Chapter (5)

6.3K 977 2
                                    

Chapter (5)
Chapter (5)

Tang Feng ရဲ့ မယုံနိုင်စရာ အလန့်တကြားပုံစံကြောင့် အဲ့ဒီလူက ခေါင်းမော့ပြီး အကျယ်ကြီးရယ်လိုက်တယ်။

"မင်းက တကယ် Tang Feng ရောဟုတ်ရဲ့လား.. မင်းက မှတ်ဥာဏ်ပျောက်သွားရုံမကဘဲ တခြားလူတစ်ယောက်လိုပါ ပြောင်းလဲသွားတယ်.."

Charles က သူ့ရှေ့မှာထိုင်နေတဲ့ ကောင်လေးကို စိုက်ကြည့်ရင်း မေးလိုက်တယ်။

"ငါ မင်းကိုမတွေ့တာ တစ်လပဲရှိသေးတယ်.. မင်းက ငါ့ကို လုံးဝမတူတဲ့ ခံစားချက်ကို ပေးနိုင်တယ်.."

"ကျွန်တော်က မှတ်ဥာဏ်ပျောက်သွားလို့ အတိတ်တုန်းက ကျွန်တော်က ဘယ်လိုပုံစံဆိုတာ လုံးဝမမှတ်မိတော့ဘူး.."

ထိုလူက ပုခုံးကိုတွန့်လိုက်ပြီး ပြောလိုက်တယ်။

"သေမင်းတံခါးဝကိုဖြတ်ပြီး ပြန်လာတဲ့ဘယ်သူမဆို အနည်းနဲ့အများ ပြောင်းလဲသွားတယ်ဆိုတာ ပြောစရာတောင်မလိုဘူး.."

Tang Feng က အရင်ဘ၀တုန်းက မရေတွက်နိုင်အောင် သရုပ်ဆောင်ဆုတွေကို ရရှိခဲ့တယ်။ မမျှော်လင့်ထားတဲ့ အခြေအနေအများကြီးကိုလည်း ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီးပြီ။ သူက နှလုံးရောဂါရှိတဲ့အတွက် ဘယ်လိုအခြေအနေမျိုးကို ကြုံရပါစေ၊ စိတ်အေးအေးထားတတ်တဲ့အကျင့် ရှိခဲ့တယ်။ သူ စိတ်လှုပ်ရှားလိုက်တာနဲ့ သူ့နှလုံးက ဖောက်ပြီး ချက်ချင်း အသက်ထွက်သွားမှာဖြစ်တယ်။

အခု ဒီလူက သူ့ဆီကသတင်း အစ်ချင်တာလား..။ ဒီလောက် မလွယ်ဘူးလေ။

"အရင်လက ကျွန်တော့်ကို ခင်ဗျားတွေ့တော့ ဘယ်လိုတွေးမိသလဲ.."

Tang Feng က ရေနွေးနဲ့ မျက်နှာသစ်လိုက်ပြီး မျက်ရိုးကို ဖြည်းဖြည်းချင်းနှိပ်နေတယ်။ ရေစိုဆံပင်ကို သူ့နဖူးပေါ် သပ်တင်လိုက်တယ်။ ဆံပင်က ရေစက်တွေက သူ့မျက်နှာကိုဖြတ်ပြီး ရေချိုးကန်ထဲ တစ်စက်စက်ကျနေတယ်။ သူ့မျက်နှာရဲ့လှပမှုကို မမြင်ရတာ နှမြောစရာပဲ။

"လှပတဲ့ အပြင်ခန္ဓာကိုယ်နဲ့ ဦးနှောက်မရှိတဲ့သူ၊ သုံးစားမရတဲ့ အမှိုက်.."

Charles ရဲ့နှုတ်ခမ်းထောင့်တွေက အပေါ်ကိုကော့တက်သွားပြီး သူက ရေချိုးကန်ပေါ် သူ့လက်မောင်းတွေတင်လိုက်ပြီး မျက်နှာကိုမော့လိုက်တယ်။ သူ့မျက်နှာက မီးရောင်အောက်က နူးညံ့တဲ့ Tang Feng ရဲ့မျက်နှာကို ကြည့်နေပြီး ပြောလိုက်တယ်။

(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့်   (MM)Où les histoires vivent. Découvrez maintenant