Volume I_ Chapter (51) - မနာလိုဖြစ်ခြင်း -1 (Z+U)
အခုနောက်ပိုင်း Tang Feng က သူရိုက်ရမယ့် အခန်းပါမှရိုက်ကွင်းကို သွားရတော့သည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူ့ရဲ့ပထမဆုံး ဇာတ်ဝင်ခန်းကို အောင်အောင်မြင်မြင် ရိုက်ကူးပြီးစီးသွားသည်။ Tang Feng ကတေးဂီတပညာရှင် တစ်ယောက် အနေနဲ့ သရုပ်ဆောင်ရပြီး ခေါင်းဆောင်းမင်းသမီးနဲ့လည်း ရင်းနှီးခွင့်ရခဲ့သည်။ ပထမဆုံးဇာတ်ဝင်ခန်းကို တစ်ကြိမ်တည်းနဲ့ အမှားအယွင်းမရှိ သရုပ်ဆောင် နိုင်ခဲ့ပြီး နောက်ပိုင်း အခန်းတွေကို တဖြည်းဖြည်းချင်း ရိုက်ကူးခဲ့ကာ မျှော်မှန်းထားတာထက် အဆင်ပြေစွာ ပြီးစီးသွားသည်။ တီဗီစီးရီး တစ်ခုကို ရိုက်ကူးတာက ရုပ်ရှင်ကို ရိုက်ကူးတာထက် ပိုမိုခက်ခဲပေမယ့် နိုင်ငံတကာ အဆင့်ဝင် သရုပ်ဆောင်ဖြစ်ခဲ့သူ Tang Feng အတွက် စာမဖွဲ့လောက်ပေ။
ဘယ်လို အမျိုးစားကိုရိုက်ကူးပါစေ Tang Feng ကကင်မရာရှေ့မှာ သရုပ်ဆောင်နေလျှင် ကျေနပ်ပျော်ရွှင်စမြဲဖြစ်သည်။ ဒီနေ့ရာဇဝင်ဇာတ်လမ်းတွဲထဲမှာ နောက်ဆုံး သူပါဝင်သည့်အခန်းကို ရိုက်ကူးရမည်ဖြစ်သည်။ သူက ဇာတ်လိုက်မင်းသမီးကို အသက်စွန့်ကယ်တင်ပေးရမည့် အခန်းဖြစ်သည်။ ဒီအခန်းဟာ ဝမ်းနည်းကြေကွဲစရာ ဖြစ်ပြီး ပရိသတ်ရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်ကာ သူ့အပေါ် သနားလာစေမည့် အခန်းဖြစ်သည်။
ထုတ်လုပ်ရေးအဖွဲ့ Tang Feng ဆီကို လာပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုတောင်းကာ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးကြသည်။ နောင်မှာလည်း အတူလက်တွဲနိုင်ဖို့လည်း ပြောကြသည်။
Tang Feng က အပြုံးဖြင့် ယဉ်ကျေးဖော်ရွေစွာ ပြန်လည်တုန့်ပြန်ပြောလိုက်သည်။ ဟောလီးဝုဒ် သရုပ်ဆောင်မင်းသားဘဝတုန်းက သူက ရုပ်ရှင်ကားကြီးတွေကိုသာ ရိုက်ကူးလေ့ရှိပြီး ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးတာနည်းသည်။ ရုပ်သံဇာတ်လမ်းတွဲကို မနှစ်သက်တာထက် ရုပ်ရှင်ကားကြီးတွေက ပိုဆန်းသစ်ပြီး သတ်မှတ်ထားတဲ့ အချိန်တိုအတွင်း ဇာတ်ကောင်စရိုက်ကို ပရိသတ်ရင်ထဲစွဲအောင် ဖော်ပြနိုင်ဖို့ သူ့အတွက် စိန်ခေါ်မှုပိုများသောကြောင့် ရုပ်ရှင်ကားကြီးတွေကိုပဲ သူရိုက်ကူးဖြစ်တာ ဖြစ်သည်။
ESTÁS LEYENDO
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
RomanceKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...