Volume I _ Chapter (62)_ The Trees Long For Peace, But The Wind Will Never Cease - 1
( The Trees Long For Peace, But The Wind Will Never Cease = သင်လိုချင်သည်ဖြစ်စေ မလိုချင်သည် ဖြစ်စေ ကမ္ဘာကြီးက ပြောင်းလဲနေသည်။ )
နောက်ဆုံးတော့ Tang Feng ဟာ ကိုယ်လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ... ဒီ ကမ္ဘာကြီးက ကြီးက ဆက်လက်ပြောင်းလဲနေဦးမည်ဆိုတာကို နားလည်သွားခဲ့သည်။ ကိုယ်က ဘယ်လောက် အေးအေးချမ်းချမ်းနေချင်ပါစေ... ကိုယ့်ကို မနာလိုသူက ဆက်တိုက် တိုက်ခိုက်နေဦးမည်ဖြစ်သည်။
အောင်မြင်တဲ့ ဘဝကနေချက်ချင်း ပြုတ်ကျသွားတဲ့ ရုပ်ချောတဲ့ သရုပ်ဆောင်တစ်ယောက်က သူ့ပြိုင်ဖက်ဖြစ်သူကို တမင်သက်သက် ပင်လယ်ထဲ တွန်းချတယ်ဆိုတာ တကယ်လား။
Tang Feng ရုပ်သံလွှင့်ဌာနကနေ ပြန်လာခဲ့တာ နှစ်ရက်ပဲ ရှိသေးပေမယ့် သတင်းတစ်ပုဒ်ဟာ အွန်လိုင်းစာမျက်နှာထက်ကနေ ပရိသတ်ကြားမှာ တောမီးလို ပျံ့နှံ့လို့ နေခဲ့လေပြီ။ တင်ထားတဲ့ link ကို ဝင်ဖတ်ကြည့်လိုက်တော့ သူ့ရဲ့ အတိတ်က အခြေအနေတွေကို အသေးစိတ် ရေးသားဖော်ပြထားတာကို တွေ့လိုက်ရသည် ။ Ge Chen နဲ့အတူ idol group တစ်ခုထဲ ပရိတ်သတ်တွေကြား ပရိုမိုးရှင်းလုပ် ခဲ့ပြီးနောက် တကိုယ်တော် ခွဲထွက်လိုက်ချိန်မှာ အောင်မြင်မှု ကျဆင်းခဲ့သည်။ ဆိုးရွားလှတဲ့ သူ့ရဲ့ အကျင့်စရိုက်ကြောင့် ကုမ္ပဏီကလည်း လျစ်လျူရူထားပြီးနောက် ရုပ်ရှင်ရိုက်ကူးနေတဲ့ အချိန်မှာ သူကတမင် ရည်ရွယ်ချက်ရှိရှိနဲ့ Ge Chen ကို ပင်လယ်ထဲ တွန်းချပစ်ခဲ့တယ်ဆိုတာကို အဓိက ရေးသားဖော်ပြထားခဲ့သည်။ သတင်းထဲတွင် ဖော်ပြထားသည့် သူ့ပုံတွေက တပုံမှ လှတပတ မရှိပဲ
သတင်းရေးသူဟာ တမင်တကာ့  Tang Feng ငယ်ရွယ်စဉ် ရူးရူးမိုက်မိုက် လုပ်ခဲ့သည့် ဓာတ်ပုံတွေကိုသာ ရွေးချယ်ဖော်ပြထားသည်။ အခု လက်ရှိ Tang Feng ရဲ့ပုံနဲ့ အဲ့ဒီပုံတွေကို နိုင်းယှဉ်ကြည့်ရင် ကွဲပြားခြားနားမှုက မိုးနဲ့မြေလို ကွာခြားလှသည်။ ဒီသတင်းကို ပရိတ်သတ်သန်းချီက အလုအယက် ဖတ်ရှုကြပြီး Charles လည်းအပါအဝင်ဖြစ်သည်။
Charles က ခြေထောက်တွေကို စားပွဲပေါ် တင်ထားပြီး tablet ထဲကနေ Tang Feng ရဲ့ ဓာတ်ပုံကို ချဲ့ပြီးကြည့်နေရင်း ဝီစကီကို တစ်ငုံ သောက်လိုက်သည်။ သူက Tang Fengရဲ့ ပုံတွေကို အနုပညာလက်ရာ ပစ္စည်းလို စေ့စေ့စပ်စပ် အကဲခတ်နေပြီေးနာက် ဟက်ဟက်ပက်ပက် ရယ်မော လိုက်သည်။
" အခုလက်ရှိ Tang Fengရဲ့ပုံစံက အရင်နဲ့ အရမ်းကွာတာပဲ။ မျက်နှာက တူပေမယ့် ခံစားချက်က တခြားစီပဲ။ လူတစ်ယောက်စီလို့ထင်ရတယ်။ ဘာကြာင့် ခုလိုဖြစ်ရတာလဲ ? ဘာလို့ အရင်နဲ့ အခုက ဒီလောက် ကွာခြားနေတာလဲ ? . ငါနဲ့ အတူနေလိုက်လို့ သူ့ရဲ့ ဆွဲဆောင်မှုပြင်းတဲ့ ပင်ကိုယ်ဓါတ်ခံတွေ ပေါ်လာတာထင်တယ်။ ဒါပေမယ့် ငါနဲ့သူကြား က သဘောတူညီတဲ့အချိန်က ကုန်ဆုံးသွားပြီ။ သေစမ်းကွာ"
" ပြောစမ်း ! ဘာကြောင့် ခုလိုဖြစ်ကုန်တာလဲ.. ? "
Charles ဟာ အနားမှာ ကျောက်ရုပ်လို ငြိမ်နေသော
ကိုယ်ရံတော်ကိုတင်းမာစွာ စူးစိုက်ကာ အော်လိုက်သည်။ ခါတိုင်းလိုပင် Charles စိတ် မကြည်တိုင်း သူ စိတ်ပြေသည်အထိ ထိုးကြိတ်ဖို့ လူသားသဲအိတ်က အမြဲ အသင့်နေပေးရသည်။ အနက်ရောင် လူသားက သူဌေးရဲ့ အော်ငေါက်လိုက်တဲ့ စကားကြောင့် ကြောက်ရွံကာ လူက တောင့်တင်းသွားသည်။
" ဒီလိုဆိုရင် Boss က Tang Feng ရဲ့ ဆွဲဆောင်မူကို ပေါ်ထွက်လာအောင် လုပ်ပေးလိုက်တာဆိုတော့ Boss က တကယ့်ကို ဆရာကျတာပဲ "
" ငါ လည်း မင်းတွေးသလို တွေးနေမိတယ် "
Charles က သားရေ ဆုံလည်ကုလားထိုင်ပေါ် ခေါင်းမှီလိုက်ပြီး လက်ထဲင tablet ကို စားပွဲပေါ် ပစ်တင်လိုက်ကာ မေးလိုက်သည်။
" ဒါဆိုရင် မင်းပြောစမ်း ! ငါ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ သူ့ကို အသုံးပြုခဲ့ပြီးသွားတာတောင် ငါ ဘာကြောင့် သူ့အကြောင်းစဉ်းစားနေမိရတာလဲ ? "
" Boss ရဲ့ ဆန္ဒက လုံးလုံးမပြည့်သေးလို့ ဖြစ်နိုင်ပါတယ် "
ကိုယ်ရံတော်က နှာခေါင်းကို မသိမသာပွတ်ကာ ဖြေလိုက်သည်။
Charles ရဲ့ သက်တောင့်သက်သာရှိတဲ့ အမူအယာဟာ ရုတ်ခြင်းပဲ တင်းမာသွားပြီး သူ့ရဲ့ အကြည့်တွေက စူးရှသွားခဲ့ကာ ကိုယ်ရံတော်ရင်ကို ပေါက်ထွက်မတတ် စိုက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
" မဖြစ်နိုင်တာ ။ ငါက ဘယ်တော့မှ ငါတွဲခဲ့ပြီးတဲ့ ရည်စားဟောင်းတွေကို တမ်းတယ်ဆိုတာ မရှိခဲ့ဘူးကွ "
" ဒါပေမယ့် အခု Boss က... "
Charles ရဲ့ အကြည့်ဟာ ဓားမြှောင်တွေလို စိုက်ကျလာသဖြင့် ကိုယ်ရံတော်က ဆက်မပြောရဲတော့ပဲ အေးခဲ သွားကာ ချက်ချင်း ပါးစပ်ကို ပိတ်လိုက်သည်။ သူပြောတဲ့စကား မဆုံးမေယ့် တစ်ပိုင်းတစ်စနဲ့ Charles က သူ ဘာဆိုလိုသည်ကို ကောင်းကောင်း သိလိုက်သည်။
" မင်းပြောတာ မှန်တယ်။ ငါ သူ့ကို အရမ်း လွမ်းနေတယ်။ "
Charles က သူ့အခြေအနေ ကို နားလည်ကာ လက်ခံလိုက်သဖြင့် ကိုယ်ရံတော်က အံ့သြသွားသည်။ Tang Feng ထွက်ခွာသွားပြီးနောက် Charles ရဲ့ စိတ်ကို လူပ်ရှားစေနိုင်သူ တစ်ယောက်မှ မတွေခဲ့ပေ။ သူ ရွေးလိုက်တဲ့ လူအားလုံးက Tang Feng နဲ့ ယှဉ်ရင် လက်ဖက်ခြောက် မပါတဲ့ ရေနွေးဖြူလို ဘာအရသာမှ မရှိပေ။ Tang Feng ထက် ကြည့်ကောင်းတဲ့ သူက Tang Feng့လောက် အသိဉာဏ် ထက်မြက်မှု မရှိပေ။ Tang Feng ထက် ဉာဏ် ထက်မြက်တဲ့ သူကျတော့ အသက်က Charles ရဲ့ အဘိုး အရွယ်လောက် ဖြစ် နေသည်။ သူဟာ Tang Feng ထက် ရုပ်ချောပြီး ဥာဏ်ထက်သူကို လုံးဝ ရှာမတွေ့ခဲ့ပေ။
" သူ့ရဲ့ ဆွဲဆောင်မှုက ငါ့ကြောင့် ပေါ်လာတာလား။ အရင်က သူက မမှည့်သေးတဲ့ ပန်းသီလို ချဉ်ဖန်ဖန်နဲ့ .... ငါနဲ့နေလိုက်တော့ မှည့်လာတဲ့ပန်းသီးလို ချိုမြသွားတာပဲ... ဒီလို အရသာရှိတဲ့ ပန်းသီးကို ငါ ဘာကြောင့် သူများ လက်ထဲ ထည့်ပေးရမှာလဲ.. ? "
Charles ဟာ စားပွဲခုံကို လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်ချကာ ကြွေးကြော်လိုက်ပြီး ဖုန်းကို ကောက်ဆက်လိုက်သည်။
" Kai... မင်းရဲ့ show မှာ ငါပါမယ် ဒါပေမယ့် အစီအစဉ်ကို ဘယ်လိုဆက်လုပ်မယ်ဆိုတာ ငါပဲ ဆုံးဖြတ်ချက်မယ်။ "
ဖုန်းချလိုက်ပြီးနောက် Charles့ ရဲ့ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားခဲ့သည်။
Lu Tian Chen က ဖော်ပြနေတဲ့ သတင်းဂျာနယ်တွေနဲ့ အွန်လိုင်းသတင်းတွေကို Tang Feng ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အရမ်းသိချင်နေသည်။ Tang Feng က.. သေချာပေါက် ဒီလို ကောလဟာလ သတင်းကြောင့် မယိမ်းယိုင် သွားဘူးဆိုတာ သူ သေချာသိနေသည်။ နောက်ကွယ်က ကောလဟာလတွေတွေကို ဖန်တီးနေတဲ့ လူတွေက
Tang Feng ကို နင်းချေဖျက်ဆီးချင်နေတာလား ?
စိတ်မကောင်းစရာပဲ...
Tang Feng နဲ့ အတူတူ နေခဲ့တဲ့ အချိန်အတွင်း Tang Feng ရဲ့ စိတ်နေသဘောထားကိုသူ ကောင်းကောင်း သိခဲ့သည်။ ပြသနာ ရှာချင်ကြ လူတွေသာ သေသွားမည်။ Tang Feng က ဂရုစိုက်မည်မဟုတ်ပေ။
........................................................................
Chapter (63 ) - The Trees Long For Peace , But The Wind Will Never Cease-2
Internet မှာရှိတဲ့ Water Army - ရေတပ်ဆိုတဲ့ အဖွဲ့အကြောင်း ကြားလိုက်ရချိန်မှာ Tang Feng က ဒီအဖွဲ့က ဘာလုပ်တဲ့အဖွဲ့လဲဆိုပြီး သိချင်စိတ် ပေါ်မိခဲ့ပေမယ့်ရှောင်ယု က သူနဲ့ပတ်သတ်တဲ့ အွန်လိုင်းပေါ် က ဘယ်သတင်းကိုမှ ဖတ်လို့မရအောင် တားမြစ် ထားပေမယ့် ဇွဲကောင်းပြီး ခေါင်းမာတဲ့ Tang Feng က ရှောင်ယုရဲ့စကားကို နားမထောင်ပဲ web page တစ်ခုကို ဖွင့်ကြည့်လိုက်တော့ လူအတော်များများက သူနဲ့ပတ်သက်ပြီး ပြောဆိုဝေဖန် နေကြပြီး အားလုံးနီးပါးက သူ့ကို ပြစ်တင်ရူံ့ချ နေသည်။
ရေးထားတဲ့ comments တချို့ကို ဖတ်ပြီး Tang Feng ရယ်ပစ်လိုက်သည်။
" မင်း အဲ့ဒီ comments တွေဖတ်ပြီးရင် အကြီးအကျယ် ပေါက်ကွဲသွားမယ် ထင်တာ။ အရင်တုန်းက တစ်ယောက်ယောက်က မင်း အကြောင်း မကောင်း ပြောမိတာနဲ့ မပြီးနိုင်မစီးနိုင် ပြန်ရန်လုပ်နေခဲ့တာ မဟုတ်လား "
မနက်ခင်းတခုတွင် Lu Tian Chen က အိမ်နေရင်း အဝတ်အစား ကို ဝတ်ဆင်ထားပြီး သတင်းစာကို ဖတ်နေရင်း မှတ်ချက်ချလိုက်သည်။
ခေါင်းကြီးပိုင်းမှာ ပါလာတဲ့ သတင်းခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့က အေးစက်စက် ပြုံးလိုက်သည်။
" အဲ့ဒီအချိန်တုန်းက ခင်ဗျား ကျွန်တော်နဲ့ ပတ်သက်ပြီး တော်တော်လေးကို စိတ်အနှောက်ယှက်ဖြစ်နေခဲ့မှာပဲ "
Tang Feng ဟာ စားပွဲပေါ်က သူ့ မနက်စာကို စားရင်း နို့ဖန်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။
သတင်းစာဖတ်နေတဲ့ Lu Tian Chen က Tang Feng ကို တစ်ချက် ကြည့်လိုက်ချိန် ထို အမျိုးသားလေးရဲ့ နူတ်ခမ်းတစ်ဝိုက်မှာ အဖြူရောင် ခရင်မ်တွေ ပေကျံနေတာ တွေ့လိုက်စဉ် Tang Feng ဟာ အမှတ်တမဲ့ လျှာနဲ့ နူတ်ခမ်းတစ်ဝိုက်ကို လျှက်လိုက်ပေမယ့် သူ့ကို စိုက်ကြည့်နေသည့် Lu Tian Chen ကြောင့် အနည်းငယ် ကျန်နေသေးသလို ခံစားလိုက်ရပြီး လက်သုတ်ပဝါဖြင့် နူတ်ခမ်းတစ်ဝိုက်ကို သုတ်ပစ်လိုက်သည်။
" အတိတ်ဆိုတာ ပြီးသွားပြီ ။ အခု မင်းရဲ့ လက်ရှိပုံစံ က အားလုံး အဆင်ပြေတယ်။ online မှာ မင်းကို အပုပ်ချရေးထားတဲ့ အရေးအသားတွေနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုခံစားရလဲ ? "
Tang Feng ရဲ့ နူတ်ခမ်းကိုကြည့်နေမိတဲ့ အကြည့်ကို ပြန်လည် ရုပ်သိမ်းယူလိုက်ပြီး သတင်းစာကို ဒုတိယအကြိမ် ကောက်ကိုင်ကာ Lu Tian Chen က ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
" စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တာပဲ။ အဲ့ဒီပြောဆိုနေတဲ့အထဲ တချို့က ကျွန်တော်နဲ့ အပြင်မှာ ရင်းနှီးသလို ပုံဖမ်းထားတယ်။ တချို့က သူတို့မျက်မြင်မြင်ရသလို ရေးထားတယ်။ တချို့ကျတော့ ကျွန်တော့်ကို အလွန်အကျူးမြှောက်ပင့်ထားတယ်။ ဒီလူတွေအားလုံးက သူတို့ရဲ့စိတ်ထဲက ထင်မြင် ချက်တွေကို အခြေခံပြီးတော့ သူတို့ကိုယ်ပိုင် " Tang Feng " ကို ဖန်တီးနေရုံပါ။ "
Lu Tian Chen နဲ့ တအိမ်တည်း အတူနေထိုင် တဲ့ အချိန်ကစပြီး မနက်ခင်းတိုင်း မနက်စာကို အတူတူ စားခဲ့ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကြား နေရခက်နေပြီး အမြဲ တိတ်ဆိတ်စွာပဲ စားသောက်ခဲ့ကြသည်။ ဒါကြောင့် Tang Feng က အားစိုက်ပြီး သူဌေးဖြစ်သူနဲ့ စကား ပြော ဖို့ ဆုံးဖြတ် လိုက်တာဖြစ်သည်။
Lu Tian Chen နဲ့ ပထမဆုံး စတွေ့တဲ့အချိန်မှာ Tang Feng ရဲ့စိတ်ထဲ သိပ် သဘောမကျပေမယ့် ဒါကြောင့် လူတစ်ယောက်ကို အကဲမဖြတ်ချင်ပေ။ လူတစ်ယောက်ရဲ့ အကြောင်းကို သေချာသိဖို့ အတူနေပြီး၊ စကားပြောကြည့်ဖို့လိုအပ်သည်။
ချုံပြောရရင် Lu Tian Chen ရဲ့ ပြစ်ချက်တွေဟာ သူ့အောင်မြင်မူရဲ့ အဓိကအချက်ဖြစ်သည်ဆိုတာ Tang Feng သိလိုက်ရသည်။ Lu Tian Chen က တိကျပြတ်သားပြီးကြင်နာတရား ကင်းမဲ့သလို အရေးမပါတဲ့ အရာတွေကို ဥပေက္ခာပြုတတ်သည်။ လူတစ်ယောက်ကို သူ နှစ်သက်ရင် ဖြစ်စေ၊ မုန်းတီးရင် ဖြစ်စေ ဟန်ဆောင်ဖုံးကွယ်မထားပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သည်။
" အဲ့ဒီ သူစိမ်းတွေရဲ့ ထင်မြင်ချက်တွေက မင်းအတွက် အရေးပါလို့လား ? "
Lu Tian Chen က Tang Feng ကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။
" လူတွေက မင်းကို အထင်လွဲပြီး အပြစ်တင်နေကြတယ်။ မင်းဘာကြောင့် သရုပ်ဆောင်အလုပ်ကို လုပ်နေတယ်ဆိုတာ မသိပဲ မင်းကို ထိခိုက်အောင် တမင်သက်သက် လုပ်နေကြတယ်။ အခြေအနေက ဒီလို ဖြစ်နေတာတောင် မင်း ဘယ်လိုလုပ်သွေးအေးနေနိုင်တာလဲ ? "
Tang Feng ခေါင်း ခါလိုက်ကာ ပြန်ဖြေလိုက်သည်။
" ကျွန်တော်က သူတော်စင်လည်း မဟုတ်ဘူး။ စိတ်ထဲ အနှောက်ယှက်တော့ဖြစ်တာပေါ့... ဒါပေမယ့်ဟိုတနေ့က online မှာ မှတ်သားဖို့ကောင်းတဲ့ စကားတစ်ခွန်း ဖတ်လိုက်ရတယ်။ အခု ရေးသားထားကြတာတွေဟာ တစ်ဖက်သားအပေါ် ကိုယ်ချင်းမစာပဲ ပြောဆိုနေကြတာဆိုပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးမယ့်လူ တစ်ယောက်မှ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်တော့်ကို နားလည်ပေးပြီး ယုံကြည်ပေးတဲ့သူ ရှိကိုရှိနေမှာပဲ.. ကျွန်တော် က ဘယ်လိုလူပါ၊ ဘာလုပ်ခဲ့တယ် ဆိုတာ အချိန်တန်ရင်လူတွေ သိသွားမှာပဲ။ ဒါကြောင့် ရမ်းသမ်း ပြောဆိုနေတာကို ဘာကြောင့် ခေါင်းထဲ ထည့်ထားရမှာလဲ.. ရေးထားတဲ့ သတင်းတွေက အမှန်ပါသလို အမှားတွေ လုပ်ကြံထားတာတွေလည်း ပါနေတာပဲ... လူနည်းစုသာ အလိမ်ခံရပြီး ယုံနေကြပေမယ့် စဉ်းစားဥာဏ်ရှိတဲ့ ပရိတ်သတ်တွေက အချိန်တန်ရင် သိလာမှာပဲ။ လူတွေရဲ့ ဆင်ခြင်နိုင်တဲ့ ဥာဏ်ရည်ကို လုပ်ကြံရေးသားသူတွေက အထင်သေးနေတာပဲ။ ဒါပေမယ့် "လူအ" မကုန်သလို လူအကုန် "မအ"ပါဘူး။"
Tang Feng ဟာ သူ့ရဲ့ အတွေးတွေကို ရိုးသားစွာပြောပြလိုက်သည်။ သူကို သူများ ဘယ်လို ထင်သွားမလဲဆိုတာ သူ့ဘဝမှာဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ဖူးပေ။
သူစိုးရိမ်တဲ့ အရာက သူ့ရဲ့ သရုပ်ဆောင် အရည်အချင်းနဲ့ အောက်ခြေရောက်နေတဲ့ သူ့ရဲ့ ဘဝကို ပြန်မြင့်တင်နိုင်ပါ့မလား ဆိုတာပဲဖြစ်သည်။
ပရိသတ်ကို အသိဉာဏ်နိမ့်တဲ့ မျောက်တစ်ကောင်လို လှည့်ကွက်တွေသုံးပြီး လိမ်လည်ဖို့ ကြိုးစားတဲ့လူတွေဟာ တစ်နေ့ကျရင် သူတို့လည်း ပြန်လည် လှောင်ပြောင်ခံကြရမှာသေချာသည်။
" မင်းဘက်က အခုလို စိတ်ထားရှိတယ်ဆိုတာ သိရတော့ ငါ ဝမ်းသာပါတယ်။" True Star Training Class " ရဲ့ သတင်းစာရှင်းလင်းပွဲကို မနက်ဖြန်ကျ လုပ်မယ်။ ဒါကြောင့် ဒီနေ့ မင်း အိမ်မှာပဲ အေးဆေးနားနေတာ ပိုကောင်းလိမ့်မယ်။ ငါ PR ဌာန နဲ့ တွေ့ပြီး online နဲ့ သတင်းစာတွေမှာ ပျံ့နေတဲ့ သတင်းတွေကို ဖြေရှင်းခိုင်းလိုက်မယ် "
" ကျွန်တော့်ကတော့ ကုမ္ပဏီဘက်က ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံး ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်ပါတယ် ။ ပြီးတော့ ခင်ဗျားက အားကိုးရလောက်တဲ့ သူဌေးကောင်းတစ်ယောက် ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ကျွန်တော် တန်ဖိုးထား လက်ခံပေးနိုင်ပေမယ့် တမင်ထိခိုက်အောင် တိုက်ခိုက်တာတွေကိုတော့ လက်သင့်မခံနိုင်ဘူး "
Tang Feng ဟာ ထရပ်လိုက်ပြီး Lu Tian Chen ကို တောက်ပစွာပြုံးပြီးပြောလိုက်သည်။
" President Lu.... ကျွန်တော် ခင်ဗျားကို ယုံကြည်လို့ရနိုင်တယ် မလား ? "
" အလုပ်နဲ့ ပတ်သတ်တာဆိုရင်တော့ မင်းငါ့ကို ယုံကြည်နိုင်ပါတယ် ။ "
.......................
အိမ်မှာနေဖို့ အမိန့်ပေးခံထားရသည့် Tang Feng က Lu Tian Chen ရဲ့ လှပတဲ့ ပန်းဥယာဉ်ကြီးထဲမှာ အနားယူ ရင်း နေ့လည်ခင်း လက်ဖက်ရည်သောက်နေစဉ် tablet ဖြင့် နိုင်ငံတကာ သတင်းတွေကို ဖတ်ရူကြည့်နေသည်။ သူ သေဆုံးသွားခဲ့တာက အချိန် ကြာသွားတာဖြစ်လို့ သူနဲ့ ပတ်သတ်တဲ့ သတင်းတွေက တဖြည်းဖြည်းချင်း ပျောက်ကွယ်လို့ သွားခဲ့ပြီဖြစ်သည်။
သူ့အပေါ် နားလည်ဖို့ မကြိုးစားခဲ့တဲ့ သူစိမ်းတွေရဲ့ သူ့အပေါ် သုံးသပ်ချက်တွေကို စိတ်ထဲမှာ ဘယ်လိုမှ မခံစားရပေမယ့် သူ့ရဲ့ သူငယ်ချင်းတွေရဲ့ အခြေအနေကို အရမ်း သိချင်နေမိသည်။ သူ့ရဲ့ ရုတ်တရက် ခွဲခွာခဲ့ခြင်းက သူ့ရဲ့ မိတ်ဆွေတွေအပေါ်မှာ နက်ရိုင်းတဲ့ စိတ်ဆင်းရဲမှုကို ဖြစ်စေခဲ့သည်။
သူတို့တွေ ရေးသားခဲ့သော အမှတ်တရစကားတွေကို ဖတ်ရင်း ဘဝဟောင်းက နှလုံးရောဂါပြန်ရလိုက်သလို Tang Feng ရဲ့ရင်ဘတ်ထဲက စူးအောင့် နာကျင်မူကို ခံစားလိုက်ရသည်။
" Michael Gino ? "
သူ့ရဲ့ ရုတ်တရက် သေဆုံးခြင်းအတွက် လူများစွာရဲ့နူတ်ဆက်စကားတွေ ကြားထဲမှာ Tang Feng က သူနဲ့ ဘယ်တုန်းကမှ မတည့်ခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို ရုတ်တရက် တွေ့လိုက်ရတော့ အံ့သြသွား ခဲ့သည်။
ကမ္ဘာကြီးအတွက် အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဆုံးရူံးသွားခဲ့ရပြီ။ ကျွန်တော့်အတွက်လည်း အရေးပါတဲ့ သူငယ်ချင်းကောင်း တစ်ယောက် ဆုံးရူံးခဲ့ရတယ်။
Michael Gino
ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခု ရင်ထဲပေါ်လာပြီး Tang Feng သက်ပြင်းချ လိုက်မိသည်။ ဒီစာကို ရေးနေတဲ့အချိန်တွင် Gino ရဲ့ စိတ်ထဲ ဘယ်လို ခံစားနေရမည်ကို Tang Feng သေချာ မသိပေမယ့် ဒါကိုဖတ်မိပြီး နောက်ပိုင်းမှာ Gino အပေါ် ထင်ခဲ့တဲ့ သူ့ အမြင်တွေ လုံးဝ ပြောင်းလဲသွားခဲ့သည်။ကဟာ အမြဲ ပြိုင်နေကြတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ဆိုတာဟာ တစ်ယောက်ရဲ့ အကြောင်းကို ကျန်တစ်ယောက် နားအလည်နိုင်ဆုံးဖြစ်လို့ သူတို့နှစ်ယောက်က သူငယ်ချင်း လို့ သတ်မှတ်လို့ ရသည် မဟုတ်လား။
Gino ရဲ့ ညှိုးမှိုင်နေတဲ့ ဓာတ်ပုံက စာသားနဲ့ အတူ တွဲ ပါနေသည်။ သူ့အမူယာက ဟန်ဆောင်နေတာမဟုတ်ကြောင်း သရုပ်ဆောင်တစ်ယောက် ဖြစ်နေတဲ့ Tang Feng ကောင်းကောင်းသိသည်။ Gino့ ရဲ့ မျက်ဝန်းထဲက ဝမ်းနည်းကြေကွဲနေမူက မြင်ရသူရဲ့ ရင်ထဲကိုပါ ထပ်တူထပ်မျှ ခံစားသွားစေသည်။
" Gino..... "
Tang Feng ဟာ ခေါင်းကို ခါယမ်းလိုက်ပြီး tablet ကို ပိတ်လိုက်သည်။
.........................
True Star Training Class ရဲ့ သတင်းစာရှင်းလင်းပွဲကို နောက်တစ်နေ့ နေ့လည် သုံးနာရီမှာ ကျင်းပခဲ့ပြီး ပါဝင်မယ့် ကုမ္ပဏီ သုံးခုလုံးက Presidents တွေက သင်တန်းသားတွေနဲ့ တူ ပွဲကို တက်ရောက်လာကြသည်။
ီအချိန် မတိုင်ခင် ဘယ်သူမှ သင်တန်းမှာ တက်ရောက်မယ့် လူတွေနှင့် သင်ကြားပေးမည့် လူပုဂ္ဂိုလ်တွေကို ကြိုတင်မသိထားကြပေ။ အခမ်းအနားကို တက်ရောက်လာကြတဲ့ လူတွေကို မြင်တွေ့လိုက်ရတဲ့ အချိန်တွင် ဘာကြောင့် အခု training class ကို " True Star " ဆိုတဲ့ အမည် ပေးထားရတာလဲဆိုတာ သတင်းထောက်အားလုံး နားလည်သွားသည်။ ဒီသင်တန်းမှာ ပါဝင် သင်ကြားပေးဖို့ စုစည်းထားတဲ့ နည်းပြတွေရဲ့ အမည်စာရင်းကို တွေ့လိုက်ရချိန်မှာ အားလုံး အံ့သြ သွား ရပြန်သည်။
နည်းပြတွေ ကိုယ်တိုင် အခမ်းအနားကို ကြွရောက် ခြင်းမရှိပေမယ့် ပရိုဂျက်တာနဲ့ ပြသထားတဲ့ သူတို့ရဲ့ အမည်တွေက ပွဲတစ်ခုလုံးကို ဆူပွက်သွားစေသည်။ Tang Feng ကိုယ်တိုင်တောင် ဒီနာမည်တွေ မြင်လိုက်ရတော့ မှင်သက်သွားသည်။
အဆို ၊ အက ၊ ကိုယ်ဟန်အမူယာ၊ အပြုမှု။ သရုပ်ဆောင်ခြင်း အတတ်ပညာရပ်တို့အတွက် စုစည်းပေးထားတဲ့ နည်းပြတွေက သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် သြဇာ ကြီးမားပြီး ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပြိး အချို့ နာမည်တွေကို Tang Feng အရင်ဘဝကတည်းက ကြားဖူးခဲ့ပေမယ့် အပြင်မှာ တွေ့ဆုံဖို အခွင့်အရေး မရခဲ့ပေ။ အချို့ကိုတော့ ရုပ်ရှင်တွေ ၊ ကြော်ငြာတွေမှာ အတူလက်တွဲ လုပ်ခဲ့ဖူးပြီး အချို့ကတော့ သူ့ဘဝမှာ အားကျလေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေသည်။
သရုပ်ဆောင် ပညာကို သင်ကြားပေးမယ့် နည်းပြ Leary ဟာဆိုရင် နိုင်ငံတကာတွင် ကြော်ကြားသော သရုပ်ဆောင် စတားတစ်ယောက်ဖြစ်ပြီး နာမည်ကျော်တဲ့ ရုပ်ရှင်ဆု ချီးမြင့်ပွဲ များစွာတင် ထူးချွန်ဆုတွေ ရရှိခဲ့တဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဖြစ်သည်။
အစပိုင်းတွင်Tang Feng က သင်တန်းနဲ့ ပတ်သတ်ပြီး သိပ် အရေးမထားခဲ့ပေမယ့် နည်းပြတွေရဲ့ အမည်ကို မြင်လိုက်ရချိန်တွင် သူ့ရဲ့ သဘောထားတွေ လုံးဝ ပြောင်းလဲသွားတော့သည်။ အရင်ဘဝတုန်းက သူ့အတွက် အရေးပါခဲ့တဲ့ လူတွေနဲ့ နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းဖို့ အခွင့်အရေးတစ်ခု ရလာခဲ့ပြီး လက်ရှိ အခြေအနေက အရင်နဲ့ ခြားနားနေပေမယ့် သူ့ နှလုံးသားထဲကနေ ထွက်ပေါ်လာတဲ့ တက်ကြွမူတွေကို ထိန်းချုပ်လို့မရ ဖြစ်လို့နေသည်။
Lu Tian Chen ၊ Charles နဲ့ Su Qi Cheng တို့လည်း ပွဲကို တက်ရောက်လာကြပြီး အထူးဧည့်သည်တော် အနေနဲ့ ဖိတ်ကြားထားတဲ့ Ge Chen လည်း ပွဲ တက်ခဲ့သည်။ Training class နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ မေးကြသည့်အပြင် သတင်းထောက်တွေဟာ Ge Chen နဲ့ Tang Feng ကြားမှာရှိတဲ့ ပြသနာကို မေးရန်မမေ့ကြပေ။ ဒါပေမယ့် ကာယကံရှင်နှစ်ဥိးလုံးကို Lu Tian Chen က ဖြေကြားခွင့် မပေးခဲ့ပေ။
" မနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေ အားလုံးက ကောလဟာလတွေချည်းပါပဲ ။ Tian Chen Entertainment ရဲ့ ဥပဒေရေးရာဌာနကနေပြီးတော့ အခြေအမြစ်မရှိတဲ့ သတင်းတွေ ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့တဲ့ သတင်းစာတွေ ၊ မဂ္ဂဇင်းတွေကို တရားဥပဒေနဲ့ အညီ တရားစွဲဆိုသွားမှာဖြစ်တယ်။ ဒီနေ့ပွဲ ကို ကြွရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို တလက်စတည်း ကြေငြာစရာရှိပါတယ် ။ Tang Feng က Tian Chen Entertainment ရဲ့ သာမန်ဝန်ထမ်းတစ်ယောက် မဟုတ်ပါဘူး။ ဒီလုပ်ငန်းစုတစ်ခုလုံးမှာ အဓိက အရေးပါအရာရောက်တဲ့ ကုမ္ပဏီရဲ့ပုံရိပ်တစ်ခုဖြစ်ပတယ်။ Tang Feng ကို ရင်းနှီးတဲ့ လူတိုင်းဟာ သူ ဘယ်လို လူမျိုးဆိုတာ ကောင်းကောင်းကြီး သိကြမှာပါ။ Ge Chen နဲ့ Tang Feng ပင်လယ်ထဲ ပြုတ်ကျခဲ့ တာကလည်း မတော်တဆဖြစ်ပါတယ်။ Tang Feng ဘက်ကနေပြီး Ge Chen ကို ပင်လယ်ထဲ ပြုတ်ကျအောင် တမင်လုပ်ခဲ့တယ်ဆိုတာ လုံးဝ လက်မခံနိုင်တဲ့ သတင်းပါ။ ဒီမတော်တဆဖြစ်ရပ်ကြောင့် Tang Feng ကိုယ်တိုင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ လအတော်ကြာ တက်ရောက်ခဲ့ရပြီးလွန်ခဲ့တဲ့လ ကမှ ဆေးရုံက ဆင်းခဲ့ရတာပါ "
Lu Tian Chen ဟာ သတင်းထောက်တွေကို ပြုံးပြုံးလေးနှင့် ပြတ်သားစွာ ပြောလိုက်သည်။
" မတော်တဆမူနဲ့ ပတ်သတ်ပြီး တကယ့် အဖြစ်အမှန်ကို ခင်ဗျားတို့ဘက်က သိချင်တယ်ဆိုရင် ကာယကံရှင် Ge Chen ကို အခု တိုက်ရိုက် မေးခွန်းထုတ်နိုင်ပါတယ်"
Lu Tian Chen ဟာပြသနာဖြစ်စေမယ့် မေးခွန်းကို Ge Chen ဘက် ပစ်ထုတ်ပေးလိုက်သည်။
Tang Feng က Lu Tian Chen သူ့အတွက် ပြောပေးတာကို ဝမ်းသာ သလို ၊ ပြကသနာကို Ge Chen ဘက် ဦးတည်ပေးလိုက်တာကြောင့် ရင်ထဲ့နေ ရယ်ချင်စိတ်ပေါ်လာသည်။ Ge Chen က နတ်သားလေးလို သူ့ရဲ့ အပြစ်ကင်းစင်ပြီး ချောမော ကြင်နာတတ်တဲ့ ပုံရိပ်ကို ဘယ်လို ဆက် ထိန်းသွားမလဲ ဆိုတာ သူ တကယ်သိချင်မိသည်။
Lu Tian Chen ဘက်က ရှင်း စရာ ရှိတာကို ရှင်းသွားခဲ့ပြီး သတင်းထောက်တွေ ကိုလည်း ဥပဒေနှင့် အပေါ်ကနေ့  ဖိထားခဲ့သည်။ Ge Chen က သူ့ရဲ့ ပုံရိပ်ကို ကိုယ်တိုင် မဖျက်စီးချင်ဘူးဆိုရင် Tang Feng ကို လက်ညိုးဖြင့်ပင် ထိုးရဲတော့မည် မဟုတ်ပေ။
Ge Chen ဟာ သူကိုယ်တိုင် တည်ဆောက်လာခဲ့တဲ့ ပုံရိပ်ကို လွယ်လွယ်နှင့် စွန့်လွှတ်မည့် လူစားမျိုးမဟုတ်ပေ။ သူသာ အလွယ်တကူ စွန့်ပစ်နိုင်ရင် လှူဌားပြီး Tang Feng ကို ရိုက်နှက်တာတွေ၊ online ပေါ် ကောလဟာလတွေ ဖြန့်ဖို့ သတင်းစာတိုက်တွေဆီ သတင်းအမှားတွေ ပို့ဖို့ လုပ်ခဲ့မည် မဟုတ်ပေ။
Lu Tian Chen က Ge Chen ကို ကြိုက်နေတယ်ဆို တကယ် ဟုတ်ရဲ့လား ?
အခုထိ Lu Tian Chen က Ge Chen ကို ကြိုက်နေတယ်ဆိုတာ သူ လုံးဝမ တွေ့ရပေ။
သတင်းထောက်တွေနဲ့ မျက်နှာချင်းဆိုင်ပြီး Ge Chen ဟာ သူနဲ့ ပတ်သတ်နေတဲ့ Tang Feng ရဲ့ ကောလဟာလတွေက မဟုတ်မမှန်သတင်းတွေ ဖြစ်ကြောင်း ဖြေရှင်းလိုက်ရပြီး သူတို့ နှစ်ဦးကြားမှာ ခင်မင်ဆဲဖြစ်ကြောင်း ပြသရန် လူရှေ့တွင် ပွေ့ဖက်လိုက်ရသည်။ Tang Feng စိတ်ထဲတွင် မထင်မှတ်ပဲ ဖြစ်လာသည့် ဖြစ်ရပ်ကြောင့် ရယ်ချင်လာမိသည်။
ကောလဟာလဆိုတာ စပေါ်လာပြီးရင် ပျောက်သွားတတ်သည်။ ဒီလို ကိစ္စ မျိုးဆိုတာ ခုလို အမြန်ဆုံးရှင်းပစ်နိုင်ပြီး ခုဆိုလျှင် အနာဂါတ်မှာ
အတင်းအဖျင်းစကားတွေဟာ ပင်လယ်ရေလှိုင်းလို ဆက်လက် ဖြစ်နေဦးမှာပင်။ ဘယ် အနုပညာရှင်မဆို ဒီလို ကောလဟာလကို မလွဲမသွေ ခံရမည်ဖြစ်ပြီး ဒီလိုဟာကို ကာကွယ်ပေးနိုင်မယ့် တစ်ခုတည်းသောအရာကတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်း ဆုံး လုပ်ဆောင်ခြင်းဖြစ်သည်။ ဒီလို စိတ်နေစိတ်ထားကို ရုပ်ရှင်ဇာတ်ကား အချို့ကို ရိုက်ကူးသရုပ်ဆောင် ပြီး နောက်မှာ သူ နားလည်လာခဲ့တာဖြစ်သည်။
........................................................................
YOU ARE READING
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...