Chapter (66) _ - အစစ်အမှန် စတားတစ်ယောက်ဆိုတာ.... – 2
Tang Feng စိတ်ထဲ မသင်္ကာ ဖြစ်လာသည်။ ကျန်းလွေ့ချိန်က ဖုန်းကိုင်ရမယ့်အစား ဘယ်လိုဖြစ်ပြီး Gino က ဖုန်းကိုင်လိုက်တာလဲ။ ဒီကောင်က ဘာကြောင့် ဖုန်းနံပါတ် အသစ်ပြောင်းထားတာလဲ။
Tang Feng ရဲ့ခေါင်းထဲ မေးခွန်းတွေ တန်းစီနေပေမယ့် ရိုက်ကူးရေးတန်းလန်းနှင့် ဖြစ်နေသောကြောင့် အစီစဉ်ထဲက အတိုင်း တဖက်လူဆီမှာ အကူညီတောင်းရဦးမည်ဖြစ်သည်။ ဒါကြောင့် Gino ရဲ့ မီးကျိုးမောင်းပျက် တရုတ်စကားကို ဆက်နားမထောင်နိုင်သောကြောင့် သူက အင်္ဂလိပ်စကားဖြင့် ပြောင်းပြောလိုက်သည်။
"အာ... ကျွန်တော် အခု လက်တလော ငွေကြေးပြသနာ နည်းနည်းပေါ်နေလို့ အိမ်ဌားခ အခက်ခဲဖြစ်နေတာ.. ဒါကြောင့် ကျွန်တော့်ကို ပိုက်ဆံ နည်းနည်းချေးပေးနိုင်မလား....သရုပ်ဆောင်ခ ရရင်... "
Tang Feng စကားဆုံးအောင် မပြောရသေးခင် Gino ဟာ စကားစကို ဖြတ်ပြောလိုက်သည်။
" ငါတို့ကြား ယဉ်ယဉ်ကျေးကျေး ပြောဖို့ မလိုပါဘူးကွ... မင်း ပိုက်ဆံချေးနေတာလား။ ဘာကြောင့် အမေရိကားက ငါ့အိမ်မှာ အတူလာမနေတာလဲ... ငါ့ အိမ်က ကျယ်တယ်ဆိုတော့ မင်း သက်တောင့်သက်တာ နေနိုင်ပါတယ်ကွ... "
Gino က စိတ်အားထက်သန်စွာဖြင့် ခပ်မြန်မြန်ပြောသွားသောကြောင့် Tang Feng ပင် တဖက်က ဘာပြောလိုက်သည်ကို သေချာမကြားလိုက်ပေ။ ဒါပေမယ့် ပရိတ်သတ်တွေအားလုံးက သူ့ကို စိုက်ကြည့်နေသောကြောင့် သူ့လို မအောင်မြင်သေးသည့် တတိယအဆင့် ပြည်တွင်း သရုပ်ဆောင်လေးက နိုင်ငံတကာတွင် ကျော်ကြားသည့် ရုပ်ရှင်စတားကြီးနှင့် ခုလို တရင်းတနှီး ပြောဆိုကာ သူငယ်ချင်း ဆက်ဆံရေးရှိမည်ကို လုံးဝ မယုံကြည်နိုင်ဖြစ်နေမှန်း သိလိုက်သည်။
" အာ...မင်းရဲ့အိမ်က ငါ နေတဲ့နေရာနဲ့ ဝေးလွန်းတယ်ကွ။ လေယာဉ်နဲ့တောင် အကြာကြီး စီးရမှာလေကွာ.."
" မင်း တကယ် လာမယ်ဆိုရင် ငါ မင်းကို လေယာဉ်လက်မှတ်ဝယ်ပို့ပေးမယ်အပြင် လမ်းမှာ ကျန်ကျမယ့်စရိတ်တွေပါ ပို့ပေးမှာပါကွ... မင်း ဒီမှာ အလုပ်လုပ်ချင်တယ်ဆိုလည်း တခါတည်း စီစဉ်ပေးမှာပါ... ဘယ်လိုလဲ... ငါ သဘောကောင်းတယ်မဟုတ်လား။. ပြောင်းလာတော့မလား... "
Gino ရဲ့ ပြောပုံဆိုပုံ အရ သူတို့နှစ်ယောက်က တကယ့်လည်ပင်းဖက်ပေါင်းသည့် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေအတိုင်းဖြစ်သောကြောင့် ပရိတ်သတ်ကြီးက သူတို့ဟန်ဆောင်နေပါတယ်လို့ မထင်ရဲတော့ပေ။
Tang Feng ကတောင် မိမိနှင့် Gino ကြား ဒီလောက်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေမယ်လို့ မမျှော်လင့်ထားမိပေ။ အရင်ဘဝတုန်းကဆိုရင် သူတို့နှစ်ယောက်ဟာ တွေ့လိုက်တာနဲ့ အမြဲ စကားများနေကျဖြစ်ပေမယ့် အခုဘဝတွင် Gino က ဘာကြောင့် သူ့ ဖုန်းကို ကိုင်ပြီး ကူညီပေးနေရသလဲ ဆိုတာ နားမလည်နိုင်တော့ပေ။ ဒါပေမယ့် အခုအနေထားအရ ပရိတ်သတ်ကို ကောင်းကောင်းထိန်းနိုင်သောကြောင့်
Tang Feng ကတော့ Gino ကို ကျေးဇူးတင်လိုက်မိသည်။ အရင်တုန်းကဆိုရင် Gino က ဘယ်တုန်းကမှ variety show ပွဲ မှာ ပါဝင်လေ့မရှိသလို မျက်နှာထွက်ပြတတ်သူလည်း မဟုတ်ပေ။ ဒါက သူ့ပါဝင်မှု ပထမဆုံးဖြစ်ပြီး သူ့ကို လိုလားစွာကူညီပေးနေသည်။ ဒါကြောင့် Tang Feng စိတ် လူပ်ရှားသွားရပြီး Gino ပေါ်ထား တဲ့ သူ့သဘောထားတွေ ပြောင်းလဲသွားခဲ့သည်။
********-*******
" ရှောင်ယု ... ကျန်းလွေ့ချန်က ဘာလို့ ဖုန်းမကိုင်ပဲ Ginoက ဖုန်းကိုင်ဖြစ်သွားတာလဲ "
ရိုက်ကူးရေးပြီးလို့ စင်အောက်ကိုရောက်လာတော့ Tang Feng က ရှောင်ယုဆီလျှောက်သွားပြီးမေးလိုက်သည်။
ရှောင်းယုက အဖြစ်မှန်ကိုပြောပြမည်အပြု ချန်မင်ရွှိ သူတို့ဆီ လျှောက်လာတာ တွေ့လို နူတ်ဆိတ်နေလိုက်သည်။
" Tang Feng မင်း Gino နဲ့ တကယ် ရင်းနှီးနေမယ်လို့ ငါ လုံးဝ ထင်မထားမိဘူး "
ချန်မင်ရွှိက ဟန်ဆောင်ပြုံးပြီးပြောလိုက်ပေမယ့် ဒီလူရဲ့ စိတ်ရင်းမှန်ကို ရှောင်ယု ကောင်းကောင်းသိကာ စိတ်ထဲကနေ ရှုံ့ချနေမိသည်။
" ငါ သူနဲ့ တစ်ခါ နှစ်ခါ ဆုံဖူးရုံပါ "
Tang Feng က ရိုးရိုးစင်းစင်းသာ ပြန်ဖြေလိုက်သည်။ ဒီစကားထဲတွင် သင့်တော်သလောက်ပဲ ယဉ်ကျေးစွာဖြေလိုက်ပြီး ဒီထက် ပိုတိုးမလာစေလိုကြောင့် သဘောထားက ထင်ရှားနေသည်။ တဖက်လူကို မနှစ်သက်သောကြောင့် ထိုလူနှင့် မနီးကပ်စေပဲ အကွာဝေးတခုတွင် ထားလိုက်သည့် သဘောဖြစ်သည်။
" မင်းက Gino နဲ့ တစ်ခါ နှစ်ခါပဲ ဆုံဖူးရုံနဲ့ သူက မင်းကို သူ့အိမ်မှာလာနေဖို့ ဖိတ်တယ်ပေါ့... မင်းက ငါ့ စီနီယာပေမယ့် နောက်ခံ စပွန်ဆာ ရှာနိုင်တဲ့ စကေးကတော့ တကယ် လေးစားလောက်ပါပေတယ်။ အလုပ်ရှိသေးလို့ ငါ သွားတော့မယ်... ဂွတ်ဘိုင်... "
ထေ့ရိသည့် စကားပြောဆိုပြီး ချန်မင်ရွှိက မာန်ဝံ့စွာဖြင့် ထွက်သွားသည်။
" ချန်မင်ရွှိ ... မင်း ... ငါ့အပေါ် မကျေနပ်စရာ တခုခုရှိနေပုံပဲ... ဘာကြောင့် လဲဆိုတာ ငါ မေးလို့ရမလား "
Tang Feng က လှည့်ထွက်သွားသည့် ချန်မင်ရွှိရဲ့ ပုခုံးကို ဆုပ်ကိုင်ကာမေးလိုက်သည်။
" ဘာ မကျေနပ်စရာမှမရှိဘူး။ မင်းကို ကြည့်မရရုံသက်သက်ပဲ.. "
ချန်မင်ရွှိက သူ့ပုခုံးကို ကိုင်ထားသည့် Tang Feng၏ လက်ကို ခပ်ကြမ်းကြမ်းခါချကာ မထီမဲ့မြင်ဖြေပြီး ထွက်သွားခဲ့သည်။ ရှောင်ယုက ရိုင်းစိုင်းစွာ ဆက်ဆံသွားသည့် ချန်မင်ရွှိကို စိုက်ကြည့်ကာ မခံမရပ်နိုင်ဖြစ်နေသည်။
" သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး... မိုက်ရိုင်းလိုက်တာ "
" ရှောင်ယု... ထားလိုက်ပါ။ Gino ဘာကြောင့် ငါ့ဖုန်းကို ဖြေသလဲဆိုတာပဲ ပြောတော့ "
" သူ့ရဲ့ မန်နေဂျာက ကျွန်မဆီ အရင် ဆက်သွယ်လာခဲ့တာပါ "
ရှောင်ယုကိုယ်တိုင် သိချင်စိတ်ပြင်းပြစွာဖြင့် Gino က Tang Feng ကိုဘာကြောင့် လိုလားစွာ အကူညီပေးသည်ကို သိချင်နေသည်။
" ငါ့ကို လာမကြည့်နဲ့... ငါလည်း မသိဘူး။ "
Tang Feng ခပ်ဖျော့ဖျော့ပြုံးရင်းဖြေလိုက်သည်။ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းတွင်လည်း Gino နဲ့ ထပ်မံ ဆုံတွေ့ခဲ့ရပြီး Gino အပေါ်မှာ ထားခဲ့တဲ့ သူ့ စိတ်ထားနဲ့ အမြင်တွေက လုံးဝပြောင်းလဲသွားခဲ့သည်။ ပြိုင်ဖက်လို့ ထင်ထားသူက သူသေသွားတော့ ဝမ်းနည်းပူဆွေးစွာဖြင့် အမှတ်တရ စာရေးသားခဲ့ပြီး သူ့အပေါ်ထားသည့် သဘောထားကို Tang Feng အခုမှ သိခဲ့ရသည်မဟုတ်လား။
ချန်မင်ရွှိ ထွက်သွားပြီး မကြာမီ ထုတ်လုပ်ရေးဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အရင်က အဖက်မလုပ်ပဲ လှောင်ပြောင်ခဲ့ကြသည့် ဧည့်သည်တော် သရုပ်ဆောင်များက Tang Feng နံဘေးမှာ ဝိုင်းရံလာကြပြီး နိုင်ငံတကာတွင် ကျော်ကြားသည့် သရုပ်ဆောင်စတားကြိး Michael Gino နဲ့ Tang Feng ဘယ်လို ခင်မင်တယ်ဆိုတာ သိလိုစိတ်ဖြင့် ဖော်ရွေစွာ စကားပြောကာ မေးမြန်းနေကြသည်။
ဒါရိုက်တာက စိတ်အားတက်ကြွစွာဖြင့် Tang Feng နဲ့ Gino ဖုန်းပြောကြတဲ့ အပိုင်းကို နောက်လာမယ့် အပိုင်းသစ်ရဲ့ နမူနာအနေဖြင့် ထုတ်လွှင့်ကာ ကြည့်ရှုသူနှုန်းထား တဟုန်ထိုး တိုးအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီအပိုင်းကို မရိုက်ကူးခင်က Tang Feng ကို မထီမဲ့မြင်ဆက်ဆံခဲ့သည့် ရိုက်ကူးရေးဝန်ထမ်းအားလုံးက အခု Tang Feng ကို ဝိုင်းဝန်းမြှောက်ပင့်ကာ နောက်အပိုင်းမှာ ဆက်လက်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် Tang Feng က ယဉ်ကျေးစွာ ငြင်းလိုက်သည်။ သူ့ရည်မှန်းချက်ပန်းတိုင်က ရုပ်ရှင်သရုပ်ဆောင် စတားချင်တာ ဖြစ်ပြီး အခုလို Variety show မှာပါဝင်သည့် star ဖြစ်ချင်တာ မဟုတ်ပေ။
Gino နဲ့ ဖုန်းပြောခဲ့သည်ကို ရှင်းပြပြီးနောက် မနက်ဖြန်သတင်းစာ ခေါင်းကြီးပိုင်းမှာ ဘယ်လို ရေးသားဖော်ပြတော့မည်ကို Tang Feng ကြိုသိနေသည်။
........................................................................
Chapter (67) _ ခေါင်းကြီးသတင်း ဖန်တီးခြင်း (Z+U)
မျှော်လင့်ထား သလိုပင် Tang Feng နဲ့ Ginoဖုန်းပြောသည့်သတင်းသည် တရုတ်ပြည်ရဲ့ အကျော်ကြားဆုံး online web sites တွေရဲ့ တဝက်သော ဝက်ဆိုက်တွေရဲ့ ခေါင်းစီးသတင်းအနေဖြင့် ဖော်ပြခြင်း ခံလိုက်ရသည်။ ခေါင်းစီးစာသားဖော်ပြချက်မတူပေမယ့် ပါဝင်သည့် အကြောင်းရာက အတူတူဖြစ်သည်။
"Gino က Tang Feng ကို သူ့ဆီ လာနေဖို့ ဖိတ်ခေါ်ခဲ့တယ်ဆိုတော့ သူတို့နှစ်ယောက်က သာမန် သူငယ်ချင်း ဆက်ဆံရေးအဆင့်ကော ဟုတ်ရဲ့လား။ သူတို့ နှစ်ယောက် အတူ အိပ်ခဲ့ပြီးပြီလား?"
"နိုင်ငံတကာ ရုပ်ရှင်စတား Michael Gino မှ သရုပ်ဆောင် Tang Feng ကို ဟော်လီဝုဒ်သို့ ပြောင်းရွေ့လာဖို့ ဖိတ်ခေါ်ခြင်း"
"Michael Gino လို နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်က Tang Feng ကို သူနဲ့အတူနေဖို့ လူသိရှင်ကြား ဖိတ်ခေါ်လိုက်ခြင်း "
"နိုင်ငံတကာတွင် ကျော်ကြားသည့် ရုပ်ရှင်သရုပ်ဆောင်မင်းသားကြိး Gino က တရုတ်ပြည်ရဲ့ နံပါတ်တစ် အလှလေး Tang Feng ရှေ့မှာ ကျရှုံးသွားခြင်း "
သတင်းခေါင်းစဉ် အမျိုးမျိုးကွဲပေမယ့် အားလုံးပြောချင်တာက အတူတူနေခြင်း ကိုပဲ အဓိက ထားဖော်ပြနေကြသည်။ ဘာကိုကြည့်ပြီး Gino က သူ့အပေါ် မြင်မြင်ချင်း အရူးအမူး ချစ်သွားတယ်လို့ ဖော်ပြနေသလဲဆိုတာ Tang Feng လုံးဝ နားမလည်တော့ပေ။ သတင်းထောက်ဆိုတာ သူတို့ ဂျာနယ်၊ သူတို့သတင်းလူစိတ်ဝင်စားအောင် ပုံကြီးချဲ့ ဖွသည့်နေရာမှာ တကယ်ကို ဆရာကျပါပေတယ်။
တချို့သတင်းထောက်တွေကတော့ Tang Feng ရဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်ကို ချီးကျူးထားပြီး သူ့ရဲ့လေယူလေသိမ်းနဲ့ အသုံးနှုန်းက လက်ရှိ ပြည်တွင်း သရုပ်ဆောင်တွေအားလုံးထက် သာလွန်သည်ဟု ချီးကျူးထားကြသည်။
ချန်မင်ရွှိ ရဲ့ အစီအစဉ်မှာ Gino နဲ့ Tang Feng ဖုန်းပြောသည့်အခန်းကို နောက်အပိုင်းမှ ထုတ်လွှင့်ပြသမှာဖြစ်ပေမယ့် ခုတလော ပေါ်ထွက်လာသည့် အင်တာနက်ပေါ်က သတင်းတွေကြောင့် ပရိသတ်ကြားမှာ လုံးဝကို ပွက်ပွက်ညံသွားပြီး နိုင်ငံတကာ ရုပ်ရှင်စတား Gino နဲ့ ပြည်တွင်းမှာ နာမည်ပြန်တက်အောင် ကြိုးစားနေသည့် Tang Feng ကြားရှိ ပတ်သတ်မှုကို လူတွေ အရမ်းစိတ်ဝင်စားသိချင်နေကြသည်။ အခုလို Tang Feng လူစိတ်ဝင်စားမှုများလာခြင်းက ထုတ်လုပ်ရေးအဖွဲ့က ပွဲဆူအောင်လုပ်သည့် အကြိုပြသခြင်းနှင့် အွန်လိုင်းသတင်းကြောင့်ဖြစ်ပြီး သူ့အရည်ချင်းကြောင့် မဟုတ်ဘူး၊ သူ့ကို အကျိုးမရှိစေဘူးဆိုတာ Tang Feng ကောင်းကောင်းသိသည်။
ဒါက တကယ့်စစ်မှန်တဲ့ ကြော်ကြားမှု မဟုတ်ပဲ ဒီအတွက် ထုတ်လုပ်ရေးအစီစဉ်ရဲ့ ကြည့်ရှုသူ နှုန်းထားတက်လာရုံသာဖြစ်သည်။ ပြီးတော့ သူ့ကို တရုတ်ပြည့်ရဲ့ နံပါတ်တစ် အလှလေး ဆိုသည့် ဘွဲ့ကို ဘာကြောင့် ပေးသည်ကို သူ လုံးဝ နားမလည်ပေ။ သရုပ်ဆောင်လောကတွင် ရုပ်ရည် အရမ်းချောလွန်းလျှင် သရုပ်ဆောင်စွမ်းရည် မပြည့်ဝပဲ ရုပ်ကြောင့် လူကြိုက်များသည်ဟု အထင်ခံရနိုင်သည်။ ဒါကြောင့် နာမည်ကြီး သရုပ်ဆောင်များက သူတို့ရုပ်ရည်ကို သိပ်ဦးစားမပေးပဲ သူတို့ရဲ့အနုပညာအရည်ချင်းကိုသာ အဓိက ထုတ်ဖော်ပြသလေ့ရှိသည်။ ပြီးတော့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရည်ကြောင့် ဘက်လိုက်မှု ဖြစ်နိုင်သောကြောင့် သရုပ်ဆောင်တွေက သူတို့ရုပ်ကို သိပ်မပေါ်လွင်စေပဲ ခပ်လျှိုလျှိုနေလေ့ရှိသည်။
အနုပညာလောကကြီးထဲမှာ အကဲဖြတ်အဖွဲ့ကကော ၊ ပရိသတ်ကပါ လက်ခံကြသည့် သရုပ်ဆောင်အရည်ချင်းပြည့်ဝပြီး ရုပ်ချောသည့် သရုပ်ဆောင်များစွာရှိပေမယ့် အများစုက သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ကို အမြဲ နှိမ့်ချထားတတ်ကြပြီး အရည်ချင်းကိုသာ ပိုတိုးတက်အောင် ကြိုးစားကြသည်။ ဒါ့အပြင် ကလေးဆန်ပြီး ချောမောငယ်ရွယ်သည့် အမျိုးသားတွေက တာဝန်ယူနည်းပါးပြီး စွမ်းရည် မပြည့်ဝသောကြောင့် သရုပ်ဆောင်တိုင်းက တည်ကြည်ပြီး အတွေ့ကြုံရင့်ကျက်သည့် ညှို့အားပြင်းသည့် အမျိုးသားပုံစံကို အဓိက ပုံဖော်ကြသည်။ ရုပ်ကလေးတစ်ခုပြစားရုံနှင့် ရေရှည် အောင်မြင်မှု မရနိုင်သည်ကို ရည်မှန်းချက်ကြီးသည့် သရုပ်ဆောင်တိုင်းသိကြသည်။ ပြီးတော့ ရုပ်ရည်ကို ဘယ်လိုဖုံးကွယ်ထားပါစေ သရုပ်ဆောင်အရည်ချင်းပြည့်ဝလျှင် အမှန်ကန်အောင်မြင်မှုရစဖြဲဖြစ်သည်။
နာမည်ကျော် သတင်း web site တဝက်ကျော်က Tang Feng နဲ့ Gino အကြောင်း အသားပေးဖော်ပြကြပြီး ၊ ကျန်တစ်ဝက်က True star training class အကြောင်း တောက်လျှောက်ဖော်ပြကြပြီး လူတွေရဲ့စိတ်ဝင်စားမှုကို ဆက်တိုက် နှိုးဆွနေသည်။ ပြီးတော့ Lu Tian Chen အချိန်ကပ်မှ training class မှာ Ge Chen ပါဝင်မည်ဖြစ်ကြောင် အသိပေးကြေငြာ်လိုက်သဖြင့် လူတွေ ပိုဆူသွားကြသည်။ ဒီသတင်းကို ဖတ်ပြီးနောက် Tang Feng က သူနဲ့ Ge Chen က ထိပ်တိုက်ဆုံရမယ့် ကံပါလာတယ်ဆိုတာ တွေးနေမိသည်။
ဒါပေမယ့် လောလောဆယ် သတင်းတွေအရ ပရိတ်သတ် စိတ်အဝင်စားဆုံးနဲ့ အဟော့ဆုံး သတင်းက Ge Chen ပါဝင်လာသည့် သတင်း မဟုတ်ဘဲ Tang Feng အကြောင်းသာ ဖြစ်သည်။ ပုံမှန်ဆိုရင် ပြည်တွင်းက နာမည်အကြီးဆုံး တက်သစ်စ သရုပ်ဆောင် Ge Chen က သင်တန်းမှာ ပါဝင်လာတယ်ဆိုတာ လူကြိုက်များ တဲ့သတင်းဖြစ်မှာ သေချာပေမယ့် နိုင်ငံတကာတွက် ကျော်ကြားသည့် Gino နဲ့ နိူင်းယှဉ်လိုက်ရင်တော့ ပြည်တွင်းက စတားပေါက်စက ဘယ်လိုမှ နှိုင်းယှဉ်လို့မရနိုင်ပေ။ ဒီတခေါက် နာမည်ကျော်ကြားသည့် အရှိန်ဝါတွင် Ge Chen က Gino ကို လုံးဝ ရူံးနိမ့်သွားတာဖြစ်ပြီး လူတိုင်းရဲ့စိတ်ဝင်စားမှုအရတွင် Ge Chen က Tang Feng ကို လုံဝရူံးနိမ့်သွားပြန်သည်။ လူအများစုကတော့ Gino နဲ့ Tang Feng ရဲ့ ဆက်ဆံရေးကို ပိုပြီး စိတ်ဝင်စားနေကြသည်။
Tang Feng ဆိုတာ ဘယ်သူလဲ?
သူနဲ့ Gino ဘယ်အချိန်ကတည်းက သိခဲ့ကြတာလဲ?
သူတို့နှစ်ယောက် ဘာကြောင့် အရမ်းရင်းနှီးနေတာလဲ?
စသည့် လူတွေရဲ့စပ်စုစိတ်ကြောင့် Tang Feng နဲ့ Gino တို့ နာမည်ဟာ weibo မှာ လူရှာဖွေမူ အများဆုံး ဖြစ်လာခဲ့သည်။
" Ge Chen တော့ အတော်လေးကို ဒေါကန်နေမှာ သေချာတယ် "
ကံတရားရဲ့ အလှည့်အပြောင်းကြောင့် အနေထား ပြောင်းပြန်ဖြစ်သွားသည်ကိုတွေးပြီး Tang Feng ဟန်မဆောင်နိုင်ပဲ ရယ်လိုက်မိသည်။ သူက သာမန် ပုထုဇဉ်တစ်ယောက်သာဖြစ်ပြီး သူတော်စင်ကြီးမဟုတ်ပေ။ သူ့ကို မကောင်းကြံခဲ့သည့်လူ ခုလို ခံရချိန်မှာ သူ သေချာပေါက် ပျော်နေမိတာပေါ့။
........................................................................
Chapter (68)_ အကခန်းမထဲက အမျိုးသားနှစ်ယောက် - 1
Ge Chen ဟာ training class မှာ တက်မယ်လို့ ကြေငြာထားပေမယ့် လောလောဆယ် ရိုက်လက်စ ရုပ်ရှင်ကားကို အဆုံးသတ်နေသောကြောင့် မတက်နိုင်သေးပေ။ ထိုရုပ်ရှင်ကားက သူနဲ့ Tang Feng မတော်တဆ ရေထဲကျသွားခဲ့သည့် ရုပ်ရှင်ကား ဖြစ်ပြီး အပြီးသတ်ရိုက်ကူးဖို့ အနည်းငယ် ကျန်နေသည်။
အဲ့ဒီရုပ်ရှင်ကားက Ge Chen ပိုနာမည်ကြီးလာအောင် အထူး ဇာတ်ညွှန်းရေးဆွဲထားပြီး Su Qi Cheng က စပွန်ဆာပေးထားတာဖြစ်သည်။ Tang Feng က ဘာမဟုတ်သည့် ဇာတ်ရံနေရာတွင်သာ သရုပ်ဆောင်ရသည်။ ပြီးခဲ့တဲ့ရက်တွေက Tang Feng ဟာ ရှောင်ယုကနေတဆင့် အဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကို တောင်းကြည့်ခဲ့သည်။
ရုပ်ရှင်ဇာတ်ကားဟာ မြေအောက်ဒုစရိုက်လောကကို ဇာတ်အိမ်တည်ထားပြီး မာဖီးယားဂိုဏ်းခေါင်းဆောင် မွေးစားထားတဲ့ မိဘမဲ့ကလေးနှစ်ယောက်ရဲ့အကြောင်းကို အဓိကရိုက်ကူးဖော်ပြထားတာဖြစ်သည်။ Ge Chen က ဒုစရိုက်လုပ်ငန်းတွေကြားကြီးပြင်းလာပေမယ့် ထိုမကောင်းမှုလမ်းကြောင်းမှ ရအောင်ရုန်းထွက်ကာ အမှန်တရားဘက်တော်သားဖြစ်အောင် ကြိုးစားသည့် လူတိုင်းကြွေသွားမည့် သူတော်ကောင်း နတ်သားလေးလို ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ထားပြီး Tang Feng ကတော့ မွေးဖွားလာကတည်းက ပင်ကိုယ် စိတ်ထား ဆိုးယုတ်တဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားရသည်။ ဇာတ်ကောင်နှစ်ယောက်ကို တူညီစွာရိုက်ကူးထားတယ်ဆိုပေမယ့် Ge Chen ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေက Tang Feng ထက် နှစ်ဆမက ပိုများပြီး Tang Feng ကောင်းကောင်း သရုပ်ဆောင်ခွင့်ရလိုက်သည့် အခန်းက နောက်ဆုံး ဇာတ်သိမ်းခန်းဖြစ်သည့် ရွက်လှေပေါ်မှာ မျက်နှာခြင်းဆိုင် တိုက်ခိုက်ရတဲ့အခန်းပဲ ဖြစ်သည်။ နောက်ဆုံးမှာ မင်းသားက လူဆိုးကို အနိုင်ရသည့်ထုံးစံအတိုင်း Ge Chen ဟာ သေနတ်မောင်းဖြုတ်လိုက်ပြီးနောက် ကျည်ဆန်ထိမှန်ကာ Tang Feng ပင်လယ်အောက်ပြုတ်ကျကာသေဆုံးသွားသည့် အခန်းသာဖြစ်သည်။ ထိုသို့ရိုက်ကူးစဉ် သူနဲ့ Ge Chen နှစ်ယောက်လုံး ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ကြသည်။ Tang Feng အနေနဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းကို ပြန်လည်ရိုက်ကူးဖို့ လို မလို မသိပေ။ ဒါကို Lu Tian Chen က ဆုံးဖြတ်ပေးလိမ့်မည်။
ချန်မင်ရွှိ ရဲ့ အစီစဉ်ကိုရိုက်ကူးပေးပြီးနောက် မကြာခင် ရိုက်ကူးရမယ့် " အိပ်မက်ချစ်သူ " အစီအစဉ်အတွက် Tang Feng ဟာ ထိုရုပ်သံလွှင့်ဌာနကို နောက်တစ်ကြိမ် ရောက်ရှိလာရပြန်သည်။ ယောကျာ်းတစ်ယောက်က အခြားယောကျာ်းတစ်ယောက်ရဲ့ အသည်းနှလုံးကို ရအောင်ကြိုးစားရမယ်ဆိုတဲ့ အကြံဉာဏ်ကို ထုတ်ခဲ့သည့် ထုတ်လုပ်ရေးအဖွဲ့ကို ချီးကျူးလိုက်မိသည်။ ဒီလိုသစ်လွင်တဲ့ စိန်ခေါ်မူက ဘယ်အစီစဉ်ကမှ မတင်ဆက်ဖူးသေးသလို လူမှုအသိုင်းအဝိုင်းကြား ရိုက်ခတ်မှုဖြစ်စေပြီး ပရိသတ်ကြည့်ရူနူန်းကို တိုးတက်သွားစေမှာသေချာသည်။ ဒီအစီစဉ်ရဲ့ မူပိုင်ခွင့်ကို အနောက်ဥရောပ တီဗီရုပ်သံဌာန တစ်ခုကို ရောင်းချပြီးသွားပြီဆိုတာ ရှောင်ယုဆီကနေ ကြားရသည်။ အနောက်တိုင်းက တရုတ်ပြည်ကဲ့သို အမြင်ကျဉ်းမြောင်းခြင်းမရှိပဲ လူ့အခွင့်ရေး ဆိုတာကို အပြည့်အဝလက်ခံနိုင်ငံဖြစ်သည်။ ရှေးရိုးစွဲ အမြင်ကျဉ်းမြောင်းတဲ့ တရုတ်ပြည်က ဒီလိုအစီစဉ်ကို ရိုက်ကူးနိုင်သည်ကို အနောက်တိုင်းသားတွေက မယုံနိုင်အောင်ဖြစ်နေသည်။
Dream Lover- အိပ်မက်ချစ်သူ အစီအစဉ်က အတော် စိတ်ဝင်စားဖို့ကောင်းသဖြင့် သူက အစောပိုင်းတွေကတည်းက အထုတ်မခံရဖို့ပဲ ဆုတောင်းနေရသည်။ တကယ်လို့ အစောကတည်းက အထုတ်ခံရရင် အတော်ရှက်ဖို့ ကောင်းမည်ဟု တွေးနေမိသည်။
Tang Feng ဟာ traing class ကို နေ့ပိုင်းတွေမှာ တက်ရောက် ပြီး ၊ ညဘက်တွင် တိုက်ခန်းကို ပုံမှန် ပြန်လေ့ရှိပေမယ့် ဒီနေ့တော့ ညနေခင်း ရောက်သည်အထိ သူက Tang Tian Tian ရဲ့ အကစွမ်းရည် တိုးတက်လာအောင် ကူညီပေးနေရသည်။ သူမက မိန်းကလေးဖြစ်တာကြောင့် အတင်းဖျင်းပေါင်းစုံကို စိတ်ဝင်စားကာ Tang Feng နဲ့ Gino ချစ်နေကြတယ်ဆိုတဲ့ သတင်းက မှန်မမှန်ဆိုတာ မေးနေသည်။ Tang Feng က သူမကို အနည်းငယ် ရှင်းပြလိုက်ပြီး နောက်ထပ် လေ့ကျင့်ဖို့ ဆွဲခေါ်သွားသည်။ ည ရှစ်နာရီတော့ Tang Tian Tian ဟာ ခြေထောက်မကြွနိုင်အောင် ပင်ပန်းနေလို့ အတန်းရပ်ပေးဖို့ တောင်းပန်လိုက်ရတော့သည်။
" ကျွန်မ နောက်ထပ် မကနိုင်တော့ဘူး။ မနက်ဖြန်မှ ဆက်သင်တော့မယ်။ အခု အရမ်းပင်ပန်းနေပြီ။ ဒီမှာပဲ အိပ်လိုက်ချင်ပြီ "
အမောပြေအောင် ခဏ အနားယူပြီး Tang Tian Tian က Tang Feng ကို နူတ်ဆက်ပြီး အမြန်ပြန်ပြေးသွားတော့ Tang Feng တစ်ယောက် တိတ်ဆိတ်သည့် ခန်းမကျယ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ Traing class အတွက် အဆောက်အဦးကြီးတစ်ခုကို သီးသန့် ငှါးရမ်းပေးထားတာ ဖြစ်သောကြောင့် အကခန်းမှာထဲမှာ အကလေ့ကျင့်ပြီး မောလရင် နားနေခန်းမှာ လှဲပြီး အနားယူလို့ရသလို ရေချိုးလို့လည်းရသည်။ အဆောက်ဦးတခုလုံးတွင် အခန်းတိုင်း ကင်မရာတွေ တပ်ထားပေမယ့် ရေချိုးခန်းထဲမှာ မတပ်ထားသောကြောင့် စိတ်ချစွာ ရေချိုးလို့ရသည်။
နာရီ တော်တော်ကြာအောင် အကလေ့ကျင့်ထားသောကြောင့် Tang Feng တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး Tango တေးဂီတသံတို့က ချွေးနံ့ သဲ့သဲ့ စွဲနေသော ခန်းမထဲမှာ သာယာစွာ ထွက်ပေါ်နေသည်။ Tang Feng က စီးထားသည့် ရူးဖိနပ်ကို ချွတ်လိုက်ပြီး ပြတင်းပေါက်ဆီကို ခြေဗလာနဲ့ လျှောက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အေးမြလတ်ဆတ်သည့် လေအေးအေးလေးကို ရှုရှိုက်ရင်း သူ့ရဲ့ ပူလောင်ကာချွေးစိုနေတဲ့ ခန္ဓာကိုယ် တခုလုံး အေးမြသွားသည့် ခံစားချက်ကြောင့် စိတ်ချမ်းသာသွားခဲ့သည်။ သူ့လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းကာ ကျယ်ပြောလှသည့် ကြယ်စုံနေသည့် ညကောင်းကင်ထက်ကို ပျံဝဲသွားလိုက်သည်ဟု စိတ်ကူးယဉ်ကို စိတ်ကို လွှင့်ထုတ်လိုက်သည်။
လရောင်နုနက အခန်း ပြတင်းပေါက်ကို ဖြတ်ကာ ကြမ်းပြင်ပေါ် ပက်ဖြန်းလာသဖြင့် ငွေရောင်တောက်လို့နေသည်။ အကခန်းမှာထဲကို Lu Tian Chen ဝင်လာချိန်တွင် ငွေသော်တာလမင်းကို ငေးကြည့်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အေးမြသော လေညှင်းကို ရင်ဖွင့်ကြိုနေသည့် Tang Feng ရဲ့ ပုံရိပ်လေးကို တွေ့လိုက်ရသည်။ လရောင်အောင်တွင် မှုန်ဝါးဝါးအရိပ်လေးက အိပ်မက်ထဲက အရိပ်လေးလိုလို၊ ရုပ်ရှင်ကားထဲက ဆွတ်ပျံ့ကြည်နူးဖွယ်ပုံရိပ်လေးလို ထင်ရပြီး မြင်ရသူရင်ကို ညင်သာစွာလှုပ်ခတ်ကာ သိမ်းပိုက်သွားခဲ့သည်။
အမှောင်ထဲ ရပ်နေပေမယ့် Tang Feng ကိုယ်က ဖြာထွက်နေသည့် စိတ်အားထက်သန်မှုနှင့် မျှော်လင့်ချက်ရောင်ခြည်တို့ကို သူ ခံစားမိလိုက်ရသည်။ ဒီမြင်ကွင်းက သူ့ရင်ကို တည်ငြိမ်အေးချမ်းသွားစေခဲ့သည်။
" မင်း တန်ဂို အကကို ကျွမ်းကျွမ်းကျင်ကျင် ကတက်ပြီးသား မဟုတ်လား။ ပက်ချီနိုက မင်းကို သင်ပေးစရာတောင် မရှိလောက်တော့ဘူးလို့ငါ ထင်တယ်။"
Tang Feng ကတော့ အနောက်ကို လှည့်မကြည့်ပဲ မျက်လုံးကို ခပ်မှေးမှေးသာဖွင့်ကာ ပြတင်းပေါက်ဘောင်ကို လက်ထောက်ကာ ဆက်ရပ်ရင်း တိတ်ဆိတ်သည့် ည၏အရသာကို ဆက်လက်ခံစားနေသည်။
" ကရတဲ့ အရသာကို ကျွန်တော် သဘောကျတယ်။ တေးဂီတသံထဲမှာ စီးမျှောလိုက်ပြီး စည်းချက်အလိုက် ခန္ဓာကိုယ်ကို လူပ်ရှားပြီး ခံစားချက်ကို ဖွင့်ထုတ်ရတာကို ကြိုက်တယ်။ ဒါက အနှောင်အဖွဲ့အားလုံးကနေ လွတ်ကင်းသွားသလိုပဲ... ကနေတဲ့အချိန်မှာ စိတ်ညစ်စရာ ကျွန်တော့်ရဲက ပြသနာအတော်များများကို ကျွန်တော် မေ့ထားလို့ရတယ်လေ "
........................................................................
Chapter(69) _ အကခန်းမထဲက အမျိုးသားနှစ်ဦး - 2
Tang Feng က လူတွေနဲ့ဆက်ဆံရာတွင် တဖက်သားကို ကျိုးနွံအောက်ကျစွာ မဆက်ဆံတတ်သလို အထက်စီးကနေ မောက်မာစွာလည်း မဆက်ဆံတတ်ပေ။
မီးဖွင့်လိုက်သံနှင့်အတူ Tang Feng က ရေခဲစိမ် ဘီယာသံဗူးတစ်လုံးကို အဖုံးဆွဲဖြုတ်လိုက်ပြီး Lu Tian Chen ဆီ ကမ်းပေးလိုက်ကာ သူ့အတွက် တဗူးဖောက်ပြီး မော့သောက်လိုက်သည်။ အေးစက်သည့် ဘီယာတွေက အာခြောက်နေသည့် လည်ချောင်းကို ဖြတ်သန်းကာ သူ့တကိုယ်လုံးရှိသွေးကြောထဲကို ပျံ့နှံ့ သွားသဖြင့် အမောပြေသွားပြီး စိတ်လက်ပေါ့ပါးသွားခဲ့သည်။ ချွေးနံ့နှင့် ဘီယာနံ့တို့ရောထွေးကာ လေထုထဲတွင် နူးညံ့သိမ်မွေ့ပြီး ပြင်းပြတဲ့ ခံစားချက်တွေ ဖြစ်တည်လာချိန် အာဂျင်တီးနား တန်ဂိုတေးဂီတသံက ထပ်ဆင့်အားပေးလို့နေသည်။
" Tang Feng ... ငါ မင်းကို တစ်ခု မေးစရာရှိတယ် "
Lu Tian Chen က Tang Feng ဘေးမှာ မတ်တပ်ရပ်ပြီး ဘီယာတငုံသောက်ကာ ပြောလိုက်သည်။
" Charles ဆီမှာ မင်းဘက်က စပြီး ငါ့ကိုတောင်းဆိုခဲ့တာ ဆိုပေမယ့် ဒါကို ခွင့်ပြုပေးခဲ့လိုက်လို့ မင်းငါ့ကို နာကြည်းနေသလားဆိုတာ ငါ သိချင်တယ်"
Tang Feng ရယ်လိုက်ပြီး အပြင်ဘက်က တိတ်ဆိတ်အေးမြသည့် ညရှုခင်းကို ငေးကြည့်နေသည်။ လေနုအေးက အခန်းထဲ တိုက်ခတ်လာပြီး လရောင်က Tang Feng ရဲ့မျက်နှာပြင်ထက် ဖြာကျကာ ဒီမြင်ကွင်းက သူ နှလုံးသားကို ရေလှိုင်းလို လှုပ်ရှားလာစေပြီး သူ့ခေါင်းထဲ ရီဝေလာသလို ခံစားလိုက်ရသည်။
Tang Feng ပုခုံးတွန့်ကာ အေးဆေးစွာပြောလိုက်သည်။
" ဘာကြောင့် ခင်ဗျားကို နာကြည်းရမှာလဲ၊ပြီးတော့ ဒီကိစ္စက အတိတ်မှာ အားလုံး ကျန်ခဲ့ပြီ။ ဘာကြောင့် အခုမှ လာမေးနေတာလဲ... "
Tang Feng ဟာ ဦးကိုစောင်းငဲ့ကာ ဘေးမှာရပ်နေသူကို ကြည့်ကာမေးလိုက်သည်။ လရောင်အောက်တွင် သူ့မျက်ဝန်းတွေက တောက်ပကာ နူးညံ့လို့နေသည်။
" အခုကစပြီး ကျွန်တော် ခင်ဗျားနာမည်ရင်းကို ခေါ်လို့ရမလား "
Lu Tian Chen ကို President Lu လို့ခေါ်ရတာ ထောက်နေသောကြောင့် အခွင့်ရေးရခိုက် တောင်းဆိုလိုက်တာဖြစ်သည်။
Lu Tian Chen ဟာ သူ့မျက်နှာကို စိုက်ကြည့်ပြီး ခွင့်ပြုကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
" မင်း ကြိုက်သလို ခေါ်နိုင်တယ် "
" Lu Tian Chen ... ဆေးရုံကနေ ဆင်းခဲ့ပြီးနောက်ပိုင်း ကျွန်တော်မမှတ်မိသေးတဲ့ အချက်တွေ အများကြီးရှိသေးတယ်။ ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို ရှင်းပြပေးနိုင်မလား။ Ge Chen နဲ့ ကျွန်တော် ပင်လယ်ထဲကို ပြုတ်ကျသွားတုန်းက ကျွန်တော့်ကို မရွေးချယ်ပဲ Ge Chen ကို ကယ်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ"
ဒီအဖြစ်အပျက်တွေဟာ ပြီးသွားလို့ ကိစ္စမရှိတော့ဘူးဆိုပေမယ့် Tang Feng သိချင်တာ ရှိနေသေးသည်။
" ပထမ အချက်က Ge Chen က မင်းကို စကားလုံးတွေနဲ့ အရင်တိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် မင်းဘက်က ကိုယ်ထိလက်ရောက် တုန့်ပြန်ခဲ့လို့ပဲ။ ဒုတိယအချက်က ဇာတ်သိမ်းပိုင်းမှာ မင်းက သေချာပေါက် ရေထဲပြုတ်ကျပြီး သေသွားရမယ်လေ။ မင်းက ရေကူးကျွမ်းလို့ ငါ မင်းကို မစိုးရိမ်လိုက်တာပဲ...။ တတိယအချက်ကတော့ ငါ့ မင်းကို ပြောပြလို့မရသေးတဲ့အချက်ရှိနေလို့ပဲ "
Tang Feng ကတော့ Lu Tian Chen ရဲ့အဖြေက မှန်၊ မမှန်မသိပေမယ့် အနည်းဆုံးတော့ အဖြေတော့ရလိုက်လေပြီ ။ ဒါက ဘာမှမသိတာထက်စာရင် တော်သေးသည်။
တကယ်မှားခဲ့သူက ဘယ်သူဖြစ်ပါစေ၊ အရင် Tang Feng က Lu Tian Chen အမြင်ကတ်အောင် ဘာလုပ်ခဲ့တယ်ဆိုတာ အရေးမကြီးတော့ပေ။ အရင် Tang Feng က သူ့ရဲ့ငယ်ရွယ်နိုပျိုသည့် ဘဝကို ဆုံးရူံးခဲ့ရပြီးဖြစ်သည်။အခု သူက ဒီကိုယ်ထဲကို ဝင်ရောက်ခဲ့ပြီဖြစ်လို့ Lu Tian Chenက သူ့အပေါ်လုပ်ခဲ့တာအတွက် သူက ပြန်လည် အပြစ်ပေးပိုင်ခွင့်ရှိသည်။ ဒီကမ္ဘကြီးမှာ လုံးလုံးမှန်ပါသည်။ မှားပါသည်ဟု မရှိပေ။ လူတိုင်းက ကိုယ့်အမြင်ဘက်ကကြည့်ရင် မှန်နေကြတာချည်းဖြစ်သည်။ ဒါကြာင့် သူက အရင် Tang Feng ရဲ့ အမြင်ဘက်ကနေ ရပ်တည်မှာဖြစ်ပြီး Lu Tian Chen ဘက်က အမြင်ကို မရပ်တည်ပေးနိုင်ပေ။
" မင်းက ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာပါ "
Lu Tian Chen ဟာ သူ့ရဲ့မျက်ဝန်းထဲက ခံစားချက်ကို ပိရိစွာဖုံးကွယ်ပြီး မထင်မှတ်သည့် အမှန်တရားကို ဖော်ထုတ်ခဲ့သည်။ ဘာကြောင့် သူ ဒီလိုပြောခဲ့သည်ကို Tang Feng နားမလည်နိုင်ပေ။
" Lu Tian Chen ... ခင်ဗျားက ပြတ်သားပြီး ဖြစ်လာတဲ့အခြေနေကို အသုံးချပြီး အကျိုးအမြတ်ကြီးရအောင်လုပ်နိုင် တဲ့ လူဆိုတာ ကျွန်တော် သိတယ်။ အခုချိန်မှာ ခင်ဗျားကဘ ယ်လောက် အောင်မြင်နေတဲ့လူဖြစ်ပါစေ... ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စီမံတဲ့နေရာမှာ ခင်ဗျားက မရင့်ကျက်သေးတဲ့ ကလေးသာသာပဲရှိသေးတယ်။ ကိုယ်လုပ်သမျှ အားလုံး အမှန်တွေပဲလို ထင်ပြီး အရက်စက်ဆုံးကိုပဲ လုပ်တတ်တဲ့ ခေါင်းမာတဲ့ ကလေးဆိုးတစ်ယောက်ပဲ "
Tang Feng ဟာ ပွင့်လင်းစွာပြောကာ ပြုံးရင်းနောက်လှည့်ကာ အကလေ့ကျင့်သည့် စတီးဘားတန်းကို မှီကာ သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။
" ခင်ဗျားဟာ ကျွန်တော် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တယ် ဆိုတာကို သိတယ်၊ ရေနစ်ပြီး မှတ်ဉာဏ်ပျောက်သွားတာကို သိတာတောင် ကျွန်တော့်ကို Charles ဆီ ပို့ရက်ခဲ့တယ် "
ကံကောင်းသည့်အချက်က Charles ဆီ ပို့ခံရတဲ့အချိန်တွင် သူက အခုလက်ရှိခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သောကြောင့် အခြေနေကို ကောင်းစွာကိုင်တွယ်က ပြသနာကြီးဖြစ်မည့် အခြေနေကို ရှောင်နိုင်ခဲ့တာဖြစ်သည်။ တကယ်လို့ မူလပိုင်ရှင်လို စိတ်ထင်ရာ တဇွတ်ထိုးလုပ်တက်တဲ့ လူငယ်လေးသာဆိုရင် အခုချိန်မှာ မတွေးဝံ့စရာ အဖြစ်ဆိုးကို ရင်ဆိုင်နေရမည်ဖြစ်သည်။ မာကျောကာ လွှမ်းပိုးပိုင်ဆိုင်လိုစိတ်ပြင်းသည့် Charles ဆိုတဲ့ လူကြီးက အကျင့်ကောင်းတဲ့ လူကြီး မဟုတ်ပေ။
Tang Feng ၏ တဲ့တိုးကျသည့် နားမခံသာသည့် ဝေဖန်စကားက Lu Tian Chen ရဲ့ ရင်ဘတ်ကြီးထဲ ဓားထက်ထက်နဲ့ ထိုးစိုက်လိုက်သလို ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြန်လည်ချေပချင်ပေမယ့် ဘာမှ မပြောတော့ပဲ ငြိမ်နေလိုက်သည်။
Tang Feng က ထပ်ပြောလိုက်သည်။
" တခြားလူကို ကယ်ဖို့ ခင်ဗျား ဆုံးဖြတ်လိုက်တဲ့အတွက် ကျွန်တော် သေသွားနိုင်တယ်ဆိုတာ ခင်ဗျား တွေးမိရဲ့လား။ ဒါမှမဟုတ် ခင်ဗျားအတွက် အနှောက်ယှက်ဖြစ်လို့ တမင် သေဖို့ပစ်ထားလိုက်တာလား။ "
" မင်း ငါ့ကို ပြောချင်တဲ့ အပြစ်တင်စကားက ဒါပဲလား"
Lu Tian Chen ကပြောပြီး ရုတ်တရက် Tang Feng ရဲ့ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ ဒါပေမယ့် သူ့မျက်နှာထက်တွင် ခံစားချက် တစ်ခုကိုမှ Tang Feng ပုံမဖော်နိုင်ပေ။
" မင်း အခု အသက်ရှင်နေသေးတဲ့ အပြင် အရင်ထက် ပိုကောင်းတဲ့ အခြေအနေကိုရောက်လာတယ်။ တကယ်လို့ လူတစ်ယောက်က ရေနစ်ပြီး သတိလစ်အပြီး ပြန်သတိရလာချိန်မှာ စိတ်နေစိတ်ထားက ဆန့်ကျင်ဘက် လုံးဝပြောင်းသွားမယ့်အပြင် နူတ်ဆက်စကားကို အင်္ဂလိပ်လို မပြောတတ်ရာကနေ မွတ်နေအောင်ပြောတတ်တဲ့ အထိ ဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ရင် ခုလို လုပ်ရပ်ကို နောင်တမရပဲ ငါ ထပ်လုပ်ဦးမှာပဲ... ငါ ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နည်းနည်းလေးမှ နောင်တမရမိဘူး "
အသက်ကိုပြင်းပြင်းရှုပြီး Lu Tian Chen က ထိုစကားတွေကို တရစပ်ပြောသွားခဲ့သဖြင့် Tang Feng မယုံကြည်နိုင် ဖြစ်သွားသည်။
" မင်းဘက်က အခုချိန် Charles ဆီကို သွားချင်တယ်ဆိုရင်တောင် ငါ မင်းကို လုံးဝ မပို့တော့ဘူး။ မင်းက Tian Chen Group က ပံ့ပိုးပေးထားတဲ့ အနာဂတ် အနုပညာစတား အလောင်းလျာဖြစ်တဲ့အတွက် မင်းကို ငါပိုင်တယ် ဆိုတာ ဘယ်တော့မှ မမေ့လိုက်နဲ့ "
ဟန်ဆောင် ပြုံးလိုက်ပြီး Lu Tian Chen က လက်ထဲမှာကိုင်ထားတဲ့ သံဘူးကို လူပ်ယမ်းလိုက်ပြီး အကခန်းမထဲက ထွက်သွားခဲ့သည်။
Tang Feng က စတီးဘောင်တန်းကို မှီရင်း ကျန်ရစ်ခဲ့ပေမယ့် အပြင်ထွက်သွားသည့် Lu Tian Chen ရဲ့နောက်ကျောကို စိုက်ကြည့်ကာ ခေါင်းကို ယမ်းပြီး ရယ်မောလိုက်သည်။
........................................................................
Chapter (70) _ သရုပ်ဆောင်အတန်း၏စာမေးပွဲမေးခွန်း
ရိုက်ကူးရေးပြီးသွားသည့်နောက် Tang Feng က့ရင်ထဲက သံသယကို အဖြေရှာရန် Gino ရဲ့ မန်နေဂျာဆီ Gino ရဲ့ ဖုန်းနံပါတ်ကို ပေးဖို့ ငြင်းခဲ့သည်။ Gino ဟာ သူနဲ့ ထပ်ဆုံတွေ့ရန် စောင့်နေပါသည်ဆိုသည့် စကားကိုပဲ ပါးပေးခဲ့သည်။ နောက်ပိုင်း ရှောင်ယုဆီကနေ တဆင့် Lu Tian Chen ဟာ သူ့ရဲ့လက်အောက်ကလူတွေကို အမိန့်ပေးပြီး Gino ကို ဆက်သွယ်ခဲ့သည်ကို သိလိုက်ရသည်။ဒါကြောင့် Gino က လက်ခံခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကောင်းမွန်သည့် ရလဒ်ထွက်လာသည့်အတွက် ဝမ်းသာစရာဖြစ်သည်။ ပြီးတော့ Lu Tian Chen က သူ့ကို တကယ် အမြင့်ကိုတင်အာင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပုံပေါ်သည်။
Training class ပထမပတ်ရဲ့ နောက်ဆုံးနေ့မှာ သရုပ်ဆောင်ပညာပို့ချပေးမည့် အတန်းကို သင်တန်းသားအားလုံး စတင်တက်ရောက်ရသည်။ သရုပ်ဆောင် မင်းသား ၊ မင်းသမီးတွေအတွက် သူတို့ရဲ့အဓိက အသက်မွေးမှုလမ်းကြောင်း အတွက် အထောက်ကူပြုစေမယ့် အတန်းဖြစ်သောကြောင့် အားလုံးရင်ခုန်စွာစောင့်မျှော်နေကြသည်။
ကမ္ဘာ့ထိပ်တန်း ထူးချွန်ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားရပြီး အနုပညာလောက လေးစားရတဲ့ ၊ ထိပ်တန်း သရုပ်ဆောင်ကြီး လီယိုရီနဲ့ တွေ့ဆုံခွင့်ရမည်ဖြစ်လို့ အားလုံး အထူးတက်ကြွနေသည်။ လီယိုရီက အရင်ဘဝက Fiennes Tang အဖြစ်ရှိစဉ်ကတည်းက သူ့ကို သရုပ်ဆောင်ပညာသင်ပေးခဲ့သည့် ကျေးဇူးရှင်ဆရာကြီးလည်းဖြစ်သည်။ အခုချိန် Tang Feng ရဲ့ရင်ထဲတွင် စိတ် အရမ်းလူပ်ရှားနေပြီး အရမ်းကို တက်ကြွနေသည်။ သူက လီယိုရီလာမည့်အချိန်ကို အခြားသင်တန်းသားများနှင့်အတူ စိတ်စောစွာစောင့်မျှော်နေမိသည်။ မိမိအရမ်းအားကျလေးစားရတဲ့ စံပြအနုပညာရှင်ကို စောင့်နေသည့် fan တစ်ယောက်လို ရင်တထိတ်ထိတ်ဖြစ်နေမိသည်။
စာသင်ခန်းရဲ့ အခန်းတံခါး ရုတ်တရက် ပွင့်သွားချိန်တွင် မီးခိုးရောင်ဆံပင်နှင့် မှော်ဆန်ဆန် ညှို့ငင်နိုင်သော သက်လတ်ပိုင်း လူကြီးတစ်ယောက် အခန်းထဲဝင်လာခဲ့သည်။ ထိုလူလတ်ပိုင်း၏မျက်နှာက အရေးကြောင်းများစွာပေါ်နေပေမယ့် သူပြုံးလိုက်သည့်အခါ လူအားလုံးရဲ့စိတ်ထဲမှာ ဒီလူက အတော်ကို ချစ်ခင်ဖွယ်ကောင်းသည်ဟု ထင်မှတ်သွားစေသည်။ ပထမဆုံး ဆုံတွေ့ချိန်တွင် လီယိုရီက ကြင်နာတတ်ပြီး ခင်မင်ရင်းနှီးလွယ်သည်ဟု လူတိုင်းကို ခံစားရစေသည်။
Tang Feng က အခြား သင်တန်းသားများကဲ့သို့ လီယိုရိဆီကို အပြေးအလွှားမသွားပဲ အနောက်နားတွင် ငြိမ်ငြိမ်လေးရပ်ကာ ယခင်ကထက် အိုမင်းဟန်ပေါက်လာသည့် အဖိုးအိုကို ဒီအတိုင်း ငေးကြည့်နေမိစဉ် ပင့်သက်ရှိုက်လိုက်မိပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။ သူ့ရင်ထဲကနေ ဆရာဟု အလေးအနက် လွှမ်းဆွတ်စွာ ခေါ်လိုက်မိသည်။
လူအုပ်ကြီး၏ ဝိုင်းရံနေခြင်းခံနေရသည့် လီယိုရီသည် သူ့ကို တစ်ယောက်က စိုက်ကြည့်နေသည်ဟု ခံစားမိသောကြောင့် လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှ သူ့ကို ဆွေးမြေ့စွာငေးကြည့်နေသည့် ငယ်ရွယ်နိုပျိုသော သရုပ်ဆောင်ငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူငယ်လေးရဲ့ မျက်ဝန်းကို စိုက်ကြည့်မိစဉ် အညိုရင့်ရောင် လီယိုရီ၏မျက်ဝန်းများထဲတွင် မယုံကြည်ဟန်၊ အံ့သြဝမ်းသာဟန်နှင့် သံသယဖြစ်ဟန်တို့ တပြိုင်တည်းပေါ်လာခဲ့သည်။ ဒီခံစားချက်တွေကို Tang Feng ကောင်းကောင်း ခံစားလိုက်ရသည်။
လီယိုရီက သူ့ရဲ့နှစ်ပေါင်းများစွာက အတွေ့အကြုံတွေကို အနှစ်ချုပ်ထုတ်ထားသည့် အသိပညာကို အခြေခံပြီး တန်ဖိုးမဖြတ်နိုင်သည့် သရုပ်ဆောင်မှု အတတ်ပညာကို သင်ကြားပေးနေသည်။ သူ့သင်ကြားချက်က သမားရိုးကျ သင်ကြားချက်နှင့် လုံးဝကွဲပြားကာ သရုပ်ဆောင်ခြင်းကို ကိုယ့်နှလုံးသားနှင့် ခံစားပြီး သဘာဝကျကျသရုပ်ဆောင်ဖို့ ညွှန်ကြားခဲ့သည်။
" သရုပ်ဆောင်တဲ့နေရာမှာ အဓိက အချက်က ဘာလဲဆိုတော့ မင်းတို့က ဇာတ်ကောင်စရိုက်နဲ့ ကိုက်ညီအောင် သဘာဝကျကျပူးကပ်ခံစားခြင်းပဲဖြစ်တယ်။ ဥပမာ မင်းက taxi driver တစ်ယောက်အနေနဲ့ သရုပ်ဆောင်မယ်ဆိုရင် ၊ တကယ့် taxi driver တစ်ယောက်လို ကားလမ်းတွေပိတ်နေတဲ့ အခါ ဒေါသ အရမ်းထွက်ရမယ်။ ခရီးသည် ရသွားတဲ့အခါ ဝမ်းသာသွားတဲ့ ခံစားချက်မျိုးသွင်းပြီး သရုပ်ဆောင်နိုင်ရမယ်။ ဘယ်ဇာတ်ကောင်ကို မဆို သရုပ်ဆောင်တဲ့အခါ အဲ့ဒီဇာတ်ရုပ်ကို သေချာနားလည်ပြီး သူ့နေရာကနေ ပူးကပ်ခံစားနိုင်ဖို့က အရေးကြီးဆုံးအချက်ပဲ... ဒီလို လုပ်နိုင်မယ်ဆိုရင် မင်းတို့ရဲ့ သရုပ်ဆောင်မှုမှာ မင်းတို့ရဲ့ကိုယ်ပိုင်ဟန်တွေ ၊ဆွဲဆောင်မှုတွေနဲ့ ပေါင်းစပ်ပြီး သူများနဲ့ ကွဲပြားခြားနားလာလိမ့်မယ်။ ဒီလိုလုပ်နိုင်သွားရင် မင်း သရုပ်ဆောင်တာတွေက အပြင်က taxi driver တစ်ယောက် ဖြစ်သွားရုံမကဘူး၊ အခြား taxi driver အဖြစ် သရုပ်ဆောင်ချက်တွေနဲ့ ကွဲပြားသွားလိမ့်မယ်။ "
အသက် ခုနှစ်ဆယ်ကျော်အရွယ် လီယိုရီရဲ့ စကားသံက ခွန်အားအပြည့်ဖြင့် တခန်းလုံးကြားရအောင် ဟိန်းနေသည်။ ဘယ်လို သရုပ်ဆောင်သင့်တယ်၊ ဘယ်နေရာကို ဦးစားပေးလုပ်သင့်သည်ဟု ဟောပြောပို့ချမည့်အစား လီယိုရီက စကားပြောရင်း အကြံပေးသည့်ပုံစံဖြင့် သရုပ်ဆောင်ပညာ၏ လေးနက်သည့် အနှစ်သာရကို အလွယ်တကူ မြင်သာအောင် ပြောပြသွားခဲ့သည်။ သင်တန်း ပြီးခါနီးတွင် လီယိုရီက အားလုံးကို ဝေ့ကြည့်ကာ ချိုသာစွာပြောလိုက်သည်။
" ငါ့မှာ တစ်ချိန်တုန်းက ပရိတ်သတ်အားလုံး ချစ်ခင်လေးစားရတဲ့ သရုပ်ဆောင်ပညာထူးချွန်တဲ့ မိတ်ဆွေတစ်ယောက် ရှိခဲ့ဖူးတယ်။ မင်းတို့ရဲ့ သရုပ်ဆောင်ပညာက မင်းတို့ရဲ့ လူမျိုး၊ ယဉ်ကျေးမှုကို ဖောက်ထွက်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒီမိတ်ဆွေလို အောင်မြင်မှုကြီကို ပိုင်ဆိုင်နိုင်မှာ သေချာတယ်။ သရုပ်ဆောင်တယ် ဆိုတာဟာ အနုပညာတစ်ခုဖြစ်ပြီး ကန့်သတ် ပိတ်ပင်ထားတဲ့ စည်းဘောင်တွေ မရှိဘူး။ ကြိုးစားသူတိုင်းက အောင်မြင်မှာပဲ။ မင်းတို့အားလုံး Fiennes ရဲ့ ရုပ်ရှင်ကားတွေကို လေ့လာကြည့်ဖို့ ငါ တိုက်တွန်းချင်တယ်။ သူ ရုတ်တရက် သေဆုံးသွားတာဟာ ငါတို့ အနုပညာလောကအတွက် အစားထိုးမရတဲ့ ကြီးမားတဲ့ ဆုံးရူံးမူတစ်ရပ်ပဲ။ ဒါပေမယ့် သူ တစ်ယောက်တည်းပဲ ဒီလို အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်လို့ ငါ မယုံကြည်ချင်ဘူး။ ဒါကြောင့် မင်းတို့တွေထဲက တစ်ယောက်ယောက်က သူ့ကို ကျော်အောင် သရုပ်ဆောင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မိတယ် "
နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် တိုက်ဆိုင်တာလား၊ တမင်လား မသိနိုင်ပေမယ့် လီယိုရီက Tang Feng ရဲ့ မျက်လုံးထဲကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
" ဒါဟာ မင်းတို့ အားလုံးအတွက် ပထမဆုံး သင်ခန်းစာဖြစ်သလို နောက်ဆုံး သင်ခန်းစာလည်း ဖြစ်တယ်။ နောက်တစ်ခေါက် သင်တန်းချိန်ကျရင် မင်းတို့အားလုံး စာမေးပွဲဖြေရမယ်။ မင်းတို့ကို အခန်းလွတ်တစ်ခုထဲမှာ ထည့်ထားပြီး ခန္ဓာကိုယ်လှုပ်ရှားမှု နဲ့ လှုပ်ရှားမှုမပေးပဲ လမ်းလျှောက်ပြိး မင်းတို့ မျက်လုံးနဲ့ သရုပ်ဆောင်စွမ်းရည်ကို သုံးပြီး သီချင်းတပုဒ် အဓိပ္ပာယ် ပေါ်လွင်အောင် လုပ်ပြရမယ်။ အားလုံး ကံကောင်းပါစေလို့ ငါဆုတောင်းလိုက်ပါတယ်"
ဒီလို စမ်းသပ်ချက်မျိုးဟာ လီယိုရီ ရဲ့ စတိုင်နဲ့ တကယ် လိုက်ဖက်နေပြီး ဒီစမ်းသပ်ချက်က အသေးစိတ်ကျကာ ဟာကွက်မရှိဘူးဟု ပြောလို့ရပေမယ့် တကယ့်လက်တွေ့မှာတော့ အဖိုးအိုက စိတ်အားထက်သန်တာကလွဲရင် ကိုယ်တိုင်ပါဝင် စစ်ဆေးမှု မလုပ်နိုင်အောင် အိုမင်းနေပြီဆိုတာ Tang Feng ကောင်းကောင်းသိလိုက်သဖြင့် ရယ်ချင်သလို ဝမ်းနည်းသွားမိသည်။
အရမ်း ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေဟောင်း၊ ဆရာဟောင်း တစ်ယောက်က သူ့ကို မမှတ်မိနိုင်သည့်အတွက်ကြောင့် စိတ်မကောင်းတာလည်းပါသည်။ Tang Feng ရဲ့ ခေါင်းထဲမှာ သရုပ်ဆောင်သည့်အခါ စိတ်နှစ်ပြီး သရုပ်ဆောင်တတ်သလို ခပ်ရွှင်ရွှင် အမူအရာဖြင့် အရင်က လီယိုရီရဲ့ ပုံရိပ်တွေကို မြင်ယောင်နေမိသည်။ လီယိုရီက သူ့အရင်ဘဝဟောင်းက အမည်ကို ထုတ်ဖော်ပြောချိန်တွင် သူ့ စိတ်တွေ အနည်းငယ် လူပ်ရှားသွားမိသည်။ သူတို့နှစ်ယောက်ဟာ အတိတ်တုန်းက မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့သလို အခုလည်း မိတ်ဆွေကောင်းတွေ ဖြစ်နေဦးမှာပင်။ ဒါကြောင့် ဒီ သင်တန်းတွင် သူ အစွမ်းကုန်အားစိုက်ထုတ်ပြီး အနုပညာစွမ်းရည်ကို ပြသဖို့ Tang Feng ဆုံးဖြတ်ချက်ချ ခဲ့လိုက်သည်။
........................................................................
YOU ARE READING
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...