Chapter -(41) - ပထမဆုံးအခန်းကို ရိုက်ကူးခြင်း - ၁
အခု ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲထဲတွင် Tang Feng ပါဝင်ရမယ့် အခန်းက အရမ်းအရမ်းကို နည်းပါးလွန်းလှသည့်အပြင် ဇာတ်ပို့ နေရာမျိုးတောင် မဟုတ်ပဲ အပိုထည့်သုံးထားတဲ့ ဇာတ်ကောင်သာသာ ဖြစ်သည်။ နောက်ဆုံး အသတ်ခံလိုက်ရတဲ့ အချိန်အထိ သူပါဝင် သရုပ်ဆောင်ရမည့် အပိုင်းက နှစ်ပိုင်း သုံးပိုင်းစာလောက်သာ ရှိသည်။ ဒါပေမယ့် အခုလို ခပ်စောစော သေဆုံးသွားရတဲ့ ဇာတ်ကောင်ကပင် သူ့ရဲ့ ဆွဲဆောင်မူတစ်ခု ဖြစ်သွားစေနိုင်သည်။
အမှန်တိုင်းပြောရလျှင် Tang Feng အရင်ဘဝက ဘယ်ဇာတ်လမ်းတွဲမှာမှ ပါဝင် သရုပ်ဆောင်ဖူးခြင်း မရှိခဲ့ပေ။ မကင်းရာမကင်းကြောင်း မျက်နှာနာရသည့် လူရင်းတချို့ကြောင့် အောင်မြင်ကျော်ကြားသော နာမည်ကြီးဇာတ်လမ်းတွဲတချို့မှာ ဧည့်သည်သရုပ်ဆောင်အဖြစ်သာ တစ်ခန်း နှစ်ခန်းလောက် ပါဝင်ပေးခဲ့ဖူးသည်။ ဒါပေမယ့် ဇာတ်လမ်းတွဲ ဖြစ်ဖြစ် ၊ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ဖြစ် သရုပ်ဆောင်ရတာဖြစ်သော ကြောင့် သူက ကျရာဇာတ်ရုပ်တွင် အကောင်းဆုံးသရုပ်ဆောင်လိုက်မှာပဲ ဖြစ်သည်။
Tang Feng က ဇာတ်ညွှန်းကို ခပ်စောစော ကြိုတင် ဖက်ရူလေ့လာထားပြီးလို့ ဒီနေ့ ရိုက်စရာ တစ်ခန်းလောက်ပဲ ရှိသည်။ သူက နန်းတော်၏ပင်မနန်းမဆောင်မှ Tian Yin ဆိုသည့် ဂီတပညာရှင် ဖြစ်ပြီး စားသောက်ပွဲ အခန်းအနားတစ်ခုတွင် သူနဲ့တခြားဂီတပညာရှင်များက အတူ တီးမူတ်ဖျော်ဖြေနေကြတာကို အဓိက မင်းသမီးဖြစ်သည့် နန်းတော် အပျိုတော်လေးက နှစ်ခြိုက်စွာ အားပေးသည့်အခန်းဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း တစ်ချက် ဆုံမိသွားသည့်အကြောင်းကို ဒီနေ့ ရိုက်ရမှာဖြစ်သည်။
Tang Feng နှင့် Xiao Yu ဟာ ဒါရိုက်တာနဲ့ စက်အဖွဲ့ တစ်ခုလုံးကို ယဉ်ကျေး လိုက်လံနူတ်ဆက်သောအခါ သူတို့လည်း ရိုးသားစွာ ပြန်လည် နူတ်ဆက်ကြသည်။ လက်ရှိတွင် Tang Feng သည် နာမည်မကျော်ကြားတော့တဲ့ အနုပညာရှင်ဟောင်းတစ်ယောက် ဖြစ်နေပေမယ့် လူမူဆက်ဆံရေးတွင် ချိုသာစွာ နူတ်ဆက်ခြင်းကိုတောင် နားမလည်တဲ့ လူမျိုးထက် သူက လူတွေရဲ့ ချစ်ခင်မူကို ပြန်လည်ရရှိနိုင်သည်။
ဇာတ်လမ်းတွဲထဲတွင် ပါသော အဓိက သရုပ်ဆောင်ရများကို Tang Feng ကိုယ်တိုင် သွားရောက် မိတ်ဆက်ပေမယ့် ထိုငယ်ရွယ်ကျော်ကြားတဲ့ အနုပညာစတားလေးတွေက Tang Feng ကို တစ်ချက်သာ ကြည့်ပြီး တဖက်ကို လှည့်သွားကြသည်။
" အဲ့ဒီ လူသစ်လေးတွေကို ကျွန်မကြည့်လို့မရတော့ဘူး။ ပရိတ်သတ်နဲ့ မိတ်ဆက်ပွဲ ပရိုမိုးရှင်းလုပ်ပြီး နည်းနည်းလေး လူသိများလာတာနဲ့ မြောက်ကြွကြွဖြစ်နေကြတယ်။ တကယ့် အနုပညာရှင်အစစ်စစ်တွေက ဆက်ဆံရလွယ်ပြီး ချည်းကပ်ရလွယ်တယ် မဟုတ်ဘူးလား။ အဲ့လိုနေရာမျိုးတောင် မရောက်သေးပဲ ကိုယ်သူတို့ က ထိပ်ဆုံးရောက်နေပြီလို့ ထင်နေကြတယ်။ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေ ရှေ့ကြတော့ ပြားပြားဝပ်ပြနေလိုက်တာ။ တခြားလူတွေကိုကျတော့ ရှိတယ်တောင် မထင်ဘူး။ အရမ်းကို မောက်မာတာပဲ။ "
မိက်ကပ်လိမ်းရမယ့် အခန်းဆီ သွားရာတွင် Xiao Yu မမျိုသိပ်နိုင်တော့ပဲ နာမည်ကျော်စ လူသစ်လေးတွေရဲ့ မောက်မာပုံကို ပြောနေတော့သည်။
အရင်ဘဝက သူ ဖြစ်သန်းခဲ့တဲ့ အချိန်တွေမှာ တီဗီရုပ်သံဇာတ်လမ်းတွဲကြောင့် နာမည်ကျော်သွားကြတဲ့ သရုပ်ဆောင် အသစ်လေး ငါးယောက် ခြောက်ယောက်လောက်တော့ မြင်ဖူးခဲ့သည်။ ပရိသတ်တွေရဲ့ အားပေးမူကို ရရှိကာ ကျော်ကြားလာပေမယ့် ဒီလို အားပေးက ဆပ်ပြာပူဖောင်းကဲ့သို့ တိုတောင်းလှသည်။ ပရိသတ်တွေက ဇာတ်လမ်းတွဲတစ်ခုထဲက ဇာတ်ကောင်ကို အားပေးတာ ဖြစ်ပြိး ထိုဇာတ်လမ်းတွဲပြီးသွားသည်နှင့် ထိုသရုပ်ဆောင်ကို ချစ်ခင် အားပေးခြင်းက ဇာတ်ရုပ်နှင့်အတူ ပြီးဆုံးသွားခဲ့သည်။ နောက်ထပ်လွှင့်သော ဇာတ်လမ်းတွဲအသစ် ထဲက သရုပ်ဆောင်တွေဆီ ပရိတ်သတ်ရဲ့ အချစ်များက ပြောင်းလဲသွားတတ်သည်။
" မင်းစိတ်ထဲ သူတို့တွေကို မရင့်ကျက်သေးတဲ့ ကလေးတွေလို တွေးလိုက်ရင် သူတို့ ဘာလုပ်လုပ် မင်း စိတ်ထဲ ဘာမှ မ ဖြစ်တော့ဘူး ။ "
Tang Feng ဟာ Xiao Yu ရဲ့ ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။ Xiao Yu သက်ပြင်းကို ချလိုက်ပြီးပြောလိုက်သည်။
" Tang Fengရေ... ရှင့် လေသံက ဒီလောကထဲက စီနီယာကြီးတွေ လေသံလိုပါလား "
" မင်းက ငါ့ကို အိုနေပြီလို့ ပြောလိုက်တာပေါ့လေ ဟုတ်လား ? အနည်းဆုံးတော့ ငါလည်း သူတို့လို လူငယ်အဆိုတော်အဖွဲ ကနေ ပရိတ်သတ်ကို မိတ်ဆက်ပရိုမိုးရှင်းလုပ်ပြီး နာမည်ကျော် ဆုတောင် ရခဲ့ဖူးတာပဲလေ။ Xiao Yuရေ အဲ့ဒီကောင်လေးတွေက အမြင့်ကိုရောက်ပြီး ပြန်ပြုတ်ကျလာတဲ့ ခံစားချက်ကို မသိကြသေးဘူး။ ပြီးတော့ အရည်အချင်းမရှိတဲ့ သရုပ်ဆောင်ဆိုရင် ဒီလို ပြုတ်ကြသွားပြီး ထိပ်ကို ပြန်မတက်နိုင်ကြတော့ဘူးကွ။ အဓိက ကတော့ ပြုတ်ကျသွားရင်လည်း အထက်ကို ပြန်တက်နိုင်စွမ်းရှိဖို့ပါပဲ။ ကျန်တာက ခံစားချက်သက်သက်တွေပါ။ စိတ်ထဲ ထည့်စရာမလိုပါဘူး။"
Tang Feng ရယ်မောလိုက်သည်။ ဒီ အနုပညာလောကတွင် Tang Feng ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လို့ သူ မဆုံဖူးတဲ့ အနုပညာရှင်ဆိုတာ မရှိတော့ပေ။ လူသစ်လေးတွေက ရုတ်တရက် အောင်မြင်သွားတော့ အတွေ့ကြုံမရှိသည့်အတွက် မာနထောင်လွှားသွားတတ်တာ သဘာဝကျပါသည်။
ဒီအချိန်က သူတို့ရဲ့ အသိဉာဏ်၊ စဉ်းစားတတ်မူနဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းကို စမ်းသပ်တဲ့ အချိန်ဖြစ်ပြိး ဒီအချက်များကို အောင်မြင်စွာ ထိန်းချုပ်နိုင်လျှင် အောင်မြင်သည့် ထိပ်ပိုင်းဘဝတွင် ရေရှည် ဆက်လက်နေနိုင်မှာဖြစ်သည်။ အနုပညာလောကဆိုတာ စီးပွားရေးလောကနှင့်အတူတူဖြစ်သည်။ ကိုယ်ပိုင်အရည်အချင်းနှင့် ခိုင်မာတဲ့ နောက်ခံရှိဖို့ အရေးကြီးသည့်အပြင် ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့လည်းလိုသည်။ ဆက်ဆံရေးမကောင်းလျှင် ထိပ်ပိုင်းမှာ ရေရှည် မရပ်တည်နိုင်တော့ပေ။
မွေးရာပါ သရုပ်ဆောင်အရည်အချင်း အပြည့်အဝပါသော လူမျိုးကလွဲရင် အနုပညာလောကထဲတွင် ခန့်ညားတဲ့ အမျိုးသားတွေ ၊ ချောမောတဲ့ အမျိုးသမီးတွေက မြစ်ထဲက ငါးတွေလို ပေါလွန်းလှသည်။ ထောင်ပေါင်းများစွာသော လူသစ်များက ကိုယ့်နေရာကို လုယူပြီး ထိပ်ကို တက်သွားဖို့ အသင့်စောင့်နေကြသည်။ ကိုယ့်မှာ အရည်အချင်းလည်းမရှိ ၊ ကြိုးစားအားထုတ်မူလည်း မရှိလျှင် ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်မှာ မဟုတ်ပေ။
သီးခြား နေတတ်ပြီး ဘယ်သူ့ကိုမှ အပေါင်းသင်းမလုပ်သော အရည်ချင်း ပြည့်ဝသည့် အနုပညာရှင်တချို့ရှိပေမယ့် အရည်အချင်းရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေက အနုပညာလောကရဲ့ ထိပ်ဆုံးမှာ အကြာကြီး တောက်ပနေသော ကြယ်ပွင့်ဖြစ်သွားနိုင်သည်။
........................................................................
Chapter (42)_ ပထမဆုံး အခန်းရိုက်ကူးခြင်း - ၂
မိတ်ကပ်လိမ်းတဲ့ အခန်းထဲမှာ Tang Feng ဟာ တရုတ်ရှေး ဝတ်ရုံရှည်နဲ့ ဆံပင်ရှည်အတုကို ပထမဆုံး ဝတ်ဆင်လိုက်တော့ မှန်ထဲမှာ ရင်းနှီးနေပေမယ့် ထူးဆန်းနေတဲ့ ပုံရိပ်ကို တွေ့လိုက်တော့ သူ ရင်ထဲ ခံစားချက်တစ်မျိုး ဖြစ်ပေါ်သွားခဲ့သည်။
" ဒီ ဒီဇိုင်းမျိုးနဲ့ဆိုရင် ရှင်က သူရဲကောင်း လန်လင် အဖြစ်တောင် သရုပ်ဆောင်လို့ ရတယ် သိလား ။ "
Tang Feng ကို မိတ်ကပ်ပြင်ပေးရန် တာဝန်ထားရတဲ့ မိတ်ကပ်ဆရာမဟာ အပြီးသပ်ချယ်သပေးရင်း တအံ့တသြနဲ့ မှတ်ချက်ချလိုက်သည်။
Tang Feng ရဲ့ အရင်ဘဝက နိုင်ငံခြားမှာ နေထိုင်ခဲ့ရပေမယ့်လည်းပဲ သူဟာ တရုတ်သမိုင်းရာဇဝင်ကို ကောင်းကောင်း ဖတ်ရူ လေ့လာထားခဲ့ သောကြောင့် သူရဲကောင်းလန်လင်က ဘယ်သူဆိုတာ Tang Feng ကောင်းကောင်းသိသည်။
သူရဲကောင်း လန်လင်က တရုတ်ရာဇဝင်ထဲမှာ မျက်နှာက အရမ်းကို ချောမောကာ အမူအရာ နူးညံ့သိမ့်မွေ့ပေမယ့် စိတ်ဓာတ်မာကျော ကြံ့ခိုင်တဲ့ စစ်သူကြီးတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားသည်။ တိုင်းပြည်ရဲ့ စစ်သူကြီးတစ်ယောက် အနေနဲ့ အန္တရာယ်များပြားလှတဲ့ အခြေအနေမျိုးမှာတောင် ရဲစွမ်းသတ္တိအပြည့်နဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပြီး စိတ်သဘောထားလည်း ကြီးမြတ်သူဖြစ်သည်။ သူ့လက်ထဲ စားသောက်စရာ တစ်ခုခုရှိနေခဲ့ရင် သူ့ရဲ့ ရဲမက်တွေနဲ့ အတူဝေမျှ စားသုံးလေ့ရှိသည်။ ဒါကြောင့် သမိုင်းထဲတွင် ချောမောတည်ကြည်တဲ့ ယောကျာ်းကောင်းတစ်ယောက် အဖြစ် မှတ်တမ်းတင်ခံထားခဲ့ရပေမယ့်လည်း သူ့ဘဝက ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးနဲ့ အဆုံးသတ်ခဲ့ရသည်။
Tang Feng အတွေးလွန်နေချိန် မိတ်ကပ်ဆရာမက ပြင်ဆင်ပေးမူ ပြီးဆုံးသွားပြီး မှန်ထဲမှာပေါ်နေတဲ့ Tang Feng ရဲ့ မဟာဆန်လှတဲ့ ချောမောခန့်ညားလှတဲ့ ရုပ်သွင်ကိုကြည့်ပြီး အပြုံးနဲ့ ပြောခဲ့သည်။
" အစကတော့ ရှင့်ကို အဆင်တန်ဆာလေး နည်းနည်း ထပ်ထည့်ပြီး ပြင်ပေးဦးမလို့ပဲ။ ဒါပေမယ့် ကျွန်မ စိတ်ပြောင်းသွားပြီ။ ရှင့်က ဘာမှ ထပ်ဖြည့်စရာမလိုလောက်အောင်အရမ်းကို ပြည့်စုံနေပြီ။ "
နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် ငွေရောင် ခါးစည်းကြိုးနှင့် ချည်နှောင်ထားတဲ့ Tang Feng ရဲ့ကိုယ်ဟန်အနေအထားသည့် အလွန်ကို တင့်တယ်ကာ ကျော့ရှင်း လွန်းသည်။ မျက်နှာသွင်ပြင်က ပန်းချီထဲက ပုံလို လှပလွန်းကာ ပိုးသားကဲ့သို့ နက်မှောင်ဖြောင့်စင်းတဲ့ ဆံပင်ရှည်တွေနဲ့ဆိုတော့ သူ့ရဲ့ ပုံစံဟာ လွန်ခဲ့သော နှစ်ထောင်ကြာမြင့်သည့် ရှေးပန်းချီကားထဲကနေ ထွက်လာတဲ့ ကျောင်းတော်သား စာပေသမား တစ်ယောက်ကဲ့သို့ ထင်ရသည်။ ဖြောင့်စင်းသော ကိုယ်ခန္ဓာ အနေအထားကြောင့် အရင်ကထက် ပိုမိုပြီး ချောမောခန့်ညားနေသည်။ Tang Feng တစ်ကိုယ်လုံးမှ ဂုဏ်ရှိခြင်း၊ ကျော့ရှင်းခြင်း၊ ခန့်ညားထည်ဝါခြင်းတို့ ဖြာထွက်နေကာ မြင်လိုက်ရတဲ့သူတွေရဲ့ စိတ်နှလုံးကို အေးမြသွားအောင် ငြိမ်းအေးသွားစေသည်။
" ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို နျဲ့ရှောင်ချန့်ရဲ အမျိုးသားပုံစုံ လုပ်လို့ရပြီ ထင်သွားမိပြီ "
(Nie Xiaoqian (သို့) Nieh Hsiao-chien သည် The Magic Sword ဇာတ်ကား၏အဓိကအမျိုးသမီးဇာတ်ကောင်ဖြစ်ပြီး Pu Song ling ၏တရုတ်စတူဒီယိုမှ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ သူမ၏ပုံပန်းသဏ္ဌာန်ကို "အလွန်ချောမောလှပသည့် ပန်းချီကားထဲမှ ထွက်လာသည့် မိန်းမလှလေး" အဖြစ်ဖော်ပြသည်)
Tang Feng ဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ မိတ်ကပ်ဆရာမကိုပြောလိုက်သည်။
" အခုလို ပြင်ဆင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ ။ "
" အိုး... ကိစ္စမရှိပါဘူး ။ ဒါ ကျွန်မလုပ်ရမယ့် တာဝန်ပါ ။ "
မိတ်ကပ်ဆရာမဟာ ရှက်သွေးဖြာသွားပြီး ပြန်ဖြေလိုက်သည်။
" ရှင် တကယ် ကျေးဇူးတင်တယ်ဆိုရင် ကျွန်မနဲ့ အတူ ဓာတ်ပုံ တွဲရိုက်ပေးလို့ရမလား "
Tang Feng ဝမ်းပန်းတသာ လက်ခံကာ သူတို့နှစ်ယောက်ကို ဓာတ်ပုံ ရိုက်ပေးဖို့ Xiao Yu ကို အကူအညီတောင်းလိုက်သည်။
အခုအချိန်က Tang Feng သရုပ်ဆောင်ရမယ့် အခန်းရောက်နေပြီ ဖြစ်လို့ ဝန်ထမ်းတွေက သူ့ကို လာခေါ်ကြသည်။ Tang Feng ထွက်သွားရော မိတ်ကပ်ဆရာမက သူတို့နှစ်ယောက်ရိုက်ထားတဲ့ ဓာတ်ပုံကို ပြန်ကြည့်ကာ ခဏ စဉ်းစားပြီး သူမရဲ့ Weibo အကောင့်မှာ တင်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
Tang Feng ရဲ့ ပုံစံက ရှေးဟောင်းပန်းချီကားထဲက ထွက်လာတဲ့ လူတစ်ယောက်ကဲ့သို့ ဖြစ်ပြီး တခြား ဘာရည်ရွယ်ချက်မှ မရှိပေမယ့် အလုပ်တွေ ပြီးသွားလို့ weibo ကို ပြန်လည်ကြည့်လိုက်တဲ့အခါမှာ ခုနက သူမ တင်လိုက်တဲ့ ဓာတ်ပုံဟာ ဒီနေ့တစ်နေ့တာရဲ့ တတိယမြောက် လူစိတ်ဝင်စားမူ အများဆုံး post တစ်ခု ဖြစ်နေခဲ့လေပြီ။
ရိုက်ကွင်း နေရာကို Tang Feng ရောက်လာတဲ့ အချိန်တွင် သူရိုက်ရမယ့် အခန်း မရောက်သေးသောကြောင့် Tang Feng ဟာ ဇာတ်ဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးရတဲ့သူတွေဆီ သွားပြီး စကား ပြောဆိုနေသည်။ သူ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်က ကုချင်းကို တီးခတ်ရမယ့် ဂီတပညာရှင် တစ်ယောက် ဖြစ်နေတော့ ရိုက်ကူးနေတဲ့အချိန်မှာ တကယ်ကို တီးခတ်ပြဖို့ သူ့ဘက်ကနေ စိတ်ဆန္ဒရှိပေမယ့် ရိုက်ကွင်းထဲက တူရိယာတွေဟာ အတုတွေဖြစ်နေတော့ Tang Feng ရဲ့ ဂီတာအရည်အချင်းကို ထုတ်ပြနိုင်မည့် အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရသည်။
နှလုံးရောဂါ ခံစားနေရတဲ့ လူနာတစ်ယောက်အနေဖြင့် အရင်ဘဝက အသက်သုံးဆယ် အရွယ်မှာပဲ Tang Feng ဟာ သူ့ရဲ့ ကျန်းမာရေး ကို ထိန်းသိမ်းနိုင်ဖို့ အသက်လေးဆယ်အရွယ်တွေ လုပ်တတ်သည့်အရာများကို လေ့လာဆည်းပူးခဲ့ခြင်းဖြစ်သည်။
သူ့ရဲ့ အားလပ်အချိန်တွေကို လက်ဖက်ရည်ကြမ်းသောက်ခြင်း ၊ စစ်တုရင်ကစားခြင်း၊ စန္ဒယားတီးခြင်း၊ကုချင်း သို့မဟုတ် အခြား ကြိုးတပ်တူရိယာများကို တီးခတ်ကာ ဘဝကို ဖြတ်သန်းခဲ့သည်။ ရုပ်ရှင်တွေရဲ့ အားသားချက် ကတော့ အလုပ်လုပ်ချိန်က တိုတောင်းပေမယ့် စိတ်ဖိစီးမူများသည်။ ဒါပေမယ့် အားလပ်ချိန် အများကြီး ရသောကြောင့် သူ သင်ယူလေ့လာခဲ့တာတွေက အတော်လေးကို များပြားသည်။
အောင်မြင်ခဲ့ပြီး နောက်ပိုင်းတွင် ang Feng သည် ဇာတ်ညွန်းကို တင်းကျပ်စွာ စိစစ်ရွေးချယ်ခဲ့သောကြောင့် အချိန်တွေ ပို လာခဲ့သည်။ ထိုအချိန်တွေမှာ သူက သရုပ်ဆောင်အရည်အသွေးတွေ ၊ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်ဖို့ အမြဲ ကြိုးစားနေပြီး အပျင်းကြီးကာ အိပ်စက်ခြင်း၊ အပျော်ပါးရှာခြင်းတို့တွင် အချိန်ကို မဖြုန်းခဲ့ပေ။
စကားပြောပြီး ခဏနေတော့ ရိုက်ကူးရေးအဖွဲ့က Tang Feng ကို ရိုက်ဖို့ လာပြောသည်။ နောက်ဆုံး သူ့ဘဝသစ်ရဲ့ ပထမဆုံး ရိုက်ကွင်းကို စတင်နိုင်ခဲ့လေပြီ။
Tang Feng ဟာ တစ်ခါတစ်ရံ သူက ဘဝ နှစ်ခုမှာ နေထိုင်ခွင့်ရသလို ခံစားလိုက်ရသည်။ ဒါကြောင့် သူဟာ အခုလက်ရှိ ပိုင်ဆိုင်ထားရတဲ့ ဘဝမှာ အကောင်းဆုံး နေထိုင်ပြီး ရုပ်ရှင်တွေနဲ့ ရှိုးအစီအစဉ်တွေမှာ အကောင်းန်ဆုံး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားခဲ့သည်။
........................................................................
BẠN ĐANG ĐỌC
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
Lãng mạnKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...