလာခဲ့တဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ သရုပ်ဆောင်အတတ်ပညာကို သင်တန်းဖြင့် ပို့ချပေးတာကို မကြုံဖူးပေ။ သူ က သရုပ်ဆောင်လောကထဲ စတင်ဝင်ရောက်လာချိန် ရုံကြီးကားတချို့မှာ ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး တဖြည်းဖြည်း ပညာယူရင်း အသက်၂၇နှစ်အရွယ်မှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရှင်အဖြစ် ဇကာတင်ရွေးချယ်ခံခဲ့ရသည်။ ထို့နောက် ထူးချွန်ဆုကို ရခဲ့ပြီး သူ့ရဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သည်။ Tang Feng ဟာ အခု အသက်အရွယ်ရောက်တော့မှ သရုပ်ဆောင်သင်တန်းကို ပြန်တက်ရမည်ကို တွေးပြီး ဘယ်လိုတွေကို ကြုံရမလဲဆိုတာ သိချင်စိတ်ပေါ်လာသည်။
........................................................................
![](https://img.wattpad.com/cover/202794649-288-k630223.jpg)
ESTÁS LEYENDO
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...