Chapter (25) _ လူေ႐ြးပြဲ (1)
ေကာင္းကင္ႀကီးသည္ အေစာပိုင္းက ၾကည္လင္ေနေပမယ့္ ခ်က္ခ်င္း မိုးသားတိမ္လိပ္ေတြ တရိပ္ရိပ္ တက္လာၿပီး ေကာင္းကင္တျပင္လုံး ေမွာင္မဲေသာ မိုးတိမ္ေတြနဲ႔ျပည့္ကာ ႀကီးမားတဲ့ မိုးစက္ေတြ ေျမျပင္ဆီ အရွိန္ဟုန္ႏွင့္စတင္ က်ဆင္းလာေတာ့သည္။ ေျမသင္းရနံ႔ ေတြက ေလထုထဲ လြင့္ပ်ံ႕သြားေတာ့သည္။ ေလေတြမိုးေတြႏွင့္အတူ လွ်ပ္စီးေတြနဲ႔ မိုးႀကိဳးေတြပါ ေနာက္ဆက္တြဲလိုက္ပါလာေတာ့သည္။
" ခုလို လွ်ပ္စီးေတြလက္၊ မိုးႀကိဳးေတြပစ္ၿပီး မိုးသည္းေနတဲ့အခ်ိန္မွာ Director Li နဲ႔ ေတြ႕ဖို႔ အျပင္ထြက္လာ ကြၽန္ေတာ္တို႔ မင္းသား Ge Chen ကိုေတြ႕ရင္ အားလုံးေတာ့ ႐ုတ္႐ုတ္သည္းသည္းျဖစ္သြားၾကမွာ ေသခ်ာ တယ္ဗ်။ "
ဖက္ရွင္က်က်ဝတ္စားထားတဲ့ မန္ေနဂ်ာ Perry က အေရွ႕ ဒ႐ိုင္ဗာေဘးက ခုံမွာ ထိုင္ေနရင္းကေန ေနာက္ခန္းက အျဖဴေရာင္ဝတ္စုံနဲ႔ ထိုင္ေနတဲ့ Ge Chen ကို ၿပဳံး႐ႊင္စြာ လွည့္ၾကည့္ကာ စကားေျပာလိုက္သည္။
" Perry... လူေ႐ြးပြဲမွာ ပါမယ့္သူက ငါတစ္ေယာက္တည္း မဟုတ္ဘူး"
Ge Chen မ်က္ေမွာက္ၾကဳတ္လိုက္သည္။ လူေ႐ြးပြဲမွာပါျခင္းက အခုက သူ႔ဘဝမွာ ဒုတိယအႀကိမ္ေျမာက္ ပါဝင္ျခင္းျဖစ္သည္။
" ဒီတစ္ေခါက္ စပြန္ဆာ လုပ္ေပးမယ့္လူေတြက ႏိုင္ငံျခားကလို႔ ၾကားတယ္ ။ ဒါ႐ိုက္တာ Li ႐ိုက္ကူးမယ့္ ႐ုပ္ရွင္အေၾကာင္းနဲ႔ ပတ္သတ္ၿပီး ဘာမွ ေသေသခ်ာခ်ာ မသိရေသးေပမယ့္ ၊ ဒီေန႔ ဒါ႐ိုက္တာႀကီးက မင္းကို ေတြ႕ဖို႔ခ်ိန္းလိုက္တဲ့ အေၾကာင္းရင္းက ဇာတ္ၫႊန္းေပးခ်င္လို႔ ျဖစ္မယ္ ထင္တယ္ Ge Chen ။ ဒါ႐ိုက္တာႀကီးက သူ႔႐ုပ္ရွင္ထဲက ေခါင္းေဆာင္ မင္းသားေနရာနဲ႔ မင္းက အသင့္ေတာ္ဆုံးထင္လို႔ မင္းကို ေ႐ြးလိုက္တာ ျဖစ္ရမယ္။ ကုမၸဏီဘက္ကလည္း ဒီဇာတ္လမ္းရဲ႕ အဓိက မင္းသားေနရာမွာ မင္း သ႐ုပ္ေဆာင္ႏိုင္ဖို႔ တခ်ိန္လုံးႀကိဳးစားေနတာပဲ မဟုတ္လား"
" ခင္ဗ်ား ဒီလို ေျပာေပမယ့္လည္း ဒါ႐ိုက္တာ Li က စည္းကမ္း တင္းက်ပ္တယ္လို႔ ကြၽန္ေတာ္ ၾကားဖူးတယ္ ။ ဘယ္သူေတြ ဘာေျပာေျပာ သူ ေ႐ြးခ်င္တဲ့ ဇာတ္ေဆာင္ကို ေ႐ြးသုံးတတယ္တဲ့ ။ "
" President Su နဲ႔ President Lu တို႔ ႏွစ္ေယာက္လုံးက မင္းကို ေထာက္ခံေပးထားၾကတယ္ေလ။ မင္းလိုလူက အဓိက ဇာတ္လိုက္ေနရာ မရရင္ ဘယ္သူရမွာလဲ။ "
Perry အျမင္မွာေတာ့ Ge Chen ဟာ အစိုးရိမ္လြန္ေနတယ္လို႔ထင္သည္။
Ge Chen ဟာ ခပ္ေဖ်ာ့ေဖ်ာ့ပဲ ၿပဳံးလိုက္ၿပီး ၊ ဘာမွ ျပန္မေျပာေတာ့ပဲ ကားျပတင္းေပါက္မွတဆင့္ အျပင္ဘက္ဆီက ေျပာင္းလဲေနတဲ့ ၿမိဳ႕ေတာ္ႀကီးရဲ႕ရႈခင္းကို ေငးၾကည့္ေနမိသည္။ ဒီ႐ုပ္ရွင္အတြက္ အဓိက စပြန္ဆာေပးမယ့္ လူက Charles ဆိုတာ သူသိေနၿပီးေတာ့ လက္ရွိ Charles နဲ႔ အတူအိပ္ေနတဲ့လူဟာ ဟိုလူ ဆိုတာလဲ သူသိတယ္ ။
မိုးဟာ သည္းသည္းမည္းမည္း ႐ြာေနတုန္း အနက္ေရာင္ ကုမၸဏီကားဟာ ဟိုတယ္ရဲ႕ ဧည့္ႀကိဳတံခါးေရွ႕နားမွာ ရပ္တန႔္လိုက္သည္ ။ ကားထဲမွာ ပါလာတဲ့ လက္ေထာက္က ခပ္ျမန္ျမန္ထြက္ၿပီး ၊ Ge Chen အတြက္ ထီးတစ္ေခ်ာင္းဖြင့္ၿပီး အသင့္ေစာင့္ဆိုင္းေနသည္။ Ge Chen ဟာ သူေရာက္ေနတဲ့ ဟိုတယ္ကို ေခါင္းျပဴၾကည့္လိုက္သည္။ တ႐ုတ္ျပည္ကို Director Li လာတိုင္းမွာ Four Season Hotel မွာပဲ တည္းေနၾက မဟုတ္ဘူးလား ? လူေ႐ြးပြဲကို အဲ့ဒီ ေဟာ္တယ္မွာပဲ လုပ္တာက ပိုအဆင္မေျပဘူးလား ?
" Ge Chen ... Director Li က မင္းကို ၁၆လႊာက business room မွာ ေစာင့္ေနတယ္ ။ ငါ ေအာက္ထပ္မွာပဲ မင္းကို ေစာင့္ေနမယ္ ။ ကိစၥ တစ္ခုခု ရွိရင္ ခ်က္ခ်င္း ဖုန္းဆက္လိုက္ ။ "
ကားထဲကေန ထြက္လာတဲ့ Perry ဟာ Ge Chen ကို ၾကည့္ၿပီး ေျပာသည္။
" စိတ္မပူပါနဲ႔ ။ ကြၽန္ေတာ္ အားလုံးကို အေကာင္းဆုံး လုပ္ခဲ့မွာပါ ။ "
Ge Chen ဟာ Perry ကို ၿပဳံးၿပီး ျပန္ေျပာသည္။
အဲ့ဒီအခ်ိန္မွာ တျခားကားတစ္စင္းဟာ သူတို႔ကား အေရွ႕မွာ ရပ္တန႔္ လိုက္ေတာ့ Ge Chen လွည့္ၾကည့္မိတဲ့ အခ်ိန္ ကားထဲကေန လူႏွစ္ေယာက္ ဆင္းလာခဲ့သည္။ တစ္ေယာက္က ငယ္႐ြယ္ၿပီး ေခ်ာေမာတဲ့ မိန္းမငယ္ေလး ၊ ေနာက္တစ္ေယာက္က အရပ္ရွည္ရွည္ ခပ္ေခ်ာေခ်ာ လူငယ္ေလး တစ္ေယာက္ျဖစ္ၿပီး ထိုလူေတြကို ျမင္လိုက္ခ်ိန္မွာ Ge Chen မ်က္ေမွာင္ ႀကဳံတ္လိုက္သည္။ Tang Feng ဒီကို ဘာလာလုပ္ျပန္တာလဲ ?
" Tang Feng... မလုပ္ပါနဲ႔ ။ ကြၽန္မ ထီးမိုးလိုက္ပါ့တယ္ ။ "
လက္တစ္ဖက္က ထီးကိုကိုင္ထားၿပီး ႏွစ္ေယာက္လုံးကို မိုးမစိုေအာင္ ႀကိဳးစားေနတဲ့ အရပ္ပုပု ေကာင္မေလးဟာ အားနာစြာနဲ႔ Tang Feng ကို ေျပာေနသည္ ။
" ဘာမွ မျဖစ္ဘူး။ ထီးကို ငါ ကိုင္လိုက္ပါ့မယ္ "
အရပ္ရွည္ရွည္ ႐ုပ္ေခ်ာေခ်ာလူငယ္ေလးက မိန္းကေလးကို ေႏြးေထြးစြာ ၿပဳံးျပၿပီး လက္ထဲက ထီးကို ဆြဲယူလိုက္သည္ ။
ေမာ္ဒယ္တစ္ေယာက္လို ရွည္လ်ားေျဖာင့္တန္းတဲ့ ေျခတံမ်ားက ဝတ္ဆင္ထားတဲ့ အနက္ေရာင္ေဘာင္းဘီရွည္ေအာက္မွာ ထင္ရွားလို႔ေနသည္။ ေခ်ာေမာေျပျပစ္ေနလြန္းသည့္ ထိုအမ်ိဳးသားငယ္ေလးကို Ge Chen ေသခ်ာစိုက္ၾကည့္လိုက္တဲ့အခါ အဲ့ဒီအမ်ိဳးသားရဲ႕ ဝတ္စုံေအာက္ ဖုံးကြယ္ထားတဲ့ လုံးဝန္းျပည့္တင္းေနတဲ့ တင္ပါး ကိုပါ သတိထားမိလိုက္သည္။ ထီးကို ဆုပ္ကိုင္ထားတဲ့ လက္ေခ်ာင္းေတြက ျဖဴေဖြးၿပီး သြယ္လ် ရွည္လ်ားေနသည္။ အမ်ားနဲ႔မတူ တင့္တယ္ေက်ာ့ရွင္းတဲ့ အလွတရားက ဒီအမ်ိဳးသား ဆီကေန ထြက္ေနၿပီး အမ်ိဳးသမီးထုႀကီးရဲ႕ အသည္းႏွလုံးကို ဆြဲကိုင္ လူပ္ယူႏိုင္စြမ္း အျပည့္ရွိေနသည္။
Tang Feng ေခါင္းကို ျပန္ေမာ့လိုက္တဲ့ အခ်ိန္မွာ Ge Chen နဲ႔ အၾကည့္ခ်င္း ဆုံမိသြားၿပီး သူက ႏူတ္ခမ္းေထာင့္ကို အနည္းငယ္တြန႔္ေကြးကာ ၿပဳံးလိုက္ၿပီး ႏူတ္ဆက္လိုက္သည္။
" တိုက္ဆိုင္လိုက္တာ ။ "
Ge Chen က မထူးျခားစြာ ေခါင္းကို ညိမ့္ျပၿပီး Tang Feng ကို ျပန္ေမးလိုက္သည္ ။
" အင္း.. မင္း ဒီကို ဘာလာလုပ္တာလဲ ။ ေန႔လည္စာ လာစားတာလား ? "
" မဟုတ္ဘူး ။ ငါ လူေ႐ြးပြဲ လာတာ ။ "
Tang Fengက ျပန္ေျဖလိုက္တယ္ ။
============================
Chapter (26) _ လူေ႐ြးပြဲ (2)
ဓာတ္ေလွကား အတြင္းဘက္ထဲမွာ တျခားဧည့္သည္ ပါေနလို႔ သူတို႔ႏွစ္ေယာက္စကားေျပာလို႔ မျဖစ္ေပ။ ၿပီးေတာ့ အခ်င္းခ်င္း စကားေျပာလည္း အက်ိဳးမရွိသည္ကို သိသျဖင့္ ႏွစ္ဦးသား တိတ္ေနလိုက္သည္။ ပထမထပ္.....ဒုတိယထပ္.....တတိယထပ္..... တထပ္ၿပီတထပ္ ဓာတ္ေလွကားဟာ ျဖည္းျဖည္းခ်င္း အေပၚကို တက္သြားသည္။
Tang Feng ဟာ စိတ္ထဲကေနၿပီး Ge Chen နဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို စဥ္းစားေနသည္။ Ge Chen က အသက္က ၂၄ႏွစ္ထဲမွာရွိၿပီး သူနဲ႔အတူ Idol အဖြဲ႕တစ္ခုထဲမွာ အတူပါဝင္ခဲ့သည္။ လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္က တစ္ဦးတည္းခြဲထြက္ၿပီး ရပ္တည္ကာ ပထမဆုံးပါဝင္႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ကားမွာ အမ်ိဳးသား ဇာတ္ေဆာင္ေနရာ မွ သ႐ုပ္ေဆာင္ခဲ့ၿပီး ထိုႏွစ္ရဲ႕ အေကာင္းဆုံး တက္သစ္စ အႏုပညာရွင္ဆု ကို ရရွိခဲ့သည္။ ေနာက္ပိုင္းမွာ တက္လမ္းအရွိဆုံး အႏုပညာရွင္ဆု ၊ ေပၚျပဴလာအျဖစ္ဆုံး အမ်ိဳးသား သ႐ုပ္ေဆာင္ဆုလို စသည့္ ဆုတံဆိပ္မ်ားစြာ ရရွိခဲ့သည္။
Ge Chen ဆီမွာ ေအာင္ျမင္ဖို႔ လိုအပ္တဲ့ လူႀကိဳက္မ်ားမႈ ဆိုတာရွိၿပီး ေနၿပီး သူ လိုအပ္ေနေသးတဲ့ အရာတစ္ခုကေတာ့ ဇာတ္လမ္း ေကာင္းမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး သူ႔သ႐ုပ္ေဆာင္စြမ္း ရည္ကို ျပသႏိုင္ဖို႔ပဲ ုျဖစ္သည္။ လူငယ္လူသစ္ေတြ အၿမဲမျပတ္ေပၚေနသည့္ ေျဖာ္ေျဖေရးေလာကတြင္ ေအာင္ျမင္မႈရဖို႔၊ ေျခကုတ္ယူႏိုင္ဖို႔က ကိုယ့္ရဲ႕႐ုပ္ရည္၊ လူႀကိဳက္မ်ားခ်ိန္မွာ လက္ေတြ႕လုပ္ျပႏိုင္ဖို႔ပဲျဖစ္သည္။ မင္းရဲ႕အရည္အခ်င္းကို ျပသခြင့္ မရဘူးဆိုရင္ ေငြၾကယ္ပြင့္ အစစ္အမွန္ ျဖစ္လာႏိုင္မွာ မဟုတ္ေပ။
ယခု Ge Chen ဆီမွာရွိတဲ့အရာတိုင္းက Tang Feng အတြက္ လက္လွမ္းမမွီႏိုင္တဲ့ အရာေတြျဖစ္ၿပီး ႀကီးမားလွတဲ့ အႏုပညာ ေအဂ်င္စီ ကုမၸဏီႏွစ္ခုဟာ Ge Chen ေနာက္မွာ ရပ္တည္ေနေပးသည္။ ငယ္႐ြယ္ ၿပီး ေက်ာ္ၾကားမူ ကိုလည္း ပိုင္ဆိုင္ထားသည့္အျပင္ ဇြဲေကာင္းသည္ဟု လည္း သတ္မွတ္ ခံထားသည္။ဒါေၾကာင့္ Ge Chen ရဲ႕ဘဝမွာ အားလုံး ျပည့္စုံေနတယ္လို႔ ေထာက္ခံၾကမွာေသခ်ာသည္။
Ge Chen ကို ႏိူင္းယွဥ္ ၾကည့္လိုက္မယ္ဆိုရင္ Tang Feng မွာ ဆိုး႐ြားတဲ့ အတိတ္ျဖစ္ရပ္ရွိေနသည္။ Tang Feng က အလုပ္လုပ္ရာမွာ ဇြဲ မရွိသလို ကုမၸဏီနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး မရွိေပ ။ Tang Feng ပိုင္ဆိုင္ထားတဲ့ တစ္ခုတည္းေသာ အားသာခ်က္ကေတာ့ Ge Chen ဆီမွာ မရွိတဲ့ ႐ုပ္ရွင္ေလာက အေတြ႕အႀကဳံေတြနဲ႔ သ႐ုပ္ေဆာင္ပညာမ်ားျဖစ္သည္။ အတိတ္ျဖစ္ရပ္ေတြကို ဖယ္ထားလိုက္ရင္ သူ႔ အႏုပညာအရည္အခ်င္း နဲ႔ Director Li ႐ိုက္ကူးမယ့္ ႐ုပ္ရွင္မွာ ပါဝင္ႏိုင္သည္ဟု Tang Feng ယုံၾကည္သည္။
၁၆ လႊာကို ေရာက္ေတာ့ ဓာတ္ေလွကားဟာ ရပ္တန႔္သြားၿပီး ႏွစ္ေယာက္ အတူတူ ဓါတ္ေလွကားထဲမွ ထြက္လာၿပီး Business room ဆီ ေလွ်ာက္ လာခဲ့သည္။
Ge Chen ရဲ႕ ေနာက္ေက်ာကို ၾကည့္ၿပီး Tang Feng ခပ္ဖြဖြၿပဳံးလိုက္သည္။ ဒီေကာင္ေလးဟာ စိတ္အေႏွာက္ယွက္ျဖစ္တာကို မဖုံးကြယ္ႏိုင္ေသးဘူးပဲ။ Ge Chen ဟာ Director Liဆီ ေလွ်ာက္သြားၿပီး စိတ္အားထက္သန္စြာျဖင့္ ႏူတ္ဆက္စကားေျပာလိုက္ေပမယ့္ Director Li က ၿပဳံး႐ုံပဲ ၿပဳံးျပလိုက္သည္။ ခဏၾကာေတာ့ သူက Tang Feng နဲ႔ Ge Chen တို႔ကို ေနရာတစ္ခုကို ေခၚေဆာင္သြားကာ လြတ္လပ္စြာ ေျပာျပလိုက္သည္ ။
" အခု႐ိုက္မယ့္ ႐ုပ္ရွင္ဟာ ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ျပသဖို႔အထိ ရည္႐ြယ္ထားလို႔ အဓိက သ႐ုပ္ေဆာင္မင္းသားက English စကားကို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာဆိုႏိုင္ဖို႔ အရမ္းအေရးႀကီးတယ္ "
Director Li ဟာ အင္တာဗ်ဴးခ်ိန္မွာ သူ ႐ိုက္ကူးမယ့္ ဇာတ္ကားအတြက္ အေရးႀကီးတဲ့ အခ်က္အလက္ကိုၿပဳံးၿပီးေျပာလိုက္သည္။ Director ရဲ႕ စကားကိုၾကားေတာ့ Ge Chen က မ်က္ႏွာပ်က္သြားသည္။
" တကယ့္ေတာ့ ီဒီဇာတ္လမ္းမွာ အဓိကဇာတ္ေဆာင္မင္းသား ႏွစ္ေယာက္ ရွိတယ္။ တစ္ေယာက္ကိုေတာ့ ငါေ႐ြးခ်ယ္ထားၿပီးၿပီ။ သူ ဒီကို လာေနၿပီ။ သူေရာက္တာနဲ႔ မင္းတို႔ႏွစ္ေယာက္ သူနဲ႔ အတူတြဲၿပီး အစမ္း သ႐ုပ္ေဆာင္ရမယ္။ မင္းတို႔ အေကာင္းဆုံးလုပ္လိမ့္မယ္လို႔ ငါေမွ်ာ္လင့္ တယ္ ။ "
Director Li ဟာ Tang Feng နဲ႔ Ge Chen တို႔ကို အဓိပၸာယ္ျပည့္တဲ့ အၾကည့္နဲ႔ ၾကည့္ကာေျပာလိုက္သည္။
" Director ႀကီးခင္ဗ်ာ...အခု႐ိုက္မယ့္ ႐ုပ္ရွင္ရဲ႕ ဇာတ္ၫြန္းအေၾကာင္းနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ ေမးလို႔ရမလား ? "
Director Li ႐ိုက္ကူးမယ့္ ႐ုပ္ရွင္က အရမ္းကို လ်ိဳ႕ဝွက္ထားတယ္လို႔ ေျပာလို႔ရသည္။ သ႐ုပ္ေဆာင္ဖို႔ အေ႐ြးမခံရလွ်င္ ႐ိုက္ကူးမယ့္ အေၾကာင္းအရာကို ဘယ္သူမွ မသိႏိုင္ၾကေပ။ လူေ႐ြးပြဲ ယွဥ္ၿပိဳင္ဖို႔ အဖိတ္ခံထားရတာေတာင္ အခု ႐ုပ္ရွင္ရဲ႕ ဇာတ္ၫႊန္းကို ဘယ္သူမွ ဖတ္ၾကည့္ခြင့္ မရေသးေပ။
အရင္ ဖီးနစ္ဘဝက ႐ုတ္တရက္ သူႏွလုံးေရာဂါေဖာက္ၿပီး မေသဆုံးမခင္ ရက္ပိုင္းေလာက္မွာ Tang Feng ဟာ Director Li Wei ရဲ႕ ႐ုပ္ရွင္ဇာတ္ၫႊန္း မူၾကမ္းကို ဖတ္ၾကည့္ခဲ့ရသည္။ ဒီဟာက သူ႔အတြက္ အားသာခ်က္တစ္ခု လို႔ ေျပာလို႔ရႏိုင္သည္။ အရင္ဘဝတုန္းကေတာ့ သူ႔ေရာဂါ အေျခေန ေၾကာင့္ အခ်ိန္မ်ားမ်ား မေပးႏိုင္သျဖင့္ ဒီဇာတ္ကားကို ႐ိုက္ဖို႔ သူ ျငင္းလိုက္ေပမယ့္ အခု Tang Feng ဘဝေရာက္ေတာ့ ဒီဇာတ္လမ္းက ပါခြင့္ရဖို႔အတြက္ အျခားလူမ်ားနည္းတူ သူလည္း ၿပိဳင္ဆိုင္ေနရသည္ကို ေတြးကာ Tang Feng ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္မိသည္။
Ditector Li Wei က ၿပဳံးၿပီး ျပန္ေျဖသည္။
" စိတ္မေကာင္းပါဘူး ။ ငါ့ရဲ႕ စမ္းသပ္ခ်က္ကို ေအာင္ျမင္တဲ့ အခ်ိန္က်မွ အေ႐ြးခ်ယ္ခံရသူကို ဇာတ္ၫြန္းထဲက အေၾကာင္းအရာ ေျပာျပမွာျဖစ္ တယ္။ ဒါေၾကာင့္ မင္းတို႔ႏွစ္ေယာက္စလုံး စိတ္ႏွစ္ၿပီး ယွဥ္ၿပိဳင္ၾကမယ္ လို႔ ေမွ်ာ္လင့္တယ္။ ဒီစမ္းသပ္ခ်က္ကို ေအာင္ျမင္ၿပီးတဲ့ေနာက္ ၊ တကယ့္႐ိုက္ကြင္းေရာက္ရင္ ငါလိုခ်င္တဲ့ အေသးစိတ္အခ်က္ေလးေတြကို တိတိက်က် သ႐ုပ္ေဆာင္ေပးဖို႔ မင္းတို႔ ဆႏၵရွိႀကရဲ႕လား? "
" ကြၽန္ေတာ္ ဆႏၵရွိပါတယ္ ။ "
Tang Feng တုန႔္ဆိုင္းမႈမရွိပဲ အေျဖေပးလိုက္သည္။ Ge Chen က တုန္လူပ္ေနေပမယ့္ ေနာက္က်က်န္ရစ္မွာစိုးလို႕ ဆႏၵရွိေႀကာင္း ခ်က္ခ်င္း ေျပာလိုက္သည္။
Ge Chen ကို စိတ္ထဲမွာ ထားမေနေတာ့ဘဲ Tang Feng စိတ္ထဲမွာ Director Li Wei တင္ႀကိဳ ေ႐ြးခ်ယ္ထားတဲ့ သ႐ုပ္ေဆာင္ဟာ ဘယ္သူမ်ား ျဖစ္မေနမလဲလို႔ ေတြးေနမိသည္။ သူမွန္းတဲ့အတို္င္းဆိုရင္ အဲ့ဒီ လူက Hollywood က ႏိုင္ငံတကာမွာ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ လူမ်ိဳး ျဖစ္မည္ထင္သည္။
=======================
Chapter (25) _ လူရွေးပွဲ (1)
ကောင်းကင်ကြီးသည် အစောပိုင်းက ကြည်လင်နေပေမယ့် ချက်ချင်း မိုးသားတိမ်လိပ်တွေ တရိပ်ရိပ် တက်လာပြီး ကောင်းကင်တပြင်လုံး မှောင်မဲသော မိုးတိမ်တွေနဲ့ပြည့်ကာ ကြီးမားတဲ့ မိုးစက်တွေ မြေပြင်ဆီ အရှိန်ဟုန်နှင့်စတင် ကျဆင်းလာတော့သည်။ မြေသင်းရနံ့ တွေက လေထုထဲ လွင့်ပျံ့သွားတော့သည်။ လေတွေမိုးတွေနှင့်အတူ လျှပ်စီးတွေနဲ့ မိုးကြိုးတွေပါ နောက်ဆက်တွဲလိုက်ပါလာတော့သည်။
" ခုလို လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ပြီး မိုးသည်းနေတဲ့အချိန်မှာ Director Li နဲ့ တွေ့ဖို့ အပြင်ထွက်လာ ကျွန်တော်တို့ မင်းသား Ge Chen ကိုတွေ့ရင် အားလုံးတော့ ရုတ်ရုတ်သည်းသည်းဖြစ်သွားကြမှာ သေချာ တယ်ဗျ။ "
ဖက်ရှင်ကျကျဝတ်စားထားတဲ့ မန်နေဂျာ Perry က အရှေ့ ဒရိုင်ဗာဘေးက ခုံမှာ ထိုင်နေရင်းကနေ နောက်ခန်းက အဖြူရောင်ဝတ်စုံနဲ့ ထိုင်နေတဲ့ Ge Chen ကို ပြုံးရွှင်စွာ လှည့်ကြည့်ကာ စကားပြောလိုက်သည်။
" Perry... လူရွေးပွဲမှာ ပါမယ့်သူက ငါတစ်ယောက်တည်း မဟုတ်ဘူး"
Ge Chen မျက်မှောက်ကြုတ်လိုက်သည်။ လူရွေးပွဲမှာပါခြင်းက အခုက သူ့ဘဝမှာ ဒုတိယအကြိမ်မြောက် ပါဝင်ခြင်းဖြစ်သည်။
" ဒီတစ်ခေါက် စပွန်ဆာ လုပ်ပေးမယ့်လူတွေက နိုင်ငံခြားကလို့ ကြားတယ် ။ ဒါရိုက်တာ Li ရိုက်ကူးမယ့် ရုပ်ရှင်အကြောင်းနဲ့ ပတ်သတ်ပြီး ဘာမှ သေသေချာချာ မသိရသေးပေမယ့် ၊ ဒီနေ့ ဒါရိုက်တာကြီးက မင်းကို တွေ့ဖို့ချိန်းလိုက်တဲ့ အကြောင်းရင်းက ဇာတ်ညွှန်းပေးချင်လို့ ဖြစ်မယ် ထင်တယ် Ge Chen ။ ဒါရိုက်တာကြီးက သူ့ရုပ်ရှင်ထဲက ခေါင်းဆောင် မင်းသားနေရာနဲ့ မင်းက အသင့်တော်ဆုံးထင်လို့ မင်းကို ရွေးလိုက်တာ ဖြစ်ရမယ်။ ကုမ္ပဏီဘက်ကလည်း ဒီဇာတ်လမ်းရဲ့ အဓိက မင်းသားနေရာမှာ မင်း သရုပ်ဆောင်နိုင်ဖို့ တချိန်လုံးကြိုးစားနေတာပဲ မဟုတ်လား"
" ခင်ဗျား ဒီလို ပြောပေမယ့်လည်း ဒါရိုက်တာ Li က စည်းကမ်း တင်းကျပ်တယ်လို့ ကျွန်တော် ကြားဖူးတယ် ။ ဘယ်သူတွေ ဘာပြောပြော သူ ရွေးချင်တဲ့ ဇာတ်ဆောင်ကို ရွေးသုံးတတယ်တဲ့ ။ "
" President Su နဲ့ President Lu တို့ နှစ်ယောက်လုံးက မင်းကို ထောက်ခံပေးထားကြတယ်လေ။ မင်းလိုလူက အဓိက ဇာတ်လိုက်နေရာ မရရင် ဘယ်သူရမှာလဲ။ "
Perry အမြင်မှာတော့ Ge Chen ဟာ အစိုးရိမ်လွန်နေတယ်လို့ထင်သည်။
Ge Chen ဟာ ခပ်ဖျော့ဖျော့ပဲ ပြုံးလိုက်ပြီး ၊ ဘာမှ ပြန်မပြောတော့ပဲ ကားပြတင်းပေါက်မှတဆင့် အပြင်ဘက်ဆီက ပြောင်းလဲနေတဲ့ မြို့တော်ကြီးရဲ့ရှုခင်းကို ငေးကြည့်နေမိသည်။ ဒီရုပ်ရှင်အတွက် အဓိက စပွန်ဆာပေးမယ့် လူက Charles ဆိုတာ သူသိနေပြီးတော့ လက်ရှိ Charles နဲ့ အတူအိပ်နေတဲ့လူဟာ ဟိုလူ ဆိုတာလဲ သူသိတယ် ။
မိုးဟာ သည်းသည်းမည်းမည်း ရွာနေတုန်း အနက်ရောင် ကုမ္ပဏီကားဟာ ဟိုတယ်ရဲ့ ဧည့်ကြိုတံခါးရှေ့နားမှာ ရပ်တန့်လိုက်သည် ။ ကားထဲမှာ ပါလာတဲ့ လက်ထောက်က ခပ်မြန်မြန်ထွက်ပြီး ၊ Ge Chen အတွက် ထီးတစ်ချောင်းဖွင့်ပြီး အသင့်စောင့်ဆိုင်းနေသည်။ Ge Chen ဟာ သူရောက်နေတဲ့ ဟိုတယ်ကို ခေါင်းပြူကြည့်လိုက်သည်။ တရုတ်ပြည်ကို Director Li လာတိုင်းမှာ Four Season Hotel မှာပဲ တည်းနေကြ မဟုတ်ဘူးလား ? လူရွေးပွဲကို အဲ့ဒီ ဟော်တယ်မှာပဲ လုပ်တာက ပိုအဆင်မပြေဘူးလား ?
" Ge Chen ... Director Li က မင်းကို ၁၆လွှာက business room မှာ စောင့်နေတယ် ။ ငါ အောက်ထပ်မှာပဲ မင်းကို စောင့်နေမယ် ။ ကိစ္စ တစ်ခုခု ရှိရင် ချက်ချင်း ဖုန်းဆက်လိုက် ။ "
ကားထဲကနေ ထွက်လာတဲ့ Perry ဟာ Ge Chen ကို ကြည့်ပြီး ပြောသည်။
" စိတ်မပူပါနဲ့ ။ ကျွန်တော် အားလုံးကို အကောင်းဆုံး လုပ်ခဲ့မှာပါ ။ "
Ge Chen ဟာ Perry ကို ပြုံးပြီး ပြန်ပြောသည်။
အဲ့ဒီအချိန်မှာ တခြားကားတစ်စင်းဟာ သူတို့ကား အရှေ့မှာ ရပ်တန့် လိုက်တော့ Ge Chen လှည့်ကြည့်မိတဲ့ အချိန် ကားထဲကနေ လူနှစ်ယောက် ဆင်းလာခဲ့သည်။ တစ်ယောက်က ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းမငယ်လေး ၊ နောက်တစ်ယောက်က အရပ်ရှည်ရှည် ခပ်ချောချော လူငယ်လေး တစ်ယောက်ဖြစ်ပြီး ထိုလူတွေကို မြင်လိုက်ချိန်မှာ Ge Chen မျက်မှောင် ကြုံတ်လိုက်သည်။ Tang Feng ဒီကို ဘာလာလုပ်ပြန်တာလဲ ?
" Tang Feng... မလုပ်ပါနဲ့ ။ ကျွန်မ ထီးမိုးလိုက်ပါ့တယ် ။ "
လက်တစ်ဖက်က ထီးကိုကိုင်ထားပြီး နှစ်ယောက်လုံးကို မိုးမစိုအောင် ကြိုးစားနေတဲ့ အရပ်ပုပု ကောင်မလေးဟာ အားနာစွာနဲ့ Tang Feng ကို ပြောနေသည် ။
" ဘာမှ မဖြစ်ဘူး။ ထီးကို ငါ ကိုင်လိုက်ပါ့မယ် "
အရပ်ရှည်ရှည် ရုပ်ချောချောလူငယ်လေးက မိန်းကလေးကို နွေးထွေးစွာ ပြုံးပြပြီး လက်ထဲက ထီးကို ဆွဲယူလိုက်သည် ။
မော်ဒယ်တစ်ယောက်လို ရှည်လျားဖြောင့်တန်းတဲ့ ခြေတံများက ဝတ်ဆင်ထားတဲ့ အနက်ရောင်ဘောင်းဘီရှည်အောက်မှာ ထင်ရှားလို့နေသည်။ ချောမောပြေပြစ်နေလွန်းသည့် ထိုအမျိုးသားငယ်လေးကို Ge Chen သေချာစိုက်ကြည့်လိုက်တဲ့အခါ အဲ့ဒီအမျိုးသားရဲ့ ဝတ်စုံအောက် ဖုံးကွယ်ထားတဲ့ လုံးဝန်းပြည့်တင်းနေတဲ့ တင်ပါး ကိုပါ သတိထားမိလိုက်သည်။ ထီးကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေက ဖြူဖွေးပြီး သွယ်လျ ရှည်လျားနေသည်။ အများနဲ့မတူ တင့်တယ်ကျော့ရှင်းတဲ့ အလှတရားက ဒီအမျိုးသား ဆီကနေ ထွက်နေပြီး အမျိုးသမီးထုကြီးရဲ့ အသည်းနှလုံးကို ဆွဲကိုင် လူပ်ယူနိုင်စွမ်း အပြည့်ရှိနေသည်။
Tang Feng ခေါင်းကို ပြန်မော့လိုက်တဲ့ အချိန်မှာ Ge Chen နဲ့ အကြည့်ချင်း ဆုံမိသွားပြီး သူက နူတ်ခမ်းထောင့်ကို အနည်းငယ်တွန့်ကွေးကာ ပြုံးလိုက်ပြီး နူတ်ဆက်လိုက်သည်။
" တိုက်ဆိုင်လိုက်တာ ။ "
Ge Chen က မထူးခြားစွာ ခေါင်းကို ညိမ့်ပြပြီး Tang Feng ကို ပြန်မေးလိုက်သည် ။
" အင်း.. မင်း ဒီကို ဘာလာလုပ်တာလဲ ။ နေ့လည်စာ လာစားတာလား ? "
" မဟုတ်ဘူး ။ ငါ လူရွေးပွဲ လာတာ ။ "
Tang Fengက ပြန်ဖြေလိုက်တယ် ။
============================
Chapter (26) _ လူရွေးပွဲ (2)
ဓာတ်လှေကား အတွင်းဘက်ထဲမှာ တခြားဧည့်သည် ပါနေလို့ သူတို့နှစ်ယောက်စကားပြောလို့ မဖြစ်ပေ။ ပြီးတော့ အချင်းချင်း စကားပြောလည်း အကျိုးမရှိသည်ကို သိသဖြင့် နှစ်ဦးသား တိတ်နေလိုက်သည်။ ပထမထပ်.....ဒုတိယထပ်.....တတိယထပ်..... တထပ်ပြီတထပ် ဓာတ်လှေကားဟာ ဖြည်းဖြည်းချင်း အပေါ်ကို တက်သွားသည်။
Tang Feng ဟာ စိတ်ထဲကနေပြီး Ge Chen နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို စဉ်းစားနေသည်။ Ge Chen က အသက်က ၂၄နှစ်ထဲမှာရှိပြီး သူနဲ့အတူ Idol အဖွဲ့တစ်ခုထဲမှာ အတူပါဝင်ခဲ့သည်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တစ်ဦးတည်းခွဲထွက်ပြီး ရပ်တည်ကာ ပထမဆုံးပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားမှာ အမျိုးသား ဇာတ်ဆောင်နေရာ မှ သရုပ်ဆောင်ခဲ့ပြီး ထိုနှစ်ရဲ့ အကောင်းဆုံး တက်သစ်စ အနုပညာရှင်ဆု ကို ရရှိခဲ့သည်။ နောက်ပိုင်းမှာ တက်လမ်းအရှိဆုံး အနုပညာရှင်ဆု ၊ ပေါ်ပြူလာအဖြစ်ဆုံး အမျိုးသား သရုပ်ဆောင်ဆုလို စသည့် ဆုတံဆိပ်များစွာ ရရှိခဲ့သည်။
Ge Chen ဆီမှာ အောင်မြင်ဖို့ လိုအပ်တဲ့ လူကြိုက်များမှု ဆိုတာရှိပြီး နေပြီး သူ လိုအပ်နေသေးတဲ့ အရာတစ်ခုကတော့ ဇာတ်လမ်း ကောင်းမှာ ပါဝင်သရုပ်ဆောင်ပြီး သူ့သရုပ်ဆောင်စွမ်း ရည်ကို ပြသနိုင်ဖို့ပဲ ုဖြစ်သည်။ လူငယ်လူသစ်တွေ အမြဲမပြတ်ပေါ်နေသည့် ဖြော်ဖြေရေးလောကတွင် အောင်မြင်မှုရဖို့၊ ခြေကုတ်ယူနိုင်ဖို့က ကိုယ့်ရဲ့ရုပ်ရည်၊ လူကြိုက်များချိန်မှာ လက်တွေ့လုပ်ပြနိုင်ဖို့ပဲဖြစ်သည်။ မင်းရဲ့အရည်အချင်းကို ပြသခွင့် မရဘူးဆိုရင် ငွေကြယ်ပွင့် အစစ်အမှန် ဖြစ်လာနိုင်မှာ မဟုတ်ပေ။
ယခု Ge Chen ဆီမှာရှိတဲ့အရာတိုင်းက Tang Feng အတွက် လက်လှမ်းမမှီနိုင်တဲ့ အရာတွေဖြစ်ပြီး ကြီးမားလှတဲ့ အနုပညာ အေဂျင်စီ ကုမ္ပဏီနှစ်ခုဟာ Ge Chen နောက်မှာ ရပ်တည်နေပေးသည်။ ငယ်ရွယ် ပြီး ကျော်ကြားမူ ကိုလည်း ပိုင်ဆိုင်ထားသည့်အပြင် ဇွဲကောင်းသည်ဟု လည်း သတ်မှတ် ခံထားသည်။ဒါကြောင့် Ge Chen ရဲ့ဘဝမှာ အားလုံး ပြည့်စုံနေတယ်လို့ ထောက်ခံကြမှာသေချာသည်။
Ge Chen ကို နိူင်းယှဉ် ကြည့်လိုက်မယ်ဆိုရင် Tang Feng မှာ ဆိုးရွားတဲ့ အတိတ်ဖြစ်ရပ်ရှိနေသည်။ Tang Feng က အလုပ်လုပ်ရာမှာ ဇွဲ မရှိသလို ကုမ္ပဏီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိပေ ။ Tang Feng ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော အားသာချက်ကတော့ Ge Chen ဆီမှာ မရှိတဲ့ ရုပ်ရှင်လောက အတွေ့အကြုံတွေနဲ့ သရုပ်ဆောင်ပညာများဖြစ်သည်။ အတိတ်ဖြစ်ရပ်တွေကို ဖယ်ထားလိုက်ရင် သူ့ အနုပညာအရည်အချင်း နဲ့ Director Li ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်နိုင်သည်ဟု Tang Feng ယုံကြည်သည်။
၁၆ လွှာကို ရောက်တော့ ဓာတ်လှေကားဟာ ရပ်တန့်သွားပြီး နှစ်ယောက် အတူတူ ဓါတ်လှေကားထဲမှ ထွက်လာပြီး Business room ဆီ လျှောက် လာခဲ့သည်။
Ge Chen ရဲ့ နောက်ကျောကို ကြည့်ပြီး Tang Feng ခပ်ဖွဖွပြုံးလိုက်သည်။ ဒီကောင်လေးဟာ စိတ်အနှောက်ယှက်ဖြစ်တာကို မဖုံးကွယ်နိုင်သေးဘူးပဲ။ Ge Chen ဟာ Director Liဆီ လျှောက်သွားပြီး စိတ်အားထက်သန်စွာဖြင့် နူတ်ဆက်စကားပြောလိုက်ပေမယ့် Director Li က ပြုံးရုံပဲ ပြုံးပြလိုက်သည်။ ခဏကြာတော့ သူက Tang Feng နဲ့ Ge Chen တို့ကို နေရာတစ်ခုကို ခေါ်ဆောင်သွားကာ လွတ်လပ်စွာ ပြောပြလိုက်သည် ။
" အခုရိုက်မယ့် ရုပ်ရှင်ဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ ပြသဖို့အထိ ရည်ရွယ်ထားလို့ အဓိက သရုပ်ဆောင်မင်းသားက English စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ဖို့ အရမ်းအရေးကြီးတယ် "
Director Li ဟာ အင်တာဗျူးချိန်မှာ သူ ရိုက်ကူးမယ့် ဇာတ်ကားအတွက် အရေးကြီးတဲ့ အချက်အလက်ကိုပြုံးပြီးပြောလိုက်သည်။ Director ရဲ့ စကားကိုကြားတော့ Ge Chen က မျက်နှာပျက်သွားသည်။
" တကယ့်တော့ ီဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရှိတယ်။ တစ်ယောက်ကိုတော့ ငါရွေးချယ်ထားပြီးပြီ။ သူ ဒီကို လာနေပြီ။ သူရောက်တာနဲ့ မင်းတို့နှစ်ယောက် သူနဲ့ အတူတွဲပြီး အစမ်း သရုပ်ဆောင်ရမယ်။ မင်းတို့ အကောင်းဆုံးလုပ်လိမ့်မယ်လို့ ငါမျှော်လင့် တယ် ။ "
Director Li ဟာ Tang Feng နဲ့ Ge Chen တို့ကို အဓိပ္ပာယ်ပြည့်တဲ့ အကြည့်နဲ့ ကြည့်ကာပြောလိုက်သည်။
" Director ကြီးခင်ဗျာ...အခုရိုက်မယ့် ရုပ်ရှင်ရဲ့ ဇာတ်ညွန်းအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် မေးလို့ရမလား ? "
Director Li ရိုက်ကူးမယ့် ရုပ်ရှင်က အရမ်းကို လျို့ဝှက်ထားတယ်လို့ ပြောလို့ရသည်။ သရုပ်ဆောင်ဖို့ အရွေးမခံရလျှင် ရိုက်ကူးမယ့် အကြောင်းအရာကို ဘယ်သူမှ မသိနိုင်ကြပေ။ လူရွေးပွဲ ယှဉ်ပြိုင်ဖို့ အဖိတ်ခံထားရတာတောင် အခု ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို ဘယ်သူမှ ဖတ်ကြည့်ခွင့် မရသေးပေ။
အရင် ဖီးနစ်ဘဝက ရုတ်တရက် သူနှလုံးရောဂါဖောက်ပြီး မသေဆုံးမခင် ရက်ပိုင်းလောက်မှာ Tang Feng ဟာ Director Li Wei ရဲ့ ရုပ်ရှင်ဇာတ်ညွှန်း မူကြမ်းကို ဖတ်ကြည့်ခဲ့ရသည်။ ဒီဟာက သူ့အတွက် အားသာချက်တစ်ခု လို့ ပြောလို့ရနိုင်သည်။ အရင်ဘဝတုန်းကတော့ သူ့ရောဂါ အခြေနေ ကြောင့် အချိန်များများ မပေးနိုင်သဖြင့် ဒီဇာတ်ကားကို ရိုက်ဖို့ သူ ငြင်းလိုက်ပေမယ့် အခု Tang Feng ဘဝရောက်တော့ ဒီဇာတ်လမ်းက ပါခွင့်ရဖို့အတွက် အခြားလူများနည်းတူ သူလည်း ပြိုင်ဆိုင်နေရသည်ကို တွေးကာ Tang Feng ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။
Ditector Li Wei က ပြုံးပြီး ပြန်ဖြေသည်။
" စိတ်မကောင်းပါဘူး ။ ငါ့ရဲ့ စမ်းသပ်ချက်ကို အောင်မြင်တဲ့ အချိန်ကျမှ အရွေးချယ်ခံရသူကို ဇာတ်ညွန်းထဲက အကြောင်းအရာ ပြောပြမှာဖြစ် တယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်စလုံး စိတ်နှစ်ပြီး ယှဉ်ပြိုင်ကြမယ် လို့ မျှော်လင့်တယ်။ ဒီစမ်းသပ်ချက်ကို အောင်မြင်ပြီးတဲ့နောက် ၊ တကယ့်ရိုက်ကွင်းရောက်ရင် ငါလိုချင်တဲ့ အသေးစိတ်အချက်လေးတွေကို တိတိကျကျ သရုပ်ဆောင်ပေးဖို့ မင်းတို့ ဆန္ဒရှိကြရဲ့လား? "
" ကျွန်တော် ဆန္ဒရှိပါတယ် ။ "
Tang Feng တုန့်ဆိုင်းမှုမရှိပဲ အဖြေပေးလိုက်သည်။ Ge Chen က တုန်လူပ်နေပေမယ့် နောက်ကျကျန်ရစ်မှာစိုးလို့ ဆန္ဒရှိကြောင်း ချက်ချင်း ပြောလိုက်သည်။
Ge Chen ကို စိတ်ထဲမှာ ထားမနေတော့ဘဲ Tang Feng စိတ်ထဲမှာ Director Li Wei တင်ကြို ရွေးချယ်ထားတဲ့ သရုပ်ဆောင်ဟာ ဘယ်သူများ ဖြစ်မနေမလဲလို့ တွေးနေမိသည်။ သူမှန်းတဲ့အတိုင်းဆိုရင် အဲ့ဒီ လူက Hollywood က နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားနေတဲ့ လူမျိုး ဖြစ်မည်ထင်သည်။
=======================
Chapter (27) _ မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခြင်း
" အရမ်းကောင်းတယ် "
Tang Feng နဲ့ Ge Chen နှစ်ယောက်လုံးဆီက စိတ်အားထက်သန်စွာ ဖြေကြားတာကို တွေ့လိုက်ရတော့ ဒါရိုက်တာ Liဟာ ကျေနပ်စွာ လက်ခုပ်တီးလိုက်ပြီး သူ့အရှေ့က ကောင်လေးနှစ်ယောက်ကို ပြောလိုက်သည်။
" ဒီလိုဆိုရင် မင်းတို့နှစ်ယောက်စလုံး Mr. Gino နဲ့ တွေ့ဖို့ ငါ ဖိတ်ကြားပါရစေ "
Gino လား။
ဝိုး.... ဒါရိုက်တာ Li အခုပြောလိုက်တဲ့ Gino ဆိုတာက US က သရုပ်ဆောင် Michael Gino လား ?
" Director ကြီး ပြောတဲ့ Gino ဆိုတာက တီဗီစီးရီး သမိုင်းကြောင်း တလျှောက်မှာ အအောင်မြင်ဆုံးနဲ့ သရုပ်ဆောင်ကြေး အများဆုံးပေးရတဲ့ Michael Gino များလား ? "
Ge Chen ဟာ Tang Feng လို စိတ်ရူပ်ထွေးသွားတာ မဟုတ်ပဲ အရမ်းကို စိတ်ဓာတ်တက်ကြွနေသည်။ Ge Chen ဟာ Tang Feng အသိချင်ဆုံး မေးခွန်းကို ဒါရိုက်တာကြီးကို မေးခဲ့သည်။
ဒါရိုက်တာကြီး ရည်ညွန်းတဲ့ လူဟာ သူသိတဲ့ ခွေးသား Gino မဟုတ်လောက်ပါဘူး။ အဲ့ဒီ ခွေးသား မဖြစ်ပါစေနဲ့၊
" မင်း ထင်တာ အမှန်ပဲ ။ Mr.Gino က Hollywood မှာ အောင်မြင်ကျော်ကြားယုံတင် မကဘူး ။ သူက အတွေ့အကြုံ ကြွယ်ဝပြီး ဇွဲ့ရှိတယ်။ သရုပ်ဆောင်တဲ့နေရာ အလေးအနက်ထားပြီး သရုပ်ဆောင်နိုင်တယ်။ အခုတစ်ခေါက် မင်းတို့နှစ်ယောက်စလုံး ငါ့ရဲ့စမ်းသပ်ချက်ကို အောင်မြင်တာ ဖြစ်ဖြစ် ၊ ရူံးနိမ့်တာဖြစ်ဖြစ် သူနဲ့ တွေ့ခွင့်ရပြီး စကားစမြည်ပြောခွင့်ရလိုက်တာက နောက်ပိုင်း မင်းတို့ရဲ့ အနုပညာခရီးအတွက် အထောက်အပံ့ အများကြီး ရသွားစေနိုင်တယ် ။ "
Director Li ဟာ သူတို့နှစ်ယောက်လုံး စိတ်ဓာတ်တက်ကြွလာအောင် အားပေးစကားပြောပြီး နွေးထွေးစွာ ကြည့်လိုက်သည်။
Ge Chen က စိတ်လူပ်ရှားနေတဲ့ အမူအရာကို မဖုံးကွယ်နိုင်သလို Tang Feng လည်း အကြီးအကျယ် စိတ်ညစ်နေမိသည်။ Director Li ရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ အရင်က သူရင်းနှီးခဲ့တဲ့ Hollywood အနုပညာရှင်တွေနဲ့ ပြန်ဆုံတွေ့ခွင့်ရဖို့ Tang Feng မျှော်လင့်ခဲ့သည်။ ဒီအခွင့်အရေးကို အသုံးချပြီး ဒီ အနုပညာရှင်တွေနဲ့ ပြန်ဆက်သွယ်မယ်လို့ ရည်ရွယ်ထားပေမယ့် သူ့ရဲ့ စိတ်ကူးထဲမှာ အဲ့ဒီကောင်လေး Michael Gino နဲ့ အတူတွဲပြီး အလုပ်လုပ်ရမယ်လို့ လုံးဝ မမျှော်လင့်ထားမိပေ။
Tang Feng က သူဟာ ပေါင်းသင်းဆက်ဆံရခက်တဲ့ လူတစ်ယောက်လို့ မယူဆပေ။ မွေးရာပါ နှလုံးရောဂါရှိပေမယ့် သူ့အပေါ် လူတွေ သနားလာ အောင် ပိုပြီး ကျော်ကြားလာအောင် တစ်ခါမှ မလုပ်ခဲ့မိပေ။ သူသွားလေ ရာမှာ လူတွေ ပေါက်ကွဲအောင်ဟစ်ရတဲ့အထိ မဟုတ်ပေမယ့် အနုပညာ လောကထဲမှာ လူအများ လက်ခံခြင်းရသည့် လူတစ်ယောက်လည်း ဖြစ်သည်။
အဲ့ဒီလူတွေအထဲမှာတော့ အဲ့ဒီ ခွေးသူတောင်းစားလေး အကျင့် မကောင်းတဲ့ Michael Gino ဆိုတဲ့ကောင်တော့ မပါဝင်ပေ။ အရင်က သူ Michael Gino အပေါ်မှာ ဘယ်လို အပြစ်တွေ ကျူးလွန်ခဲ့မိလဲ မသိပေမယ့် သူ့ကိုတွေ့တိုင်း အဲ့ကောင်က တမင်အနားလာပြီး့စိတ်ကသိကအောက် ဖြစ်စေနိုင်တဲ့ စကားတွေပြောပြီး မခံချင်အောင် ပြောဆို ရန်စလေ့ရှိသည်။
ဟေး Fiennes မင်းရဲ့ နာမည်ကို ဘာလို့ Fiennes ပေးထားတာလဲ ? ငါ အရင်တုန်းက တရုတ်စာ သင်ထားဖူးတယ် ။ မင်းနာမည်ကို Fiennes အစား Downey လို့ ပြောင်းလိုက်ပါလား ။
ဝိုး.....Tang မင်း..... ဒီနေ့ ဝတ်စားထားတာ လန်ထွက်နေတာပဲ ။ ငါနဲ့ တညလိုက်အိပ်ဖို့ မင်းကို ဘယ်လောက်ပေးရမလဲ ?
ဘေးနားမှာ တခြားလူတွေရှိချိန်မှာတော့ Tang Feng က Gino ကို ဘာတစ်ခွန်းမှ ပြန်မပြောပဲ ခပ်ပြုံးပြုံးပဲ နေလိုက်ပြီး သူ့ကို တစ်စက်မှ အသိမှတ်မပြုပဲ အသာလေး လှည့်ထွက်သွားလေ့ရှိသည်။
ဘေးမှာ တစ်ယောက်မှ ရှိမနေဘူးဆိုရင်တော့ Tang Feng ဟာ Gino ကို ဆွဲထိုးပစ်လိုက်ပေမယ့် စိတ်ပျက်စရာကောင်းစွာ Gino က သူ့မှာ မရှိသည့် ကြံခိုင်သန်မာတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ ဒီ အမေရိကန် ကောင်လေးက သူ ထိုးသမျှ လက်သီးချက်တိုင်း မလွတ်တမ်း ဖမ်းနိုင်ပြီး သူ့ကို ထပ်ပြီး နောက်ပြောင်နေသေးသည်။
Tang Feng လျှောက်လှမ်းခဲ့သည့် အနုပညာလမ်းကြောင်းက အနုပညာ အရည်အချင်းအပြည့်နှင့် သရုပ်ဆောင် တဲ့ လမ်းကြောင်းမျိုး ဖြစ်ပြီး ဆုတံဆိပ်များစွာကို နှင်းအပ်ခြင်း ခံခဲ့ရသည်။ Geno ကတော့ တီဗီ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်ချစ်မြတ်နိုးခြင်း ခံရတဲ့ သရုပ်ဆောင်ဖြစ်သည်။ သူတို့နှစ်ယောက် သရုပ်ဆောင်သည့် နယ်ပယ်က မတူညီကြသဖြင့် တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဘက်များ မဟုတ်ကြပေမယ့် Gino က ဘာကြောင့် သူ့အပေါ် အမြင်မကြည်သလဲ ဆိုတာ နားမလည်နိုင်တော့ပေ။ အစွဲအလမ်းကြီးတဲ့ တစ္ဆေတစ်ကောင်လို Gino က သူ့ကို အမြဲ စိတ်ကသိကအောက်ဖြစ်အောင် လုပ်နေတာကို ဘာကြောင့် ခွင့်ပြုမိထားသည်တော့ သူ့ဖာသာလည်း မသိတော့ပေ။
အခု ရိုက်ကူးမယ့် ဇာတ်လမ်းဟာ အရမ်းကို စာပေအနုပညာဆန် လွန်း နေပြီး Gino က ဘာကြောင့် သူ လုပ်နေကျ မဟုတ်သည့် လမ်းကြောင်း ကို ကူးပြောင်းလာသလဲ မသိတော့ပေ။ ကြည့်ရတာ သူက တီဗီစီးရီးမှာ သရုပ်ဆောင်ရတာ ငွေအလုံလောက် စုစည်းမိပြီးတော့ သရုပ်ဆောင် ထူးချွန်ဆုရအောင် လုပ်ဖို့ စိတ်ဆုံးဖြတ်လိုက်လို့လား။ ဘယ်လိုပဲ ဖြစ်ဖြစ် Tang Feng ကတော့ စိတ်ကသိကအောက် ဖြစ်နေရမိသည်။ ဘဝ အသစ် မှာ ပြန်ရှင်သန်လာရတောင်မှ Gino ကို ကြည့်မရတဲ့ သူ့စိတ်က ပြောင်းလဲမသွားပေ။
Director ကြီး နောက်ကို လိုက်သွားခဲ့ပြီး Gino နဲ့ တွေ့လိုက်ရသည်။ Gino က အရင် သူသိခဲ့တဲ့ပုံစံနဲ့ သိပ် မကွာခြားပေ ။ ဖက်ရှင်ကျကျ ဝတ်စား ထားပြီး သွက်လက်နေဆဲဖြစ်သည်။ Gino ဘယ်နေရာသွားသွား အမျိုးသမီးထုကြီးရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တယ်ဆိုတာ မထူးဆန်းပေ။ Gino ကို သဘောမကျပေမယ့် သူက ဆွဲဆောင်မူရှိနေလို့ ကမ္ဘာ့နံပါတ်တစ် ဆွဲဆောင်မူအရှိဆုံး အမျိုးသားတစ်ယောက်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်ကိုတော့ ဝန်ခံလိုက်သည်။ Gino ဟာ ဘယ်လောက်ပဲ sexy ကျကျ လက်ရှိအချိန် Gino လို ညို့ အား ကောင်းတဲ့ Lu Tian Chen နဲ့ Charles တို့လိုလိုလူတွေလည်း ရှိသေးသည်။
" မင်းတို့ တွေ ခဏ စကားပြောနှင့်ကြဦး ။ "
ဒါရိုက်တာကြီးဟာ နေရာကနေလျင်မြန်စွာ ထွက်ခွာသွားခဲ့တယ် ။
Gino နဲ့ မိတ်ဆက်တဲ့ အခါမှာ Ge Chen တစ်ယောက် စိတ်လူပ်ရှားမူကြောင့် အနည်းငယ် တုန်ယင်စွာ နူတ်ဆက်လိုက်သည်။
" Hello.... ကျွန်တော့် နာမည်က Ge Chen ပါ ။ တရုတ်ပြည်ကနေ ကြိုဆိုပါတယ် ။ ကျွန်တော် ခင်ဗျားရဲ့ ဇာတ်ကားတွေကို အရမ်းကြိုက်တယ် ။ တစ်ကားမကျန် အကုန်ကြည့်ဖူးတယ် "
Ginoက Ge Chen ရဲ့လက်ကို ရင်းရင်းနှီးနှီး ဆွဲပြီး နူတ်ဆက်လိုက်သည့်ပုံက အရမ်း စိတ် သဘောကောင်းတယ်လို့ ထင်ရပေမယ့် Tang Feng စိတ်ထဲကနေ လူအရေခြုံထားတဲ့ မကောင်းဆိုးဝါးကောင်ဟု တိတ်တိတ်လေးရေရွတ်လိုက်သည်။
စိတ်အားတက်ကြွနေတဲ့ Ge Chen နဲ့ ယှဉ်ရင် Tang Feng က ဘေးမှာ ရပ်နေပြီး ပြုံးရုံသာ ပြုံးသည်။ Ginoက Tang Feng ကို အကဲခတ်ကြည့်ကာ မေးလိုက်သည်။
" မင်းကော ငါ့ဇာတ်ကားတွေကို သဘောကျရဲ့လား ? "
Gino ရဲ့ အပြာရောင်ဖျော့ဖျော့ မျက်ဝန်းဟာ Tang Feng ဆီ ရောက်လာသည်။
" စိတ်မရှိပါနဲ့ဗျာ ။ ကျွန်တော် တစ်ကားမှ မကြည့်ဖူးဘူး "
...................................................................
BẠN ĐANG ĐỌC
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
Lãng mạnKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...