Chapter (16)

5.1K 868 2
                                    

Chapter (16)

"ပထမဆုံး ငါ့ရဲ့လက်ရှိအခြေအနေကို ပြောပြပါရစေ.. ငါက ဆေးရုံကဆင်းလာပြီးကတည်းက မှတ်ဥာဏ်အများစု ပျောက်ဆုံးသွားခဲ့တယ်.. ဒါကြောင့် မလိုလားအပ်တဲ့ အထင်အမြင်မှားမှုတွေ မရှိအောင် မင်းရဲ့အကူအညီ အများကြီးလိုအပ်တယ်.."

Tang Feng က ထမင်းစားပွဲမှာထိုင်ပြီး ကော်ဖီတစ်ငုံသောက်ရင်း ပြောလိုက်သည်။ သူ့ရှေ့တွင် မှတ်သားစရာကိုချရေးဖို့ စာရွက်နဲ့ဘောလ်ပင်တစ်ချောင်းရှိသည်။

ဝမ်းသာစရာကောင်းတာက ရှောင်ယုက ဒီလိုစီမံခန့်ခွဲမှုကိုလုပ်တာ ပထမဆုံးဆိုပေမယ့် သူလုပ်စရာရှိတာအားလုံးအတွက် သေချာပြင်ဆင်ထားခဲ့သည်။ သူမက ထိုင်ခုံမှာထိုင်လိုက်ပြီး အိတ်ထဲက စာရွက်စာတမ်းတစ်ထပ်ကြီး ဆွဲထုတ်လိုက်သည်။

"လောလောဆယ် လုပ်စရာတော့ သိပ်မရှိပါဘူး.. အရေးကြီးတာ Ge Chen နဲ့ တွဲရိုက်နေတဲ့ဇာတ်ကား အဆုံးသတ်ဖို့ပဲလိုတာပါ.. အဓိကတွဲရိုက်ရတဲ့ အပိုင်းအားလုံးတော့ ပြီးသွားပါပြီ.. ကျန်တာက ရှင်တစ်ယောက်တည်းရိုက်ရမယ့် အခန်းတွေပါပဲ.."

"ဒါဆိုရင် ငါ့ကို ဒါတွေကို အမြန်ဆုံး စီစဉ်ပေးလေ.."

"အိုကေ.. Game Show တွေအနေနဲ့ဆိုရင် အဓိကတစ်ခုက..."

ရှောင်ယုက ဆက်ပြောလိုက်သည်။

"Show ပွဲအားလုံး ဖျက်လိုက်တော့.."

Tang Feng က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ ဘာကြောင့်လဲဆိုတော့ Show ပွဲပရိသတ်တွေက တစ်ဖက်သားနှိပ်ကွပ်ခံရတာကို သဘောကျတတ်လို့ သူက ဒီလို show ပွဲတွေကို သဘောမကျဘူး။

ရှောင်ယုက ခဏတုံ့ဆိုင်းပြီး အကြောင်းပြချက်တချို့ ပြောပြလိုက်သည်။

"တချို့ show တွေကတော့ မဆိုးပါဘူး.. ရှင် ဒီတစ်ခုကို စဉ်းစားကြည့်ပါဦး.. 'Dream Lover' ဆိုတဲ့ show က ဒီတလော ပရိသတ်တွေကြား ရေပန်းစားပြီး အတော်များများက စောင့်ကြည့်နေကြတယ်.. ကျွန်မထင်တယ်.. ဒီ show က ရှင့်ကို တစ်ခါပြန်ပြီး လူတွေရဲ့စိတ်ဝင်စားမှုကို ရစေလိမ့်မယ်.."

"ကောင်းပြီ.. ဒီ show နဲ့ပတ်သက်ပြီး အသေးစိတ် ငါ့ကိုပို့ပေးပါ.."

"ကောင်းပါပြီ.."

Tang Feng က လိုက်လျောညီထွေရှိတဲ့အတွက် ရှောင်ယုက အရမ်းပျော်သွားသည်။ တယူသန်ပြီး ခေါင်းမာသည့် အနုပညာရှင်များကို သူမ အကြောက်ဆုံးဖြစ်သည်။

"တခြားတစ်ခုကတော့ စကားပြော show တစ်ခုပါ.. ဒီ show က နှစ်ပတ်တစ်ခါ ပုံမှန် မျက်နှာပြပြီးပြောရရုံပါ.. ပရိသတ်ရှေ့မှာ ပုံမှန်မျက်နှာထွက်ပြမှ ပရိသတ်က ရှင့်ကို မေ့မသွားမှာပေါ့.. သြော်.. ပြောရဦးမယ်.. အဲ့ဒီ show ပွဲရဲ့ အစီစဉ်တင်ဆက်သူက ရှင်နဲ့ အရင်တုန်းကပတ်သက်ဖူးတဲ့သူဖြစ်တယ်.. တကယ်လို့ ဒီ talkshow ကိုပျက်ကွက်ရင် လာမယ့် Dream Lover show မှာ ရှင့်အပေါ် အကျိုးသက်ရောက်မှုတချို့ ရှိလိမ့်မယ်.."

"ကောင်းပြီ.. ဒီ show ပွဲကို ငါတက်ပါ့မယ်.."

ကြည့်ရတာ Talkshow နဲ့ Dream Lover show က Channel တစ်ခုတည်းကပဲ တင်ဆက်ပုံရသည်။ တကယ်လို့ ဒီ show နှစ်ခုက တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်လုပ်ရတာ မဟုတ်ရင်တောင် သူကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကြည့်ရတာ Charles ကိုလည်း မေးရဦးမယ်ထင်တယ်။

"နောက်ဆုံးတစ်ခုကတော့ အရင်မန်နေဂျာက ရှင့်အတွက် TV drama series တစ်ခုက အရံဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ လက်ခံပေးထားတာရှိတယ်.. ဒီဇာတ်ကောင်ရဲ့စရိုက်က ပြဿနာမရှိဘူး.."

"ဘယ်လို TV drama မျိုးလဲ.."

ဒီတစ်ချက်က Tang Feng ကို စိတ်ပါဝင်စားသွားစေတယ်။ သူက အဓိကဇာတ်ကောင်မဟုတ်ဘဲ ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ဒေသ ဝင်ရောက်သရုပ်ဆောင်ရတာကို ပိုသဘောကျတယ်။

သရုပ်ဆောင်ခြင်းက သူ့ဘဝရဲ့ အဓိကအစိတ်အပိုင်းဖြစ်သည်။ တကယ်လို့ သရုပ်ဆောင်ခွင့်မရတော့ဘူးဆိုရင် သူ့ဘဝက အသက်ရှင်ရတာ ဘယ်လိုမှ ပျော်စရာကောင်းမှာမဟုတ်တော့ဘူး။

"ရာဇဝင်ဇာတ်လမ်းလေးပါ.. producer က ဒီတိုင်းပြည်ထဲမှာ အရမ်းထင်ရှားတဲ့သူဖြစ်တယ်.. လူအတော်များများက သူ့ကိုဝေဖန်ကြပေမယ့် သူ့ဇာတ်လမ်းတွဲတွေကို ကြည့်ရှုတဲ့နှုန်းက အရမ်းများတယ်.. ဇာတ်လမ်းထဲမှာ မင်းသမီးက အခြားကမ္ဘာကနေ ဒီက ဘုရင့်တရားရုံးတော်ထဲကို ရောက်လာတဲ့ ဇာတ်လမ်းမျိုးဖြစ်တယ်.. ရှင် သရုပ်ဆောင်ရမယ့်နေရာက နန်းတွင်းတေးဂီတပညာရှင် အခန်းကဖြစ်ပြီး ဒီမိန်းကလေးကို ချစ်နေပြီး နောက်ဆုံး သူမကို အသေခံပြီး ကာကွယ်ပေးသွားရတယ်.."

ရှောင်ယုက စာရွက်ကိုလှန်ကြည့်ပြီး သွက်လက်စွာပြောပြလိုက်သည်။

ဒီဇာတ်ကောင်က စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းကောင်းသရုပ်ဆောင်နိုင်ရင် လူစိတ်ဝင်စားမှုရနိုင်ပြီး ပရိသတ်ထောက်ခံချက်လည်း ရနိုင်သည်။

Tang Feng ခေါင်းညိတ်လိုက်သည်။ သူ့လက်ရှိအခြေအနေက ဇီဇာကြောင်နေလို့ မရတော့ပေ။ ဒီအခန်းက ဘာမှလုပ်ပြစရာ သိပ်မရှိရင်တောင် အနည်းဆုံး သူ့အတွက် ဝင်ငွေနည်းနည်းတော့ ရနိုင်သေးသည်။

"Show က ဘယ်အချိန်စမှာလဲ.."

Tang Feng ကမေးလိုက်သည်။

"ဇာတ်လမ်းတွဲစရိုက်ပြီးနောက် လဝက်အကြာမှာပါ.. ရှင့်ကို ဇာတ်ညွှန်းနဲ့ အသေးစိတ်အချက်အလက်တွေ ပို့ပေးလိုက်မယ်.."

"ကောင်းသားပဲ.. နောက်တစ်ပတ် ငါ့ရဲ့ interview ရှိတယ်.. မင်း လာသင့်တယ်.."

Tang Feng က မတ်တပ်ရပ်ပြီး ပြုံးရင်း မေးလိုက်သည်။

"မင်း ဒီနေ့လည် ဘာလုပ်စရာရှိသေးလဲ.."

"အမ်.. ဟင့်အင်း.. ဘာမှမရှိပါဘူး.. President Lu က ကျွန်မအလုပ်တာဝန်နဲ့ပတ်သက်ပြီး ရှင်ပဲ စီမံဆောင်ရွက်ရမယ်လို့ ပြောလိုက်တယ်.."

"ဒါဆို ငါ့အတွက် အဝတ်နည်းနည်းဝယ်ဖို့ shopping ထွက်ကြစို့.. ငါ့ပုံစံကို ပြောင်းပစ်ဖို့ အချိန်ကျပြီ.."

Tang Feng က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူ့ရဲ့ ကြမ်းတမ်းတဲ့ဆံပင်ကို ထိကြည့်ပြီး ဘယ်လောက်တောင် ရုပ်ဆိုးလိုက်သလဲဟု စိတ်ပျက်လက်ပျက် တွေးလိုက်သည်။
========

(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့်   (MM)Where stories live. Discover now