Chapter (17) စတိုင်ပြောင်းခြင်း

5.3K 864 5
                                    

Chapter (17) စတိုင်ပြောင်းခြင်း


အနုပညာသမားတစ် ဦး က ချမ်းသာလာပြီးနာမည်ကြီးလာသည်နှင့်အမျှ သူတို့၏ဆံပင်၊ ဝတ်စုံနှင့် သူတို့လုပ်သမျှအရာတိုင်းသည် စီးပွားရေးအမှတ်တံဆိပ်ဖြစ်လာသည်။ ကောင်းမွန်သော ၀ တ်စုံသည် ပရိသတ်၏နှလုံးသားကိုသာမက လေးစားမှုကိုပါရရှိစေလိမ့်မည်။

အဝတ်စားအတွက် ကြီးမားတဲ့ဗီရိုနဲ့အပြည့် မလိုအပ်ပါဘူး၊ ဒါပေမယ့် အဝတ်စားတိုင်းက ကိုယ်နဲ့လိုက်ဖက်ပြီး အဆင့်တန်းရှိဖို့တော့ လိုအပ်သည်။ ဒီအချက်က အမျိုးသား အနုပညာရှင်များအတွက် ပိုမှန်သည်။ အမျိုးသမီးအနုပညာရှင်များကဲ့သို့ ခေတ်ရေစီးကြောင်းအတိုင်းလိုက်ဝတ်ဖို့ မလိုအပ်သော်လည်း၊ ဝတ်ဆင်ထားသည့်အရာတိုင်းသည် ကောင်းမွန်သောအရည်အသွေး ရှိရမည်။

Xiao Yu သည် တစ်ခါမျှ ဈေးမဝယ်ဖူးသည်လည်း မဟုတ်ပေ။ သို့သော် သူမသည် Armani အနောက်တိုင်းဝတ်စုံလို အဝတ်စားရောင်းတဲ့  အဆင့်မြင့်ဖက်ရှင်စတိုးကို ပထမဆုံးအကြိမ် ရောက်ဖူးသွားတာတော့ သေချာသည်။ Tang Feng သည် အရောင်းဝန်ထမ်းအား စကားပြောနေစဉ်တွင် သူ နေရာမှန်ကို့ရောက်နေပြီဆိုတာ သိလိုက်သည်။ အရောင်းဝန်ထမ်းက ပစ္စည်းများကို ကျွမ်းကျင်စွာရွေးပေးပြီး Tang Feng  လိုအပ်သမျှကို ဖြည့်ဆည်းပေးရန်  ကြိုးစားပေးခဲ့သည်။ Tang Feng က ခရက်ဒစ်ကဒ်ဖြင့်ပေးချေလိုက်သည်ကို တွေ့သော် အရောင်းဝန်ထမ်းက မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်မိအောင် စိတ်လှုပ်ရှားသွားတော့သည်။  Xiao Yu က ကွဲပြားတဲ့ကမ္ဘာထဲကို ဝင်သွားသလို ခံစားရသည်။

သူမ အရင်က  Tang Feng အကြောင်းကို လေ့လာဖူးသည်။ ရိုးရိုးသားသားပြောရရင်  Tang Feng က သူ့စတိုင်ကို ပြောင်းမယ်ဆိုတော့ အခု ခေတ်စားနေတဲ့ လှလှပပဝတ်စားပြီး နုနုရွရွနေတဲ့  idol style မျိုးပြောင်းမယ်လို့ ထင်ထားခဲ့သည်။  အခု Tang Feng က သူ့ပုံစံကို ဘယ်လိုများပြောင်းချင်နေတာလဲ လို့ စိတ်ဝင်စားသွားမိသည်။

ဆံပင်ညှပ်၊ အဝတ်စားအပြည့်စုံဝတ်ဆင်ပြီးသွားချိန်မှာ  Tang Feng က မတူတဲ့လူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ ဆံပင်ပုံစံနှင့် ဝတ်စားပုံက သူ့ရဲ့ကြင်နာသိမ်မွေ့သည့်မျက်နှာ၊ ယဉ်ကျေးပျူဌာသော ကိုယ်ဟန်အမူယာ၊ အဆင့်တန်းမြင့်မြင့် ဝတ်စားပုံနှင့်ပေါင်းစပ် သွားပြီးနောက် အရမ်းကို ချောမောသွားတော့သည်။

"သူတို့အားလုံး ရှင့်ကို လိုက်ကြည့်နေတယ်  "

 Xiao Yu က ဒီလိုချောမောတဲ့လူတစ်ယောက်အနားမှာ ရပ်နေပြီး မလှုပ်မယှက်ငေးနေမိသည်။ သူမတို့နှင့် မျက်နှာချင်းဆိုင်က လျှောက်လာသည့် ယောကျာ်းမိန်းမအားလုံးက သူ့ဘေးက အရမ်း ချောမောကြည့်ကောင်းတဲ့ လူရွယ်ကို မြတ်နိုးစွာငေးကြည့်နေကြပြီး အများစုက သူ့ကို အားကျမနာလိုသည့် ပုံဖြင့် ကြည့်သွားကြသည်။


"မင်းလည်း တကယ်ကို ကြည့်ကောင်းတာပါပဲ "

 Tang Feng က လမ်းလျှောက်တာကို ရပ်တန့်ခဲ့ပြီး Xiao Yu ကို အလှပြင်ဆိုင်တစ်ခုထဲသို့တွန်းထည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

" မင်း အခုကစပြီး မျက်မှန်ကိုဖြုတ်လိုက်တော့။ ဘာကြောင့်လည်း ဆိုတော့ မင်းက ငါ့ရဲ့မန်နေဂျာဖြစ်တယ်။ မန်နေဂျာဆိုတာ ငါ့ရဲ့ ကိုယ်စားပြောရေးဆိုခွင့်ရတဲ့သူ၊ ငါ့ကိုယ်စားလှယ်ပဲဖြစ်တယ်။ ဒီနေ့ မင်းကို ငါ ပုံစံပြောင်းပေးမယ်။  "

 ဒီစကားကို ကြားတော့ Xiao Yu ရဲ့မေးရိုး အောက်ကို ပြုတ်ကျသွားအောင်ကို အံ့အားသင့်သွားတော့သည်။

"အမေရိကားမှာဆိုရင် အနုပညာရှင်တွေရဲ့ မန်နေဂျာက ဘယ်လောက်တောင် စမတ်ကျကျဝတ်သလဲ သိရဲ့လား.... "


"ဒါပေမယ့် ကျွန်မ..... "

"ကျက်သရေရှိတဲ့ အမျိုးသမီးဆိုတာ အမျိုးသားတစ် ဦး က ပေးတဲ့ လက်ဆောင်ကို မငြင်းပယ်တတ်ကြဘူး။ ဒီနေ့ မင်းနဲ့ငါ တွေ့တဲ့ အထိန်းမှတ်လက်ဆောင်အနေနဲ့ ကျန်ကျစရိတ်ကို ငါပေးပါ့မယ်...  "

နောက်ဆုံးတွင် Xiao Yu သည် သူနှင့်အတူ အလှပြင်ဆိုင်သို့ လိုက်သွားခဲ့ရတော့သည်။

နောက်တစ်နေ့မနက်တွင် Xiao Yu သည် Tang Feng ၀ ယ်ပေးထားသောအဝတ်အစားများဝတ်၊ ဒေါက်မြင့်ဖိနပ်စီးပြီး ဆံပင်ပုံစံအသစ်ဖြင့် ရုံးခန်းထဲဝင်လာသောအခါ ကုမ္ပဏီအတွင်းရှိ မရေမတွက်နိုင်သော ဝန်ထမ်းများက သူမကိုစူးစမ်းကြတော့သည်။

" ဘုရားသခင်၊ ဒီအလှလေးက ဘယ်ကနေလာတာလဲ။"

"Xiao Yu, မင်းဟာ နေရာမှားရောက်လာတာလား။ မင်းပုံစံက နယူးယောက်မြို့ရဲ့ အကောင်းဆုံးဥပဒေအကြံပေးကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ပုံပေါက်နေတယ်။ "

"မင်းရဲ့ ဆံပင်ကို ဘယ်မှာပြင်ခဲ့တာလဲ...?"

" ဒီဖိနပ်တွေကို ဘယ်မှာဝယ်ခဲ့တာလဲ"

Xiao Yu ဟာ ရိုးသားစွာပဲ ဂုဏ်ယူစွာ ခံစားလိုက်ရသည်။ သူက လုပ်ဖော်ကိုင်ဖက်တွေရဲ့ မေးခွန်းအားလုံးကို တခုခြင်း ဖြေပေးပြီးနောက် သူတို့အားလုံးက  Tang Feng က သူမအတွက် ဒီဟာအားလုံးကို ဝယ်ပေးလိုက်တယ်ဆိုတာကို ကြာတော့ မယုံသင်္ကာဖြစ်သွားကြသည်။

" Tang Feng လား ? သူက တကယ့် ကပ်စေးဆိုတာ ငါ သိတယ် "

"မင်းပြောနေတဲ့  Tang Feng ဆိုတာ ငါတို့သိထားတဲ့ ပျက်စီးယိုယွင်းနေတဲ့ Tang Feng ဆိုတာ သေချာလား။ သူကဘယ်လိုလုပ်ပြီး ဒီလိုဟာတွေကို ဝယ်နိုင်အောင် ချမ်းသာသွားတာလဲ။ "

" မင်းတို့အားလုံးလိုပဲ ငါလည်း သူနဲ့ပတ်သတ်ပြီး မကောင်းသတင်းတွေကို ကြားပြီး မနေ့ကအထိယုံကြည်နေခဲ့တာ။ ဒါပေမယ့်ရိုးရိုးသားသားပြောရမယ်ဆိုရင် သူက အရမ်းကို မိုက်ပြီး ညှိနှိုင်းရ တကယ်ကောင်းတဲ့သူဖြစ်တယ်။ သူ့ကို တွေ့ရင် နင်တို့အားလုံး သိသွားလိမ့်မယ်။ သူက အနာဂါတ်မှာ တက်လမ်းတွေ အများကြီးရှိတယ်ဆိုတာ ငါသေချာပြောရဲတယ်။  "

Xiao Yu ဟာ သူ့ရဲ့ အနုပညာရှင်အတွက် အရမ်းကိုဂုဏ်ယူနေတယ်။ Tang Feng ရဲ့ အမူအယာနဲနဲလေးကတင် မိန်းကလေးတွေရဲ့ နှလုံးသားကို ဖမ်းယူထားပြီးဖြစ်သည်။

အခြားသူတွေက စပ်စုခဲ့ကြပေမဲ့ သူတိုစကားတွေကို Xiao Yu ရင်ထဲထည့်မထားဘူး။ တချို့ကတော့ ပွဲတစ်ပွဲလို စောင့်ကြည့်နေကြသည်။ Tang Feng လို လူမကြိုက်တော့တဲ အနုပညာရှင်တစ်ယောက်က သူ့မန်နေဂျာကို လက်ဆောင်တွေ ဝယ်ခြမ်းပေးနေသည်။ မကြာခင် ဒီတစ်ယောက်က သူ့ပင်ကိုယ်စရိုက် ပေါ်လာနိုင်တယ်မဟုတ်လား။


ကုမ္ပဏီဝန်ထမ်းအများစုက Charles နဲ့အတူ Tang Feng ကို တွဲပြီး လာခဲ့သည်ကို တွေ့ခဲ့ရပြီးနောက် ဒီပိုက်ဆံတွေက ဘယ်သူ့ဆီက လာတယ်ဆိုတာ သိပြီးသားဖြစ်သည်။ ဒီအကြောင်းကို ကျယ်ကျယ်မပြောဝံ့ကြပေမယ့် သူတို့စိတ်ထဲမှာ အမှန်တကယ်ဖြစ်ပျက်သမျှ အားလုံးကို သိထားပြီးဖြစ်သည်။ ဖျော်ဖြေရေး လုပ်ငန်းတွင် သူဌေး သူကြွယ်ကြီးများ၏ အချစ်တော်အဖြစ် နာမည်ကြီးသည့် အနုပညာရှင်များစွာရှိသည်။

မကြာသေးမီက ဒီအသိုင်းအဝိုင်းမှာ နာမည်ကြီးလာတဲ့ Ge Chen တောင်မှ ဒီနေရာကို ရောက်လာကာစက သူဌေး  Su Qi Cheng ရဲ့ ပံ့ပိုးမှုကို လက်ခံခဲ့ပြီး ဒီလို နာမည်ကြီးတဲ့ အနုပညာရှင်အဖြစ်ကို တက်လာခြင်းဖြစ်သည်။

ဒီအရာတွေကလည်း ဒီလို အသိုင်းအဝိုင်းမှာ အနုပညာရှင်တွေက ရှောင်လွဲမရပဲ လက်တွေ့ကျကျ လိုအပ်တဲ့ အထောက်အပံ့ကို ယူကြရသည်။  သူတို့က Tang Feng လို လူသိပ်မသိတဲ့ သရုပ်ဆောင်အကြောင်းနဲ့ သူက ငွေဘယ်လောက်နဲ့ သူ့ ကိုယ်ခန္ဓာကို ရောင်းစားလိုက်သလဲ ဆိုပြီး အတင်းအဖျင်းပြောနေကြသည်။ သူတို့က ဒီလိုထပ်တူညီ လုပ်ရပ်ကို  Ge Chen လုပ်ခဲ့ပေမယ့် ဒါက မှားတယ်လို့ အပြစ်မပြောကြဘူး။

=================

(V_ 1_1-75) ကောင်းကင်ယံထက်က ငွေကြယ်ပွင့်   (MM)Où les histoires vivent. Découvrez maintenant