Volume I_ Chapter (34)_ Dream Lover ( Part 2 )
" အခုလို အကြာကြီး စောင့်ခိုင်းနေမိလို့ တောင်းပန်ပါတယ်ရှင် ။ "
ရုံးခန်းထဲကို အလောတကြီး ဝင်ရောက်လာတဲ့ အရပ်ပုပု မိန်းကလေးက တောင်းပန်စကား ပြောလိုက်သည် ။ ထိုမိန်းကလေးက ဆံပင်ကို မြင်းမြီးကဲ့သို့ နောက်တွင် ခပ်မြင့်မြင့် စည်းထားပြီး ၊ အနက်ရောင်ဘောင် ကြီးကြီးနဲ့ မျက်မှန်ကို တပ်ထားသည် ။ အိပ်ရေးပျက်ထားပုံရကာ မျက်ကွင်းတွေ ညိုမည်းနေပြီး လက်ထဲတွင် စာရွက်စာတမ်း ဖိုင်တွေကို မနိုင်မနင်း ကိုင်ထားသည်။
" Hello...ကျွန်မက ဝမ်နန် ပါ ။ " Dream Lover " ရဲ့ ထုတ်လုပ်သူပါ ။ ခုလို တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်ရှင် "
လက်ထဲက ဖိုင်များကို စားပွဲခုံပေါ် တင် လိုက်ပြီး ၊ ပြုံးရွှင်စွာနှင့် သူမရဲ့ လက်တစ်ဖက်ကို Tang Feng ဆီ ကမ်းပေးကာ နူတ်ဆက်လိုက်သည်။
Tang Feng က လေးလေးစားစား လက်ဆွဲနူတ်ဆက်လိုက်သည်။ ဒီရှိုးရဲ့ ထုတ်လုပ်သူဟာ ဒီလောက် အသက်ငယ်နေမယ်လို့ မထင် ထားသောကြောင့် အံ့သြသွား မိပြီး ယဉ်ကျေးစွာ ပြန်လည် မိတ်ဆက်လိုက်သည်
" Hello....ကျွန်တော်က Tang Feng ပါ ။ "
" ကျွန်မတို့က ရှင့်ရဲ့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အစီအစဉ်နဲ့ပတ်သတ်တာကို တော်တော်များများ ဆွေးနွေး ပြီးပါပြီ ။ အေဂျင်စီ ဘက်ကလည်း ကျွန်မတို့နဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ လိုလား ပါတယ် ။ ဒါပေမယ့်လည်း ရှိုး မှာ အဓိကပါဝင်ရမယ့် ရှင်နဲ့ အချက်အလက်တချို့ကို ညှိနိုင်းပြီး သဘောတူညီချက်ရဖို့ ကျန်နေသေးတယ် ။ "
ဒီလိုစနစ်ကျပြီး တကယ့်လုပ်ငန်းကျွမ်းကျင်တဲ့ ပြောဆိုပုံမျိုးက ဒီမိန်းကလေးရဲ့ပုံစံနဲက ဘယ်လိုမှ မလိုက်ဖက်သလိုဖြစ်နေသည်။
" ဒါက ကျွန်မတို့ အစီအစဉ်ရဲ့ တတိယမြောက် season ဖြစ်လို့ ခါတိုင်းလို မိန်းကလေး နဲ့ ယောကျာ်းလေး အတွဲလုပ်ပေးမှာ မဟုတ်ဘူး ။ အမျိုးသားနှစ်ယောက် အတွဲအနေနဲ့ လုပ်ဖို့ စီစဉ်ထားပါတယ် ။ ဒီ season မှာ ထူးခြားတဲ့ နောက်ခံအသိုင်းအဝိုင်းရှိတဲ့ အမျိုးသားတစ်ယောက်ကို အမျိုးသား အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး date လုပ်ပေးမှာပါ ။ လိင်တူခြင်း အခုလို စုံတွဲအနေနဲ့ စီစဉ်ပေးတာဟာ ကြည့်ရူမယ့် ပရိသတ်တွေကြားမှာ ကြီးမားတဲ့ ဆွဲဆောင်မူတစ်ခုအနေနဲ့ ဖြစ်သွားစေနိုင်ပေမယ့် တဖက်က ရှင့်ရဲ့ ကိုယ်ပိုင်ဘဝ ပုံရိပ်ကိုလည်း အနည်းနဲ့အများ ထိခိုက်မှုဖြစ်စေနိုင်တယ် ။ ဒါကြောင့် ရှင့်ဘက်က အချိန်ယူ စဉ်းစားပြီး ကျွန်မတို့ဘက်ကို အကြောင်းပြန်ပေးပါရှင် "
Tang Feng လက်ထဲ လိုအပ်သောစာရွက်စာတမ်းများ ထည့်ပေးပြီးတော့ ထုတ်လုပ်သူမိန်းကလေးက ထပ်ပြီး ပြောသည်။
" ဒီအစီအစဉ်နဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေအပြင် စာချုပ်ပါ အချက်အလက်တွေ အခု စာရွက်ထဲမှာ အကုန်ပါပါတယ်။ အိမ်ကို ယူသွားပြီး သေသေချာချာ ဖတ်ကြည့်ပြီးမှ အဖြေပေးလို့ ရပါတယ်ရှင်။ "
Tang Feng က စာရွက်တွေကိုင်ထားပြီး ထုတ်လုပ်သူမိန်းကလေးကို ဘာမူယာမှ မဖော်ပြတဲ့ အကြည့်နဲ့ ငေးကြည့်နေမိသည်။
ယောကျာ်းအချင်းချင်း ချိန်းတွေ့ရမယ် ....ဟုတ်လား ?
" Tang Feng.... ဒီအလုပ်ကို သေသေချာချာ စဉ်းစားမှရမယ် ထင်တယ် နော်။ ကျွန်မတို့ ကုမ္ပဏီကို ပြန်ပြီး အရင် တိုင်ပင်ကြည့်ရအောင် "
Xiao Yu က Tang Feng လက်ထဲက စာရွက်စာတမ်းတွေကို ကြည့်ပြီး ပြောလိုက်သည်။ " Dream Lover " က တကယ် ကောင်းမွန်တဲ့ အစီစဉ်ဖြစ်ပြီး အခု season ရဲ့ ခေါင်းစဉ်ကလည်း အရမ်းကို လူကြိုက်များမယ့်အပြင် ပရိသတ်အသစ်တွေ ထပ်ပိုတိုးလာဦးမယ်ဆိုတာ သေချာသည်။ ဒီရှိုးမှာ ပါဝင်တဲ့သူတွေလည်းအရင်ထက် ပိုပြီးကျော်ကြားလာမယ်ဆိုတဲ့ သဘောပဲ။
Xiao Yu ဟာ Tang Feng ရဲ့ အရည်အချင်းကို လုံးဝယုံကြည်ထားပြီး Tang Feng အတွက် အခွင့်အရေးကောင်းပဲလိုအပ်သည်ကို နားလည်သည်။ ဒါပေမယ့် ဒီအစီအစဉ်က Tang Feng အတွက် မ မျှော်လင့်တဲ့ သက်ရောက်မှုတွေ အများကြီး ဖြစ်သွားစေနိုင်သဖြင့် ခုလို ပြောလိုက်ခြင်းဖြစ်သည်။
" ဒါက အရမ်းကောင်းတဲ့ အခွင့်အရေး မလား ? "
ရုံးခန်းမှ ထွက်လာချိန်မှာ Tang Feng က Xiao Yu ၏ အရှေ့ကနေ လျှောက်လာခဲသည်။ Charles ဘယ်ကို ရောက်နေမှန်းမသိပေ။ ဟိုသည်ကြည့်ပြီးနောက် ဒီနေ့ အိမ်ကို ကားငှါးပြီး ပြန်ရမှာတော့ မလားဟုတွေးနေသည်။
Xiao Yu ရဲ့ အကြည့်များသည် Tang Feng ရဲ့ နောက်ကျောကို ရောက်သွားပြီး သက်ပြင်းချကာ စိတ်မသက်မသာဖြင့် ဖြေလိုက်သည်။
" အရမ်းကို ကောင်းတဲ့ အခွင့်အရေးပါ။ ဒါပေမယ့် ဒါက အန္တရာယ်အရမ်းများတဲ့ စွန့်စားမှုတစ်ခု ဖြစ်နိုင်တယ် "
" ဒီလို ဆိုရင်တောင် ငါလက်ခံနိုင်ပါတယ်။ "
Tang Feng ဟာ Xiao Yu ရဲ့ စိုးရိမ်ပူပန် နေတဲ့ မျက်နှာကို ပြုံးပြီးကြည့်လိုက်သည်။
" အခု အချိန်မှာ ငါ့မှာရွေးချယ်ခွင့် ရှိသေးလို့လား ? ရှားရှားပါးပါး အခွင့်အရေး ကိုယ့်လက်ထဲ ရောက်လာမှတော့ ဆုပ်ကိုင်ထားရမယ်။ နောက်ဖြစ်လာမယ့် ကိစ္စတွေကိုနောက်မှကြည့်ရှင်းကြတာပေါ့ "
အောင်မြင်ခြင်းဆိုတဲ့ အရာဟာ အန္တရာယ်များတဲ့ စွန့်စားခြင်းနဲ့ တွဲ ပါလာတက်သည်။ Director Li Wei ရဲ့ ရုပ်ရှင်ဟာ လိင်တူချစ်ခြင်းကို ရိုက်ကူးတာဖြစ်ပြီး ဒီရှိုးရဲ့ ခေါင်းစဉ်ကလည်း ယောကျာ်းနှစ်ယောက်ကြား ချိန်းတွေ့ခြင်းပဲ ဖြစ်နေတာ ကံတရားပဲ။ ဒီလိုဖြစ်တာက သူတို့ တိုင်းပြည် မှာ မကြာခင်ကမှ တရားဝင်လက်ခံလိုက်တဲ့ လိင်တူခြင်း လက်ထပ်ခွင့် ပေးလိုက်တဲ့ လူပြောများသည့်အချက်ကြောင့်လည်းဖြစ်နိုင်သည်။ ဒါပေမယ့် ဒီရုပ်ရှင်နှင့် ဒီရှိုး နှစ်ခုလုံးက လူ့အသိုင်းဝိုင်း တစ်ခုလုံးဆီက ကြီးမားတဲ့ တုံ့ပြန်မူတွေ ထွက်လာမှာ သေချာသည်။
" ဒါပေမယ့်...... "
Xiao Yu ထပ်ပြီး ပြောချင်သေးပေမယ့် ပြုံးနေတဲ့ Tang Feng ရဲ့ မျက်ဝန်း တွေထဲက နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေကို မြင်လိုက်ရသဖြင့် ထပ်မတားတော့ပဲ သက်ပြင်းသာရှိုက်လိုက်သည်။
" ကောင်းပါပြီ။ ရှင့်က ပါဝင်ချင်စိတ် ရှိနေတယ်ဆိုရင် ကျွန်မ နောက်ကနေ အားလုံး ကူညီပေးသွားမှာပါ။ ဒါပေမယ့် ဒီကိစ္စကို President Lu ဆီ အရင်ဆုံး တင်ပြလိုက်ပါဦးမယ် ။ "
ဆွေးနွေးပွဲပြီးဆုံးသွားတဲ့ နောက် တ နေ့လည်လုံး Tang Feng ဘာမှ လုပ်စရာမရှိတော့ပေ။ Xiao Yu ကတော့ ကုမ္ပဏီကို ပြန်ပြီးတော့ Lu Tian Chen ဆီကို Show နဲ့ ပတ်သတ်ပြီး သတင်းပို့လိုက်သည်။
Tang Feng ဟာ Charles ဆီ ဖုန်းဆက်မလို့လုပ်တုန်း Charles က ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ဆီကို လျှောက်လာသည်။
" ခင်ဗျား အချောအလှလေးတွေကို လိုက်ငမ်းနေတာလား ? "
Charles က မချိုမချဉ် ပြုံးနေတာကို မြင်လိုက်လို့ Tang Feng ဟာ လှမ်းစလိုက်သည်။
" ငါ ငမ်းစရာ အလှလေးက မင်းတစ်ယောက်ပဲ ရှိတယ်။ ဒီနေ့လည် ကိုယ်နဲ့အတူ တစ်နေရာကို လိုက်ခဲ့ပေးပါဦးကွာ"
Charles ဟာ Tang Feng ဘေးကို လျှောက်လာပြီး Tang Feng ရဲ့ အကျီစကို ဆွဲကာ ညင်သာစွာပြောလိုက်သည်။
သူနဲ့ Charles ကြား ထားရှိသည့် သဘောတူညီချက်က လဝက်လောက် တောင် မကျန်တော့သဖြင့် Tang Feng က Charles ရဲ့ တောင်းဆိုမူကို လက်ခံလိုက်သည်။
........................................................................
Volume I_ Chapter (35) _ အကြင်နာတရားမရှိသော (1)
အနုပညာအသိုင်းဝိုင်းဆိုသည်မှာ မြေအောက်ဒုစရိုက်လောကနဲ့ လွတ်ကင်း လေ့မရှိတာ လူတိုင်းသိကြသည်။ 1980 ပြည့်နှစ်နဲ့ 1990 ပြည့်နှစ် ပတ်ဝန်းကျင်လောက်ကဆိုရင် ဟောင်ကောင် အနုပညာ လောကတစ်ခုလုံးကို ဒုစရိုက်ဂိုဏ်းများက လွှမ်းမိုးချုပ်ကိုင် ထားခဲ့ သည်။ အများအမြင်မှာတော့ အနုပညာရှင်တွေရဲ့ ဘဝက အောင်မြင် ကျော်ကြားမူတွေနဲ့ အားကျစရာ ကောင်းပေမယ့် တကယ့်အဖြစ်မှန် မှာတော့ သူတို့ ဘဝတွေက အန္တရာယ်တွေ နဲ့ အချိန်ပြည့်နဲ့ ချိန်းခြောက်ခံ နေရတယ်ဆိုတာ ဘယ်သူမှ မသိကြပေ။ ကံကောင်းထောက်မစွာပင် ယနေ့ခေတ်မှာ ထိုသို့အဖြစ်မျိုး မရှိသလောက် ရှားပါးသွားလေပြီ။
အနုပညာလောကထဲ ကျင်လည်ခဲ့တာ ကြာမြင့် ပြီဖြစ်သော Tang Feng အတွက် ထိုအကြောင်းအရာတွေက အထူးအဆန်း မဟုတ်တော့ပေ။ ယနေ့ခေတ်မှာ ဒုစရိုက်ဂိုဏ်းများက ဦးတည်ချက်ပြောင်းပြီး အသွင်သစ်ဖြင့် ကုမ္ပဏီလုပ်ငန်းတွေထဲ ဝင်ရောက်လုပ်ကိုင်နေကြပြီ။ ဒုစရိုက်ဂိုဏ်း အတော်တော်များများက ဒုစရိုက်အလုပ်တွေကို ပေါ်တင်မလုပ်ကြတော့ပဲ တရားဥပဒေဘောင်အတွင်းမှာ လက်တလုံးခြား လုပ်ပြီး ဆက်လက်နေထိုင်ကြသည်။ ဒုစရိုက်ဂိုဏ်း အများစုက အနုပညာလုပ်ငန်းထဲ ဝင်ရောက် ရင်းနှီးမြုတ်နှံလာကြသည်။ လက်ရှိအချိန်မှာ အနုပညာလုပ်ငန်းက အရှိန်နဲ့ ဖွံဖြိုးတိုးတက်နေ ပြီး ဒီလုပ်ငန်းကနေ အကျိုးအမြတ်များစွာရရှိနိုင် သောကြောင့်ဖြစ်သည်။ ပြီးတော့ သူတို့ရဲ့ ငွေမည်းတွေကို ဒီအနုပညာလုပ်ငန်းတွေကနေ တဆင့် ငွေဖြူတွေ ဖြစ်လာအောင် ငွေကြေးခဝါချခြင်းကို လုပ်ကိုင်နိုင် သောကြောင့် ဖြစ်သည်။
Charles နဲ့ Lu Tian Chen တို့ရဲ့ နောက်ခံတွေက Tang Feng ထင်ထားတာထက် ပို ရူပ်ထွေးနိုင်သည်။ သူတို့သုံးယောက် ညနေစာစားကြတဲ့ အချိန်တုန်းက Tang Feng ဟာ သူ့အနေနဲ့ မကြား သင့်တဲ့ စကားတချို့ကို ကြားခဲ့ရသည်။ သူ သေသေချာချာ စဉ်းစားကြည့်မိတော့ လူတစ်ယောက်ကို ကုန်ပစ္စည်းချင်း လဲသလိုမျိုး တစ်ဖက်လူဆီမှာ အချိန်တစ်လ သွားနေဖို့ စီမံတယ်ဆိုတာ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတစ်ယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်ပေ။
Charles က Tang Feng ကို မြို့ထဲရှိ ထိပ်တန်း စားသောက်ဆိုင် တစ်ခုသို့ ခေါ်ဆောင်သွားသည်။ Charles ကို သိနေတဲ့ စားပွဲထိုးက သူတို့ နှစ်ယောက်ကို သီးသန့်ခန်းသို့ တိုက်ရိုက် ခေါ်ဆောင်ခဲ့သည်။အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ကြီးမားတောင့်တင်း သန်မာတဲ့ ကိုယ်ရံတော် နှစ်ယောက်က ခက်ထန်သည့် မျက်နှာ ထားဖြင့် သီးသန့်အခန်း၏ တံခါးဝတွင် ရပ်စောင့်နေသည် ။
Charles ရောက်လာတာကိုတွေ့တော့ ကိုယ်ရံတော် နှစ်ယောက်လုံး ဦးညွတ်ကာ အခန်းတံခါးကို လေးလေးစားစား ဖွင့်ပေးကြသည်။ Tang Feng က Charles နဲ့အတူ အခန်းထဲကို လိုက်ဝင်သင့်၊မဝင်သင့် ချီတုံချတုံ ဖြစ်နေစဉ် သူဘာမှ မစဉ်းစားရသေးခင် Charlesက သူ့ရဲ့ ခါးကို ဆွဲဖက်ကာ အခန်းထဲကို တခါတည်းဆွဲသွင်းလိုက်တော့သည်။
အခန်းထဲမှာ လူတော်တော်များများ ရောက်နှင့် နေပြီး သူတို့ မျက်ဝန်းအရောင်တွေက အပြာရောင်၊ အစိမ်းနုရောင်တွေဖြစ်ကာ ဆံပင်အရောင်တွေက ရွှေအိုရောင်၊ အညိုနုရောင်တွေ ဖြစ်သည်။ အားလုံးက အာရှတိုက်သားတစ်ယောက်မှ မဟုတ်ကြပေ။ ရုတ်တရက် သူ အမေရိကကို ပြန်ရောက်သွားသလိုခံစားလိုက်ရသည်။
" Albert...ငါ့ ငယ်သူငယ်ချင်းကြီး..."
Charles က စိတ်အားထက်သန်စွာ နူတ်ဆက်လိုက်ပေမယ့် Charles ရဲ့ ပြောဆိုပုံတွေက လေးနက်မှုမရှိပေ။
Charles နူတ်ဆက်လိုက်တဲ့ Albert ဆိုသူက ညစာစားပွဲမှာ ထိုင်နေတဲ့ တစ်ဦးတည်းသော လူဖြစ်ပြီး အသက်ကတော့ Charles နဲ့ ရွယ်တူလောက်ရှိမည်။ သူ့ပုံစံက လူအများရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝ ရယူနိုင်တဲ့ ပုံစံရှိသည်။ ရွှေအိုရောင် ဆံပင်တွေနဲ့ မြစိမ်းရောင်တောက်နေတဲ့ မျက်ဝန်းတွေရဲ့ အကြည့်တွေက တစ်ဖက်သားရဲ့ စိတ်ကို မသက်မသာဖြစ်စေအောင် စူးရှလွန်းလှသည်။
Tang Feng နဲ့ အမှတ်မထင် အကြည့်ချင်း ဆုံလိုက်မိစဉ် Albert ဟာ အကြည့်ကို ချက်ချင်း လွဲလိုက်သည်။ ထိုအချိန်ခဏလေးနှင့်ပင် Tang Feng ရဲ့ စိတ်ထဲမှာ Albert ကို သတိထားရမည်ဆိုတဲ့ စိတ် ပေါ်လာသည်။ Albert ကို Tang Feng သဘောမကျပေ။ အကြည့်တစ်ချက်နဲ့ပင် ဒီလူက စိတ်ကောင်းနှမရှိ ဘူးဆိုတာ Tang Feng ခံစားမိသည်။ Charles က လူကြီးလူကောင်းပုံ ဖမ်းထားတဲ့ အာဖရိကကျားသစ် ဆိုရင် Albert က ရက်စက်တဲ့ အတွင်းစိတ်ကို ဖုံးကွယ်ထားပြီး အခွင့်အရေး ချောင်းနေတဲ့ တောရိုင်းကောင်ကြီး နဲ့ တူသည်။
" ဒါ မင်းရဲ့ ကစားစရာ အသစ်လား ? "
နူတ်ခမ်းထောင့်ကို တွန့်ကွေးပြီး မထီလေးစားပုံစံ နှင့် Albert က သူ့ကို ကြည့်ပြီး Charles ကို မေးလိုက်သည်။ Tang Feng ကို စိုက်ကြည့်နေတဲ့ အကြည့်က လူတစ်ယောက်ကို ကြည့်တာထက် သားကောင်တစ်ကောင် ကို ကစားဖို့ ကြည့်နေတဲ့ သားရဲတစ်ကောင်ရဲ့ အကြည့်နဲ့ ပိုတူသည်။ Albert ရဲ့ နူတ်ဖျားက ထွက်လာတဲ့ အင်္ဂလန်ဆန်ဆန် လေယူလေသိမ်းက နားထောင်ရတာ နှစ်လိုဖွယ်ရာ ကောင်းပေမယ့် ၊ စကားလုံးတွေကတော့ နားထဲ ခါးသက်ကာ နားဝင်ဆိုးလှသည်။
" သူဟာ တကယ်တော့ Lu Tian Chen ပိုင်တဲ့လူ ။ ငါနဲ့ တစ်လ အတူတူ နေခွင့်ရအောင် နည်းလမ်းပေါင်းစုံနဲ့ မနည်း ကြိုးစားခဲ့ရတာ ။ ဒါကြောင့် ငါ ဘယ်ကိုသွားသွား သူ့ကို ငါ့ဘေးမှာ ခေါ်ထားတာ။ "
ထိုသို့ပြောပြီး Charles ဟက်ဟက်ပက်ပက် ရယ်မောရင်း Tang Feng ကိုဖက်လျက် ခုံမှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် Charles င Tang Feng ကို တည်ကြည်စွာ ကြည့်လိုက်ပြီးပြောလိုက်သည်။
" ဒါပေမယ့် နောက်ပိုင်း ငါ သူ့ကို တဖြည်းဖြည်း ချစ်မိလာတယ်။ "
Charles ရဲ့ စကားသံကို နားထောင်လိုက်ရသူတိုင်းက သူတကယ်ပဲ Tang Fengကို ချစ်သွားပြီလို့ ထင်နိုင်ပေမယ့် Tang Feng တော့ ဘယ်လိုမှ မခံစားရပေ။
" မင်း ငါနဲ့ရော အတူတူ မနေချင်ဘူးလား ? Charlesနဲ့ Lu Tian Chen နှစ်ယောက်လုံးက လူကောင်းတွေ မဟုတ်ဘူး "
Albert က နှစ်လိုဖွယ် ပြုံးလိုက်ပြီး ပြောလိုသည်။ ဒါပေမယ့် Albert ရဲ့ မျက်ဝန်း အတွင်းထဲမှာတော့ ပြုံးရွှင်နေတဲ့ အရိပ်အယောင် တစ်စက်လေး တောင် မရှိပေ။ လူတွေ စကားပြောကြတဲ့အခါ စိတ်ထဲ မပါတဲ့ အပြုံးနဲ့ အခုလို ပြောနေကြပြီဆိုရင် သူတို့တကယ်လိုချင်နေတဲ့ အရာက လိင်ဆက်ဆံတာပဲဖြစ်သည်။
" သူပြောတဲ့ စကားတွေကို သွားပြီး နားမယောင်မိလိုက်နဲ့ ။ ဒီကောင်က ပုံမှန်မဟုတ်ဘူး ။ သူနဲ့ နောက်ဆုံး အိပ်ခဲ့တဲ့ တစ်ယောက်က အုပ်ဂူထဲ ရောက်နေပြီ ။ ကိုယ့်ရဲ့ အချစ်လေး Tang... လူတိုင်းက ကိုယ့်လို ကြင်နာ ပြီး စာနာတက်တဲ့ စိတ်မျိုး မရှိကြဘူး။ "
Charles က ချက်ချင်း Albert ရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ဆွဲခွာပစ်လိုက် သည်။
........................................................................
Volume I_ Chapter (36)_ အကြင်နာတရားမရှိသော (2)
Albert ဟာ လက်ချောင်းတွေကို မြောက်လိုက်တာနဲ့ ဘေးနားမှာ ရပ်နေတဲ့ သက်တော်စောင့်ဟာ စီးကရက် နဲ့ မီးခြစ်ကို တရိုတသေ ကမ်းပေးလိုက်သည်။Albert က စီးကရက်ကို ရိုက် လိုက်ပြီးတော့ မီးခိုးငွေ့တွေကို စိမ်ပြေနပြေမှုတ်ထုတ်ကာ ပြောလိုက်သည်။
" မင်း ဒီကို လာရတဲ့ အဓိက ကိစ္စ ကိုပဲ ပြောကြရအောင် ။ "
" မင်းပြောချင်တဲ့ သဘောက ငါတို့က မင်းရဲ့ အချိန်ကို လာဖြုန်းနေတာ လို့ ပြောချင်တာလား ? Albert... စနောက်တာက ဘယ်လိုလဲဆိုတာ နားလည်အောင် အရင်လုပ်လိုက်ဦး ။ အေးဆေးထားစမ်းပါကွာ။ ငါတို့က လူတွေရဲ့ လေးစားအားကိုးခံနေရတဲ့ လူတွေဆိုတာ မမေ့နဲ့ ။ "
Charles ရဲ့ စကားလုံးတွေက လက်ခံနိုင်ဖွယ်ရာ မရှိပေမယ့် သူ့ရဲ့ အမူအရာကတော့ လုံးဝ ယုံကြည်မူ ရှိနေပြီး သူ့ကို စွဲဆောင်မူရှိသည့် လူတစ်ယောက် ဖြစ်သွားစေသည်။
Albert က အေးစက်စက် ရယ်လိုက်ကာ ခေါင်းတစ်ချက်ဆတ်ပြီး အချက်ပေးလိုက်တော့ သက်တော်စောင့်က စားပွဲခုံပေါ်ကို ခရီးဆောင်သေတ္တာတစ်လုံး တင်လိုက်သည်။
ဒီသေတ္တာထဲမှာ ပိုက်ဆံတွေ ၊ မူးယစ်ဆေးဝါးတွေ ထည့်ထားမှာ မဟုတ်ဘူးမလား။ အရင်ဘဝဟောင်းမှာတုန်းက အလင်း ၊အမှောင် လောကနှစ်ခုလုံးက လူတွေနဲ့ရင်းနှီးခဲ့ပေမယ့် Tang Feng က အခုထိ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတစ်ယောက်ဖြစ်သည်။
" ဖွင့်ပြီး အထဲကာဟာကိုပြလိုက် ။ "
Albert ရဲ့ စကားအဆုံးမှာ Charles က ဆေးပြင်းလိပ်ဘူးထဲက တစ်လိပ်ကို ထုတ်ယူကာ ရှိုက်ဖွာလိုက်သည်။ Charles က ဆေးပြင်းလိပ် ကြိုက်တယ်ဆိုတာ Tang Feng ကောင်းကောင်းသိသည်။
Albert ရဲ့ အမိန့် အတိုင်း သက်တော်စောင့်ဟာ သေတ္တာကို ဖွင့်ပြလိုက်တော့ အထဲမှာ မူးယစ်ဆေးဝါးအထုတ်တွေ ၊ ပိုက်ဆံအစည်းလိုက်တွေ မရှိနေပဲ အမည်မသိ အရည်တွေ ဖြည့်သွင်းထားတဲ့ ဆေးထိုးပြွန်တွေကိုပဲ တွေ့လိုက်ရသည်။
ဒီအခြေအနေက Tang Feng တစ်ယောက် မာဖီးယား ရုပ်ရှင်တစ်ခု ဇာတ်ဝင်ခန်းထဲမှာ ပါဝင်သရုပ်ဆောင်နေရသလို ခံစားလိုက်ရသည်။ ဒါပေမယ့် သူက တည်ငြိမ်စွာနဲ့ Charles ရဲ့ ဘေး ထိုင်နေလိုက်သည်။ ဒီနေရာအထိ Charles က ခေါ်လာခဲ့တယ်ဆိုတော့ သူလုပ်တဲ့ အလုပ်တွေကို Tang Feng သိသွားလည်း ဘာမှမဖြစ်ဘူးဆိုသည့် သဘောဖြစ်သည်။ ဒါကြောင့် သူ ဒီနေ့ မြင်တွေ့လိုက်ရတဲ့ ကိစ္စတွေကို တခြားဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ Charles ဘယ်လိုများ ယုံကြည်နေသလဲ မသိတော့ပေ။ Tang Feng လည်း ဒီကိစ္စကို ရဲဆီ သတင်း ပေးဖို့ မစဉ်းစားပေ။ ထိုသို့လုပ်မိလျှင် သေခြင်းတရားကို ရင်ဆိုင်လိုက်ရမှာဖြစ်သည်။
Charles မတ်တပ်ရပ်လိုက်ပြီး ဆေးထိုးပြွန်တွေထဲက တစ်ခုကို နိုက်ယူကာ အပေါ်ယံလောက်ပဲ ကြည့်လိုက်ပြီး နောက်ထပ်တစ်ခုကိုပါ ကောက်ယူလိုက်သည်။
" Darling...ကိုယ့်ကို ကူပြီး ဆေးထိုးအပ်ထဲ ဖြည့်ပေးပါ ။ "
အရင်ဘဝက အ နှစ်သုံးဆယ်ကျော် နေလာခဲ့သမဆ Tang Feng အတွက် အခုအချိန်က ပထမဆုံး ဒုစရိုက်လောကနဲ့ ဆက်နွယ်နေတဲ့ အလုပ်ထဲ ဝင်ပါမိခဲ့ခြင်းဖြစ်သည်။ သူ သက်ပြင်း မသိမသာချလိုက်မိပေမယ့် Charles လက်ထဲက ဆေးထိုးပြွန်နှစ်ခုကို လှမ်းယူလိုက်ပြီး တက်နိုင်သမျှ စိတ်တည်ငြိမ်အောင် ကြိုးစားကာ ခိုင်းသည့်အတိုင်း လုပ်လိုက်ရပေမယ့် ၊ ဒီအရည်တွေဟာ ဘာတွေလဲဆိုတာ ဘုရားပဲ သိလိမ့်မည် ။
သူကြောက်နေမိတယ်ဆိုပေမယ့် အခုလို အခြေအနေမျိုးမှာ သူ့ဘက်ကနေပြီး ပျာယာခတ်တဲ့ ပုံစံမျိုး မ ပေါ်အောင် ထိန်းနေရသည်။
မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ Albert က Tang Feng ကို ထပ်ကြည့်လာပြီး အကြည့်ကို မလွှဲတမ်း Tang Feng ရဲ့ မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်သည်။
" မင်း Lu Tian Chen ဆီကနေ ဒီကောင်လေး ငါ့ဆီ ရက်နည်းနည်းလောက် ငှါးဖို့ ပြောပေးစမ်းပါ Charles.။ ငါ သူနဲ့ ကစားကြည့်ချင်တယ "
သေလိုက်ပါလားကွာ..... ငါ့ကိုများ ဟိုလူ့လက်ထဲပေး၊ ဒီလူ့လက်ထဲပေးရ အောင် အရုပ်မှတ်နေလားကွ။
Tang Feng စိတ်ထဲကနေ ကြိတ်ပြီး ကျိန်ဆဲလိုက်သည်။
" ဟား..ဟား. ဟား......ဒါတော့ ငါ မလုပ်ပေးနိုင်ဘူး သူငယ်ချင်း။ မင်း လိုချင်တယ်ဆိုလည်း Lu Tian Chen ဆီ ကိုယ်တိုင် သွားပြောလိုက်။ အခုအချိန်မှာတော့ သူက ငါ့တစ်ယောက်တည်းအတွက် သီးသန့်ပဲ "
ထိုသို့ပြောပြီး Charles က Tang Feng ရဲ့ ခါးကို ဆွဲယူပြီး ပွေ့ဖက်လိုက် ကာ တမင်တကာ Tang Feng ရဲ့ ပါးပြင်ကို နမ်းရိုက်လိုက်သည်။ ဒီလူပ်ရှားမူတွေဟာ Albert ကို Tang Feng က သူ ပိုင်ဆိုင်တဲ့ အရာဖြစ်ပြီး ဒီအချိန်အတွင်း လက်ဖျားလေးနဲ့တောင် ထိဖို မကြိုးစားနဲ့လို့ သိအောင် ပြောလိုက်ခြင်းဖြစ်သည်။
ဒါပေမယ့် နောက်လဝက်ကြာရင်ကော အခြေအနေက ဘယ်လိုမျိုး ဖြစ်သွားမှာလဲ ?
ခုအချိန် Tang Feng က Charles ကို တော်တော်လေး မမြင်ကတ် သွားသည်။ ဒီလို ငွေကြေးပြည့်စုံကြွယ်ဝတဲ့ လူတွေက ဘယ်လိုတွေး တယ်ဆိုတာ Tang Feng ကောင်းကောင်း နားလည်သည်။ သူတို့မှာမရှိတဲ့ အရာတစ်ခု တခြားသူလက်ထဲရှိနေတာကို မြင်ရင် ၊ အဲ့ဒီအရာကို ပိုပြီး ပိုင်ဆိုင်ချင်လာသည်။ အငြင်းပယ်ခံလိုက်ရရင် ပိုပိုပြီးတော့ လိုချင်တပ်မက်လာ တတ်သည်။ Charles က သူ့ကို အခုလိုမျိုး ကာကွယ်ပေးလေလေ ၊ Albert သူ့အပေါ် ပိုပို စိတ်ဝင်စားလေ ဖြစ်သည်။
ပြန်လည် မွေးဖွားလာပြီးနောက် Tang Feng ကအရင် လို အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ချင်ခဲ့သည်။ ရုပ်ရှင်ရိုက်မယ့် ကိစ္စကိုပဲ အာရုံ စိုက်ပြီး လုပ်ချင်သည်။ ယောကျာ်းတစ်ယောက်ရဲ့ အိပ်ယာထက်မှာ အတူအိပ်ရမယ့် ကိစ္စမျိုးက သူ မလုပ်ချင်ဆုံးအရာပဲဖြစ်သည်။
တစ်ချက်ကြည့်ရုံနဲ့ Albert ဟာ တဏှာ ကြီးမားပြီး သူ့စိတ်အခြေအနေ က ပုံမှန် မဟုတ်မှန်း Tang Feng သတိထားမိသည်။
စားသောက်ဆိုင်ကနေ ပြန်လာကြတဲ့အခါ Tang Feng ရဲ့ မျက်နှာပြင်က စိတ်ပျက်ခြင်းတဲ့ မကျေနပ် တဲ့ ခံစားချက်တွေကို မဖုံးကွယ်ထားပေ။ သူက ဘာစကား မှ မပြောပဲ တိတ်တိတ်ဆိတ်နေပြီး စိတ်အခြေအနေ မကောင်းဘူးဆို တာ Charles သိအောင် နေနေသည်။ Lu Tian Chen ရော ၊ Charles ရော အကုန် ဒီလိုပုံစံတွေချည်းဖြစ်သည်။ သူတို့တွေရဲ့ အမြင်မှာ Tang Feng ဟာ အလွယ်တကူ လက်လွှဲပေးလို့ရသည့် အသုံးချစရာ စစ်တုရင် နယ်ရုပ်လေးတစ်ကောင်သာ ဖြစ်သည်။
ဒီကောင် Lu Tian Chen ၊ Charles ၊ Albert အားလုံးဟာ ဆန်ကုန်မြေလေး သုံးစားမရတဲ့ကောင်တွေချည်းပဲ။ ဒီလူတွေရဲ့ စိတ်ထဲမှာ သူဟာ စိတ်တိုင်းကျ ချေမွလို့ရတဲ့ ရွံ့ ရုပ်လေးလို့ပဲ မြင်နေကြတာလား ။
အဲ့လို ထင်နေရင် သူ့ဘက်ကလည်း ဘာမှ ငဲ့ညှာစရာ မလိုတော့ပေ။ မိဘမဲ့ဘဝကနေ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်အောင် လုပ်နိုင်ခဲ့တာ သရုပ်ဆောင် စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာ သူတို့ အားလုံးမြင်အောင် ပြရမည်။
........................................................................
BẠN ĐANG ĐỌC
(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် (MM)
Lãng mạnKing of the silver screen, Fiennes Tang, passed away after years of fighting heart disease. He woke up to find himself in the body of an outdated idol male starlet. Since the heavens had given him a new opportunity, he decided to enjoy life to the f...