Volume I_ Chapter (39) _ Chen Ming Xu
" Ge Chen သတင်း ထပ်ပါလာပြန်ပြီ ။ Ge Chen အောင်မြင်လာတာ ကြောက်ဖို့တောင်ကောင်းတယ်။ သူက မနှစ်ကမှ အနုပညာလောကထဲကို ဝင်လာပြီး အကောင်းဆုံး အနုပညာရှင်လူသစ်ဆုကို တန်းရတဲ့အပြင် ဒီနှစ်မှာ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ထပ်ရပြန်တယ်။ လူသစ်တွေလည်း အများကြီးဝင်လာကြပြီး အကုန်လုံးက တယောက်ထက် တယောက် ပိုပိုပြီး တော်လာကြတယ်။"
သတင်းတွေကို ဖတ်ရူရင်း ရုပ်သံလွှင့် Channel မှ အမျိုးသမီးဝန်ထမ်းက သူမရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောလိုက်သည်။
" ကျွန်မကတော့ Ge Chen ကို အရမ်းကို ကြိုက်တာပဲ "
လက်ထောက်ဝန်ထမ်း အမျိုးသမီးက Ge Chen ရဲ့ နာမည်ကို ကြားမိလိုက်တာနဲ့ကို စကားဝိုင်းထဲကို ဝမ်းသာအားရ ဝင်လာတော့သည်။
" သူက ငယ်ငယ် ချောချောနဲ့ ချစ်မွေးလည်းပါတယ်။ သူ့မျက်နှာလေး ထိုင်ကြည့်နေရတာနဲက ရင်ထဲမှာ အရမ်းကို ပျော်နေမိတော့တာပဲ။ သူ့ကုမ္ပဏီက နောက်ကနေ ပံ့ပိုးပေးနေရုံမကဘူး သူ ပရိသတ်တွေကော ၊ ရုပ်ရှင်အသိုင်းဝန်းတစ်ခုလုံးကပါ သူ့ကို အကုန်ဝိုင်းပြီး အားပေးနေကြလို့ နောင်မှာမှာ သူက အရမ်းကို အောင်မြင်တဲ့ နာမည်ကြီး စတားတစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျွန်မလာင်းရဲတယ်။ လူသစ်တွေ ထောင်ချီပေါ်နေတယ်ဆိုပေမယ့် Ge Chenလို လူမျိုးကတော့ ဖီးနစ်ငှက်လို ဂျိုတချောင်းမြင်းပုံလိုမျိုး ရှားပါးတဲ့ အနုပညာရှင်ပဲမဟုတ်လား "
လက်ထောက် အမျိုးသမီးက Ge Chenအကြောင်းကို အားပါးတရ ထိုင်ပြောနေတော့သည်။
" ခင်ဗျားပြောတာလည်း ဟုတ်တာပဲ။ အိမ်က သမီးဆို Ge Chen မှ Ge Chen သည်းသည်းလူပ်ကြိုက်တာ အဖေဖြစ်တဲ့ကျွန်တော်တောင် မနာလိုဖြစ်မိတယ်။ ဒီ အနုပညာလောကမှာ ရပ်နေနိုင်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ Ge Chen လို ချက်ချင်းလူကြိုက်များလာတဲ့ သရုပ်ဆောင်မျိုး အရင်တုန်းက ရှိခဲ့ပေမယ့် အတော်တော်များများက ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်လို့ အောင်မြင်မှုကို ဆုံးရှုံးလိုက်ရ တယ်လေ။ "
အမှန်တရားကို ထုတ်ပြောပြလိုက်တဲ့ အမျိုးသား ဝန်ထမ်းက ပြောပြီး ရယ်မောလိုက်သည်။ ဒါက အနုပညာလောကမှာ အမြဲရှိနေတဲ့ အမှန်တရား ပဲဖြစ်သည်။ အနုပညာရှင်တစ်ယောက်က ထိပ်ဆုံးနေရာမှာ ဘယ်လို နဲ့ ရပ်တည်နေနိုင်ပါစေ။ သတိမထားမိတာနဲ့ အောက်ဆုံးထိ ပြုတ်ကျသွားနိုင်သည်။ ဒီလိုပြုတ်ကျသွားတာနဲ့ အရင်လို အောင်မြင်ဖို့မပြောနဲ့။ နေရာတစ်ခုတောင် ရဖို့ မလွယ်တော့ပေ။
အနုပညာလောကထဲ ဝင်ရောက်လာသည့် လူသစ်များက ကောင်းကင်ပေါ်က ကြယ်ပွင့်တွေလို များပြားလှပေမယ့် ပရိတ်သတ် မျက်လုံးရှေ့ ဖန်သားပြင်ပေါ် ရောက်နိုင်တဲ့ အနုပညာရှင်က အရမ်းကို နည်းပါသည်။ လူတွေက အဓိက မင်းသား၊မင်းသမီးတွေကိုသာ မြင်နေကြပေမယ့် တကယ့်နောက်ကွယ်ကနေ ဒီလို ရုပ်ရှင်ဇာတ်ကား တစ်ကား၊ တီဗီစီးရီးတစ်ခုဖြစ်လာဖို့ ထောက်ပံ့ကူညီပေးရသော မထင်မရှား ဇာတ်ပို့၊ ဇာတ်ရံ၊ ထုတ်လုပ်ရေးမှ ဝန်ထမ်းများ၊ ပရိတ်သတ် မေ့လျော့နေသော သရုပ်ဆောင်များစွာက ပင်ပန်းစွာရုန်းကန်နေရသည်ကို ပရိတ်သတ်များစွာက မသိကြပေ။
အသံသွင်းမှု ပြီးဆုံးသွားတဲ့နောက် Tang Feng က ပစ္စည်းတွေ သိမ်းဆည်း နေရင်း ဝန်ထမ်းတွေ ပြောနေကြတဲ့ စကားကို အမှတ်တမဲ့ ကြားလိုက်မိပြီး ခပ်ဖျော့ဖျော့သာ ပြုံးလိုက်မိသည်။ အနုပညာလောက ဆိုတာ တကယ်ကို ရက်စက်လွန်းလှသည်။
ရုပ်သံလွှင့် ဌာနမှ ထွက်ထွက်ချင်း Tang Feng ရဲ့ ဖုန်းမြည်လာသည်။
" ဟယ်လို..."
" ဟယ်လို...အချစ်လေး ။ အသံသွင်းတာ ပြီးပြီလား ? "
ဖုန်းထဲကနေ နူးညံ့ ချိုသာသောစကားသံ ထွက်လာသည်။ အခုတလော Charles က သူ့ကို အီစီကလီ လေသံမျိုးနဲ့ စကားပြောရတာကို တော်တော် သဘောကျနေပုံရသည်။
" အွန်း.... အခုပဲ ပြီးသွားပြီ "
Tang Feng ဟာ လျှောက်လက်စ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး Charles လိုလေသံမျိုးနဲ့ ခပ်ချိုချို ပြန်ဖြေလိုက်သည်။ ဒါက တစ်ဖက်သား ကိုယ့်အပေါ် အချစ်တိုးအောင် လုပ်တဲ့ နည်းလမ်းမျိုး လား ?
" ဒါဆို ကိုယ် အောက်မှာ စောင့်နေမယ်။ ကိုယ့်ကားကို မှတ်မိတယ်မလား ? "
" အိုကေ "
Tang Feng ဖုန်းချလိုက်သည်။ နောက် နှစ်ပတ်လောက် သည်းခံနေလိုက် လျှင် ဒီဝက်ဝံစုတ်ရဲ့ လက်ကနေ သူလွတ်ပြီဖြစ်လို့ ဘယ်လောက် ပျော်ဖို့ ကောင်းလိုက်သလဲဟု Tang Feng တွေးလိုက်မိသည်။
Charles က အိပ်ရာပေါ်မှာ ဘယ်လောက်ပဲ တော်တော် Charles အပေါ်ကို သူ ပြန်ပြီး Top ဖို့က ဘယ်လိုမှ မျှော်လင့်လို့ မရပေ။ Tang Feng က Bottom နေရတာ စိတ်ထဲ ဘယ်လိုမှ မနေပေမယ့် သူလည်း တစ်ခါတစ်လေ Top ချင်သေးသည်။ ဘာကြောင့်လဲဆိုတော့ သူလည်း ယောကျာ်းတစ်ယောက်ဖြစ်ပြီး ပန်းသေ ပန်းညှိုးလည်းဖြစ်မနေ သောကြောင့် တွင်းအောင်းသည့် အရသာကို သူလည်း လိုချင်သည်။
" Tang Feng...."
နောက်ကနေ Tang Feng ရဲ့ နာမည်ကို ခေါ်သံကြားသောကြောင့်
Tang Feng လှည့်ကြည့်လိုက်သည်။ သူ့ဆီ လျှောက်လှမ်းလာနေတဲ့ ငယ်ရွယ်တဲ့ အမျိုးသားလေးက မော်ဒယ်တစ်ယောက်လို အချောစားကြီးမဟုတ် ပေမယ့် နူးညံသိမ်မွေ့ပြီး ခန့်ညားတဲ့ ရုပ်ရည်ရှိကာ ကြည့်ကောင်းတယ်ဆိုတာထက် အများကြီးပိုသည်။
" မင်း ဆေးရုံက ဆင်းလာတာ မကြာသေးဘူးလို့ ငါကြား တယ်။ အခု ဒီကို ဘာလာလုပ်ပြန်တာလဲ။ မင်းရဲ့ အကျင့် နဲ့ ဒီလောက အဆင်မပြေဘူးဆိုတာ ငါ အရင်ကတည်းက ပြောခဲ့ပြီးပြီလေ "
Tang Feng က အချို့သောရှိုးအစီအစဉ်တွေထဲမှာ အမြဲတမ်း ပါဝင် တဲ့သူ ဖြစ်နေတယ်လို့ Xiao Yu က ကြိုတင်အသိပေးထားခဲ့သောကြောင့် အစီအစဉ် ရိုက်ကူးဖို့ ဒီနေ့ သူရောက်လာခဲ့တာဖြစ်သည်။ အချိန် ကြာမှ ပြန်လည်ပါဝင်လာတဲ့အတွက် အစီအစဉ်တင်ဆက်သူဟာ သူ့ကို စကားပြောဖို့ တစ်ခါတစ်ရံမှ ရွေးချယ်ပြီး လုပ်ခိုင်းတော့လည်း သူ့ကို ဟာသတစ်ခုအနေနဲ့ လုပ်ခိုင်းတာ ဖြစ်သည်။
ဒါပေမယ့် ဒီလို ရှက် စရာ ကိစ္စက အတိတ်မှာ ကျန်ရစ်နေခဲ့ပြီ ။ အခု Tang Feng က အရင် က Tang Feng မဟုတ်တော့ပေ။ ဒါကြောင့် ဒီနေ့ရှိုးပွဲမှာ Tang Feng က သူ့ကို အလစ်ထိုးလာတဲ့ လက်သီးပုန်းတွေကို ရယ်ရယ်မောမောပဲ တုံ့ပြန်ခဲ့သည်။ အခုလိုလုပ်လိုက်သောကြောင့် သူ့အပေါ်မှာထားတဲ့ လူအများရဲ့ ထင်မြင် ချက်ကို ချက်ချင်း မပြောင်းလဲနိုင်ပေမယ့် လူရွှင်တော် တစ်ယောက်လို သူ့အပေါ် လုပ်ချင်သလိုလုပ်၊ ပြောချင်သလို မပြောနိုင်တော့အောင်တော့ ကောင်းကောင်း တားဆီးလိုက်နိုင်သည်။
သရုပ်ဆောင်တစ်ယောက်က သူ့ရဲ့ ဂုဏ်ကို ထိန်းသိမ်းထားနိုင်ဖို့ အရမ်းအရေးကြီးသည်။ တစ်ခါတလေ စနောက်ခံရတာ ဘာမှမဖြစ် ပေမယ့် အမြဲတမ်း ခုလို ဟာသ လုပ်တာ ခံနေရတယ်ဆိုတာ ကိုယ့်နာမည်ကို ထိခိုက်နိုင်သည်။
" အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ခင်ဗျား လိုပဲ ထင် ပါတယ် ။ "
Tang Feng ကပြုံပြလိုက်ပြီး အေးဆေးစွာဖြေလိုက်သည်။ Chen Ming Xu က သူ့ရဲ့ အရှေ့မှာ ရပ်နေတဲ့ အမျိုးသားလေးကို ကြောင်ငေးကြည့် နေမိပြီး အတော်ကြာမှ စကားပြောနိုင်တော့သည်။
" မတော်တဆဖြစ်ပြီးနောက်ပိုင်း မင်းရဲ့ စဉ်းစားနိင်ြစွမ်း ပိုကောင်း လာတယ် ထင်တယ် ။ "
Tang Feng က အမျိုးသားလေးရဲ့ ပုခုံးကို ရင်းရင်းနှီးနှီး တစ်ချက် ပုတ်ပြီး လျှောက်လှမ်းလာခဲ့သည်။ ဒီ အစီအစဉ်တင်ဆက်သူဟာ သူ့ကို သိပ်ပြီး သဘောမကျဘူးလို့ Xiao Yu က သတိပေးထားခဲ့သဖြင့် Chen Ming Xu က သူ့ကို ရန်စဖို့ ကြိုးစားပေမယ့် Tang Feng က ဒီကောင်လေးဟာ ဆိုးရွားလှတဲ့ လူတစ်ယောက်ဘူးလို့ ထင်သည်။ မိတ်ဆွေ တစ်ယောက် ဖြစ် တာက ရန်သူ တစ်ယောက် ပေါ်ပေါက်လာအောင် လုပ်တာထက် ပိုကောင်းသောကြောင့် ခုလို ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်တာဖြစ်သည်။
အဝေးကို လျှောက်သွားတဲ့ Tang Feng ရဲ့ နောက်ကျောကို စိုက်ကြည့်နေတဲ့ Chen Ming Xu ရဲ့ မျက်လုံးတွေထဲမှာ သံသယတွေ ထင်ဟပ်နေပြီး တစ်ခုခု မှားနေတယ်လို့ သူ့ ရင်ထဲ ခံစားနေသည်။ ဘာလဲဆိုတာ သူ မသိပေမယ့် တခုခုတွေ လွဲနေပြီ။ အရင်က Tang Feng နဲ့ အခု Tang Feng က မတူတော့တာကိုတော့ ခံစားမိလိုက်သည်။
........................................................................
Volume I_ Chapter (40) - ခံစားမှုအပြည့်နှင့် လှုပ်ရှားမှု
မနက်ခင်းမှာ Tang Feng အိပ်ရာက စောစော နိုးလာခဲ့သည်။ ပုံမှန် လုပ်စရာ မရှိတဲ့ နေ့မျိုးဆိုရင်တစ်နေ့လုံး အိပ်ရာထဲ လူးလိမ့်ပြီး အပျင်းကြီး ကာ အိပ်နေတတ်ပေမယ့် အလုပ်ရှိသည့်နေ့မျိုးဆိုရင် သူက သူများတွေထက် ဝီရိယ ထားပြီး အလုပ်ထဲမှာ အာရုံ နှစ်မြုပ်ထား တတ်သည်။
ခါးကို ဖက်ထားတဲ့ လက်တစ်ဖက်ကို ဖယ်ပစ်လိုက်ပြီး ကုတင်ပေါ်ကနေ ထဖို့ လုပ်လိုက်ပေမယ့် Charles က Tang Feng ကို ပြန်ဆွဲလိုက်ပြီး ဝက်ဝံတစ်ကောင်လို ကျယ်ပြန့်တဲ့ သူ၏ရင်ခွင်ကျယ်ထဲ Tang Feng ကိုတင်းတင်းဖက်ကာ အိပ်ချင်မူးတူးနှင့်ပြောလိုက်သည်။
" မနက်စောစော ဘယ်သွားမလို့လဲ ? "
မျက်လုံးပိတ်ထားနေပေမယ့် သူ့ရဲ့ လက်တွေ နူတ်ခမ်းတွေက Tang Feng ရဲ့ ခန္ဓာကိုယ်အနှံ့ ပွတ်သပ် နမ်းရှိုက်ကာ အနမ်းကြမ်းကြမ်းပေး နေသည်။
" အလုပ်သွားမလို့။ နောက်နှစ်ရက်ဆိုရင် တီဗီဇာတ်လမ်းတွဲတစ်ခု စရိုက်တော့မှာ။ အဲ့ဒါ မရိုက်ခင် ရိုက်ကူးရေးအဖွဲ့နဲ့ သွားတွေ့မလို့ ။ အပြန်နောက်ကျချင် နောက်ကျမယ်။ "
Tang Feng ကပြန်ဖြေရင်း သူ့ရဲ့ တင်ပါးကို လာရောက် ပွတ်သပ်ဆုပ်နယ် နေတဲ့ ပူနွေးသန်မာသော လက်ကို တွန်းဖယ်ပစ်လိုက်သည်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ရက်တွေမှာ Charles ကို ပြောထားပြီးပေမယ့် အဲ့ဒီဝက်ဝံစုတ်ကာ အိပ်ယာထဲ ချစ်တင်းနှောဖို့ကလွဲပြီး မှတ်ထားရမှန်း မသိပေ။
" လာပြန်ပြီ... တီဗီဇာတ်လမ်းတွဲတွေ။ ကိုယ် လူ ငှါးပြီး အဲ့ရုပ်သံဌာနကို ဗုံးခွဲပစ်မယ် "
Charles စိတ်ပျက်လက်ပျက် ညည်း လိုက်တယ် ။ သူ့ရဲ့ လက်တွေ တွန်းဖယ်ခံလိုက်ရပေမယ့် လက်မလျော့ပဲ အဝတ်မဲ့နေဆဲ Tang Feng ရဲ့ ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ထွေးလိုက်ကာ ချွဲလိုက်သည်။
" ကိုယ့်အချစ်လေး Tang မင်း ကိုယ့်ကို ထားသွားရင် ကိုယ် ဘယ်လို အသက် ဆက်ရှင်ရမလဲ ? ဝိဥာဉ်ကင်းမဲ့နေတဲ့ ကိုယ့်ရဲ့နှလုံးသားကို ဘယ်သူက အသက်ပြန်သွင်းပေးနိုင်မှာလဲ "
Tang Fengကို ပြန်ဖြေခွင့် မပေးဘဲ Charles က Tang Feng ရဲ့ နူတ်ခမ်းတွေကို နမ်းရိုက်ရင်း လုံးဝနိုးလာပြီးနောက် Tang Feng ရဲ့ ခြေထောက်နှစ်ဖက်ကို ဆွဲဟကာ ပေါင်ကြားထဲ သူ့ရဲ့ ကိုယ်လုံး ဖြင့် လျှောဝင်လိုက်ပြီးခွန်အားအပြည့် သုံးကာ ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အသင့်ပြင်လိုက်သည်။

YOU ARE READING
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...